ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မန္တလေးက သတင်းထောက်တစ်ယောက် ရေးတဲ့ Post တစ်ခုကိုဖတ်လိုက်ရတယ်။ လမ်းပေါ်မှာ Accident ကြောင့်ဒုက္ခရောက် နေတဲ့ လူတွေကို ကူညီကြဖို့နှိုးဆော်ထားတာပါ။
ကျွန်တော်တို့ နိုင်ငံမှာလည်း Accident အမျိုးမျိုးကြောင့် လမ်းပေါ်မှာ ဒုက္ခရောက်ပြီဆိုရင် အကူအညီအချိန်မှီ မရလို့ မသေသင့်ပဲလူတွေ သေနေကြတယ်။ ဆေးရုံ၊ဆေးခန်းကို အချိန်မှီရောက်ရင်တောင်မှ ရဲမှုခင်း ဖြစ်လို့ဆိုပြီး ရဲခွင့်ပြုချက်ရမှ ဆရာဝန်တွေကလည်း ကုရဲကြတယ်။ ဒါတောင်မှ အစိုးရ ဆေးရုံတွေပဲ ကုသခွင့်ရကြတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို အားလုံးပြုပြင်ဖို့ ကြိုးစားသင့်တယ်။ ဥပဒေဆိုတာ အပြစ်ရှိတဲ့လူတစ်ရာ လွတ်ချင်လွတ်သွားပါစေ၊ အပြစ်မဲ့တဲ့လူတစ်ယောက် ဒုက္ခမရောက်ဖို့၊ မသေသင့်ပဲမသေစေဖို့အတွက်ကို
ဒါပေမယ့် လူအများစု နားလည်ထားတာကတော့ လမ်းပေါ်မှာ Accident ဖြစ်တဲ့လူတွေ့ရင် အထူးသဖြင့် လူပြတ်တဲ့နေရာမျိုးမှာဖြစ်ရ
ဒီနေ့ဆို မော်လမြိုင်မြီု့ကို အလုပ်ကိစ္စနဲ့ အသွား ဘီးလင်းနဲ့ ကျိုက်ကော်အကြား မိုင်တိုင် ၁၃၅ လောက်မှာ ညနေ ၆း၃၀ လောက်က လမ်းလယ်ပေါ်မှာ ဆိုင်ကယ်တစ်စီး လဲနေပြီး လူတစ်ယောက် ပက်လက်လန်နေတာတွေ့တယ်။ ကြည့်လိုက်တော့ ကားတွေရော၊ ဆိုင်ကယ်တွေရော အဆက်မပြတ်သွားနေတာတွေ့တယ်။ ဒါပေမယ့် အားလုံးက လဲနေတဲ့ ဆိုင်ကယ်ရယ်၊ လူရယ်ကို ရှောင်မောင်းသွားကြပြီး၊ ရပ်ကြည့်ဖို့၊ ကူညီဖို့မကြိုးစားကြဘူး။
ဒါနဲ့ ဒီလူမသေသေးရင်လည်း ဆေးရုံပို့ပေးရအောင် ဒါမှမဟုတ် သေနေပြီဆိုရင်လည်း တစ်ခုခုစီစဉ်ပေးလို့ရအောင် ကားကိုပြန်လှည့်ပြီး သွားကြည့်တော့ အခြေအနေက တော်တော်ဆိုးနေတယ်။ စဖြစ်ကတည်းက ဒီလိုဖြစ်သွားတာလား ဖြစ်ပြီးတော့မှ ကားတစ်စီးစီးကြောင့် အခြေအနေပို ဆိုးသွားတာလားတော့ မသိဘူး။ လူက လုံးဝမလှုပ်တော့တဲ့အပြင် ခွေခေါက်နေပြီ။ မသေချာပေမယ့် သေပြီလို့ပဲ ယူဆလိုက်ရတယ်။ သူ့ဘာသာသူဖြစ်တာလား ကားတစ်စီးစီးနဲ့ တိုက်မိတာလားဆိုတာက ကိုယ်လည်း ဖြစ်စဉ်ကို မတွေ့လိုက်ရတော့ သေသေချာချာမသိဘူး။ ဒါပေမယ့် နောက်ကနေ ကားတိုက်မိတယ်လို့တော့ ထင်ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လဲနေတဲ့လူနားမှာ ကားဘီးရာ ထင်းထင်းကြီး တွေ့ရလို့ပါ။
ဒါနဲ့ ကျိုက်ထိုရဲစခန်းက ဒုရဲအုပ်တစ်ယောက်ရဲ့ ဖုန်းနံပါတ်က အဆင်သင့်ရှိနေတော့ သူ့ကိုပဲ လှမ်းအကြောင်းကြားပေးလိုက်တ
၁၀မိနစ်လောက်ကြာတော့ အရပ်ဝတ်နဲ့ရဲ တစ်ယောက်ရောက်လာပြီး ဘာဖြစ်တာလည်းလာမေးတယ်။ ကျွန်တော်တို့လည်း မြင်တာကိုမြင်တဲ့အတိုင်း ပြောလိုက်တော့ လူကို မယုံသင်္ကာနဲ့ ကြည့်ပြီး နယ်မြေအပိုင် ရဲစခန်းကို စက်နဲ့ လှမ်းအကြောင်းကြားတယ်။ ခဏနေတော့ လဲနေတဲ့ လူရဲ့အမျိုးသမီးရော၊ မိဘတွေပါ ရောက်လာတယ်။ ယာဉ်ထိန်းရော၊ အပိုင်ရဲစခန်းက ရဲတွေရော၊ အဖွဲ့အစည်းက ဆိုတဲ့လူတွေရော ရောက်လာ တယ်။ အဖွဲ့အစည်းက ဆိုတဲ့လူတွေက သူတို့ရဲ့လူလားလို့လာကြည့်တ
ပထမရောက်တဲ့ရဲရဲ့ အရောက်ပို့ပုံကိုလည်းကြည့်အ
အဲဒီစခန်းမှူးလို့ ထင်ရတဲ့လူကပဲ ဓါတ်ပုံတွေဘာတွေရိုက်၊ လဲနေတဲ့လူကိုတင်ဖို့ ကားတွေဘာတွေလှမ်းတောင်းပြီး
ဒါနဲ့ ကိုယ်လည်း တွေ့တဲ့အတိုင်းလည်း ပြောပြီးပြီ ကူညီနိုင်တဲ့လုတွေ၊ သက်ဆိုင်တဲ့လူတွေ ရောက်နေပြီဆိုတော့ ကိုယ့်ခရီးကိုယ်ဆက်ဖို့ ပထမဆုံး ရောက်လာတဲ့ရဲကို ကျွန်တော်တို့ သွားတော့မယ်လို့ ပြောတာပေါ့။ သူက မသွားနဲ့အုန်း ခဏစောင့်အုန်းဆိုလို့ စောင့်တယ်။ တစ်အောင့်နေတော့ ထက်ပြောတယ် မသွားပါနဲ့အုန်းတဲ့။ ထပ်စောင့်တယ်။ ပြီးတော့ ထပ်ပြောတယ် ပေးမသွားပြန်ဘူး။ ဒါနဲ့ စိတ်ကမရှည်တော့ဘူး ယာဉ်ထိန်းဆီ သွားပြီး လိုအပ်တာရှိရင်ဆက်သွယ်လိုက်
အမှုအခင်းတစ်ခုခုဖြစ်ရင် ရဲတွေအနေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှ အမှုမှန်ကို မှန်မှန်နဲ့ မြန်မြန်ဖော်ထုတ်နိုင်ပါမယ်
မသေသင့်ပဲ လမ်းတွေပေါ်မှာ သေနေတဲ့လူတွေ နည်းနိုင်သထက်နည်းပါစေ။
(AERO)
No comments:
Post a Comment