ဦးဘမောင် သည် ရန်ကုန်လေဆိပ် တွင် သူစီးရမည့် လေယာဉ်ကိုစောင့်နေ၏။
ဘာရယ်ညာရယ်မဟုတ်ပဲ မျက်စိကစားရင်း ပေါင်ချိန်ပီး ဗေဒင်ဟောသည့် ကွန်ပြူတာတစ်လုံးကု
ိ သွားတွေ့လေသည်။
သို့နှင့် ငွေအကြွေစေ့ တစ်စေ့ကို..ကောင်တာမှ လဲပီး ကွန်ပြူတာဆီသို့ သွားကာ စက်ထဲသို့ထဲ့လိုက်၏။
" ခင်ဗျားရဲ့ ကိုယ်အလေးချိန်က ၁၅၅ ပေါင်ရှိပါတယ်။အိမ်ထောင်သည်တစ်ဦးဖြစ်ပီး အခုတရုတ်ပြည် ပီကင်းကိုသွားမှာဖြစ်ပါတယ်။
သမီးမိန်းကလေးကလေးနှစ်ဦးရှိပါတယ်။တယောက်နဲ့တစ်ယောက် အသက်နှစ်နှစ်ကွာပါတယ်။ခင်ဗျားသမီးအကြီးက အသက် ၁၄နှစ်ဖြစ်ပါတယ်။"
ဦးဘမောင်လည်း တအံတသြနှင့် ကြောင်ပီးရပ်နေမိ၏။ပြောသမျှအားလုံးမှန်နေသည်ကိုး။
ထို့နောက် အခြားလူတစ်ယောက်ရောက်လာပီး သူ့လိုပင် ကွန်ပြူတာစက် ထဲ သို့ ပိုက်ဆံထည့်လိုက်သည်။
ထို်အခါကွန်ပြူတာမှ စာသားများပေါ်လာ၏။
" ခင်ဗျားရဲ့ကိုယ်အလေးချိန်က ၁၈၆ ပေါင်ရှိပါတယ်။ ခင်ဗျားဟာ မိန်းမနဲ့ ကွာရှင်းထားသူဖြစ်ပါတယ်။
ပြီးတော့ သြစတြေးလျားနိုင်ငံ ဆစ်ဒန်ီမြို့ကို ခရီးထွက်မဲ့သူ ...ဖြစ်ပါတယ်။ခင်ဗျား ခုထွက်တဲ့ခရီးဟာ ငွေချေးဖို့ သွားရန်ဖြစ်ပါတယ်။ "
ဦးဘမောင်လည်း ထိုသူကိုမေးကြည့်၏။
" ခင်ဗျားက မိန်းမနဲ့ကွာရှင်းထားတယ်။ဆစ်ဒန်ီသွားမလို့တဲ့ ဟုတ်လားဗျ "
ထိုသူက.." .ဟုတ်ပါတယ်ခင်ဗျာ "
ဦးဘမောင်အကြီးအကျယ်အံအားသင့်သွား၏။
ဒီလောက်မှန်လွန်းနေတာတော့လွန်ပီဟုစိတ်ထဲတွင်လည်း ဖြစ်ပေါ်မိ၏။
ထို့နောက်အမျိုးသားနားနေခန်းသို့ သွားကာ အ၀တ်အစားများကို သေချာလဲလိုက်၏။
မျက်မှန်အနက်ကိုလည်းတပ်လိုက်၏။ရှူးဖိနပ်များကိုလည်းပြောင်းစီး၏။
ပီးမှ ကွန်ပြူတာစက်ဆီသို့ တခေါက်ပြန်လာပီး ပိုက်ဆံထည့်ကာ မေးလိုက်၏။
ကွန်ပြူတာစက်က ပြန်ဖြေသည်မှာ......
" ခင်ဗျားရဲ့ကိုယ်အလေးချိန်ဟာ ၁၅၅ ပေါင်ရှိတုန်းပါပဲ ။အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်တုန်းပဲ။ပြီးတော့
တရုတ်ပြည်ပီကင်းမြို့ ကိုသွားမဲ့ လေယာဉ်နဲ့ ခင်ဗျား လွဲသွားပီး ဒီလေဆိပ်မှာ ကျန်ခဲ့လိမ့်မယ်..."..ဟူသတည်း။
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely........
No comments:
Post a Comment