သစ်ထူးလွင်
|
- ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ
- လျော်ကြေးမယူထားသည့် လယ်မြေပေါ် လုပ်ငန်းလာလုပ်လို့ အခြေအတင်ဖြစ်
-
ပဲခူးတွင်ကျူးကျော်နေထိုင်သူမျာ
းကို မြေနေရာချထားပေးပြီ - မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား
- လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုတွေ့ရှိ
- မိတ္ထီလာမြို့ကို ကုလအကြံပေး ဗီဂျေနမ်ဘီယား ရောက်ရှိ (ရုပ်/သံ)
- မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)
- ရမည်းသင်းမီးလောင်မှု အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီး
- တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ ကြိုးပမ်းရမည်
- ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ
- အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည်
- မိတ္ထီလာအဓိကရုဏ်း လူပေါင်း ၂ သောင်းကျော်အိုးအိမ်မဲ့
- မိတ္ထီလာပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အမေရိကန်ထောက်ခံ
- ဘင်္ဂလားဒေ့ရှ်လေဆင်နှာမောင်း ၂၀ ကျော်သေ
- မိတ္ထီလာ အဓိကရုဏ်း သေဆုံးသူ ၃၀ ကျော်
- ဗြိတိန် အခြေစိုက်ရုရှ သူဌေးကြီး ဘာရာဇော့ဗ စကီး အိမ်မှာ သေဆုံးနေ
- မတ်လ ၂၃ ရက်နေ့ ထုတ် Focus Online အတွဲ (၈)၊ အမှတ် (၃၄)
Posted: 24 Mar 2013 07:08 AM PDT
မိတ္ထီလာမှာ
လတ်တလောဖြစ်ပွားခဲ့တဲ့ ပြဿနာကို ကြားသိလိုက်ရတဲ့အချိန်မှာ ဘာမှ မလုပ်ချင်
မကိုင်ချင်အောင်ကို ခြေကုန်လက်ပန်းကျသွားမိပါတယ်။ အင်တာနက်သတင်းတွေကို
ကမန်းကတန်းကြည့်၊ ပြည်တွင်းမီဒီယာတွေကို ဖုန်းဆက်မေးမြန်းနဲ့
ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဖြစ်ပြန်ပြီလားကွာလို့လည်း ညည်းတွားမိပါတယ်။
နောက်တစ်နေ့မနက်မှာတော့ တရားဝင်ထုတ်ပြန်တဲ့သတင်းရဖို
နောက်ဆုံးသတင်းအပြည့်အစုံကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ ကိုသန်းလှိုင်သီချင်းလိုပဲ ''ဆုတောင်း မပြည့်ခဲ့ပါလေပြီ''လို့ပဲ ညည်းတွားလိုက်ရပါတော့တယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝက ''ပျားရည် တစ်စက်ကြောင့် ပြည်ပျက်တယ်'' ဆိုတဲ့ ပုံဝတ္ထုကလေး တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးပါတယ်။ လူတစ်ယောက် ပျား ရည်ဆမ်းတဲ့မုန့်ကို စားရာက ပျားရည်စက်တစ်စက် ကြမ်းပေါ်ကျသွားတယ်။ အမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန် တန်နဲ့ စားပြီးကျကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့ မိဘူး။ အဲဒီကျနေတဲ့ ပျားရည်စက်ကို ပုရွက်က လာစား တယ်။ ပုရွက်ကို အိမ်မြှောင်ကဆင်းပြီးစားတယ်။ ထို အိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ်တယ်။ အဲဒီ ကြောင်ကို ခွေးတစ်ကောင်က ကိုက်တယ်။ ကိုက်တဲ့ခွေး ကို ကြောင်ပိုင်ရှင်ကတုတ်နဲ့ရိုက် အထက်ပါစာပိုဒ်နဲ့အစချီပြီး ကျွန်တော်ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ဖူးပါတယ်။ အခုတော့ ဒီထက်ပို ကျယ် ကျယ်ပြန့်ပြန့်ပြောဖို့လိုလာပါ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီး ဆုံးရှုံးကြရပြီး ဖြစ်ပါတယ်။ မေလနှင့် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် အသက်ဆုံးရှုံးရသူ (၅ဝ) ဦး၊ ဒဏ်ရာရသူ (၅၄) ဦး၊ အိမ်ခြေ ၂၂၃ဝ နှင့် ဘာသာရေးအဆောက်အဦ (၁၄)ခု မီးလောင် ဆုံးရှုံးခဲ့ ရပါတယ်။ အပြစ်မဲ့ဒေသခံ ပြည်သူလူထု (၆ဝဝဝဝ) ကျော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဘဝ ရောက်ခဲ့ကြ ပါတယ်။ ''တောင်လဲရာမြက်ပြတ်''ဆိုသလိုပဲ ကလေး သူငယ် လူမမယ်တွေ အတိဒုက္ခရောက်ကြရပါတယ်။ နောက်ထပ်တစ်ဖန် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက် ဦး စတဲ့မြို့များမှာ ပဋိပက္ခများအကြီးအကျယ်ဖြစ်ပွား ခဲ့ပြီး လူ(၉ဝ)ကျော် အသက်ဆုံးရှုံးပြီး (၁၃ဝ)ကျော်ဒဏ် ရာရရှိခဲ့ရပါတယ်။ အိုးအိမ် ၅၃ဝဝ ကျော်နှင့် ဘာသာရေး အဆောက်အဦ(၈)ခုမီးလောင်ပျက်စီး လူ့အသိုင်းအဝိုင်းမှာ ဒီလို ကိုယ့်အသွေးအသားထဲ က တဏှာရာဂဘီလူးကို မထိန်း ချုပ်နိုင်လို့ ဖြစ်ပွားတဲ့ မုဒိမ်းတန္တမှုတွေ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ ဒီလိုမှုခင်းတွေအကြောင်း သတင်းစာအစောင်စောင် မှုခင်းဂျာနယ်အစောင်စောင်မှာ ဖတ်ဖူးကြပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းမှာ အလွန်စက်ဆုပ်ရွံမုန်း အော့နှလုံးနာ စရာကိစ္စဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဖြစ်တတ် တဲ့အကြောင်းတွေ၊ တစ်နည်းအားဖြင့် ထူး၍မဆန်းသော အကြောင်းတရားတွေသာဖြစ်ပါတယ်။ ကိုယ်ကျင့်တ ရားနဲ့ (Morals) နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု (Self-control) တို့ အားနည်းတဲ့သူတွေရှိနေသမျှ ဒီလိုပြဿနာ တွေနဲ့မကင်းနိုင်ပါဘူး။ ဒါဟာ မီးပွားတစ်ခုပါ။ ဒါပေမဲ့ မီးပွားကျတာ ခြင်းအတူတူ မြေပျော့မြေစိုပေါ်ကျတဲ့ မီးပွားနဲ့သစ်ရွက် ခြောက်ပုံပေါ်ကျတဲ့ မီးပွားတို့ရဲ့ အကျိုးသက်ရောက်မှု တို့ကတော့ကွာခြားလှပါတယ်။ အထူးသဖြင့် ရေနံတွင်း အစပ်က ယမ်းပုံပေါ်ကျတဲ့မီးပွားတစ်ခုရဲ ဒါကိုသင်ခန်းစာ မယူနိုင်ကြဘဲ အခုမိတ္ထီလာကိစ္စ ပေါ်ပေါက်လာပြန်တယ်ဆိုတော့ နိုင်ငံတော်သစ်ရဲ့ရှေ့ ခရီးကို ဘယ်နည်းနဲ့ဆက်ကြမှာလဲလို့ မေးမြန်းစရာတွေ ဖြစ်လာပါပြီ။ တွေးတောပူပင်စရာတွေရှိလာပါပြီ။ ရွှေအရောင်းအဝယ်ကိစ္စနဲ့ စတင်ဖြစ်ပွားတဲ့ ပြဿနာ ဟာ ဘာကြောင့် ဒီလောက်ကြီးထွားသွားခဲ့ရတာပါလဲ။ ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့တဲ့အထိ ဖြစ် သွားခဲ့ရတာပါလဲ။ တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ် ရိုက်နှက်ရင် လက်ရောက်မှုနဲ့ ဥပဒေအရ အရေးယူခံရပါ မယ်။ ဆိုင်ကပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးရင်လည်း အရေးယူဖို့ ဥပဒေရှိပါတယ်။ အဲဒီလောက်နဲ့ ပြီးရမယ့် ကိစ္စကို အကြီးအကျယ်ဖြစ်ပွားသွားရစေတဲ့ နောက်ကွယ် ကအကြောင်းတရားတွေက ဘာတွေပါလဲ။ သွေးရိုးသား ရိုးဟုတ်ရဲ့လား၊ အမှောင့်ပယောဂတွေပါနေပြီလား။ ဒါ တွေကို ဆန်းစစ်ဖော်ထုတ်ဖို့တော့ လိုပြီထင်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲတွေအမြောက်အမြားဖြစ်ပွား အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ပြဿနာတွေဟာ အဲဒီ လိုလမ်းကြောင်းပေါ်ကို ဦးတည်ရွေ့လျားနေတာလား၊ တရားဥပဒေစိုးမိုးမှုဆိုတာမရှိတော ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီအယူဝါဒ ကို အသစ်တစ်ဖန် ပြန်လည်စတင်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ် ဆိုတာနဲ့ တစ်ပြိုင်နက် (၁) နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး၊ (၂) လွတ်လပ် စွာ ပြောဆိုခွင့်၊ (၃) လွတ်လပ်စွာရေးသားခွင့်၊ (၄) လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ဥပဒေရဲ့အကာအကွယ်အောက်မှာနေချင် လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အပိုဒ် ၂၁ (က)မှာ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူ ညီမျှခွင့်မှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှ တမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်လို့ ဖော်ပြထားပါ တယ်။ (နိုင်ငံသားတိုင်းဆိုရာမှာ မည်သည့်ဘာသာ ကိုး ကွယ်ယုံကြည်သူရယ်လို့ ခွဲခြားသတ်မှတ်မထားတာကို တော့ ရှင်းရှင်းလင်းလင်း နားလည်ကြစေလိုပါတယ်)။ နောက်တစ်ဖန် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းအပိုဒ် ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်း တူညီမျှအခွင့်အရေးရရှိစေမည်၊ ထို့ပြင် ဥပဒေ၏ အကာ အကွယ်ပေးမှုကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေး ရမည်လို့ ဖော်ပြထားပါတယ်။ မည်သူ့ကိုမဆို ဆိုတဲ့ စကားရပ်ရဲ့အတိမ်အနက်ကို ကောင်းစွာနားလည်သဘော ပေါက်ကြဖို့လိုပါတယ်။ အဲဒီအခန်းမှာပဲ အပိုဒ် ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သူနိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်း ပြု၍ ခွဲခြားမှုမရှိစေရလို့ဖော်ပြထား ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၄ မှာ နိုင်ငံရေး ကိစ္စအလို့ငှာ ဘာသာရေးကိုအလွဲသုံးစားမပြုရ ၊ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင် ဗဟုဇနဟိတဓရဘွဲ့ထူးရှင် သီတဂူဆရာတော်ဘုရား ကြီးက ''ကမ္ဘာကို မီးရှို့နေတဲ့လက်တွေထဲမှာ ကျူပ်တို့ မပါနိုင်ဘူး''လို့ ပြတ်သားစွာ မိန့်မြွက်ခဲ့ဖူးပါတယ်။ ''မြန်မာကို မီးရှို့နေတဲ့လက်တွေထဲမှာလည်း ကျွန်တော် တို့ မပါဝင်ဖို့လိုပါတယ်။ ကြီးမြတ်သောပုဂ္ဂိုလ်တို့သည် ဘာသာရေးကို မိတ်ဆွေပြုရာ၌ အသုံးချ၏။ သေးသိမ် သောသူတို့သည်ကား ဘာသာရေးကို ခိုက်ရန်ပွားစရာ အဖြစ် ခံယူကြပေ၏''လို့ အိန္ဒိယနိုင်ငံရဲ့ ၁၁ ဆက် မြောက်သမ္မတကြီး အဗ္ဗဒူကလမ်က ဆိုမိန့်ခဲ့ပါတယ်။ အဲဒီ ဟိန္ဒူဘာသာဝင် အိန္ဒိယသမ္မတကြီးဟာ အစ္စလာမ် ဘာသာဝင် အင်ဒိုနီးရှားနိုင်ငံသမ္မတကြီး ဆူကာနို (ဘွန် ကာနို)ရဲ့ ဖွားမြင်စသမီးငယ်ကို 'မေဃဝတီ' (မမိုးတိမ်) ရယ်လို့ အမည်ပေးကင်ပွန်းတပ်ခဲ့သူ(God Father) ဖြစ် ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေးအမြင်မှာ တစ်ဦးနှင့် တစ်ဦးလေးစားချစ်ကြည်မှုမှာ ဘာသာရေးဆိုတာ တံတိုင်း မဟုတ်ဘူးလို့ ခံယူထားကြတာကို အထင်းသားမြင်တွေ့ နိုင်ပါလိမ့်မယ်။ ဘာသာရေးဆိုတာ လူတွေရဲ့နှလုံးသား ကို ငြိမ်းချမ်းစေတဲ့အရာဖြစ်ပါတယ်။ ခိုမှီရာ ကိုင်းညွတ် ရာလည်းဖြစ်ပါတယ်။ အဲဒီဘာသာတရားကို ကိုးကွယ် ယုံကြည်မှုကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေပေါ်ပေါက် လာတယ်။ ရန်လိုမုန်းတီးမှုတွေ ပေါ်ပေါက်လာတယ် ဆိုတာကတော့ ဘာသာရေးကိုးကွယ် ယုံကြည်မှုကိုအရေ ခြုံပြီး မိမိတို့စိတ်က ပြဋ္ဌာန်းချက်များကိုသာ အကောင် အထည်ဖော် လုပ်ဆောင်လိုကြတဲ့ အစွန်းရောက်သူများရဲ့ အသိÓဏ်မဲ့ မိုက်မဲတွေဝေမှုသာဖြစ်ပါတယ်။ အခုဖြစ်ပွားတဲ့ ပြဿနာများမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအားနည်းမှုနဲ့ အုပ်ချုပ်ရေးတာ ဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ တာဝန်ယူမှုအပိုင်း အားနည်းမှုတွေ ကိုလည်းတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီလိုပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်ပဲ အားနည်းနေသေးတာကို တွေ့မြင်နေရပါတယ်။ ရခိုင် ပြည်နယ်အရေးမှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့တို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ အားနည်းမှုတွေကြောင့် မဖြစ်သင့်တဲ့ အတိုင်းအတာအထိ ကြီးထွားလာခဲ့ရတယ် ဆိုတာကို တွေ့မြင်ရပါတယ်။ ယခုဖြစ်ရပ်ကို သုံးသပ် ရရင် ယခင်ကလုပ်ဆောင်ချက်အမှားတွေကြော ဒီနိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့အိမ် ပါ။ ကျွန်တော်တို့အိမ်ကို သာယာချမ်းမြေ့သော သီရိ ဂေဟာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မွမ်းမံပြင်ဆင်ဖို့ ဟာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ ထင်လင်းဦး - by Messenger News Journal |
||
Posted: 24 Mar 2013 03:33 AM PDT
လက်ပံတောင်း
ဒေသ ဆည်တည်း ကျေးရွာ မှ မရီဝင်း ပိုင်ဆိုင်သည့် လယ် ၉ဧကခွဲ အား မတ်၂၂
ရက်နေ့နေလည် ၂း၀၀ခန်တွင် ၀မ်ပေါင်ကုမ္ပဏီက အဆောက်အဦး ဆောက်လုပ်ရန် အတွက်
စက်ယန္တရားကြီးဖြင့် မြေညို့ ရာမှ ဆည်တည်း ရွာသူရွာသားများနှင့် အခြေအတင်
စကားပြောဆို ခြင်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Mar 2013 03:23 AM PDT
ပဲခူးတိုင်းဒေသကြီး
အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စီမံကိန်း မြေနေရာများတွင် ကျူးကျော်၍
နေထိုင် လာကြသည့် အိမ်ထောင်စု အလိုက် ပြောင်းရွှေ့လာသူများ အား မြေနေရာ
ချထားပေးမှုကို ၂၀၁၃ ခုနှစ် မတ်လ (၁)ရက်မှ စတင်ပြီး ဆောင်ရွက် နေလျက်
ရှိကြောင်း၊ မြို့မြေနေရာ ချထားရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Mar 2013 03:07 AM PDT
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌနှင့် သမ္မတရုံး
ဝန်ကြီှးှဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင်
ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် မီးလောင်ဆုံးရှုံးခဲ့သော
လူနေအိမ်များကို ပြန်လည် ဆောက်လုပ် ပေးသွားမည်ဟု ယနေ့မနက်တွင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Mar 2013 02:41 AM PDT
မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့အဖြစ် စားသုံးလေ့ရှိသည့် လက်ဖက်ထဲတွင် ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်းများရှိေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Mar 2013 02:42 AM PDT
အရေးပေါ်
အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အကြံပေး မစ္စတာဗီဂျေးနမ်ဘီယားနှင့်
အစိုးရအဖွဲ့ဝင်တွေ၊၊ ဘာသာရေး ခေါင်းဆောင်တွေက ဒီကနေ့ မနက်မှာ
သွားရောက်လေ့လာခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Mar 2013 09:31 PM PDT
|
||
Posted: 23 Mar 2013 02:57 PM PDT
ယမန်နေ့ည
(မတ်လ ၂၃ရက်နေ့)ည ၈ နာရီခန့်က ရမည်းသင်းမြို့နဲ့ ၈ မိုင်အကွာက
ရွာတန်းရွာမှာ မီးလောင်ကျွမ်းမှုဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာရေး
ဝတ်ပြုကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင်
ပျက်စီးခဲ့တယ်လို့ RFA ကစုံစမ်းသိရပါတယ်။ ဒီမီးလောင်မှုဟာ
အယောက်တစ်ရာခန့်ရှိတဲ့ အမည်မသိလူအုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Mar 2013 02:46 PM PDT
မြန်မာနိုင်ငံရဲ့
တရားစီရင်ရေးစနစ်ဟာ အားနည်းနေပြီး၊ ပြည်သူတွေကလည်း တရားရုံးတွေကို
ယုံကြည်မှု မရှိတာ တွေ့ရတဲ့အတွက် တရားစီရင်ရေးစနစ်ကို ပြင်ဆင်နိုင်ဖို့
အမြန်ဆုံး ကြိုးစားသွားရမယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၂၃
ရက်နေ့မှာ ပြောလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Mar 2013 02:40 PM PDT
တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည်များ ပြန်လည်
နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူထားကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Mar 2013 02:30 PM PDT
မိတ္ထီလာ
အကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့ သူတွေကို ဥပဒေနဲ့ အညီ အရေးယူ သွားမယ့်
အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံး တဲ့အထိ အကြမ်း
ဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာခရိုင် လေးမြို့နယ်ကို သမ္မတ အမိန့်နဲ့
အရေးပေါ် အခြေအနေ ကြေညာပြီး---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Mar 2013 02:22 PM PDT
အဓိကရုန်းနဲ့
အကြမ်းဖက်တာတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမှာ ဒီကနေ့ အခြေအနေတွေ ပြန်ပြီးတော့
တည်ငြိမ်လာ နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ရက်ကြာ ဖြစ်ခဲ့တဲ့
ရုန်းရင်းဆန်ခတ် မတည်မငြိမ် အခြေအနေတွေကြောင့် လူပေါင်း ၂၀,၀၀၀ လောက်
အိုးအိမ်ပစ်ပြီး ဒုက္ခသည် ဖြစ်ခဲ့ရတယ်လို့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Mar 2013 02:15 PM PDT
မိတ္ထီလာမှာ
အရေးပေါ် အခြေအနေ ထုတ်ပြန်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်
ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့
အမေရိကန်ရဲ့ စိုးရိမ်မှုကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက်ဆက်သွယ်
အသိပေး ထားတယ်လို့
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Mar 2013 02:13 PM PDT
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
မြို့တော် ဒါကာမှာ လူ ၂၀ အသက်ဆုံးခဲ့ပြီး လူဒါဇင်နဲ့ချီ လွှင့်ပါသွားခဲ့တဲ့
Tornado လေဆင်နှာမောင်းတခု သောကြာနေ့ကတိုက်ခတ်ခဲ့ပါတယ်။ ပြင်းထန်တဲ့
လေဆင်နှာမောင်းဒဏ်ကြောင့် ဓာတ်အားပေးတိုင်နဲ့ သစ်ပင်တွေ
အမြစ်ကကျွတ်ထွက်ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Mar 2013 02:04 PM PDT
မိတ္ထီလာ
အဓိက ရုဏ်းတွေ အတွင်း အနည်းဆုံး ၃၀ ကျော် သေဆုံး သွားခဲ့ တယ်လို့ ဒုတိယ
ရဲမှူးကြီး တဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။ ၂၃ ရက်နေ့ ညနေ ကလည်း
အိမ်တွေကို သွားရောက် တိုက်ခိုက်မှု တခု ဖြစ်ပွား ခဲ့တယ် လို့လည်း ဒုတိယ
ရဲမှူးကြီးက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Mar 2013 02:02 PM PDT
ရုရှ
သူဌေးကြီး ဘာရာဇော့ဗ စကီး လန်ဒန် နားမှာရှိတဲ့ သူ့အိမ် အတွင်းမှာ
သေဆုံးနေတာ ကို တွေ့ရှိရပါတယ်။ သူဟာ အသက် ၆၇ နှစ်ရှိ ပြီး ၁၉၉၀ နှစ်တွေ
တဝိုက် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့ ကာလ မှာ အလွန်အောင်မြင်
ချမ်းသာလာတဲ့ စီးပွားရေး သမား ဖြစ်လာခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Mar 2013 02:01 PM PDT
|
No comments:
Post a Comment