ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍ မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူးထွက်ြ့ဖစ်ခဲ့ကြသည်။
မနက်အစော ၇ နာရီတွင် လှိုင်သာယာ သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်
တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခ
ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။
ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကေ
``ဟို --- ဟို သားက ကျောင်းသားပါခင်ဗျ---``
ဟု ပြာပြာသလဲရှင်းပြသဖြင့် ကျွန်တော်လည်းခေါင်းနပမ်းကြ
သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Cival တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။
ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။
အားလုံးကို လေးစားခင်မင်လျှက်
ကိုစိုးနိုင်(မြန်မာ့အရုဏ်သ
ဲJoin us at https://www.facebook.com/
No comments:
Post a Comment