သစ်ထူးလွင်
|
- နှစ်ကျပ်ခွဲရွာ အကြမ်းဖက် ပဋိပက္ခ (ရုပ်/သံ)
- ဒီဘ၀မှာ မိသားစု စုံစုံလင်လင်နဲ့ နေခွင့် ရနိုင်ပါဦးမလား…
- နော်ဝေနိုင်ငံကို အတုယူပြီး ကြိုးပမ်းရန် သမ္မတ ပြောကြား
- အငြင်းပွားဖွယ် ဖြစ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံသားဖြစ်မှု (ရုပ်/သံ)
- မလက်တို ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့
- မလက်တိုကျေးရွာအုပ်စု ကို ပုဒ်မ ၁၄၄ ဆက်လက် ထုတ်ပြန်ထား
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေး
- နံ့သာကုန်း မီး ငြိမ်းသတ်နိုင်ပြီဖြစ်
- အစာအဆိပ်သင့်မှု ခြောက်ဦး သေဆုံး၊ ၂၇ ဦး ဆေးဝါးကုသမှု ခံယူနေရ
- မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများအား စစ်ရေယာဉ်မှ ကျွန်းစု ရေပြင်တွင် ထပ်မံ ဖမ်းဆီးရမိ
- ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီများအား မြိတ်မြို့တွင် ဖမ်းမိ
- မြန်မာ ဂြိုဟ်တု လွှတ်ဖို့ ဂျပန်ကူ
- မအူပင်၊မလက်တို ပဋိပက္ခကြောင့် ရဲတစ်ဦးသေဆုံး၊ ရွာသား ၁၅ ဦးဒဏ်ရာရ
- SSPP/ SSA နှင့် တိုက်ပွဲ အစိုးရတပ် ၃၀ ခန့်သေ
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ်-၈၀၄
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ - ၃ အမှတ်-၁၃၁
- ငွေစင်ရော် ကျေးရွာ သောက်သုံးရေ ရှားပါးမှု အခက်အခဲနဲ့ ရင်ဆိုင်နေရ (ရုပ်/သံ)
- ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လူကုန်ကူးမှု အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်
- ရှန်ဟိုင်းတွင် ကျောင်းဝတ်စုံများချုပ်လုပ်ရာ၌ အဆိပ်သင့်ဆိုးဆေး အသုံးပြုမှု တွေ့ရှိ
-
နှစ်ပေါင်းများစွာ လုပ်သင့်သည်ကို မလုပ်သည့်အတွက်ဒီမိုကရေစီ အဆောက်အုံမခိုင်မာသေးခြင်းဖြစ်
သည်ဟု ဒေါ်စုဆို - မအူပင်ဆေးရုံကြီးသို့ ဒါဏ်ရာရရှိသူ(၅)ဦး ထပ်မံရောက်ရှိ
- မြန်မာ့ ကျောက်မျက် ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန် စတင်ညှိနှိုင်း
- မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှီး နှောဖလှယ်ပွဲ ထုတ်ပြန် ကြေငြာချက်
- ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း မေးခွန်းထုတ်
- မအူပင်မြို့နယ်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ရာ ၄၀ ဦးဝန်းကျင်ဒဏ်ရာရ
Posted: 27 Feb 2013 05:41 AM PST
အခုလ၂၄
ရက်နေ့ က ကျောက်ပန်း တောင်း မြို.နယ် နှစ်ကျပ်ခွဲ ကျေးရွာ မှာ လျှပ်စစ်မီး
သွယ်တန်းရေး ကိစ္စနဲ.ပတ်သက်ပြီး ဒေသခံ ရွာသားတွေနဲ. ရဲတပ်ဖွဲ.၀င်တွေ အကြား
အကြမ်းဖက် ပဋိပက္ခတချို. ဖြစ်ပွားခဲ့ပါတယ်။ ဒေါ်ညိုမာသက်
သတင်းပေးပို.ထားပါတယ်။ (ရိုက်ကူး-ကိုတိုး/အာကာမင်း ICJ)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 04:31 AM PST
ဝါးနဲ့ပျဉ်သားတွေ
ရောနှောပြီးဆောက်လုပ်ထားတဲ့ လူနေအိမ်တွေတော့ အလည်ဗဟိုက ဈေးတန်းကြီးကို
ပတ်ပတ်လည်လည် ၀ိုင်းရံလို့ ထားပါတယ်။ လူနေအိမ် နှစ်ရာဝန်းကျင်လောက်
ရှိပေမဲ့ အများစုကတော့ ဆိုင်တန်းတွေဖြစ်ပြီး ခရီးသည်တွေနဲ့ ကုန်သည်တွေက
အဆက်မပြတ် ၀င်ထွက်သွားလာတဲ့အတွက်မြို့မကျ
ရွာလေးရဲ့ဘေးတဘက်တချက်စီမှာတော့ လှေကားထစ်ပမာ လယ်ကွက်လေးတွေရှိပြီးစိမ်းစိုတဲ လူစည်ကားခဲ့ဖူးတဲ့ နန်းအွမ်ရွာလေးဟာ ၁၉၉၅ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ စစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်သွားချိန် စစ်ဆင်ရေးတို့ကြောင့် တရွာလုံး ပြာကျသွားခဲ့ရပါတယ်။
အစိုးရနဲ့ အပစ်ခတ်ရပ်စဲတာ တနှစ်ဝင်းကျင် ရှိသွားပြီဖြစ်ပေမဲ့ ဒေါ်မေလှိုင်ရဲ့ ခင်ပွန်းသည် အိမ်မပြန်သေးပါဘူး (ဓါတ်ပုံ-ကေတီ)
"ကျမယောကျာင်္းကတော့ တိုက်ပွဲထဲမှာရှိတော့ စိတ်လည်းပူ စိုးလည်းစိုးရိမ်တာပေါ့နော်… ပြီးတော့ကျမမှာ ယောကျာင်္းရှိပြီး ယောကျာင်္းကို အားမကိုးရတော့ တော်တော်နဲ့ စိတ်ထိခိုက်သွားတာပေါ့။ ကျမအတွက် နွေးထွေးမှုတွေ မရှိတော့ဘူး အားကိုးရာမဲ့သလို ခံစားရတယ်" သူမစကားမဆုံးသေးပေမဲ့ အဖြစ်ကခါးသီးလွန်းတာမို့ သူမမျက်ရည်တွေဝဲလာပါတယ်။ ဆက်လက်ပြီး ဒေါ်မေလှိုင်က... "ယောကျာင်္းအနားမှာ မရှိတဲ့ကျမတို့လို လူမျိုးကပိုဆိုးတာပေါ့….. သူများတွေ ကျမတို့အိပ်ဖို့အတွက် ကာဗာ (cover) ကျဉ်းသေးသေးလေးတွေ တူးပေးတယ်။ အိပ်ဖို့အတွက်ပေါ့။ ဒါပေမယ့် မအိပ်ရဲဘူးဒီအတိုင်းပဲ ထိုင်နေရတာပေါ့…. ရန်သူဘယ်တော့ ထပ်လားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတာ..." ပြေးရင်းလွှားရင်း ၁၉၉၆ ခုနှစ်မှာတော့ ဒေါ်မေလှိုင် မိသားစု ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အခုဆို ဒုက္ခသည်စခန်းဟာ ဒေါ်မေလှိုင်အတွက် လုံခြုံစိတ်ချမှုရှိတဲ့ နေရာလေးပါ။ စခန်းထဲမှာ သောင်းနဲ့ချီပြီးရှိနေကြတဲ့ ဒုက္ခသည်တွေနည်းတူ ဆန်၊ ဆီ၊ ဆား၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံမှုတွေရရှိကြပေမဲ့လို့ ရဲဘော်မိသားစုဘ၀မှာ အပိုဝင်ငွေဆိုတာမရှိပါဘူး။ အများအကျိုးအတွက် အသက်ကိုစွန့်ပြီး အလုပ်အကျွေးပြုတယ်ဆိုတဲ့ သူမရဲ့ခင်ပွန်းသည် ရဲဘော်လည်း လစာမရှိတဲ့အတွက် မိသားစုအတွက် ဘာမှမထောက်ပံ့နိုင်ပါဘူး။ ဒါပေမဲ့ ဒေါ်မေလှိုင်အားမလျော့ပါဘူး။ ၁၉၉၇ ကနေ ၂၀၀၃ခုနှစ်အထိ ကရင်နီပညာရေးမှာ ၃ တန်း ၄ တန်း ကရင်နီဘာသာပြ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိစခန်းထဲက ဒုက္ခသည်တွေအတွက် ကက်သလစ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ COERR အဖွဲ့မှာ လူမှုရေးလုပ်ငန်းကိစ္စတွေ ၀င်ရောက်ကူညီလုပ်ဆောင် ခဲ့ပါတယ်။ ၂၀၀၉ မှယနေ့အထိမှာတော့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO မှာအလုပ်ကျွေးပြုပြီး မိသားစုအတွက် ရုန်းကန်နေရပါတယ်။ KNWO ရဲ့အစီအစဉ် ငါးခုထဲကအမျိုးသမီးနှင့် အသက်မွေးဝမ်းကြောင်း စီမံကိန်းမှာ တာဝန်ခံအဖြစ် လုပ်ဆောင်နေပါပြီ။ ဒေါ်မေလှိုင်လိုဘဲ ကရင်နီဒုက္ခသည်စခန်းမှာ ရဲဘော်မိသားစုတွေ အများအပြား ရှိနေပါတယ်။ သူတို့တတွေမှာရှိတဲ့ အခက်အခဲနဲ့ ကြမ်းတမ်းတဲ့ ဘ၀အတွေ့အကြုံတွေက ဒေါ်မေလှိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တချို့ကခင်ပွန်းဖြစ်သူတွေ ရှေ့တန်းမှာကျဆုံးသွားပြီး မုဆိုးမဘ၀ ရောက်သူရောက်နဲ့ ဖခင်မဲ့သားသမီးအဖြစ် ရောက်နေတဲ့ မိသားစုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစစ်တိုက်ရင်း ကျဆုံးသွားတဲ့ရဲဘော်တဦးရဲ့ မယားဖြစ်သူတဦးက သူမရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခက်ကို အခုလိုပြောပြပါတယ်။ "နောက်ဘက်ကမ်းမှာနေတုန်းက အိမ်ရှိတယ်။ဒါပေမယ့် ယောကျာင်္းဆုံးပြီးတော့ ကျမနဲ့ကလေးကို ဖမ်းခေါ် သွားကြတယ်။ ပြန်လွှတ် လာတော့ကျမ ဒီဘက်ကိုထွက်လာခဲ့တယ်…. ဒီရောက်တော့ အိမ်မရှိဘူးပေါ့။ အိမ်တို့ဘာတို့က အခက်ခဲရှိတာပေါ့။ စားစရာကတော့ သူများဂိုဒေါင်က ဆန်ထုတ်ပေးတော့ ဟင်းဖိုးပဲရှာရတာပေါ့" ရဲဘော်မယားဖြစ်ရတဲ့ဘ၀ကြမ်းကို ဖြတ်သန်းလာခဲ့တဲ့ ဒေါ်မေလှိုင် သူမရဲ့သားသမီးတွေကို သွန်သင်ဆုံးမတဲ့အခါမှာ အမြဲတမ်းပါလာလေ့ရှိတဲ့ စကားလေးတခွန်းက… "ဘဝမှာဘာမဆို ကြိုးစားရတယ်"တဲ့… သူမဆိုလိုရင်းမှာ… ရဲဘော်ခင်ပွန်းသည်တွေက မိသားစုတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေမဲ့ စိတ်ဆင်းရဲ၊ စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုဘာမှ ထမလုပ်တော့ဘူးဆိုရင် ခါးတီးတဲ့ဘ၀ကြမ်းကြီးထဲကနေ ဘယ်တော့မှ လွှတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာပါဘဲ။
အသက်မွေးဝမ်းကြောင်းနဲ့ ပါတ်သက်တဲ့ ကရင်နီရိုးရာ အထည်ဆိုင်တခု (ဓါတ်ပုံ-ကေတီ)
အပစ်အခတ်ရပ် သဘော တူပြီးနောက်ပိုင်း ပြန်ပျက်ပျယ်သွားတဲ့ အဖြစ်မျိုးရောက်ရင် အပစ်အခတ်ရပ်မလုပ်ဘဲ နေတဲ့အခြေအနေထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ လူတွေရဲ့အသက် ပေါင်းများစွာဆုံးရှုံးခြင်း ခံရသလို အပြစ်မဲ့ကလေးငယ်တွေ ဒုက္ခရောက်ကြရပါတယ်။ ဒေါ်မေလှိုင်တို့ ဒီအတွေ့အကြုံကို ကောင်းကောင်းရထားပါတယ်။ ဒါကြောင့်အခု နှစ်ဦးနှစ်ဘက်ကြိုးပမ်းနေကြတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် ရဲဘော်မယားဖြစ်တဲ့ ဒေါ်မေလှိုင်က... "ဒီအနှစ်၂၀ ကျော်အတွင်းမှာ တိုက်ပွဲပေါင်းများစွာ အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့တယ်။ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အထိပေါ့။ ဆက်လက်ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ရဲဘော်တွေရဲ့ သားမယားတွေဟာ သာမန်ပြည်သူလူထုတွေလိုပါဘဲ။ သာယာတဲ့ မိသားစု၊ ပျော်ရွှင်တဲ့မိသားစုဘ၀ကို သူတို့လဲ ပိုင်ဆိုင်ချင်ကြတာပါဘဲ။ ခင်ပွန်းသည်က သေနတ်ကိုင်ထားလို့ မိသားစုတွေရဲ့အခြေအနေက သာမန်ပြည်သူတွေထက် သာရမယ်ဆိုတဲ့ စိတ်နေသဘောထားနဲ့ အယူအဆတွေ သူတို့မှာမရှိကြပါဘူး။ ဒေါ်မေလှိုင်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြရင်ဖြင့် ပြာကျသွားခဲ့ရတဲ့ မြို့မကျ၊ ရွာမကျဆိုတဲ့သူမရဲ့ နန်းအွန်ရွာဟောင်းလေးကို တချိန်က လူသူစည်စည်ကားကားနဲ့ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနေထိုင်ကြတဲ့ အခြေအနေမျိုးကို ပြန်ရချင်ပါတယ်။ ဒေါ်မေလှိုင်နောက်ဆုံး ပြောသွားတဲ့စကားလေးတခွန်းကတော့… Written by စူးမယ် ကန္တရ၀တီတိုင်း(မ်) |
||
Posted: 27 Feb 2013 04:08 AM PST
မြန်မာနိုင်ငံရဲ့
ပြုပြင် ပြောင်းလဲ ရေးတွေ အောင်မြင်ဖို့ အတွက် နော်ဝေနိုင်ငံရဲ့
ဖြတ်သန်းမှုကို အတုယူပြီး ကြိုးပမ်း ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က
ပြောကြား လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နော်ဝေနိုင်ငံကို
ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 03:40 AM PST
အငြင်းပွားဖွယ်
ဖြစ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံသားဖြစ်မှုတွေကို
ပြည်ထောင်စု အစိုးရအဖွဲ့ လူဝန်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနက
စုံစမ်းစစ်ဆေးပေးဖို့ ပျက်ကွက်မှုတွေ ရှိနေပါတယ်။ ဦးအံ့ဘုန်းမြတ်
သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး - ကျော်ဇေ၀င်း
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 03:03 AM PST
လယ်ယာမြေ
ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို
ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ရာဘာကျည်
လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ
တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Feb 2013 02:56 AM PST
မအူပင်မြို့နယ်
မလက်တို ကျေးရွာ အုပ်စု အတွင်းရှိ ပလောင်ကျေးရွာ နောက်ဘက်ခြမ်း
တွင်ရှိသည့် ငါးကန်ဧရိယာ ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှ မတ်လ ၂၅ ရက်နေ့အထိ
ပုဒ်မ ၁၄၄ ထုတ်ပြန် ထားကြောင်း သိရသည်။ နောက်ဆက်တွဲ သတင်းများအရ ၂၇ ရက်နေ့
နံနက် ၂ နာရီတွင် မအူပင်ဆေးရုံသို့ ထိခိုက်ဒဏ်ရာရ သူ ၁၇
ဦးရောက်ရှိလာပြီး----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 02:49 AM PST
နော်ဝေနိုင်ငံမှ
မြန်မာနိုင်ငံ အပေါ် တင်ရှိနေသည့် ကြွေးမြီများကို လုံးဝ ဖျက်သိမ်း
ပေးခဲ့ခြင်းသည် ကျန်အဖွဲ့ဝင်နိုင်ငံများက မိမိတို့ နိုင်ငံအပေါ်
ကျန်ရှိနေသည့် ကြွေးမြီများ လျှော့ပေါ့ ပေးရာတွင် များစွာ အထောက်အကူ
ဖြစ်စေပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊
ငြိမ်းချမ်းရေး တည်ဆောက်မှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 02:39 AM PST
အင်းစိန်မြို့နယ်
စော်ဘွားကြီးကုန်း လမ်းဆုံ နံ့သာကုန်းဈေး စက်ဘီးဝင်း တွင် မွန်းလွဲ
၁နာရီဝန်းကျင်မှစတင်၍ မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
နံ့သာကုန်း စက်ဘီးဝင်း အတွင်းလောင်ကျွမ်း နေသော မီးကို မွန်းလွဲ
၁နာရီခွဲတွင် မီးထိန်းနိုင်ပြီး ၁နာရီ ၄၅မိနစ်တွင် မီးငြိမ်းသတ်
နိုင်ပြီဖြစ်ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Feb 2013 02:27 AM PST
ဟုမ္မလင်းမြို့နယ်
ထမံသီကျေးရွာအုပ်စု ယက်ဖကျေးရွာအနီး လပြည့်နဂါး ကုမ္ပဏီပိုင်
သစ်ပါးလွှာစက်ရုံမှ ၀န်ထမ်းများ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းတွင်
အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ အဆိုပါစက်ရုံမှ ၀န်ထမ်း အမျိုးသား ခြောက်ဦး
သေဆုံးပြီး ထမံသီ တိုက်နယ် ဆေးရုံတွင် ၂၇ ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 02:11 AM PST
မြိတ်မြို့သို့
ခိုးဝင်လာသည့် ဘင်္ဂါလီများအနက် ၄၁ ဦးအား မြိတ်မြို့တွင်
ဖမ်းဆီးရမိပြီးနောက် စက်လှေဖြင့် ထွက်ပြေးသွားသည့် ဘင်္ဂါလီ (၂၁) ဦးအား
ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်တွင် ကမ်းခြေစောင့်
စစ်ရေယာဉ် (၁၁၄)မှ ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာနှင့်
ဖိနပ်ကျွန်းကျေးရွာ ကြားရှိရေပြင်တွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း
သိရှိရသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Feb 2013 02:06 AM PST
ဘင်္ဂလားဒေ့ရှ်
နိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး
၄၀ ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၀၀း ၁၅) နာရီ အချိန်ခန့်တွင်
မြိတ်မြို့ ကုန်တိုက်အနီး ရှိ ကမ်းနားလမ်းတွင် နှင့် ရပ်ကွက်များ အတွင်း
ဖမ်းဆီးမိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ၂၅ ရက်နေ့ ည ၁၂ နာရီ
အချိန်ခန့်တွင် ဘင်္ဂါလီ များသည် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Feb 2013 10:14 PM PST
ဂျပန်
အကူ အညီ နဲ့ မြန်မာနိုင်ငံ အတွက် ကမ္ဘာ မြေပြင် လေ့လာရေး ဂြိုဟ်တု တခု
၂ဝ၁၃-၁၄ မှာ လွှတ်တင်ဖို့ စပြင် နေပါတယ်။ ဂြိုဟ်တု လွှတ်တင်ပြီးရင်
မြန်မာနိုင်ငံ ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္ထု ရှာဖွေရေး အပြင် သစ်
တောပြုန်းတီးမှု လေ့လာတာနဲ့ ဆောက် လုပ် ရေး လုပ်ငန်းတွေ အတွက် အများကြီး
အထောက်အကူ ဖြစ်လာမှာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Feb 2013 09:58 PM PST
ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေက ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Feb 2013 09:49 PM PST
ဖေဖေါ်ဝါရီ
လနှောင်းပိုင်း အတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ အကြိမ်ကြိမ်
ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ အယောက်သုံးဆယ် ထက်မနည်း သေဆုံးကြောင်း
ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/ SSA နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက
ပြောသည်။ “တိုက်ပွဲက ၂၂ ရက်နေ့တုန်းက တော်တော်ပြင်းထန်တယ်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Feb 2013 09:34 PM PST
|
||
Posted: 26 Feb 2013 09:29 PM PST
ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ - ၃ အမှတ်-၁၃၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Feb 2013 09:37 PM PST
မော်လမြိုင်ကျွန်း
ငွေစင်ရော် ကျေးရွာက အိမ်ခြေ (၄၀၀) လောက်ဟာ သောက်သုံးရေ ရှားပါးမှု
အခက်အခဲနဲ့ ရင်ဆိုင်နေ ရပါတယ်။ ရိုက်ကူး ကိုရန်နိုင်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Feb 2013 09:05 PM PST
၁၅
နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးအား လူကုန်ကူးမှု ကျူးလွန်ခဲ့သူ
နှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ
ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Feb 2013 08:56 PM PST
ကျောင်း
ဝတ်စုံများတွင် အဆိပ်သင့်စေသည့် ဆိုးဆေးများတွေ့ရှိရသည့်နောက် ရှန်ဟိုင်း
ရဲတပ်ဖွဲ့သည် ဒေသတွင်း အဝတ်အထည် ရောင်းချသည့် လုပ်ငန်းတစ်ခုကို စတင်
စစ်ဆေးနေပြီ ဖြစ်သည်။
တနင်္လာနေ့က တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အခြာ မြို့တော်မှ ရဲတပ်ဖွဲ့သည် ထုတ်ကုန် စည်းမျဉ်း သတ်မှတ်ချက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်းပြီး အဆိုပါ အဝတ်အထည် လုပ်ငန်းကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြို့တော် အုပ်ချုပ်ရေး အဖွဲ့က Ouxia အမှတ်တံဆိပ် ကျောင်းဝတ်စုံများတွင် အဆိပ်အတောက် ဖြစ်စေသည့် ဆိုးဆေးများ တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ Planet Myanmar Network |
||
Posted: 26 Feb 2013 08:50 PM PST
ယခင်
နှစ်ပေါင်းများစွာ ကတည်းက တည်တံ့ခိုင်မြဲသည့် တိုင်းရင်းသား
ပြည်ထောင်စုကြီးကို မထူထောင်ခဲ့သည့် အတွက် ယခုအချိန်တွင် တိုင်းရင်းသား
ပြည်သူများ လိုချင်နေသော ဒီမိုကရေစီ ပြည်ထောင်စု အဆောက်အအုံသည်
မခိုင်မာသေးခြင်း ဖြစ်ကြောင်း ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Feb 2013 08:45 PM PST
ဧရာဝတီတိုင်း
ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ယမန်နေ့ကဖြစ်ပွားခဲ့သော ဆန္ဒပြ
ရွာသားများနှင့် ရဲများ ပဋိပက္ခ ဖြစ်ပွားမှုတွင် ဒါဏ်ရာရရှိသူ
ရွာသား(၅)ဦးသည် မအူပင် ဆေးရုံကြီးသို့ ယနေ့မနက်(၃)နာရီ အချိန်တွင် ထပ်မံ
ရောက်ရှိလာသည်။ ပလောင်ကျေးရွာ တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ခန့်တွင်
ဒေါက်တာမြင့်စိန် ပိုင် အော့ချက်ဒ်ကုမ္ပဏီ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဓာတ်ပုံ- ထက်နောင်နောင်၊ ထိုက်ထိုက် - The Myanma Age |
||
Posted: 26 Feb 2013 08:04 PM PST
မြန်မာနိုင်ငံမှ
ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ထားသော
အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် ခြေလှမ်းတစ်ခုအ နေဖြင့်
ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ
ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Feb 2013 07:43 PM PST
မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှီး နှောဖလှယ်ပွဲ ထုတ်ပြန် ကြေငြာချက်
ဖေဖော်ဝါရီလ၂၆ရက်၂၀၁၃ခုနှစ် Excel Treasure Hotel (ရန်ကုန်မြို့) ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းများကို ကဏ္ဍပေါင်းစုံတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းနေသော ယနေ့ ခေတ်ကာလတွင် နိုင်ငံတော်၏ အင်အား အကြီးမားဆုံးနှင့် အရေးပါဆုံး ကုန်ထုတ်စွမ်းအား စုကြီးဖြစ်သည့် တောင်သူ လယ်သမားများ၏ ပါဝင်မှုသည် မြန်မာ့အနာဂတ် အပြောင်း အလဲအတွက်အဓိက အကျ ဆုံးနေရာမှ ပါဝင်လျက်ရှိပါသည်။ တောင်သူလယ်သမားများအနေဖြင့်လည်း ထိုကဲ့သို့သောစိန်ခေါ်မှုများ အခက်အခဲများကို စနစ်တကျကျယ်ပြန့်စွာ လေ့လာဆွေးနွေး၍ ပူးပေါင်းအဖြေရှာ နိုင်ရေးအတွက်နိုင်ငံတ၀န်းလုံး ပြည်နယ်နှင့်တိုင်းအသီးသီးမှ တောင်သူလယ်သမားကိုယ်စားလှယ်များ တောင်သူ နှင့် စိုက်ပျိုးနည်းပညာ ကြုံတွေ့ နေရသောပြသာနာများ တောင်သူလယ်သမားများ စိုက်ပျိုးရာတွင် ခေတ်နှင့်လျော်ညီသော စိုက်ပျိုးနည်း အသိပညာများ အားနည်းနေ ခြင်း၊ မျိုးစေ့ အခက်အခဲများရှိနေခြင်း၊ အထွက် နှုန်း ကျဆင်းခြင်း ပြသာနာများကြုံတွေ့ နေရပါသည်။ထိုပြင် လယ်ယာမြေများတွင် ဓာတု(ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး) ဆေးများစနစ်တကျသုံးစွဲမှုမရှိဘဲ အလွန်အကျွံ သုံးစွဲနေခြင်းကြောင့် မြေဆီလွှာများပျက်ဆီးပြီး မြေကျွံခြင်း၊ မြေချဉ်၊မြေငန် လွန်ကဲခြင်းများ ဖြစ်ပေါ် လျက်ရှိပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း ကြောင့် တောင်သူများဧ။် မိရိုးဖလာ စိုက်ပျိုးလျှက်ရှိသော မျိုးများ နှင့် ကိုက် ညီ မှု မရှိဘဲ သီးနှံများ ပျက်ဆီး ဆုံးရှုံးခြင်း၊ အဓိက လိုအပ်ချက်ဖြစ် သော စိုက်ပျိုးရေ ရှားပါးခြင်း၊ရေဝေ၊ရေလဲ ပျက်စီး ဆုံးရှုံးလျက်ရှိနေပါ သည်။ တောင်သူလယ်သမားများမှာ စိုက်ပျိုးရေ ကဏ္ဍတွင် အလေအလွင့်များခြင်း၊ အချိန်မှီမစိုက်ပျိုးနိုင်ခြင်း အစိုးရသို့အကြံပြုတောင်းဆိုချက် - မြေဆီလွှာထိန်းသိမ်းရေးကိုဦးစား - ဓာတုဆေးတင်သွင်းမှုအပေါ်တွင်တင်း - စိုက်ပျိုးရေးသုတေသန ဌာန အနေဖြင့် ဒေသမျိုးရင်းများကို ထိန်းသိမ်းရန်။ - တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ေ - လယ်ယာ နှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ရေပေးဝေစနစ် များကို ထိရောက်စွာ အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းပေးရန်။ - မျိုးကောင်းမျိုးသန့်စမ်းသပ်စို - ပြောင်းလဲလာသော ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးနည်းပညာ များကို တောင်သူများထံ အသိပေးဖြန့်ဝေရန်။ တောင်သူလယ်သမား နှင့် စိုက်ပျိုးရေးမူဝါဒ ကြုံတွေ့ နေရသောပြသာနာများ တောင်သူလယ်သမားများ အနေဖြင့် မိမိနှစ်သက်ရာ ဒေသနှင့် ကိုက်ညီသော သီနှံစိုက်ပျိုးခွင့်မရဘဲ နွေစပါး၊မိုးစပါး စိုက်ပျိုးနေရခြင်း၊ဈေးကွက်ဝင် အစိုးရသို့ အကြံပြုတောင်ဆိုချက်များ · လယ်ယာမြေယာမှုခင်းဖြစ်သောမြေပို · လယ်ယာအသုံးပြုပစ္စည်ကရိယာများအား ခေတ်နှင့်ညီသောနည်းပညာနှင့်ယန္တ · တောင်သူလယ်သမားများအား ခွဲခြားမှုမရှိဘဲအတိုးမဲ့နှစ်ရှ · ဈေးကွက်သီးနှံများလွှတ်လပ်စွာစိ · လယ်ယာမြေမှုဝါဒများချမှတ်ရာတွင် တောင်သူများ၏သဘောဆန္ဒများပါဝင်မှု · နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင် · လယ်ယာမြေအတွင်း စီမံကိန်းမအောင်မြင်သော ဆည်မြောင်းများအား ပြန်လည်ဖျက်သိမ်းပေးရန်။ · တောင်သူလယ်သမား အခွင့် အရေးကာကွယ်သည့်ဥပဒေကို တိတိကျကျပြဌာန်းပေးပြီး မသိနားမလည်သော တောင်သူများကို ခုတုံး လုပ်၍ ဥပဒေကို အလွဲသုံးစားလုပ်နေသော သက်ဆိုင်ရာအုပ်ချူပ်ရေးပိုင်း ဌာနဆိုင်ရာများကို ထိထိရောက်ရောက် အရေးယူပေးရန်။ · တောင်သူအခြေပြု စိုက်ပျိုးနည်းပညာနှင့် ဥပဒေအကြောင်း သိကောင်းစရာများ ဖြန့်ဝေပေးနိုင်မည့် ဒေသတစ်ခု (သို့) အုပ်စုတစ်စုအလိုက် တောင်သူပညာပေး ကျောင်းမ |
[Message clipped] View entire message
No comments:
Post a Comment