သစ်ထူးလွင်
|
- ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ် (၈)
- ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၇)၊ အမှတ် (၁၃)
- ဖုန်းဆင်းကတ်ပျောက် ကိုယ်တိုင်လျှောက်လျှင် နေ့ချင်း ရပြီ
- ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့် ဖြစ်ကြောင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူ ပြောကြား
- ခြံစည်းရိုးကြေညာချက်ကြောင့် အချင်းပွားမှု များပြားနေ
- လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်(၆)လုံးပျက်စီး
- နယ်စပ်ကနေ တင်သွင်းလာတဲ့ စားသောက်ကုန်တွေ ကို သတိပေးထား (ရုပ်/သံ)
- ရေအားလျှပ်စစ်စီမံကိန်း လူထုဆန္ဒ အလေးထားမည်ဟု ကယားပြည်နယ်အစိုးရ ဆို
- ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်
- ရန်ကုန်တွင် မွတ်စလင်စာသင်ကျောင်းတခု အခင်းဖြစ်ပွားပြီးနောက် ချိပ်ပိတ်
- ယာဉ် အမောင်း ကြမ်းလွန်း၍ အရှိန်လျော့၍ မောင်းစေလို
- အိမ်မဲမြို့  အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းဝင်း အဓိက ၀င်ပေါက်များကို ပိတ်ထား
- ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသစ် ပြန်လည် ဖွဲ့စည်း
- မြန်မာတဦး မောင်းသည့်ကားကြောင့် ယာဉ် ၃ စီး တိုက်မှုဖြစ်၊ ထိုင်းကျောင်းသားတဦး သေဆုံး
- လူဦးရေ ၅၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား
- ဥဿာမြို့သစ် နေထိုင်သူတွေ ပြောင်းရွှေ့ဖို့ မဖြစ်နိုင် (ရုပ်/သံ)
- ကျူးကျော်များကို တိုက်ခန်း ဝယ်ယူခွင့် ဦးစားပေးမည်
- ခဏတာအတွေ့ တစ်ဘ၀စာအမှား
- မည်သို့ပင်ဆိုစေ . . . . .
- တိုက်စစ်မှူးကျော်ကိုကိုအား လက်ရွေးစင်အသင်းမှထုတ်ပယ်
- UNFC နဲ့ဆွေးနွေးခိုက် တိုက်ပွဲဖြစ်
- လက်ပံတောင်း အနုပညာ ပြပွဲများ
- Cyber တိုက်ခိုက်မှု စွပ်စွဲချက် တရုတ်ပယ်ချ
- ဆိုက်ဘာ လုံခြုံရေး မဟာဗျူဟာသစ် အမေရိကန်ချပြ
- တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
Posted: 21 Feb 2013 07:15 AM PST
ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ် (၈)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 07:10 AM PST
|
||
Posted: 21 Feb 2013 07:08 AM PST
ဖုန်းဆင်းကတ်
ပျောက်ဆုံးသူများ စာရွက်၊ စာတမ်းအပြည့်အစုံနှင့် ကိုယ်တိုင်လာရောက်
လျှောက်ထား ပါက နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဟု ရွှေဂုံတိုင် ဆက်သွယ်ရေး
ရုံးမှ သိရသည်။ ယခင်က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်
ဖုန်းဆင်းကတ်ပျောက် ဆုံးမှုကို နှစ်ပတ်ကြာမှသာ ပြန်လည်ထုတ်ပေး ခဲ့ပြီး
ကတ်ပျောက် လျှောက် ထားမှုကို ကိုယ်စား လျှောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 06:46 AM PST
ရေယာဉ်များ
ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ
လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု)
ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media
သို့ ပြောကြားလိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Feb 2013 06:21 AM PST
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချထားပေးသော မြေကွက်များကို အဆောက်
အအုံ ဆောက်လုပ်ရန်နှင့် ခြံစည်းရိုးခတ်ကြရန် မန်းစည်ပင် က အသိပေး ကြေညာခဲ့ရာ မြေယာပိုင် ဆိုင်မှုဂရန်ကိုင်ထား သူများက ခြံစည်းရိုး ခတ်ရာတွင် လက်ရှိစိုက်ပျိုး လုပ်ကိုင်နေ သူများနှင့် အချင်း ပွားမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 06:08 AM PST
၂၀-၂-၂၀၁၃ရက်နေ့ ၁၃၃၀အချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင်
ရဲဇာနည် (facebook) |
||
Posted: 21 Feb 2013 06:04 AM PST
မြန်မာနိုင်ငံကို
နယ်စပ်ကနေ တင်သွင်းလာတဲ့ စားသောက်ကုန်တွေ စမ်းသပ်စစ်ဆေးပြီးမှ
တင်သွင်းသင့်တယ်လို့ အစားအသောက်နဲ့ ဓာတုဆေးဝါးကျွမ်းကျင် ပညာရှင်အချို့က
သတိပေးထားပါတယ်။ ရိုက်ကူး ရီဘွန်း။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 06:00 AM PST
ကယား
(ကရင်နီ) ပြည်နယ် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် အကြီးစား
ရေအားလျှပ်စစ်စီမံကိန်းဖြစ်တဲ့ ရွာသစ်စီမံကိန်းကိစ္စက ပြည်သူလူထုတွေရဲ့
ဆန္ဒသဘောထားကို ဦးစွာရယူမယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက
ပြောပါတယ်။ ကယားပြည်နယ် အစိုးရက ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူရဲ့ဆန္ဒ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Feb 2013 05:50 AM PST
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ်
အာလာမ်ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီးများဖြင့် နေ့ညမရွေး
ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက
စိုးရိမ်နေကြသည်။ “အိပ်မရတဲ့ ညပေါင်း မနည်းတော့ဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 05:33 AM PST
ရန်ကုန်တိုင်း
သာကေတမြို့နယ်မှာ မွတ်စလင်ဘာသာရေး စာသင်ကျောင်းတခုဟာ
ရပ်ကွက်တွင်းမှာ ဗလီအဖြစ် ပြောင်းလဲမှုအခြေအနေတွေ တွေ့ရတယ်ဆိုပြီး
လူစုလူဝေးနဲ့ ကန့်ကွက်မှုဖြစ်ပွားခဲ့ပြီးေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Feb 2013 05:12 AM PST
တောင်ကြီးမြို. ၊ ရွှေညောင် ၊ ပြည်ထောင်စု လမ်းမကြီးပေါ် (ကလော-တောင်ကြီးလမ်းမ) ရွှေညောင်
ဆေးရုံရှေ့ တွင် နေ့လယ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့ လည် တစ်နာရီ ၅၀ မိနစ် က ကလောဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားသည် မထိန်းနိုင်ဘဲ လမ်းဘေးသို့  ဂိုက် ၅၀ ခန့် ဆင်းသွားကာ ဆေးရုံဝင်ပေါက် ဓါတ်တိုင်ကို တိုက်မိ သွားကြောင်း သိရပါသည်။ လူသူရှင်း နေသောကြောင့် မည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်မှု မရှိသော်လည်း ကျောင်းဆင်းချိန်တွင် ကလေးများ သွားလာရာလမ်း ဖြစ်သောကြောင့် မြို့တွင်း အရှိန်လျှော့ (သတ်မှတ်မိုင်နှုံး)ဖြင့် မောင်းစေလိုကြောင်း မြို့ ခံတဦး က Myanmar News Now ကိုပြောပြပါသည်။
|
||
Posted: 21 Feb 2013 04:54 AM PST
ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့တွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့်
ရဲစခန်းဝင်း၏ အဓိကကျသော ၀င်ပေါက်များကို တံခါးများ ပိတ်ထားကြပြီး၊ မြို့ကန္နားလမ်းရှိ ထွက်ပေါက်မှသာ ၀င်ထွက်သွားလာခြင်းများ ပြုလုပ်ရကြောင်းနှင့် ထိုသို့ဝင်ထွက်ရာတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 04:28 AM PST
လွှတ်တော်ရေးရာ
ကော်မတီ၊ ကော်မရှင်များ ပြည်ထောင်စု အဆင့် ဟုတ်၊မဟုတ် အငြင်းပွားမှု
ကြောင့် နှုတ်ထွက် ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး
အဖွဲ့ဝင် ကိုးဦး နေရာ တွင် ပြန်လည် ခန့်အပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ
အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် နိုင်ငံတော် သမ္မတ တို့က အဖွဲ့ဝင် သုံးဦးစီ
အသီးသီး ရွေးချယ်ကာ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 04:11 AM PST
ထိုင်း
နိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မနေ့က မြန်မာလူငယ်တဦး
မောင်းနှင်တဲ့ကားကနေ ယာဉ် ၃ စီး ဆင့်ကဲတိုက်မှု ဖြစ်ပွားပြီး
ထိုင်းကျောင်းသားတဦး သေဆုံးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း
ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မဲဆောက်မြို့မ ရဲတပ်ဖွဲ့ဝင်တွေနဲ့
ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားတဲ့နေရာကို---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 04:00 AM PST
အခုတ
လော ပြည်တွင်းမှာ ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့
မိုဘိုင်းဖုန်းတွေနဲ့ ပတ်သက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း
တပ်ဆင်ရေး ပြဿနာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဟောင်းကို
စစ်ဆေးနေတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေကို
တရားစွဲထားတယ်။ သူတို့နဲ့ အတူလုပ်ကိုင်နေတဲ့ ခရိုနီတွေပိုင်
ကုမ္ပဏီတွေကို ခေါ်ယူစစ်ဆေးနေတယ်။ လာမယ့် ဧပြီလဆန်းဆိုရင် ပြည်သူတွေ
ဝမ်းသာစေမယ့် ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်း ဆင်းကတ်တွေ
ရောင်းပေးတော့မယ် စတဲ့ သတင်းတွေအားလုံး ပြည်သူတွေ
စိတ်ဝင်စားကြပါတယ်။
ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ်ကို ရောက်သွားတဲ့ သမ္မတ ဦးသိန်းစိန်ကလည်း သူ့အစိုးရသက်တမ်းအကုန် ၂၀၁၅-၁၆ ကျရင် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပြန်တဲ့အတွက် ဒီကိစ္စ ပြည်သူတွေ စိတ်ဝင်စားစရာပိုဖြစ်လာပါတော့ တကယ် တော့ ဒီစီမံကိန်းကို ပထမဦးဆုံး တင်ပြတာ သမ္မတ ဦးသိန်းစိန်တော့ မဟုတ်ပါဘူး။ လက်ရှိ အစစ်ဆေးခံနေရတဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း ဖြစ်ပါတယ်။ သူက ၂၀၁၁ ဇွန်လ အစိုးရအဖွဲ့အစည်းအဝေးမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်က စလို့ ၂၀၁၅-၁၆ အစိုးရသက်တမ်းကုန်ဆုံးချိန် ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ တပ်ဆင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ သူ့တင်ပြချက်အရ ပထမနှစ်မှာ ၄ သန်း၊ နောက်နှစ် ၅ သန်း၊ အဲလိုနည်းနဲ့ ၆သန်း၊ ၇ သန်းနဲ့ ၈ သန်း စုစုပေါင်း သန်း ၃၀ တပ်ဆင်မယ်။ ၂၀၁၆ ရောက်ရင် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဖုန်းကိုင်နိုင်မယ့်သဘော ဖြစ်ပါတယ်။ ဒါတောင် လက်ရှိ ကမ္ဘောဒီးယားမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း၊ လာအိုမှာ ၈၀ ရာခိုင်နှုန်းကျော်၊ ထိုင်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်ကိုင်နိုင်တာ အဲလို နောက်ထပ် ကတိပြုသူတယောက်ကတော့ အရင် စီမံကိန်းဝန်ကြီး ဦးတင်နိုင်သိန်း ဖြစ်ပါတယ်။ သူကလည်း အလားတူ ၅ နှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ တပ်ဆင်ရေးကို အမျိုးသားစီမံကိန်းမှာ ထည့်ထားတဲ့အကြောင်း နိုင်ငံတကာ ညီလာခံတခုမှာ ထုတ်ဖော် ပြောဆိုပါတယ်။ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအနေနဲ့ သူပေးတဲ့ ကတိ ၅ နှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ တပ်ဆင်ဖို့ဆိုရင် မြန်မာ့ဆက်သွယ်ရေး တခုတည်း လုပ်လို့မရနိုင်ပါဘူး။ အကြောင်းကတော့ ဒီ ဝန်ကြီးဌာနဟာ ဆယ်စုနှစ် ၁ ခုကျော်အတွင်း မိုဘိုင်းဖုန်း ၂ သန်း ၃ သန်းတောင် ကောင်းကောင်း မတပ်ဆင်ခဲ့လို့ ဘာအတွေ့အကြုံမှ မရှိသလို ဘာအချက်အလက်တွေနဲ့မှလည်း မပြည့်စုံပါဘူး။ ဒီအတွက် နိုင်ငံတကာ တယ်လီကွန်း ကုမ္ပဏီတွေကို ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံခွင့်ပြုဖို ဒါပေမယ့် လက်တွေ့ အခြေအနေတွေကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ဝန်ကြီးဦးသိန်းထွန်းဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကျိုး ဆက်ကတော့ အရင်ခေတ်ကလို ငုံ့မခံတတ်တော့တဲ့ ပြည်သူတွေဆီက မကျေမနပ်အသံတွေ ထွက်ပေါ်လာစေပါတယ်။ ဖြစ်နိုင်ရင် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို အလကားတောင် ပေးသင့်တယ်လို့ပြောတဲ့ သမ္မတကိုလည်း အရှက်ရစေပါတယ်။ ဒီထက်ဆိုးတာက ဈေးနှုန်းကြီးမြင့်မှုကြော ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကတော့ ကံကောင်းနေဆဲပါပဲ။ ဆက်သွယ်ရေးကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံ တကယ်လို့သာ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အရင် ဆက်သွယ်ရေးဝန်ကြီး အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကို ပယ်ဖျက်ပြီး ကမ္ဘာ့အဆင့် တယ်လီကွန်းကုမ္ပဏီ အနည်းဆုံး ၄-၅ ခုလောက် ခွင့်ပြု ပြိုင်ဆိုင်ခွင့်ပေးလိုက်ရင် နဂိုမေ်ွာ်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ ပြည့်မီနိုင်ပါတယ်။ တကယ်လို့ အဲလို မဟုတ်ဘဲ သန်း ၆၀ ပြည်သူတွေ မျက်နှာကိုမကြည့်ဘဲ ခရိုနီတွေ ကောင်းစားရေးကိုပဲ ဆက်လုပ်ခဲ့ဦးမယ်ဆိုရင်တော့ ဒါဟာ သမ္မတ ဦးသိန်းစိန်အစိုးရအတွက် မျက်နှာပျက်စရာ ကိစ္စတခု ထပ်ပြီး ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။ by တိုင်းကျော် (ဒီဗွီဘီ) |
||
Posted: 21 Feb 2013 03:53 AM PST
စီမံကိန်းနယ်မြေထဲ
ပါဝင်နေတဲ့ ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၉ မှာ နေထိုင်သူတွေဟာ
နေရာပြန်လည်ချပေးဖို့ မသေချာဘဲနဲ့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူးလို့
ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ရန်နိုင်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 03:44 AM PST
တန်ဖိုးနည်း
အိမ်ယာ စီမံကိန်း ဖော်ဆောင်မည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) စီမံကိန်း ဧရိယာ
အတွင်း နေထိုင်သည့် ကျူးကျော်များ ထဲမှ အနေကြာသည့် ကျူးကျော် များကို
စီမံကိန်း ပြီးဆုံးပါက တိုက်ခန်း ဝယ်ယူခွင့် အတွက် ဦးစားပေး စဉ်းစားမည် ဟု
မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန၊---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Feb 2013 03:26 AM PST
အသက်(၁၄)နှစ်အရွယ်
ကောင်လေးတစ်ယောက် ခံစားမှုအသစ်အတွက် ခဏတာစူးစမ်းလိုစိတ်က တစ်ဘ၀စာ
အကြီးမားဆုံးအမှား၏ ခြေလှမ်း အစဖြစ်လိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။
လွန်ခဲ့သော (၂၇)နှစ်က အသက်(၁၄)နှစ်သား စိုင်းအောင်ခမ်းတစ်ယောက်
သူနှင့်ရင်းနှီးသော အနုပညာရှင် အစ်ကိုတစ်ယောက်၏ စည်းရုံးမှုကြောင့်
ဖန်စီဒိုင်း စမ်းသုံးကြည့်လိုက်သည်။
ခံစားမှုကို သူအလွန်ကြိုက်သွားသည်။ ဖန်စီဒိုင်းကို ဘိန်းမည်းနှင့် တွဲသုံးသည်။ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ဘိန်းဖြူကိုပါ စွဲစွဲ လမ်းလမ်းအသုံးပြုတော့သည်။ “မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ခံစားခဲ့ရတဲ့ဆိုးကျိုးတွေ ဘ၀မှာ အရမ်းခံစားခဲ့ရတယ်။ သိမ်ငယ်မှုတွေ၊ ပစ်ပယ်ခံရမှုတွေ၊ ခွဲခြားနှိမ့်ချဆက်ဆံခံရတာတွေ၊ ဘ၀အဆင့်အတန်း နိမ့်ကျခံရတာတွေ၊ ရည်မှန်းချက် လွဲချော်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော်တင်မကဘူး။ ကျွန်တော့်မိဘတွေပါ ထောင်တွေလိုက်ရ၊ နယ်ထောင်တွေ ရောက်ရင် နယ်ကိုလိုက်ရနဲ့ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတယ်” (၁၁)နှစ်ကြာ မူးယစ်ဆေးနွံထဲတွင် နစ်ခဲ့ပြီးနောက် ဘ၀နှင့်ရင်းကာရသော အတွေ့အကြုံများကို အသက်(၄၁)နှစ်အရွယ် ကိုစိုင်းအောင်ခမ်း ဖွင့်ဟသည်။ ပညာတတ်မိသားစုမှ မွေးဖွားခဲ့ပြီး စစ်ဗိုလ်ကြီးတစ်ယောက် ဖြစ်ဖို့ သူ၏ ငယ်အိပ်မက်ကို မူးယစ်ဆေးဝါးဆိုသော နတ်ဆိုးက ဖျက်ဆီးပစ်လိုက်ပါသည်။ မူးယစ်ဆေးဝါးများ၏ ပြုစားမှုကြောင့် လူငယ်တို့၏ ပျိုရွယ်မှုများ၊ စွမ်းဆောင်ရည်များ၊ အားမာန်များ ဆုံးရှုံးကာ ဘ၀ရည်မှန်းချက်များ လွဲချော်ကုန်သည်မှာ မြန်မာနိုင်ငံတွင် ကိုစိုင်းအောင်ခမ်း တစ်ယောက်တည်း မဟုတ်ပါ။ အချိန်တိုင်း မူးယစ်နွံနစ်၍ နုပျိုသော ဘ၀များစွာ ပျက်စီးနေလေသည်။ မြေပြန့်တွင်သာမက တောင်ပေါ်ရော တိုင်းရင်းသားအားလုံး မူးယစ်ဆေးဝါးအန္တရာယ် ခြိမ်းခြောက်ခံနေရသည်။ ထို့ကြောင့် ကချင်ပြည်နယ်တွင် ကြေညာထားသကဲ့သို့ မူးယစ်ဆေးဝါးမှာ တစ်မျိုးသားလုံး ရန်သူသာမက ဘာသာတရား၏ ရန်သူလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အသက်၂၀ မှ ၂၉ နှစ်အတွင်း လူငယ်အချို့မှာ မူးယစ်ဆေးဝါး အများဆုံး အသုံးပြုနေပြီး အသက် (၃၀)မှ(၃၉)နှစ်အတွင်း အရွယ်မှာ မူးယစ်ဆေးဝါး ဒုတိယ အများဆုံး သုံးစွဲသည်။ အမျိုးသားများသာမက အမျိုးသမီးအချို့လည်း သုံးစွဲကြသည်။ အမျိုးသမီးများ၏ မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်း သုံးစွဲသူအားလုံးတွင် ၇ ရာခိုင်နှုန်းကျော်ရှိပြီး ၉၂ ရာခိုင်နှုန်းကျော်က အမျိုးသားများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းဇယား များတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါး စတင်သုံးစွဲသော အငယ်ဆုံးအရွယ်(၁၁) နှစ်ဖြစ်ပြီး ကချင်ပြည်နယ်တွင်မူ (၉) နှစ်သားမှာပင် စတင်သုံးစွဲသောမှတ်တမ်းများ ရှိနေသည်။ ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ မြန်မာနိုင်ငံ၌ အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးမှာ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းစနိုင်ငံအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်ဆဲပင်။ အစိုးရက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချရန် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူနေသော်လည်း အမျိုးအမည် ပိုမိုစုံလင်လာပြီး ၀ယ်ယူသုံးစွဲရန် ပိုလွယ်လာသော မူးယစ်ဆေးဝါးမှာ မြန်မာလူငယ်များအတွက် အကြီးမားဆုံးအန္တရာယ် ဖြစ်နေပါသည်။ ဘိန်း၊ ဘိန်းဖြူ၊ မော်ဖင်း၊ ကိုဒင်း၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစသဖြင့် အားလုံးမှာ မူးယစ်ဆေးဝါးများဖြစ်သည်။ စိတ်ကြွရူးသွပ်ဆေး၊ စိတ်ကိုပြောင်းလဲစေသောဆေး၊ ကိုဒင်းတို့မှာ အမျိုးအမည်ခွဲများစွာ ရှိသေးသည်။ ကလေးငယ်အချို့ အသုံးပြုနေသော ကော်ရှူခြင်းမှာလည်း မူးယစ်ဆေးဝါး အသုံးပြုခြင်းပင် ဖြစ်သည်။ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ ရန်သူဖြစ်သော်လည်း၊ မူးယစ်ဆေးဝါးပြဿနာမှာ မြန်မာနိုင်ငံသားတိုင်းအပေါ် ခြိမ်းခြောက်နေသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လူထုပါဝင်မှု အားနည်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အမျိုးအမည်စုံတာထက် လူတန်းစားမရွေး သုံးနိုင်တဲ့ပုံစံ ဖြစ်လာတယ်။ လက်လှမ်းပိုမှီလာကြတယ်။ ပိုက်ဆံပေါ် သိပ်မူမတည်ဘူး။ ကျွန်တော်တို့ခေတ်ကမှ ပိုက်ဆံရှိမှ သုံးနိုင်တဲ့အနေအထား။ ဘိန်းစားဖြစ်ဖို့ လွယ်တာမှ မဟုတ်တာ။ နောက်ခံဘက်ဂရောင်းဒ်ရှိမှ ဖြစ်နိုင်တာ။ အခုကျတော့ ၅၀၀ ဆိုရင် ကော်တစ်ဘူး ရှုနိုင်ပြီ။ ပလတ်စတစ်ကောက်တဲ့ ကောင်လေးကအစ ရှုနိုင်နေတာ” ဟု ကိုစိုင်းအောင်ခမ်းက ယနေ့ကာလ မူးယစ်ဆေးအမျိုးအမည် ပိုစုံလာကာ ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူ ၀ယ်၍ရနေပုံကို သူတို့ခေတ်နှင့် နှိုင်းယှဉ်ပြသည်။ ဗြိတိသျှတို့၏ တတိယကျူးကျော်စစ်အပြီး ၁၈၈၅ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ တောင်တန်းဒေသများ၌ ဘိန်းစိုက်ပျိုးမှု စတင်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ သို့သော် တောင်ငူခေတ် ၁၆ ရာစုမှာပင် နယ်မြေသစ်ချဲ့ထွင်လာသော ဒတ်ခ်ျနှင့် ရောမကုန်သည်များက အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဘိန်းတင်သွင်းရောင်းချခဲ့ခြင်း ထို့နောက်တွင်တော့ အဘက်ဘက်မှ နိမ့်ကျခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းအဓိကစိုက်ပျိုးရာနိုင်ငံ ဖြစ်လာပါသည်။ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးသော ဧရိယာမှာ စုစုပေါင်းဧက လေးသိန်းကျော် (၁၆၃၀၀၀ ဟက်တာ)အထိပင်ရှိခဲ့သည်။ အစိုးရ၏ မူးယစ်ဗဟိုအဖွဲ့၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဘိန်းစိုက်ပျိုးမှု လျော့ကျအောင် ဆောင်ရွက်ခဲ့ရာ ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ဧက ငါးသောင်းသုံးထောင်ကျော် (၂၁၅၀၀ ဟက်တာ)သာ ရှိသည်အထိ လျှော့ချနိုင်ခဲ့သည်။ သို့သော် ၂၀၀၆ ခုနှစ်နောက်ပိုင်း စိုက်ပျိုးမှု ပြန်များလာကာ ၂၀၁၂ တွင် ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး ဧကတစ်သိန်းနှစ်သောင်းကျော် (၅၁၈၀၀ ဟက်တာ) အထိ ပြန်များလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဘိန်းစိုက်ပျိုးမှု တိုးလာရခြင်းမှာ ဒေသခံတောင်သူများ၏ ဆင်းရဲမွဲတေမှု၊ အစားအစာမဖူလုံမှု၊ ၀င်ငွေရရှိသည့် တရားဝင်သီးနှံများ စိုက်ပျိုးရန်နှင့် သီးနှံထွက်ကုန်များ ဈေးကွက်သို့ရောက်ရှိရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နယ်မြေအတွင်း မတည်ငြိမ်မှုများကြောင့် အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းပြီး ၀င်ငွေရလွယ်သော ဘိန်းစိုက်ပျိုးမှု ပြန်လည်ရှင်သန်လာခြင်းကြောင့် ဖြစ်ပါသည်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဘိန်းစိုက်ပျိုးမှု များလာခြင်း၏ အကြောင်းရင်းကို သုံးသပ်သည်။ တောင်ကုန်းနှင့် ချိုင့်ဝှမ်းများရှိ နီရဲနေသောမြေမှာ မြင်လိုက်သည်နှင့် မြေဆီလွှာကောင်း၍ စိုက်ပျိုးရေးကောင်းစွာလုပ်နို ထိုဒေသတွင် ဘိန်းပင်ကို စိုက်ပျိုးရုံသာမက ကိုယ်တိုင်သုံးစွဲ၍ သေဆုံးသွားသော ရွာလူငယ်များမှာလည်း ဆယ်စုနှစ်များအတွင်း ဆယ်နှင့်ချီနေပြီဖြစ်သည်။ ပြည်တွင်းဘိန်းစိုက်ပျိုးမှုတွင် ရှမ်းပြည်နယ်မှာ စိုက်ပျိုးမှု အားလုံး၏ ၉၀ ရာခိုင်နှုန်းအထိရှိကာ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသဖြစ်၏။ စိုက်ပျိုးမှုတွင်သာမက ဘိန်းသုံးစွဲမှုတွင်လည်း ရှမ်းပြည်နယ်က အများဆုံးဖြစ်နေပြီး မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဘိန်းသုံးစွဲသော ဒေသဖြစ်သည်။ ကချင်ပြည်နယ်မှာ ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးရာ ဒေသဖြစ်ပြီး စိုက်ဧကအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မူးယစ်ဗဟိုရုံးနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC တို့ ပူးပေါင်း၍ ထုတ်ပြန်သော ၂၀၁၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းတွင် ဖော်ပြထားသည်။ ယခုနောက်ပိုင်းနှစ်များတွင် ချင်းပြည်နယ်၏ ဘိန်းစိုက်ပျိုးမှုမှာလည်း များလာနေသည်။ အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်နေသော ကချင်ပြည်နယ် နေရာအချို့တွင် ဘိန်းရောင်းဝယ်သုံးစွဲမှုမှာ ယခုနှစ်ပိုင်းအတွင်း ပိုဆိုးလာသည်။ “၀ိုင်းမော်မြို့နယ် ချောင်းဆုံဆိုတဲ့ရွာမှာ ဘိန်းဖြူကပေါတယ်။ ဆေးထိုးအပ်ရှားတယ်။ အဲဒီရွာနားမှာရှိတဲ့ ရွှေတူးတဲ့လိုင်း ခန်းတွေမှာဆို မူးယစ်ဆေးက ၂၄ နာရီ ၀ယ်လို့ရတယ်။ ကျပ် ၁၀၀၀ ရှိရင် ဆေးဝယ်သုံးလို့ရတယ်။ ရောင်းတဲ့သူတွေက တရုတ်တွေ” ဟု မကြာသေးမီက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်သို့ မူးယစ်ဆေးအန္တရာယ် လျော့ပါးရေး စီမံကိန်းတစ်ခုအတွက် ရောက်ရှိခဲ့သူတစ်ဦးက သူ၏အတွေ့အကြုံကို ဝေမျှသည်။ ထိုဒေသရှိ လူငယ်အများစုမှာ ရာသီဥတုဒဏ်ခံနိုင်ရန်၊ စိတ်ခံစားမှုကောင်းရန် စသော အကြောင်းများဖြင့် ဘိန်းဖြူကိုသုံးရင်း အစွဲလမ်းကြီး စွဲလမ်းနေကြသည်။ ထိုဒေသတွင် ဆေးထိုးအပ်ရှား၍ အခြားလူသုံးပြီးသော ဆေးထိုးအပ် မျှဝေသုံးစွဲမှုလည်းများကြောင်း ၎င်းကပြောသည်။ “သူငယ်ချင်းကြောင့်ပဲဖြစ်ဖြစ်၊ လွယ်လို့ပဲဖြစ်ဖြစ်၊ စမ်းသုံးတာပဲဖြစ်ဖြစ်၊ တစ်ခါတည်းပဲဖြစ်ဖြစ် လွယ်လွယ်နဲ့မသုံးစေချင်ဘူး။ မူးယစ်ဆေးဝါးက စမ်းသုံးလို့ ကောင်းတဲ့အရာမဟုတ်ဘူး။ ကျွန်တော်လည်း တစ်ခါတည်းပါဆိုပြီး စမ်းသုံးလိုက်တာ။ ၁၀ နှစ်ကျော် သွားတယ်” အနာဂတ်ခေါင်းဆောင်လူငယ်များအနြေ သူလည်း မူးယစ်ဆေးဝါး၏ သားကောင်အဖြစ်မှ လွယ်လွယ်ကူကူ လွတ်မြောက်ခဲ့ခြင်းတော့ မဟုတ်ပါ။ကိုစိုင်းအောင်ခမ်း၏ မိဘများက သူ့ကို နိုင်ငံခြားခေါ်၍ တစ်မျိုး၊ ရဟန်းခံစေကာတစ်ဖုံ မူးယစ်ဆေးဝါးသုံးစွဲမှု ရပ်တန့်အောင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ခဏသာ သုံးစွဲမှု ဖြတ်နိုင်ပြီး ဆယ်နှစ်ကျော်ကြာ စွဲစွဲလမ်းလမ်းသုံးစွဲခဲ့သည်။ သူ့အတွက် အလှည့်အပြောင်းမှာ ၁၉၉၇ ခုနှစ်တွင် ဖခင်ကိုယ်တိုင်က သူ့အား ရဲလက်အပ်ခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျပြီး ထောင်မှ ၀က်ထီးကန်ရှိ ရွှေပြည်သာပြန်လည်ထူထောင်ရေးစခန် ရားတို့ လုံလောက်စွာရရှိခဲ့သည်။ ဆေးလုံးဝပြတ်သွားသည်။ ပြန်လည်ထူထောင်ရေးစခန်းမှ ထွက်လာသော သူ့အတွက် စိန်ခေါ်မှုအသစ်က စောင့်ကြိုနေသည်။ သူလည်း အခြားဘ၀တူ များကဲ့သို့ ဆေးပြတ်သွားသော်လည်း ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံခံရသည်။ ကိုယ်တိုင်လည်း ယုံကြည်မှုနည်း၍ သိမ်ငယ်ခဲ့ရသည်။ အထီးကျန်ဖြစ်ရသည်။ ထို့ကြောင့် ပြန်/ထူစခန်းမှ ထွက်လာသော ဘ၀တူများနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းအောက်တွင် လူငယ့်အားမာန်အဖွဲ့ကို ၂၀၀၃ ဧပြီတွင် ပါဝင်ဖွဲ့စည်းလိုက်သည်။ သူတို့အဖွဲ့က မူးယစ်ဆေးဝါးဖြတ်လိုသူများကို ကူညီပေးသည်။ အသိပညာပေးလုပ်ငန်းများ၊ နှစ်သိမ့်ဆွေးနွေးမှုများ၊ အိမ်တိုင်ရာရောက် လူနာကြည့်ရှုစောင့်ရှောက်ပေးခြင် ဘိန်းဖြူပြီးလျှင် အခြားကြီးမားသော ပြဿနာမှာ စိတ်ကြွရူးသွပ်ဆေးပြားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှ စစ်သားများ ခံနိုင်ရည်စွမ်းအားတိုးရန် သုံးစွဲကြရာမှ ကြီးထွားလာသော ထိုပြဿနာကို ၁၉၇၁ ကုလသမဂ္ဂညီလာခံက သဘောတူညီချက် ထုတ်ပြန်၍ပင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ထိန်းချုပ်ခဲ့ရသည်။ ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော စိတ်ကြွရူးသွပ်ဆေးဝါးပြဿနာမှာ တဖြည်းဖြည်း ပိုကြီးမားလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။ အများဆုံးပျံ့နှံ့နေသော စိတ်ကြွဆေးမှာ WY စာတန်းပါ ဆေးပြား၊ 88 နှင့် I စာတန်းတစ်ဖက်စီပါ စိတ်ကြွဆေးပြားများဖြစ်သည်။ “ဆေးပြားတစ်ပြားရဲ့ ပမာဏက ဘာမီတွန်လောက်ပဲရှိတော့ သိမ်းဆည်းရတာ လွယ်ကူတယ်။ ဒါကြောင့် သယ်ယူရောင်းချပျံ့နှံ့တာ လွယ်နေတာထင်တယ်” ဟု ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးကပြောသည်။ သပြေကုန်းရပ်ကွက် ၁၂၆ လမ်းတွင် လွန်ခဲ့သော ဇန်န၀ါရီလ ဒုတိယပတ်က ကာလတန်ဖိုး ကျပ်သိန်း ၂၅၀၀၀ ခန့် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး အလုံးရေ ငါးသိန်းခန့် ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၁၂ နှစ်လယ်ပိုင်းကလည်း ထိုရပ်ကွက်တွင် WY စာတန်းပါ ဆေးပြား ၁၈၀၀၀၀ ဖမ်းဆီးမိခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့ နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမှု ၁၀ ကြိမ်ဝန်းကျင် ရှိခဲ့ပြီဖြစ်သည်။ မူးယစ်ဆေးဝါးစာရင်းဝင်သော စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမျိုးအမည်စုံလာခြင်းမှာ လူငယ်များအတွက် အန္တရာယ် ပိုကြီးစေသည်။ မြန်မာနိုင်ငံတွင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် ဆေးဝါး ၁၁၀ ကျော် ရှိသည့်အထဲ ယခုနောက်ပိုင်း အမျိုးအမည်သစ် အချို့ဝင်နေဆဲဖြစ်သည်။ “ဆေးဝါးတွေ အသစ်အဆန်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ တစ်ခုပိတ်ရင် တစ်ခုဝင်လာတယ်” မူးယစ်ဆေးဝါးဆေးစွဲ ရောဂါကာကွယ်ကုသရေးစီမံချက် မန်နေဂျာ စိတ်ကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာလှဌေးက မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အဓိကစိန်ခေါ်မှုတစ်ခုကို ပြောခြင်းဖြစ်ပါသည်။ ယခုနောက်ပိုင်း ချောင်းဆိုးပျောက်ဆေးများတွင် ပါဝင်သော ဒက်ထရိုမီသာဖန် (Dertromethorphan) မှာ မူးယစ်စေတတ်ပြီး လိုသည်ထက် ပိုသုံးပါက အန္တရာယ်များသော မူးယစ်ဆေးတစ်မျိုးပင်ဖြစ်သည်။ လူငယ်အချို့က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကောင်းရန်၊ စိတ်ဖိစီးမှုလျော့ရန်၊ အလုပ်လုပ်နိုင်သော စွမ်းရည်မြှင့်တင်ရန် စသော အကြောင်းပြချက်များဖြင့် စိတ်ကြွဆေးဝါးများ အသုံးပြုကြသည်။ စိတ်ကြွဆေးများက ဗဟိုအာရုံကြော အဖွဲ့အစည်းကို နှိုးဆွကာ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပေးသည်။ သို့သော် စွဲလမ်းသွားပါက မကြာခဏ အသုံးပြုလျှင် ဦးနှောက်ဖွဲ့စည်းပုံ ထိခိုက်သဖြင့် ဆေးကု၍မရတော့ဘဲ ရူးသွပ်သွားစေနိုင်ပါသည်။ ရှော့ခ်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ ၀က်ရူးပြန်ခြင်းများလည်း ဖြစ်နိုင်သည်။ ထိုမျှ အန္တရာယ်များသော ဆေးကို နိုင်ငံတစ်ဝန်းရှိ လူငယ်များ၊ လူလတ်ပိုင်းများကြား မည်မျှ ပျံ့နှံ့၍ မည်မျှသုံးစွဲနေသည်ကို စိတ်ကြရူးသွပ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးမိနေခြင်းက သက်သေပင်။ မူးယစ်ဗဟိုမှ ထု |
[Message clipped] View entire message
No comments:
Post a Comment