စာကို
ဘာပြုလို့ ဖတ်သလဲ၊ အပျင်းပြေဖတ်တာလား၊ ပညာရဖို့လားတဲ့ သမိုင်းပညာရှင်
ဒေါက်တာသန်းထွန်းက ဆိုတယ်...... ကျွန်တော်ကတော့ အပျင်းလည်းပြေ၊
ဗဟုသုတလည်းရ၊ ပညာလည်းတိုးစေမယ့် စာအုပ်မျိုးရွေးဖတ်တယ်.....
အဲ့ဒါကြောင့်ထင်တယ် ငယ်ငယ်ကတည်းက ခုထိ ဖေတော့ မောင်တော့တွေ မဖတ်ဘူးသလို
ကြိုးစားဖတ်ကြည့်လဲ နားမလည်ခဲ့ဘူး...... အဲ့တော့ စိတ်ရှုပ်မခံပဲ ရှိသမျှ
အကုန်ဖတ်တယ်.... စာဖတ်တဲ့ အလေ့အကျင့်ကို ရစေခဲ့တာ တရုတ်သိုင်းစာအုပ်တွေ ဆိုရင်တော့ ဒက်ထိ မှန်ပါတယ်....
စာကြီး ပေကြီးတွေ ဖတ်ဖြစ်တာတော့ သူများတွေနဲ့ ယှဉ်ပြီး ပြောဖို့ဆိုဖို့ လိုအပ်လာချိန်မှာ ကိုယ်က ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတာ များတော့ မခံချင်စိတ်နဲ့ ဖတ်ရင်းက စာဖတ်ဖို့ကို မကြောက်မရွံ့ခဲ့တာပါပဲ..... .
သမိုင်းကြောင်းတွေ ချက်နဲ့လက်နဲ့သာ ကျွန်တော်ပြောနေ၊ ရေးနေတာ၊ ကျွန်တော်
သူငယ်တန်းကနေ ၈ တန်းအထိ ကျောင်းတွင်း စာမေးပွဲ သေးသေးလေးမှသည် အစစ်ကြီး
စာမေးပွဲအထိ တစ်ခါမှ မရှုံးခဲ့တာ ၈ တန်း ဒုတိယနှစ်မှာ ပထမဆုံး စ
ရှုံးဖူးတယ်..... သမိုင်း ဆရာက အမြင်ကတ်တာလည်း ပါတယ်.....
ကျွန်တော်က ကရာတေး ကစားတယ်၊ တစ်တိုင်းလုံးမှာ ခတ္တပြိုင်တော့ ရွှေတံဆိပ်ရထားတာ ရှိတော့ ဆရာက အဖေနဲ့ ခင်မင်ရင်းစွဲရှိတော့ ကျွန်တော့ကို ထောင်မှာစိုးလို့ အခွင့်အရေးရတိုင်း နှိမ်လေ့ရှိတယ်..... ကျွန်တော်လည်း မနာတတ်ဘူး စောင့်ကြွား စောင့်ကြွားနဲ့ နေတတ်တာ ဒုတိယအစမ်း စာမေးပွဲမှာ သမိုင်းဖြေပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲခန်းကအထွက် သူနဲ့တွေ့တယ်...... ဟေ့ကောင် ဖြေနိုင်လားတဲ့၊ ဆရာရယ် ဒီလောက်ကတော့ မိုင်နာတွေပါ နည်းနည်းတော့ အခက်တွေ့ပေမယ့် အေးဆေးပါပဲလို့ သူငယ်ချင်းတွေဘေးမှာ ခပ်ကြွားကြွားလေး ဖြေလိုက်တာ အောင်စာရင်းထွက်တော့ ရှုံးပါတယ်..... ၃၈ မှတ်နဲ့ ကပ်ပီး စာမေးပွဲ ကျပါတယ်.... အဲ့ဒိကတည်းက သမိုင်းဆိုတာ ငါနဲ့တော့ ဒီတစ်ဘ၀ ဝေးပီဆိုပီး လှည့်ကိုမကြည့်ပဲထားတာ ခုတော့ ဘယ်ဘ၀က ရေစက်ပါတယ်မသိဘူး စာအုပ်ပုံနဲ့ Google ကို အားကိုးနေရတယ်.....
တဖြည်းဖြည်း ၀ါသနာရှင်အချင်းချင်း စာတွေရေးပါ၊ အပြန်အလှန်ဆွေးနွေးပါများတော့
အင်္ဂလိပ်လို ရေးထားတဲ့ အကြောင်းအရာလေးတွေထဲက ကိုယ့်နှလုံးသားကို ငြိစေတဲ့
အကြောင်းအရာလေးတွေ တွေ့တိုင်းမှာ မြန်မာလိုအဆင်ပြေအောင်
ဘာသာပြန်ပီးတင်တယ်.... ကျွန်တော့်ရဲ့ အင်မတန် ညံ့တဲ့ အင်္ဂလိပ်စာလည်း
အထောက်အကူဖြစ်အောင် ကြိုးစားတယ်..... ဘာလို့ဒီလိုလုပ်သလဲဆိုတော့
ကိုယ်ဖတ်ပီးရလိုက်တဲ့ ခံစားချက်၊ ပီတိတွေကို စာဖတ်သူတွေကို ပြန်မျှရင်း
ဆွေးနွေးရတာ အင်မတန့်ကို ချိုမြိန်တဲ့ အရသာတစ်ခုလိုပဲ..... အဲ့ဒိမှာ အရင်က
အလကား အချိန်ဖြုန်းတယ်လို့ ကျွန်တော်မြင်ခဲ့တဲ့ စာဖတ်ဝိုင်းတွေ၊ စာပေ
ဆွေးနွေးပွဲတွေရဲ့ အဓိက ရဿကို ခံစားတတ်လာတယ်....
ခုခေတ် လူငယ်တွေထဲက ထက်ဝက်လောက်က စာထူထူကြီးတွေ တွေ့တာနဲ့ လက်လန်ပီး မဖတ်တော့ပဲ ရှောင်လေ့ရှိတယ်..... ကျွန်တော်လည်း ၂၀၀၃ လောက်အထိ အဲ့အကျင့်ရှိခဲ့သေးတယ်.....
အွန်လိုင်းမှာ စာတွေ အများကြီးရေးတဲ့လူတွေကို သောက်မြင်ကတ်ခဲ့တာ ၉၉
လောက်ကတည်းကပဲ..... နောက်တော့လည်း လိုက်ဖတ်ရင်း သဘောတွေ တော်တော်ကျခဲ့တာ
ခုထိပဲ.... အဲ့ဒါကြောင့် လူငယ်တွေ ကျွန်တော့်လာမေးတိုင်း တိုက်တွန်းတာတော့
စာဖတ်ပါ ဆိုတာပါပဲ......
အပေါ်က တင်ထားတဲ့ပုံကတော့ ကျွန်တော် မြန်မာပြည်ကနေ နိုင်ငံခြားကိုသွားမယ်ဆိုတော့
ကိုယ့်စိတ်ကိုယ်သိတော့ သေရွာပါတဲ့အထိ ယူသွားရမယ့် စာအုပ်တွေကို ရွေးပြီး
ထည့်လာလိုက်တယ်.... အားလုံးပေါင်း ၁၀ ကီလိုလောက်ရှိတယ်.....
ကျွန်တော်ဝယ်ခဲ့၊ စု ခဲ့တဲ့ စာအုပ်တွေရဲ့ ၁၀ ပုံ ၁
ပုံလောက်ပဲပါလာခဲ့တယ်..... လေဆိပ်မှာ Overweight မဖြစ်အောင်
အဲ့ဒိစာအုပ်တွေကို ကျောပိုးအိတ်ထဲ ထည့်ပီး ခါးကျိုးလုနီးပါးကို
အလေးခံသယ်ခဲ့တယ်..... အဲ့ဒိကတည်းက သယ်လာခဲ့တဲ့ စာအုပ်တွေထဲက မှတ်မှတ်ရရ
စာအုပ်ဟောင်းလေး သုံးအုပ်ပါ......
စာကြီး ပေကြီးတွေ ဖတ်ဖြစ်တာတော့ သူများတွေနဲ့ ယှဉ်ပြီး ပြောဖို့ဆိုဖို့ လိုအပ်လာချိန်မှာ ကိုယ်က ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတာ များတော့ မခံချင်စိတ်နဲ့ ဖတ်ရင်းက စာဖတ်ဖို့ကို မကြောက်မရွံ့ခဲ့တာပါပဲ.....
ကျွန်တော်က ကရာတေး ကစားတယ်၊ တစ်တိုင်းလုံးမှာ ခတ္တပြိုင်တော့ ရွှေတံဆိပ်ရထားတာ ရှိတော့ ဆရာက အဖေနဲ့ ခင်မင်ရင်းစွဲရှိတော့ ကျွန်တော့ကို ထောင်မှာစိုးလို့ အခွင့်အရေးရတိုင်း နှိမ်လေ့ရှိတယ်..... ကျွန်တော်လည်း မနာတတ်ဘူး စောင့်ကြွား စောင့်ကြွားနဲ့ နေတတ်တာ ဒုတိယအစမ်း စာမေးပွဲမှာ သမိုင်းဖြေပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲခန်းကအထွက် သူနဲ့တွေ့တယ်...... ဟေ့ကောင် ဖြေနိုင်လားတဲ့၊ ဆရာရယ် ဒီလောက်ကတော့ မိုင်နာတွေပါ နည်းနည်းတော့ အခက်တွေ့ပေမယ့် အေးဆေးပါပဲလို့ သူငယ်ချင်းတွေဘေးမှာ ခပ်ကြွားကြွားလေး ဖြေလိုက်တာ အောင်စာရင်းထွက်တော့ ရှုံးပါတယ်..... ၃၈ မှတ်နဲ့ ကပ်ပီး စာမေးပွဲ ကျပါတယ်.... အဲ့ဒိကတည်းက သမိုင်းဆိုတာ ငါနဲ့တော့ ဒီတစ်ဘ၀ ဝေးပီဆိုပီး လှည့်ကိုမကြည့်ပဲထားတာ ခုတော့ ဘယ်ဘ၀က ရေစက်ပါတယ်မသိဘူး စာအုပ်ပုံနဲ့ Google ကို အားကိုးနေရတယ်.....
တဖြည်းဖြည်း ၀ါသနာရှင်အချင်းချင်း စာတွေရေးပါ၊ အပြန်အလှန်ဆွေးနွေးပါများတေ
ခုခေတ် လူငယ်တွေထဲက ထက်ဝက်လောက်က စာထူထူကြီးတွေ တွေ့တာနဲ့ လက်လန်ပီး မဖတ်တော့ပဲ ရှောင်လေ့ရှိတယ်..... ကျွန်တော်လည်း ၂၀၀၃ လောက်အထိ အဲ့အကျင့်ရှိခဲ့သေးတယ်.....
အပေါ်က တင်ထားတဲ့ပုံကတော့ ကျွန်တော် မြန်မာပြည်ကနေ နိုင်ငံခြားကိုသွားမယ်ဆိုတေ
No comments:
Post a Comment