Nyan Tint shared Myawady News's photo.
ထမင်းတစ်လုပ်တွက် ငါတို့ လုပ်တာမဟုတ်ဖူး
စားခဲ့ရတဲ့ ဒီဆန်ကြမ်းလေး သဲနဲ့ ရောနေပါစေ
ငါတိုင်းပြည်တိုးတတ်ဖို့  ငါအားရှိဖို့ရာအတွက် ငါတို့ စား၏။
ဒီလမ်းကြမ်းက ဆူးခလုတ်တွေ ဘယ်လောက်ကြမ်းပါစေ
ရှိသမျှ အားလေး စုစည်းတည်ဆောက် လမ်းကိုဖောက်
ငါတိုင်းပြည် လမ်းကြောင်းကောင်းမွန်ဖို့ ရာငါမျော်လင့်၏။
ဆက်သွယ်ရေးတွက် အလွန်ခက်ခဲ အမေ့ကိုလွမ်း
အချစ်နဲ့ လှမ်းလည်း၂သိန်းတန်ဖုန်းနဲ့ တစ်ပြည်လုံး
ဒီပြည်တစ်ခွင်ဆက်သွယ်နိုင်ရန်တိ
ငါတို့ ထောင်၏။
အရှေ့ နဲ့ အနောက် တောင်နဲ့ မြောက် သားသမီးကိုခွဲ
ငါတို့ ရောက်လည်း ဇနီဗာတုံးတစ်တုံးဆီထမ်းကာ
ဒီပြည်ရထားလမ်း ကောင်းမွန်ရေးတွက် ငါတို့ ချွေးတွေပေး၏။
တိုင်းပြည်တွက် စစ်ခွေးမင်းတို့ ပြောစကား ငါတို့ ကြားလည်း
အပြုံးမပျက် ချွေးတစ်စက်နဲ့  သွေးသားများစွာ
ဒီပြည်သာယာရေးအတွက် ငါတို့ ပေး၏။
မီးမရှိ ရေဗူးတစ်ဗူးနှင့် စီကရက်မနေ အကြမ်းကိုခဲကာ
ငါတို့ ပေးဆပ် ဘယ်သူမသိ နေပါစေ သည်မောင်ယောကျာင်္း
ဒီတိုင်းပြည်တွက် ကျရာနေရာ မာန်ဟန်တင်းကာဆက်လုပ်၏။
ငါ၏မာန်မရှိ ဒီထမင်းတစ်လုပ်တွက် အားအင်မရှိကုန်ဆုံးချိန်ရောက်
အသက်ပျောက်က တိုင်းပြည်တွက် ဒီစကားသာ ငါဆိုချင်၏
ဒီတိုင်းပြည်ကြီးမီးမှန် ဖုန်းနဲ့  လူတိုင်းကိုင်နိုင်ပါစေ။
ဒီထမင်းတစ်လုပ် ငါတို့ စားရ်ျ တိုင်းပြည်တွက်အလုပ်လုပ်
ဒီထမင်းတစ်လုပ် ငါတို့ စားရ်ျ ပြည်သူတွက်လမ်းတွေဖောက်
ဒီထမင်းတစ်လုပ် ငါတို့ စားရ်ျ လူမျိုးတွက် အသက်ကိုစွန့် ၏။
ဒီပကာသန ငါမသိ ငါ၏အသိငါတို့ စိတ်ဝယ် ငါပညာရပ်
ငါစွမ်းရည်များ ငါအားအင်များသည်ဒီထမင်းတစ်လုပ်က
တန်ပါသလော တန်ပါသလော တန်ပါသလော တန်ပါသလော
မင်းအရည်ချင်းမင်းပညာနဲ့  ချွေးတွေအသက်ပေးမိဘနဲ့ ဝေး
အချစ်မသိ ရေမရှိဘဲ သဲမြေရင်ကတုတ်လုပ်တန်ပါသလော
ပြည်သူ့  စစ်ခွေးငါတို့ တွက် ပြည်သူကောင်းစားအေးချမ်းမယ်ဆို
တန်ပါတယ်ဘယ်ကြောင့်ဆိုသော် ငါတို့  အမျိုးဘာသာ
သာသနာကိုချစ်စိတ်ကိုနှစ်သော်ကြေ
*တပ်မတော်သည် တိုင်းပြည်တွက်
တိုင်းပြည်သည် တပ်မတော်တွက်မဟုတ်
*စည်းကမ်း မရှိတဲ့ စစ်တပ်ရှိနေမဲ့ အစား
အဲ့ဒီစစ်တပ်မရှိတာ တိုင်းပြည်တွက်ပိုကောင်းတယ်။
ဗိုလ်ချုပ်စကား နှလုံးသွင်းကာ တိုင်းပြည်တွက် အသက်ကိုပေး
ချွေးပေါင်းများစွာ ပေးဆပ်နေတဲ့ စည်ကမ်းရှိသော် ရဲဘော်ရဲဘက်
များ မိဘနဲ့ ချစ်သူ ဇနီ သာမယားနဲ့  သေကွဲ ရှင်ကွဲ ကင်းဝေးကြပါစေ။
လေးစာစွာဖြင့်
ဖိုးသားလေး
No comments:
Post a Comment