Kyaw Aye shared ရေးမိရေးရာလေးများ's photo.
''ဟီရိသြတပ္ပတရားဆိုတာ မဟုတ်တာ၊ မမှန်တာကို လုပ်ရမှာရှက်ခြင်း၊ ကြောက်ခြင်းပါပဲ။ အဘိဓာန်မှာတော့ မကောင်းမှုမှရှက်ခြင်း၊ မကောင်းမှုမှ ကြောက်ခြင်းဆိုပြီး အဓိပ္ပာယ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို မဖွင့်ဆိုတတ်သည့်တိုင် မဟုတ်တာ၊ မမှန်တာ(မကောင်းမှု) လုပ်ရ မှာ ရှက်စိတ် ကြောက်စိတ်ရှိရင် ဟီရိသြတပ္ပတရားနဲ့ ညီညွတ်တာပါပဲ''ဟု စာရေးဆရာဖေမြင့်က ပြောပြ ပါသည်။
ရှက်စိတ်ဆိုတာဟာ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်း ပြောင်းသွားကြပြီဖြစ်ပါတယ်။ တစ်ချိန်က ရှက်စရာဟာ နောင်တစ်ချိန်ကျတော့ ရှက်စရာ မဟုတ်တော့ပါဘူး။ ရှက်စရာဆိုတာဟာ ဘာတွေကိုခေါ်တာလဲလို့တောင် ပြောဖို့ ခက်လာပါတယ်''၁၉၉၇ ခုနှစ် မတ်လထုတ် သင့်ဘ၀ မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော 'ရှက်စိတ် ကမ္ဘာမှာ လျော့နည်းလာပြီလား' ဆောင်းပါး၌ ဆရာလူထုစိန်ဝင်းက ထိုသို့ ထည့်သွင်းရေးသားထားခဲ့သည်။ ၁၉၉၇ ခုနှစ်ကိုကျော်လွန်အပြီး ၂၀၁၀ ပြည့်နှစ်သို့ရောက်ရှိလာခဲ့သော ယနေ့အချိန်တွင် ဆရာလူထုစိန်ဝင်းပြောထားခဲ့သကဲ့သ
ဟီရိသြတပ္ပတရားဆိုသည်မှာ အရှက်အကြောက်တရားမရှိသော လူသည်လူမဟုတ်ကြောင်း၊ လူပီသသော လူတစ်ယောက်ဖြစ်ရန်အတွက် ဟီရိသြတပ္ပတရားနှင့် ပြည့်စုံမှသာ ဖြစ်နိုင်ကြောင်း စသည့်ဖွင့်ဆိုချက်များရှိခဲ့ပါသ
''ဟီရိသြတပ္ပတရားဆိုတာ မဟုတ်တာ၊ မမှန်တာကို လုပ်ရမှာရှက်ခြင်း၊ ကြောက်ခြင်းပါပဲ။ အဘိဓာန်မှာတော့ မကောင်းမှုမှရှက်ခြင်း၊ မကောင်းမှုမှ ကြောက်ခြင်းဆိုပြီး အဓိပ္ပာယ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို မဖွင့်ဆိုတတ်သည့်တိုင် မဟုတ်တာ၊ မမှန်တာ(မကောင်းမှု)လုပ်ရမှာ ရှက်စိတ် ကြောက်စိတ်ရှိရင် ဟီရိသြတပ္ပတရားနဲ့ ညီညွတ်တာပါပဲ''ဟု စာရေးဆရာဖေမြင့်က ပြောပြပါသည်။
မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုလုပ်ရသည်ကို ကြောက်ခြင်းတို့မှာ ဟီရိသြတပ္ပတရားဖြစ်သည်နှင့်အညီ ထိုအမူအကျင့်များ မရှိတော့သည့်နှင့် လူ့တန်ဖိုးလည်း ကျဆင်းလာမည်သာဖြစ်ကြောင်း ဆရာလူထုစိန်ဝင်းက ရှက်စိတ် ဆောင်းပါးတွင် ဆိုခဲ့ဖူးသည်။
''ဟီရိသြတပ္ပဆိုတဲ့ ရှက်ခြင်းတရားကြောင့် လူတွေဟာယဉ်ကျေးတဲ့သတ္တ၀ါလို့ အခေါ်ခံလာရတာပါ။ တိရိစ္ဆာန်တွေမှာတော့ ဟီရိသြတပ္ပဆိုတာ နားမလည်ကြပါဘူး။ ကိုယ်ဆာလောင်လာတဲ့အခါ၊ စားချင်စိတ်ပေါ်လာတဲ့အခါ၊ ကိုယ့်ရှေ့မှာပေါ်လာတဲ့ ကိုယ့်ထက်အားနည်းတဲ့ သတ္တ၀ါလေးတွေကို ဖမ်းယူစားသောက်ပစ်လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလားလို့ တိရိစ္ဆာန်တွေက စဉ်းစားရကောင်းမှန်း မသိပါဘူး။ သူ့ထက်အားကြီးတဲ့သတ္တ၀ါကိုတွေ့ရင
ထို့ပြင် ရှက်စိတ်သည် လူသားများကို ယဉ်ကျေးပြီး အဆင့်မြင့်သတ္တ၀ါများအဖြစ် ရောက်ရှိစေရန်အတွက် အဓိကအခန်းကဏ္ဍမှနေပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း
မျက်မှောက်ခေတ်နှင့် အရှက်အကြောက်တရား
မဟုတ်သည်၊ မမှန်သည်ကို ပြောဆိုလုပ်ကိုင်ခြင်း၊ မိမိအကျိုးစီးပွားတစ်ခုတည်းသာ ကြည့်ပြီး တရားသည်၊ မတရားသည်ကို မစဉ်းစားဘဲ မကောင်းသည့်အပြုအမူများကို သိလျက်နှင့်ပင် လုပ်ကိုင်လာကြခြင်းသည် အရှက်အကြောက်နည်းပါးလာခြင်းကို ထောက်ပြလျက်ရှိနေကြောင်း သုံးသပ်သူများက ဆိုကြပါသည်။
''လူမျိုးစုတစ်ခုချင်းစီမှာ မတူညီတဲ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေ ရှိကြပါတယ်။ မြန်မာ့ထုံးစံမှာဆိုရင်တော့ ဟီရိသြတပ္ပတရားပါပဲ။ ဒါပေမယ့် ပြောကြ၊ ရေးကြ၊ တွေ့ကြုံနေရသလို၊ ကမ္ဘာကြီးမှာအကန့်အသတ် အတားအဆီးတွေ ပါးလျလာတဲ့အခါ ယဉ်ကျေးမှုချင်းတွန်းတိုက်သလို ယဉ်ကျေးမှုချင်းလည်း ဆုတ်ယုတ်လာကြပါတယ်။ ဒါကြောင့်မို့လည်း မဟုတ်တာတွေကိုလုပ်ရမှာ၊ မမှန်တာတွေလုပ်ရမှာကို ရှက်တဲ့စိတ်တွေ လုံးဝပျောက်ဆုံးသွားပြီလို့ မဆိုနိုင်ပေမယ့် ပါးလျလာတာတော့အမှန်ပါပဲ''ဟု မျက်မှောက်ခေတ်၏ ပြောင်းလဲလာမှု အဆိုးအကောင်းများကို ဆောင်းပါးများရေးသားလေ့ရှိသူ မကေသွယ်က ဆိုပါသည်။
''မကောင်းတာတွေကိုလုပ်ဖို့ ရှက်သင့်တယ်၊ ကြောက်သင့်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာ အရှက်အကြောက်တရားတွေနည်းပါးလာနေ
''သူများအပေါ် မကောင်းကြံတာတွေ၊ မမှန်တာတွေလုပ်တာတွေကို ရှက်ရမယ့်အစား သူများသုံးလို့ ကိုယ်မသုံးနိုင်တာတွေမျိုး ရှက်လာကြတာတွေ ရှိပါတယ်။ဒါပေမယ့် အရှက်အကြောက် တရားတွေက လုံးဝပျောက်ဆုံးသွားတာတော့ မဟုတ်ပါဘူး။ တချို့လူတွေမှာတော့ မကောင်းတာတွေကိုလုပ်ရမှာ ရှက်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို မြင်နေရတုန်းပါပဲ''ဟု ၀က်ဘ်ဆိုက်ဒီဇိုင်းရေးဆွဲသူတစ်ဥ
''ဟီရိသြတပ္ပတရားနဲ့မနေတဲ့သူတွေမ
''မျက်မှောက်ခေတ်မှာ မဟုတ်တာတွေကို လုပ်ကိုင်ရမှာ ရှက်တတ်၊ ကြောက်တတ်တဲ့သူတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့်သူတို့ရဲ့ထိန်းချုပ်တဲ့
အရှက်အကြောက်တရားနှင့် နည်းပညာရိုက်ခတ်မှု
မျက်မှောက်ခေတ်၏ အရှက်အကြောက်တရားအပေါ် တန်ဖိုးထားမှုလျော့နည်းခြင်း အကြောင်းရင်းများထဲတွင် နည်းပညာရိုက်ခတ်မှုများကလည်း အကြောင်းတစ်ချက်ပါဝင်နေကြောင်း သိရပါသည်။ နည်းပညာရိုက်ခတ်မှုမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရားကင်းမဲ့လာမှု၊ ထိုမှတစ်ဆင့်စိတ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရားကင်းမဲ့လာမှုမျာ
လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ရေးသားထားခဲ့သော ဆရာလူထုစိန်ဝင်း၏ ရှက်စိတ်ဆောင်းပါးတွင်လည်း အင်တာနက်များ၊ ဆိုက်ဘာစပေ့များရှိလာကြသည့်အချိ
ထိုသုံးသပ်ချက်အတိုင်းပင် ယနေ့အချိန် (အင်တာနက်ခေတ်)၏ နည်းပညာရိုက်ခတ်မှုကြောင့် အရှက်အကြောက်တရား ကင်းလာကြသူများထဲတွင် လူငယ်အများစုပါဝင်လာခဲ့ခြင်းကလည
မဟုတ်သည်၊ မမှန်သည်ကို ပြောဆိုလုပ်ကိုင်ခြင်း၊ မိမိအကျိုးစီးပွားတစ်ခုတည်းသာကြ
''ခေတ်လူငယ်တွေက ပွင့်လင်းလာကြတယ်။ ယဉ်ကျေးမှုတန်ဖိုးတွေကို သိပ်အလေးမထားလာကြတော့ဘူး။ ဘာသာရေးဘက်ဆိုရင်လည်း သိပ်အကျွမ်းတ၀င်မရှိကြတော့တဲ့အခ
နည်းပညာကမ္ဘာအတွင်း အများအလွယ်တကူ မမြင်နိုင်သည့်အတွက် မကောင်းမှုများကို စမ်းသပ်လုပ်ကိုင်ရာမှာ ပြင်ပနေထိုင်မှုအထိပါ မကောင်းမှုပြုလုပ်ခြင်းများ ကူးစက်လာခဲ့သည်ကလည်း လူငယ်များအတွက် သတိထားစရာအချက် တစ်ခုဖြစ်လာခဲ့သည်။
''ခေတ်တစ်ခုနဲ့တစ်ခုအကြား အမြင်အတွေးအသိတွေ ပြောင်းလဲကွာခြားလေ့ရှိသလို၊ ယခုလက်ရှိလူငယ်တွေမှာလည်း ပုံစံတစ်ခုနဲ့တစ်ခုပြောင်းလဲလာေ
အရှက်အကြောက်တရားနှင့် အသိဉာဏ်ပညာ
ရှက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးအစားခွဲခြားရာတွင် အခြေခံအမျိုးအစားလေးမျိုးခွဲခြာ
အရှက်အကြောက်တရားကို ဘယ်လိုထိန်းကျောင်းမလဲ
လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်းသည် လူပီသသောအမူအကျင့်ဖြစ်သည်။ ထို့အတူ အရှက်အကြောက်တရားနှင့် နေထိုင်ခြင်းသည်လည်း လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်ရာ၌ အထောက်အကူ ဖြစ်စေသည်။ အရှက်အကြောက်တရားမရှိလျှင်တော့ လူ မဟုတ်တော့ဟု ဆိုကြပါသည်။
အရှက်အကြောက်တရားဖြင့် နေထိုင်ရာတွင် ကိုယ်ကျင့်တရား အပါအ၀င်ပတ်ဝန်းကျင်၊အဖွဲ့အစည်းမ
''လူမှာ မှားမှန်သိစိတ်တို့ အဲဒါနဲ့တွဲပြီးဖြစ်လာတဲ့ မှားတာ(မဟုတ်မမှန်တာ)လုပ်ရမှာ ရှက်ကြောက်စိတ်တို့ဆိုတာကတော့ လူ့စိတ်အဆောက်အအုံ သို့မဟုတ် စိတ်ယန္တရားရဲ့ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ကတော့ ရှိနေမှာပါပဲ။ ဒါပေမယ့် လူရဲ့ခေါင်းထဲမှာရှိနေတဲ့ အမှားအမှန်ခွဲခြားဝေဖန်ရာမှာ အသုံးပြုတဲ့ နှုန်းစံတန်ဖိုးတွေကို တိုင်းတာတဲ့ပေတံတွေကတော့ သူမွေးဖွားကြီးပြင်းခဲ့ရာ မိသားစုပတ်ဝန်းကျင်၊ တိုင်းပြည်၊ လူမျိုး၊ စာသင်ကျောင်း၊ ကိုးကွယ်တဲ့ဘာသာ၊ ရပ်ရွာလူမှုဓလေ့စရိုက် စတာ တွေအပြင် ရင်းနှီးကျွမ်းဝင်မိတဲ့ မိတ်ဆွေအပေါင်းအသင်း၊ ဆက်စပ်ပတ် သက်တဲ့လူ့အဖွဲ့အစည်း၊ လူအုပ်စု၊ ထိတွေ့မိတဲ့ လူမှုရေး၊ နိုင်ငံရေး၊ အတွေးအခေါ်၊ခေတ်ကာလအလျောက် ထွန်းကားလာတဲ့ အယူအဆတွေ အပေါ်မှာလည်း မူတည်နေတာဖြစ်လေတော့ လူတစ်ဦးချင်းရဲ့အတွေ့အကြုံအရရေ
''ဒီနေ့ အင်တာနက်ခေတ်မှာ ယဉ်ကျေးမှုတွေဟာ နယ်နိမိတ်အထူအပါးမရှိကြတော့ဘူး။
first-11.com
No comments:
Post a Comment