Shwe Khae shared Yamoun Nar's photo.
"ပြည်ပရောက်တွေ ဘယ်တော့ပြန်လာမှာလဲ ဆိုတဲ့ ကိုမင်းကိုနိုင်အမေးစကားနဲ့ ပတ်သက်လို့ တောထဲက သူပုန်တကောင်အနေနဲ့ ဖြေချင်တာက လက်ရှိ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းဟာ
ကိုမင်းကိုနိုင် အနေနဲ့ ပြည်ပရောက်တွေကို မေးမဲ့အစား ၂၀၀၈ စစ်အခြေခံဥပဒေ၊ လက်ရှိ လွှတ်တော်အခင်းအကျင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တယ်လို့ ထင်ပါတယ်။ နောက်တခုက တတ်တဲ့ပညာတွေနဲ့ ပြည်တွင်းမှာ လက်ရှိ စစ်ယူနီဖေါင်းချွတ် သိန်းစိန်အစိုးရ လက်အောက်မှာ ဘယ်လိုအလုပ်တွေကို ပွင့်လင်းမြင်သာ ပြည်သူတွေအတွက် လုပ်နိုင်မှာပါလဲ ဆိုတာကိုလည်း မေးချင်ပါတယ် ...
- နောက်ဆုံးအနေနဲ့ ပြန်မေးချင်တာက ဧရာဝတီမြစ်ဆုံ ကိစ္စ၊ စစ်အုပ်စု အကျိုးစီးပွား ဦးပိုင်ကုမ္ပဏီရဲ့ နိုင်ငံပိုင်စီးပွားရေး ဟူသမျှ မောင်ပိုင် စီးထားတဲ့ကိစ္စ ...
- NLD ရဲ့ ၂၀၀၈ စစ်အခြေခံ ဥပဒေကို လွှတ်တော်တွင်း “၀င် - ပြင်” ကနေ ခုတော့ “၀င်-နင်” ဘ၀နဲ့ ၂၀၀၈ စစ်အခြေခံ ဥပဒေကြီးကို စစ်အုပ်စု အလိုကျ “၀င် - ထမ်း” ၀င်ရောက်ထမ်းပိုးနေရတဲ့ ကိစ္စ ...
- အရှင်မွေး နေ့ချင်းကြီး ခရိုနီ စီးပွားရေးသမားတွေရဲ့ လယ်သိမ်း၊ မြေယာသိမ်း၊ ဘ၀တွေကိုပါ သိမ်းနေတဲ့ ခရိုနီတွေရဲ့ မင်းမဲ့ဒီမိုကရေစီ အခင်းအကျင်းကိစ္စ ...
- နောက်ဆုံး ၄၀၁ - ခြေမန်းကွင်းနဲ့ လွတ်မြောက်မှုမှာ နှောင်ကြိုး နဖါးကြိုးထိုးထားခံရတဲ့ကိစ္စ ...
အဲဒါတွေကိုရော လက်တွေ့ကျကျ ဘယ်လို တိုက်ပွဲဝင်ကြမလဲ ...
ပူးသတ်ရေးလော ...
ရန်သူ့အလိုကျ ပူးပေါင်းရေးလော ...
နိုင်ငံရေးလော ...
တော်လှန်ရေးလော ...
လက်ဝေခံ ဘ၀နဲ့ တကိုယ်ရည် အတ္တဖြင့် လက်တွေ့ဘ၀ကနေ ထွက်ပြေးခြင်းလော ...
ရပ်တည်ချက် ဝေဝေ၀ါးဝါးလော ...
အဲဒီမေးခွန်းတွေကို တောထဲက သူပုန်တယောက်အနေနဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ ပွင့်လင်းအဖွဲ့ ဆိုတာကြီးကို ပြန်လည် မေးခွန်းထုတ်လိုက်ပါတယ် ....."
ကိုပေါက် (ကမာပုလဲ)
၁၈၊ ၂၊ ၂၀၁၃
ဓါတ်ပုံ Aung San Nyunt ဖေ့စ်ဘုတ်မှ ..
No comments:
Post a Comment