Saturday, February 2, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၂)

သစ်ထူးလွင်



Posted: 02 Feb 2013 06:33 AM PST
ဖေဖော်ဝါရီလ (၄)ရက်နေ့ ထုတ် The Voice ဂျာနယ် အတွဲ (၉) အမှတ် (၅)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Feb 2013 06:27 AM PST
ဖေဖော်ဝါရီလ (၁)ရက်နေ့ ထုတ် focus online ဂျာနယ် အတွဲ ၂၇ အတွဲ ၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 06:10 AM PST
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဧရာဝတီ စာပေပွဲတော် ဒုတိယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဟောပြောဆွေးနွေး။
အင်းယားလိပ် Sunset Terrace မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောစကား။ ရိုက်ကူး-ကိုခန့်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Feb 2013 05:52 AM PST
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု
လယ်ယာ ဘက်စုံသီးနှံ ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့
လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။

ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ ဘဏ်တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့်
လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏
ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
စပါး စိုက် ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့တောင်သူများ ဆန္ဒ ရှိသည့်
စပါးကို သာ အားဖြည့် စိုက်ပျိုးစေလိုပြီး ပုလဲသွယ်စပါးမျိုးကို စမ်းသပ်ပြီး ကြိုက်နှစ်သက်မှသာစိုက်ပျိုြး
ကရန် နှင့် လယ်ယာမြေတန်ဖိုးတက်စေရန်
မိမိတို့တောင်သူများမှ အားထည့် လုပ်ဆောင်ရန် လိုပြီး တိုင်းပြည်၏ ၀င်ငွေအချိုးကို ပြည်သူ၏ ၀င်ငွေတိုးတက်မှု ဖြင့် အဆင့်ဆင့် လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေများ များစွာရှိကြောင်း၊ယင်းလယ်ယာမြေ
များကို တောင်သူလုပ်ကိုင်စားသောက်ရန် ပြန်ပေးသင့်သည်များကို
ပြန်ပေးရန်နှင့် စိုက်ပျိုးမြေများကို ဆုံးရှုံးမှု မရှိစေရန် ဦးမြင့်လှိုင်အား သွားရောက်လုပ်ကိုင်ရန်ပြောကြား
ခဲ့သည်။

သမ္မတ ၏ ခရီးစဉ်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော
ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ပဲခူးတို
င်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ဦးသိန်းညွန့်(နေပြည်တော်ကောင်စီနယ်မြေ ) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ၊ လယ်/ဆည် ၀န်ကြီးဌာနမှ ဦးမြင့်လှိုင်၊ဦးအုန်းမြင့် (မွေး/ရေ )နှင့် လွှတ်တော်မှ ကိုယ်စားလှယ်အချို့လိုက်ပါခဲ့သည်။

ယနေ့ခရီးစဉ်တွင် ရန်ကုန် နေပြည်တော် အဝေးပြေး(အမြန်)လမ်း
မှ ကျွန်းစိုက်ခင်းများကိုပါ သွားရောက်ကြည့် ရှုခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ အောင်ထက် (NYK)
Popular Myanmar News Journal
နိုင်ငံတော်သမ္မတ နှင့် တောင်သူများနှင့်တွေဆုံပွဲမှ ဓါတ်ပုံများ (photo.အောင်ထက်(NYK) Popular Myanmar News Journal

Posted: 02 Feb 2013 05:47 AM PST
မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု
နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ်
အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။

ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။

အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ
ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ
က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်
လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ
မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး
ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ
နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး
နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။

တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ်
အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာက ဖော်ပြခဲ့သည်။

Ref: BBC;AFP
Eleven Media Group


Posted: 02 Feb 2013 05:45 AM PST
ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်း
အကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်း
စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်
းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။

ကျွန်တော်စိုက်ခင်းလုပ်ငန်းများ
ကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခုထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။

အဆိုပါသတင်းကြားရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ြ
ပလို ကြောင်း ဘိုင်းဒါကြိုးဝိုင်း
အကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ
၄၀၀ ခန့်အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။

ပဲခူးအနောက် ဆင်ပစ် မုဆိုးအန္တရာယ် ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ ဆင်များ ပြောင်းရွေ့နေထိုင်ကြသည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေ
ကြောင်း သိရသဖြင့် သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။

ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့် ၀ါးခြံစည်းရိုးအား
ဖြုတ်ပြီးထမင်းချက်ခန်း အနီးသို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်း
ကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွားခဲ့သည်။

ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။

ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင် ရှိနေပါကြောင်း တောအုပ်ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြပါသည်။

၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၇း၀၀) နာရီခန့် တောအုပ်
မင်းသန့်ဇင်၊ တောခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့
သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြား လျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်
ကြတ်စင်ဆောက်ရန် မျောသစ် လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်း
သူကိုယ်တိုင်ဆင်အားတူမီးသေနတ်ြ
ဖင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး ကြတ်စင်
ဆောက်လုပ်နေကြောင်း တူမီး သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။

မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်း
ကုမ္ပဏီ မှ အထွေထွေမန်နေဂျာဦးအောင်ဖိုး၊လ/
ထမန်နေဂျာဒေါ်ရတနာ
သိန်းနှင့်ဂျို့ချောင်းကျေးရွာ
အုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေး
အဖွဲ့သည်ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်
စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။

ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အား
မတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်
မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။

ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း မင်းအား မြို့နယ်သစ်တော
ဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့်
ရောင်းရကြောင်း၊ ဆင်နှာမောင်းကို အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿရှစ်သောင်းကျ
ပ်ရောင်း ရကြောင်း၊ အစွယ် တစ်ပိဿကျပ်ငါးသိန်း ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက် တွင်ရှိကြောင်း ပြောကြား သည်။

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပေ
ဒ များ ပုဒ်မ ၃၇ (က) အရ အမှုဖွင့်အရေး ယူလျက်ရှိသည်။

မောင်ဘုန်း (ဥပဒေ)
The Hot News

Posted: 01 Feb 2013 08:08 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ သောကြာနေ့ ညနေက တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Feb 2013 08:03 PM PST
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၄ နှစ်တာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဟေလာရီ ကလင်တန်ကို သူမရဲ့ တာဝန်ပြီးဆုံးတဲ့ နောက်ဆုံးနေ့ မှာ အမေရိကန် နိုင်ငံခြားရေးရာ ဘီဘီစီ သတင်းထောက် Kim Ghattas က တွေဆုံမေးမြန်းခဲ့ပါတယ်။ ဒီမေးမြန်းခန်းမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Feb 2013 07:54 PM PST
အီဂျစ် နိုင်ငံမှာတော့ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူ တွေနဲ့ ရဲ တွေအကြား ထိတ်တိုက် တွေ့ခဲ့ကြတဲ့ အတွက် အနည်းဆုံး လူ ၁ ဦး အသက် ဆုံး ရှုံး ခဲ့ရပြီး အများအပြား ဒဏ်ရာ ရရှိ သွားပါတယ်။ ဆန္ဒပြသူတွေက သမ္မတ မော်ဆီ နုတ်ထွက် ပေးဖို့ အတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အီဂျစ်က ဆန္ဒပြပွဲများ

Posted: 01 Feb 2013 07:47 PM PST
တူရကီ နိုင်ငံက အန်ကာရာ မြို့တော်မှာ ရှိတဲ့ အမေရိကန် သံရုံးကို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာဟာ အကြမ်းဖက်မှု တခု ဖြစ်တယ်လို့ အမေရိကန် ဘက်က ပြောလိုက်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် တူရကီ နိုင်ငံတွင်းမှာ ရှိတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတဲ့ အန်ကာရာ မြို့က အမေရိကန် သံရုံး

Posted: 01 Feb 2013 05:11 PM PST
စစ်ကိုင်းတိုင်း မုံရွာမြို့နားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာ ထွက်ပေါ်လာဖို့ နှောင့်နှေးနေချိန်မှာပဲ လုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုလားသူတွေနဲ့ ဆန့်ကျင်သူတွေရဲ့ ဖိအားတွေလည်း တိုးလာနေပါတယ်။ စုံစမ်းမှုတွေကတော့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက်သာမက၊ စုံစမ်းစစ်ဆေးရေး ကော်မီတီကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ပါ စိမ်ခေါ်မှု ဖြစ်မယ်လို့ အကဲခတ်တွေက မြင်နေကြတာပါ။ လက်ပံတောင်းတောင် စီမံကိန်းကနေ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ရိုက်ခတ်လာနိုင်တဲ့ အလားအလာတွေကိုတော့ ဗွီအိုအေ သတင်းထောက် Daniel Schearf ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာတစောင် ဇန်န၀ါရီလကုန်မှာ ထုတ်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့ ထွက်ပေါ် မလာနိုင်ပဲ ဖြစ်နေရတာပါ။ စစ်တပ်ပိုင် မြန်မာဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ဘောင် ကုမ္ပဏီတို့ရဲ့ ပူးတွဲ စီမံကိန်းကြောင့် ဒေသခံတွေ လယ်မြေတွေ နစ်နာဆုံးရှုံးရသလို၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ရတယ်ဆိုပြီး ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့နောက် ၂ လအတွင်း အပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ စီမံကိန်း ရပ်ဆိုင်းရေး ကန့်ကွက် ဆန္ဒပြမှုတွေ လနဲ့ချီ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေး အာဏာပိုင်တွေက သွေးထွက်သံယို နှိမ်နင်းခဲ့တာပါ။

မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ရဲ့ ဥပဒေရေးရာကော်မီတီက ဦးသိန်းသန်းဦး ကတော့ လုံခြုံရေး တပ်ဖွဲ့တွေက မီးလောင်ဗုံးတွေကို အသုံးပြုပြီး လိုအပ်တာထက်ပိုပြီး အင်အားသုံး နှိမ်နင်းခဲ့တဲ့ အထောက်အထားတွေကို တွေ့ရတဲ့အကြောင်းနဲ့ နောက်ပိုင်းမှာလည်း ဒီဒေသမှာ လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်တဲ့အကြောင်း ပြောပါတယ်။

“လူတွေကို ဘာမှ မထိဖို့ မကိုင်ဖို့ သတိပေးခံခဲ့ရတယ်၊ ဒါဟာ ဦးပိုင်လီမိတက်ပိုင်ဖြစ်တယ်၊ ထိလို့မရဘူးဆိုပြီး ပြောတယ်။ နောက်တခုကတော့ လူတွေကို ချောက်ထားတာပါ။”

ရှေ့နေ ကွန်ယက် အနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို အပြင်းအထန် နှိမ်နင်းဖို့ ဘယ်သူက ညွှန်ကြားသလဲ ဆိုတာကို သိချင်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ သံဃာတော်တွေ အပါအ၀င် ဆန္ဒပြသူတွေ ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရပြီးတဲ့နောက်မှာတော့ သမ္မတက စီမံကိန်းနဲ့ ပတ်သက်လို့ရော နှိမ်နင်းမှု အတွက်ပါ ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ညွှန်ကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စီမံကိန်း လုပ်ငန်းတွေကိုသာ စစ်ဆေးဖို့ ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့ဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ David Mathieson ကတော့ စုံစမ်းစစ်ဆေးရေး အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ အရပ်သား တဖြစ်လဲ အစိုးရအတွက်တော့ အသစ်အဆန်းတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဆန္ဒပြပွဲတွေ၊ နှိမ်နင်းမှုတွေနဲ့ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ တခြားကိစ္စတွေ၊ ကြေးနီထုတ်လုပ်ရေး စီမံကိန်း ကိစ္စတွေ ဒါတွေအားလုံးဟာ သူ့အတိုင်းအတာနဲ့သူ အရေးကြီးပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဏာပိုင်တွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေ၊ မြေယာပိုင်ဆိုင်မှု ကိစ္စတွေမှာ ဘယ်လို ရင်ဆိုင် ကိုင်တွယ်မလဲ ဆိုတဲ့ စမ်းသပ်မှု တခုအဖြစ်နဲ့လည်း အင်မတန်မှ အရေးကြီးပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ အရင်စစ်အစိုးရ လက်ထက်မှာ စတင်ခဲ့တာမို့ ပွင့်လင်းမြင်သာမှုတွေ အားနည်းခဲ့တာပါ။ အခုအခါ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေသခံတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးဖို့ လိုအပ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပေမဲ့၊ ပြည်ပလုပ်ငန်းတွေနဲ့ ချုပ်ဆိုထားတဲ့ ကတိက၀တ်တွေကို အိမ်ရှင်တိုင်းပြည် အနေနဲ့ လေးစားဖို့ လိုမယ်လို့လည်း ပြောဆိုထားတာပါ။ လူ့အခွင့်အရေး အဖွဲ့က သုတေသီ Mathieson ကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စမ်းသပ်မှုတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အင်မတန် အရေးကြီးတဲ့ ကိစ္စတခုကို စုံစမ်းစစ်ဆေးတဲ့သူ တဦးအဖြစ်နဲ့ သာမကပါဘူး၊ သူနဲ့အတူ နိုင်ငံရေး အသွေးအရောင်စုံ အဖွဲ့ဝင်တွေလည်း ပါဝင်နေကြတာပါ။ ဒါကြောင့်လည်း ဒီလုပ်ငန်းစဉ်မှာ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ်နဲ့ ဘယ်လောက် ထိရောက်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း တွေ့ရလိမ့်မယ် ထင်ပါတယ်။”

အကဲခတ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကော်မီတီထဲ ထည့်သွင်းတာဟာ လူလက်ခံအောင် လုပ်တာသာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို တွေ့ရမှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

“ဘယ်လို ဖိအားတွေ ရှိမလဲ၊ လက်ပံတောင်း ဒေသခံတွေ အကျိုးခံစားရအောင် ဘာတွေ လုပ်နိုင်သလဲ ဆိုတာတွေကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့ အချိန်အထိ စောင့်ကြည့်ရမှာပါ။”

တချိန်တည်းမှာပဲ လက်ပံတောင်း ဒေသခံတွေနဲ့ တက်ကြွသူတွေကတော့ စီမံကိန်း အဆုံးသတ်ရေး ဆက်လက် ဆန္ဒပြခဲ့ကြသလို၊ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီသီတင်းပတ်တွင်း တွေ့ဆုံချိန်မှာ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တာပါ။ တရုတ်သံရုံးရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံ သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ ပြဿနာတွေ ရှိတယ်ဆိုရင်လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး (ဗီအိုအေ)

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

Posted: 01 Feb 2013 05:07 PM PST
အင်န်အယ်လ်ဒီ ပါတီအတွင်း တရားမမျှ တမှုများနှင့် ရပ်ကွက်၊ ကျေးရွာညီလာခံ များကျင်းပရာ၌
နည်းလမ်းမကျမှုများ ကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ သိရှိစေရန်
ပါတီဝင် အချို့က မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုး
ကြောင့် ပျက်သွားခဲ့ကြောင်း သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြင်းခြံမြို့၌ အင်န်အယ်လ်ဒီ ပါတီဝင်များက ဇန်န၀ါရီ ၂၄ ရက်က ဆန္ဒဖော်ထုတ် နေကြစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်းမြင်း
ခြံမြို့၌ အင်န်အယ်လ်ဒီ ပါတီဝင်များက ဇန်န၀ါရီ ၂၄ ရက်က ဆန္ဒဖော်ထုတ်နေကြစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း

Posted: 01 Feb 2013 04:54 PM PST
ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက် လည်ပတ်လျက် ရှိသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု
နယ်မြေတွင် ဇန်န၀ါရီ လဆန်းမှ စတင်ခါ လျှပ်စစ်မီး မကြာခဏ ဖြတ်တောက်မှု ကြုံနေရကြောင်း
ထိုဒေသရှိ ဒေသခံများနှင့် ဟိုတယ်များ က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Feb 2013 04:46 PM PST
ပြည်သူလူထု သွားကျန်းမာရေး အတွက် ကျောင်းသား လူငယ်များ အပါအ၀င် လူဦးရေ လေးသန်း
ကျော်ကို သွား ကျန်းမာရေး ဆိုင်ရာ အသိပညာ ပေးခြင်း နှင့် ကျန်းမာရေး စောင့်ရှောက် ပေးမည့်
အစီအစဉ်များကို ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဟု---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Feb 2013 04:36 PM PST
နေပြည်တော် ကောင်စီ နယ်မြေ အတွင်း စည်းကမ်းမဲ့ မောင်းနှင်သော မော်တော် ဆိုင်ကယ်များကို
နေပြည်တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၆ အရ သုံးလထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ငွေကျပ် တစ်သိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ပြစ်ဒဏ်များ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Feb 2013 04:21 PM PST
အမေရိကန် Northeastern Illinois University မှ ပုဂံခေတ် လက်ရာဖြစ် သော ဓမ္မစက္ကမုဒြာ ဗုဒ္ဓ ရုပ်ပွားတော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရာ ရန်ကုန် အမျိုးသား ပြတိုက်၌ ထိန်းသိမ်းထားကြောင်း သိရသည်။ ဓမ္မစက္ကမုဒြာပုံ ရုပ်ပွားတော်ဖြစ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမေရိကန်မှ ပြန်လည်ပေးပို့လိုက်သည့် ပုဂံခေတ်ဗုဒ္ဓရုပ်ပွားတော်ကို တွေ့ရစဉ်။

Posted: 01 Feb 2013 08:57 AM PST
ပြီးခဲ့သည့် ဇန်န၀ါရီ ၂၆ရက်ည ၁၀နာရီခန့်က ရန်ကုန်မြို့သိမ်ကြီးဈေးအနီး အနော်ရထာ လမ်းမှပေါ်တွင် ဂျာနယ်လစ်တချို့ တက္က္ကစီ ယာဉ်မောင်း တစ်ဦးနှင့် ပြဿနာ တက်ခဲ့ပြီးနောက် တက္က္ကစီယာဉ်မောင်းများ ရောက်လာပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့ကာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Feb 2013 08:36 AM PST
ကချင် ဒေသမှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာအစိုးရ ဘက်က ထိုးစစ် တွေကြောင့် ဖြစ်ရတာလို့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က ပြောဆိုပြီး အစိုးရ ဘက်က ထိုးစစ်တွေ ရပ်ရင် သူတို့လည်း ရပ်မယ် လို့ ပြောဆိုလိုက် ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကချင် ဒေသမှာ တိုက်ပွဲတွေ ဖြစ်တာ တစ်နှစ် ကျော်လာ ခဲ့ပြီ

Posted: 01 Feb 2013 08:30 AM PST
မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီး မြို့တော်က အစိုးရပိုင် Pemex ပဲမက်စ် ရေနံကုမ္ပဏီမှာ ပေါက်ကွဲ မှုကြီး ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မက္ကဆီကိုသမ္မတ အပျက်အစီးတွေကို ကြည့်ရှု စစ်ဆေးနေတာ ဖြစ်ပါတယ်။

Posted: 01 Feb 2013 08:22 AM PST
ပြည်ထောင်စု သမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အတွက် ပြည်သူ့ လွှတ်တော်ကနေ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးမြသိန်း(အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)၊ တရားလွှတ်တော်ရှေ့နေ ဦးမြသိန်းနဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်လွင်တို့ ၃ ဦးကို---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။ RFA

Posted: 01 Feb 2013 08:16 AM PST
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် (၂) မှာရှိတဲ့ တရုတ် နိုင်ငံသားပိုင် (Global Electric) ဂလိုဘယ် အီလက်ထရစ် စက်ရုံက အလုပ်သမား ၈ဝ ကျော်ဟာ စက်ရုံဖက်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အလုပ်သမားတွေ အပေါ် ဖိနှိပ်ဆက်ဆံ မှုတွေ ရပ်စဲဖို့ ဒီကနေ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Global Electric စက်ရုံက အလုပ်သမားတွေဟာ စက်ရုံရဲ့ဖိနှိပ်ဆက်ဆံမှုတွေကိုလျော့ချပေးဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဆန္ဒပြနေကြစဉ်။  Photo: RFA/Nay Thwe

Posted: 01 Feb 2013 08:09 AM PST
ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီး လိုင်ဇာမြို့  အ၀င်ဝ မုခ်ဦးနေရာထိ အစိုးရ တပ်တွေက သိမ်းယူ တပ်စွဲ ထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု ပြောကြား
လိုက်ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ ကတည်းက လဂျားယန်ဒေသကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လိုင်ဇာမြို့  အ၀င်ဝ မုခ်ဦးနေရာ။ ဓာတ်ပုံ - Yan Naing Aung Facebook

No comments:

Post a Comment