Thet Tun shared Popular Myanmar News Journal's photo.
မိုဘိုင်းဖုန်းတွေဟာ မုသာဝါဒကံကျူးလွန် ဖို့ အားပေးနေတယ်။ မိုဘိုင်းဖုန်းတွေ ပေါများလာခြင်းဟာ မုသာဝါဒကျူးလွန်သူတွေ ပေါများလာစေတယ်လို့ ကျွန်တော်ပြောဖူးတာကို ကျွန်တော့်မိတ်ဆွေ တစ်ယောက်က လက်မခံဘဲပယ်ချပါတယ်။တစ်ဖက်လူကိုယာယီ နှစ်သိမ့်သောအား ဖြင့်လည်းကောင်း၊ ပြီးပြီးရောသဘောဖြင့် အလွယ်တကူ ပြီးစလွယ်ပြော ဆိုခြင်းဖြင့်လည်း ကောင်း မုသာဝါဒကံကျူးလွန်ခြင်းဟာ လူတွေ မိုဘိုင်းဖုန်း များ ပေါများစွာ ကိုင်တွယ်ရနိုင်ခြင်းနဲ့ ပတ်သက်မှုမရှိဘဲ နည်းပညာ အားနည်းချက်တွေ ရှိနေသေးတာကြောင့်သာဖြစ်တယ်လို့
နည်းပညာအားသာချက်ပြည့်ဝတဲ့ မိုဘိုင်း မျိုးဆက်များနဲ့ ဟန်းဆက်များကိုသာ ကိုင်တွယ် ထားနိုင်မယ်ဆိုရင် ခင်ဗျားဘယ်မှာ ရှိနေတယ် ဘာလုပ်နေတယ်ဆိုတာကို တစ်ဖက်လူက မြင် တွေ့ခွင့်ရနိုင်တာမို့ ခင်ဗျားပြီးစလွယ် လိမ်ညာ ပြောဆိုခွင့်မရှိတော့ဘူးလို့ ဆိုပါတယ်။
မိတ်ဆွေပြောတာလည်း လက်ခံရမှာပါ။ ခေတ်ကလည်း နည်းပညာေ ခတ်ကြီးမဟုတ်လား။ ဂြိုဟ်တုလမ်းညွှန်စနစ်ပါတဲ့ မိုဘိုင်းတွေ နဲ့ ကမ္ဘာရဲ့ ဘယ်နေရာမဆို ကျွန်တော်တို့ အလွယ်တကူ ရှာဖွေသွားရောက်နိုင်ပါတယ်။ ကျွန်တော်တို့ဘယ်မှာရှိနေတယ်ဆို
အမေရိကန်မောင်းသူမဲ့လေယာဉ်တွေဟာ
အင်္ဂလန်နိုင်ငံလန်ဒန်မြို့မြေအော
တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာတဲ့ နည်းပညာကျေးဇူးကြောင့် အခုဆိုရင် အိမ်ရှင်မ တစ်ယောက်ဟာ လုပ်ငန်းခွင်ကနေ အိမ်မှာ ကျန်ခဲ့တဲ့ရင်သွေးကို စောင့်ကြည့်ထိန်းကျောင်း နိုင်တဲ့အခြေအနေအထိ ဖြစ်လာပါပြီ။
ဒါတွေဟာ ကောင်းတဲ့လက္ခဏာတွေဖြစ် ပေမယ့် အားနည်းချက်တွေလည်း တစ်ဆက် တည်းပေါ်ပေါက်လာပါတယ်။ အဲဒါတွေက တော့ နည်းပညာအပေါ် ယုံကြည်မှုလွန်ကဲခြင်း နဲ့အတူ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ခွန်အားစိတ်ဓာတ်နဲ့ ခံစားချက်တွေအပေါ် ယုံ ကြည်မှုပျောက်ဆုံးသွားရပါတယ်။
ကိုယ်ပြောတဲ့စကားတည်ကြောင်း အခိုင် အမာဖြစ်ကြောင်း လက်သုံးစကားအဖြစ်ပြော လေ့ရှိတဲ့ ယောက်ျားစကားကွ ဆိုတာထက် နည်းပညာရဲ့ ဖော်ပြချက်ကို အလေးထားလာ ချိန်၊ ဘယ်လောက် ခက်ခဲတဲ့ကိစ္စပဲဖြစ်ပါစေ၊ စွမ်းဆောင်နိုင်ကြောင်း 'ငါယောက်ျားကွ' ဆိုတဲ့ စကားထက် နည်းပညာရဲ့ စွမ်းဆောင်ချက်ကို အားကိုးနေကြချိန် မှာ ဟောဒီလို သရော်စာ လေးတစ်ပုဒ်ကို ရေးလိုက်မိပါတော့တယ်။ 'တစ် ခန်းရပ်ကပွဲ' လို့ အမည်ပေးလိုက်ပါတယ်။
(က)
အိုမင်းလှပြီဖြစ်သော သိပ္ပံပညာရှင်ကြီး သည် သူ့ဘဝနောက်ဆုံးေ န့ရက်မတိုင်မီ လူ သားတို့အတွက် အကျိုးရှိရာရှိကြောင်း တစ်ခုခု ကို ထပ်မံလုပ်ပေးခဲ့ချင်သည့် စိတ်စေတနာပြင်း ပြလျက်ရှိသည်။
ဘာလုပ်ပေးခဲ့ရလျှင်ကောင်းမည်နည်
လူတိုင်းလက်ထဲတွင် တွေ့ရတတ်သော အိတ်ဆောင်အရွယ် လိပ်နိုင်ေ ခါက်နိုင်သော လူမှုဆက်ဆံရေး မိုဘိုင်းဖုန်း၏ စွမ်းပကားက အံ့မခန်းတည်း။ မိမိနှင့်ပြောဆိုဆက်ဆံနေသူ၏ မျက်နှာရှေ့မလှမ်းမကမ်းတွင် ထိုမိုဘိုင်းဖုန်းကို ထားရသည်။ ထိုမိုဘိုင်းဖုန်း၏ လူမှုရေးရာအကဲ ခတ်စနစ်ပါ ကွန်ပျူတာ၏မှတ်Óဏ်က တစ် ဖက်လူ၏ မျက်လုံးသူငယ်အိမ်၊ စကားသံတုန်ခါ နှုန်း၊ အသက်ရှူကြိမ်ရေတို့ကို ဖမ်းယူတွက် ချက်၍ ထိုသူအမှန်ကို ဆိုသည် မဆိုသည်ကိုအ တိအကျ ဆုံးဖြတ်ပေး၏။ လူမှုရေးရာအကဲခတ် ကွန်ပျူတာစနစ်ပါ မိုဘိုင်းဖုန်း၏ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် လူသားတစ်ဦးနှင့်တစ် ဦးကြား၊ လိမ်ညာလှည့်စားမှုကင်းဝေးလာ၏။ ထို့ကြောင့်လည်း ထိုမိုဘိုင်းဖုန်းလေးသည် လူ တိုင်းအတွက် နေရာအချိန်အခါမရွေး ကိုယ်နှင့် မကွာဆောင်ထားအပ်သည့် ကိုယ်ပိုင်ပုဏ္ဏားတိုင် လေးများသဖွယ် ကမ္ဘာတစ်ဝန်းတွင်ကျယ်နေ ပါတော့သည်။
(ခ)
လေထဲတွင် တငြိမ့်ငြိမ့်ပျံသန်းနေသော နောက်ဆုံးပေါ် အဆင့်မြင့်လေယာဉ်ကြီးပေါ်၌ ခရီးသည်များ စိတ်အေးချမ်းသာ လိုက်ပါလာကြ သည်။ ထိုလေယာဉ်၏ ထူးခြားချက်မှာ အရေး ပေါ် အခြေအနေတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ သော် ခရီးသည်တိုင်း၏ ထိုင်ခုံတိုင်းကို အသက် ကယ်လေထီးခုံများ အဖြစ်ပြောင်းလဲလိုက်နိုင် သည်။ လေယာဉ်စက်ခန်းအတွင်းမှနေ၍ လေ ထီးခုံထိန်းချုပ်ခလုတ် ဖွင့်ပေးပြီးသည်နှင့် ခရီး သည်များက မိမိတို့ထိုင်ခုံအောက်မှ အရေးပေါ် ခလုတ်ကို ထပ်မံဆွဲရမည်ဖြစ်သည်။ ထိုအခါ လေယာဉ်ဝမ်းဗိုက်မှတစ်ဆင့် ထိုင်ခုံနှင့်အတူ ကျလာမည်ဖြစ်ပြီး ထိုင်ခုံလေထီးလည်း အလို အလျောက် ပွင့်လာမည်ဖြစ်သည်။ ခရီးသည် များအနေဖြင့် ရေပြင်ပေါ်သို့လည်းေ ကာင်း၊ မြေ ပြင်ပေါ်သို့လည်းကောင်း အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်ကျရောက်မည်ဖြစ်သည်။
ထိုအခိုက် စကားပြောခွက်မှတစ်ဆင့် လေယာဉ်မယ်လေး၏အသံ ပျာယိပျာယာထွက် ပေါ်လာလေ၏။
''ကျေးဇူးပြု၍ နားဆင်ပါရှင်၊ ယခု ကျွန်မ တို့ရဲ့လေယာဉ်ဟာ အရေးပေါ် စက်ချို့ယွင်းမှု ကြောင့် ဘယ်လိုမှ ထိန်းကျောင်းမရတော့ဘဲ ပင်လယ်ထဲ ထိုးကျရပါတော့မယ်။ ဒါကြောင့် နောက်ဆုံးအင်ဂျင်တစ်လုံးစက်မသေခ
စကားပြောခွက်မှ လေယာဉ်မယ်လေး၏ သတိပေးသံသာ အလော တကြီးဖြင့် ထပ်ကာ တလဲလဲပေါ်ထွက်နေ၏။ ခရီးသည်များက မည် သည့်လှုပ်ရှားမှုမျှ မဆောင်ရွက်ကြသေး။ လေ ယာဉ်မယ်လေးကို မိမိတို့ရှေ့မှောက်သို့ လူ ကိုယ်တိုင်လာရောက်ရန်သာ တွင်တွင်အော် ဟစ် တောင်းဆိုနေကြ၏။ လေယာဉ်မယ်လေးလည်း စက်ခန်းအတွင်းမှ အလျင်အမြန် ပြေးထွက်လာ ပြီး အခြားလေယာဉ်ဝန်ထမ်းများနှင့်အတူ
''ဟိုက် လေယာဉ်မယ်လေးပြောတာအမှန် ပဲဟေ့။ သူလိမ်ညာပြောနေတာ မဟုတ်ဘူး။ လုပ်စရာရှိတာ မြန်မြန်လုပ်ကြဟေ့ မြန်မြန်'' ဟု မိမိကိုယ်ကိုယ်ရော အခြားသူများကိုပါ အော် ဟစ်သတိပေးရင်း ထိုင်ခုံများဆီသို့ ပြန်ပြေးကာ ခါးပတ်များကို ပတ်လိုက်ကြသည်။ တစ်ဆက် တည်းမှာပင် ထိုင်ခုံအောက်မှ အရေးပေါ် ခလုတ်ကို လျင်မြန်စွာ ဆွဲလိုက်ကြသည်။
သို့သော် လေယာဉ်အင်ဂျင်အားလုံး စက် သေသွားပြီဖြစ် သဖြင့် လေထီးခုံထိန်းချုပ်ခလုတ် လည်း အလုပ်မလုပ်နိုင်တော့ပေ။
ပင်လယ်ပြင်သည်သာ လှိုင်းတဝုန်းဝုန်းထ လျက်.......။
မျိုးကိုမျိုး
No comments:
Post a Comment