ချစ်စွာသောသား
အမေအသက်ရှင်နေဆဲပဲ ရှိနေသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။မင်း စာမြန်မြန်မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲရေးလိုက်တယ်။
မင်းအိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်း သိမှာမဟုတ်ဘူး။ အမေတို့ အိမ်ပြောင်းသွားကြပြီ။
မင်းအဖေလား၊ အခုအလုပ်ကောင်းကောင်းတစ်ခု ရနေပြီ။ သူ့အောက်မှာ လူ ၅၀၀လောက်ရှိတယ်။ သချိုင်္င်းမှာ မြက်ရိပ်နေရတယ်လေ။ အခုအမေတို့အိမ်အသစ်မှာ အဝတ်လျှော်စက် တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့အပတ်က အမေအဲဒီထဲ ရှပ်အကျီ င်္၁၄ ထည် ထည့်တယ်။ ပြီး....သံကြိုးကိုဆွဲလိုက်တာ အဲဒီအကျီ င်္တွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
သားအစ်မ မေရီလည်းဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေမသိသေးဘူး။ အဲဒီတော့မင်းက အန်တီဖြစ်မလား၊ အန်ကယ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။ ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့အန်ကယ်ဒစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ဝီစကီကန်ထဲကျပြီးနစ်လို့။ သူ့လုပ်ဖော်ကိုင်ဖက်တချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူကကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်လှန်နိုင်ခဲ့တယ်။ သူကိုသဂြိုင်္ဟ်တော့အဲဒီမီးငြှိမ်းရတာ သုံးရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုးနှစ်ခါရွာတယ်။တစ်ခါက သုံးရက်ကြာပြီး နောက်တစ်ခါက လေးရက်ကြာတယ်။ တနလာင်္နေ့တုန်းကများ လေတွေ တိုက်လိုက်တာခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံး တစ်လုံးတည်းကို လေးခါ အုရတယ်။
အသုဘ အလောင်းပြင်ဆင်ပေးတဲ့အိမ်က စာတစ်စောင် မနေ့က ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ကြွေးကျန်ကို ၇ ရက်အတွင်းမပေးရင် မင်းဘွားအေကြီးကို ပြန်ထလာအောင် လုပ်လိုက်မယ်တဲ့။
ချစ်တဲ့
အမေ
P.S. အမေသားအတွက် ဒေါ်လာ ၅၀ ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။
From Intelligent Jokes(ဖိုးလိမ္မော်)

No comments:
Post a Comment