Moe Thiha shared Sa Maung's photo.
ဆရာကြီး ရွှေဥဒေါင်းကို (၁၈၈၉) ခု၊ အောက်တိုဘာလ (၂၄) ရက်၊ (ကမ္ဘာ့ကုလသမဂ္ဂနေ့)၊ ကြာသပတေးနေ့၌ မန္တလေးဧချိုင့် (ဓားတန်း)ရပ်ကွက်တွင်ဖွားမြင်ခဲ့လေသည်။ ဖခင်မှာ ဦးဧရာဖြစ်၍ မိခင်မှာဒေါ်ရွှေဖြစ်သည်။ ဦးဧရာသည် သီပေါမင်းလက်ထက်တွင်လွှတ်တော်စာေ
အင်္ဂလိပ်မင်းလက်ထက်သို့ ရောက်သောအခါတွင်မှဖိနပ်ထောင်ဆရာ
ဆရာကြီးသည် ရှေးဦးစွာ မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်း၌ပညာသင်သ
ဆရာကြီးသည် အေတီအမ်ကျောင်း၌ပညာသင်ယူနေစဉ် (၈) တန်းအရောက်တွင် စာဖတ်ဝါသနာမျိုးစေ့ကို ရခဲ့သည်။ မျိုးစေ့ချပေးသူကား အမြော်အမြင်ကြီးလှသော ဆရာရွှေမှန်ဆိုသူ ဆရာတစ်ဦးပင်ဖြစ်လေသည်။ ဆရာကြီးသည် ပသီပုံပြင်ကိုစတင်ဖတ်ရှုကာနှစ်သက
ဆရာကြီး၏ဘဝတွင် ထူးခြားချက်တစ်ခုမှာ လခစားအလုပ်တစ်ခုကို ကြာရှည်မလုပ်ခြင်းဖြစ်သည်။ အလွန်ဆုံးကြာမှ (၄) နှစ်ပင်။ (၃) နှစ်ကျော်၍ (၄) နှစ်ပြည့်တော့မည်ဆိုလျှင် လုပ်ကိုင်နေသောအလုပ်ကို ဆရာကြီးမနှစ်သက်ဖြစ်လျှင်လည်းဖြ
ဆရာကြီးသည် ရှေးဦးစွာမန္တလေး၌ကျောင်းဆရာလုပ
ယင်းသို့ အလုပ်မှထွက်ပြီးနောက် ဝက်လက်ရှိမိဘများထံသွားရောက်နေထ
ဆရာကြီးသည် ဝက်လက်၌နေထိုင်စဉ် ဘာအလုပ်မျှမလုပ်ခဲ့။ နေ့ရှိသရွေ့ သစ်ပင်ရိပ် ကောင်းကောင်းတွင် ထိုင်လျက် စာအုပ်တစ်အုပ်ပြီးတစ်အုပ်ဖတ်ခြင
ဤသို့ ဖတ်ရှုရာမှ တစ်ညတွင် “ငါသည် ဝတ္ထုစာအုပ်ပေါင်း မြောက်မြားစွာ ဖတ်ရှုခဲ့ဖူးပြီး။ မြန်မာတစ်ပြည်လုံးသို့လည်း အနှံ့အပြားရောက်ခဲ့ဖူးပြီ။ ငါကိုယ်တိုင် ဝတ္ထုတစ်ပုဒ်ရေးရလျှင် ဖြစ်နိုင်လောက် သည် မဟုတ်လော” ဟူ၍စိတ်ကူးပေါ်ခဲ့လေသည်။
ဆရာကြီးသည် ကျောင်းသားဘဝမှစ၍ အင်္ဂလိပ်စာ၌ထူးချွန်သူဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်စာအုပ် များကိုသာ အဖတ်များသူဖြစ်သည်။ ထို့ကြောင့် တစ်နေ့သောအခါ အင်္ဂလိပ်ဝတ္ထုရေးဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟူ၍ ယခင်ကရည်မှန်းချက်ရှိခဲ့ဖူးသည်။
ထိုခေတ်ထိုအခါတွင် ဝတ္ထုရေးသည်ဆိုလျှင် လူကြီးမိဘဆွေမျိုးများ၏အားပေးမှု
ရန်ကြီးအောင်ဝတ္ထုမှာ ကိုယ်ပိုင်စိတ်ကူးဥာဏ်ဖြင့် ရေးသောဝတ္ထုပင်ဖြစ်သည်။ သို့သော် ဝတ္ထုပါ ဇာတ်လိုက်မနှင်းမြိုင်အား ကာလသားလေးယောက် အလောင်းအစားပြုကာလူပျိုလှည့်ခန်
“ရတနာပုံ” ဝတ္ထုသည် ဆရာကြီး၏ ဒုတိယလက်ရာဖြစ်သည်။ သူရိယမှာ ဘကြီးဘဖေ၏ အကြံပေးချက်အရ မစ္စစ်ဟင်နရီဝုဒ် (Mrs. Henry Wood) ရေးသော “အိစလင်း” (East Lynne)ကိုဆီလျော်စွာပြန်ဆိုခြင်
“ရန်ကြီးအောင်” နှင့် “ရတနာပုံ” ဝတ္ထုတို့ပေါ်ထွက်လာသောအခါ ပရိသတ်က အထူးနှစ်သက်သြဘာပေးကြသည်။ ယင်းကိုအကြောင်း ပြုလျက် သူရိယက ဆရာကြီးအား မကြာမီ ထုတ်ဝေမည့် သူရိယမဂ္ဂဇင်းအတွက်ကြိုတင်၍ အယ်ဒီတာခန့်လိုက်သည်။
ယင်းနှင့်ပတ်ပက်၍ တစ်သက်တာ မှတ်တမ်းတွင် “(၁၉၁၇) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျွန်ုပ်သည် သူရိယမဂ္ဂဇင်းအယ်ဒီတာအဖြစ်နှင့် သူရိယတိုက်သားတစ်ယောက်ဖြစ်လာ၏။ သူရိယတိုက်အုပ် နှစ်ယောက် (ဦးဘဖေနှင့်ဦးလှဖေ)တို့သည် ကျွန်ုပ်၏ လက်စွမ်းလက်ဆကိုမြင်ကြသည်နှင့်သ
ဆရာကြီးသည် သူရိယတွင် အလုပ်လုပ်စဉ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင်
ဆရာကြီးသည် ရန်အောင်နှင့်ရတနာပုံဝတ္ထုတို့ကိ
ထို့နောက် ဆရာကြီးသည် ရူပနန္ဒီ၊ စုံထောက်မောင်စံရှား၊ ဝင်္ကန္တ၊ ရတနာပူရ၊ ခင်စက်မေစသည့် ဝတ္ထုတို့ကို ဆီလျော်အောင်ပြန်ဆိုခဲ့လေသည်။
ဆရာကြီးရေးသားခဲ့သည့် ရူနန္ဒီသည် နောင်ဆာဘွဲ့ရရိုက်ဒါဟက်ဂတ် (Rider Haggard) ရေးသော She ဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားခြင်းဖြစ်သည်။ ထို့အတူ ကိုနင်ဒွိုင်း (Conan Doyle) ရေးသောစုံထောက်ရှားလော့ဟုမ်း (Sherlock Holmes) ဝတ္ထုကိုလည်း စုံထောက်မောင်စံရှားအမည်မှည့်ကာ
ယင်းသို့ပြန်ဆိုရာတွင် ဆရာကြီးရွှေဥဒေါင်းသည် မူရင်းဝတ္ထုအရသာကိုလည်းကောင်း၊ မူရင်း စာရေးဆရာ၏ အာဘော်ကိုလည်းကောင်၊ မပျက်စေဘဲမြန်မာဆန်အောင် ပြန်ဆိုနိုင်၏။ ဆံပင်နီအသင်း (The Red Headed League) အမည်ရှိ ရှားပါးလော့ဟုမ်း စုံထောက်ဝတ္ထု တစ်ပုဒ်ထဲမှ ဖြစ်သည်။
● ဆံပင်နီအသင်းကြီး
အမေရိကန်ပြည် ပင်စီဗေးနီးယားပြည်နယ်၊ လက်ဘနွန်မြို့၌ကွယ်လွန် အနိစ္စရောက်ခဲ့သည့် သူဋ္ဌေးကြီး အစီးကီးယားဟော့ ကင်း တည်ထောင်ဖွဲ့စည်းခဲ့သော ဆံပင်နီအသင်းကြီးတွင် အသင်းသား မင်ဘာတစ်ယောက် လစ်လပ်လျက်ရှိရာ ဆံပင်နီရှိသော မည်သည့် ယောက်ျားမဆို ၎င်းလစ်လပ်သော နေရာအတွက် လျှောက်ထားနိုင်ကြောင်း။ လခမှာ တစ်ပတ်လျှင် (၄) ပေါင်ဖြစ်၍ အလုပ်ဝတ္တုရားမှာ အလွန်ချောင်ချိ သက်သာလှကြောင်း။ ကိုယ်လက်အင်္ဂါပြည့်စုံ၍ အသက် (၂၁)နှစ်ကျော်လွန်သည့် မည်သည့် ဆံပင်နီ ယောက်ျားမဆို လျှောက် ထားနိုင်ကြောင်း။ လျှောက်ထားသူများသည် ရှေ့တနင်္လာနေ့ (၁၁) နာရီအချိန်တွင်ဖလိလမ်း၊ ပုပ်ကုတ်၊ အမှတ်(၇) နေ ဒန်းကင်း ရော့ထံ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါကြောင်း။
ကိုနင်ဒွိုင်းဝတ္ထုပါ စာပိုဒ်ကို တိုက်ရိုက်ပြန်ဆိုပါက အထက်ပါအတိုင်းရနိုင်ပေသည်။ ယင်းကို ဆရာကြီးက မြန်မာ့အသွင်ပြောင်းလျက် ဆီလျော်အောင် မြန်မာပြန်ထားသည်မှာ -
● ကာဏာရိဌ်အသင်းကြီး
ယိုးဒယားပြည် ဘန်ကောက်မြို့၌ကွယ်လွန် အနိစ္စရောက်ခဲ့သည့်သူဌေးကြီး ဦးပေါက်စီ တည်ထောင်ဖွဲ့စည်းခဲ့သော ကာဏာရိဌ်အ သင်းကြီးတွင် အသင်းသားမင်ဘာ တစ်ယောက်လစ်လပ်လျက်ရှိရာ မျက်စိတစ်ဖက်လပ်သော မည်သည့်ယောက်ျားမဆို ၎င်းလစ်လပ်ရှိ သော နေရာတွင် လျှောက်ထားနိုင်ကြောင်း။ လခမှာ တစ်လ (၂၅၀ိ) ဖြစ်၍ အလုပ်ဝတ္တရားများမှာ လွန်စွာ ချောင်ချိသက်သာလှကြောင်း။ ကိုယ်လက်အင်္ဂါ ပြည့်စုံ၍ အသက် (၂၁) နှစ် ကျော်လွန်သည့် မည်သည့်မျက်စိတစ်ဖက်လပ် ယောက်ျားမဆို လျှောက်ထားနိုင်ကြောင်း။ လျှောက်ထားလိုသူများသည် ရှေ့တနင်္လာနေ့နံနက် (၁၁) နာရီအချိန်တွင် ကုန်သည်လမ်း၊ တိုက်နံပါတ် (၃၇၆) နေ ဦးသန်းဖေထံ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါကြောင်
မူရင်းဝတ္ထု အာဘော်မပျက်စေဘဲ နိုင်ငံခြားအသွင်းကို မြန်မာ့အသင်းသို့ ကူးပြောင်းလျက် အထက်ပါအတိုင်း ဆီလျော်အောင် ပြန်ဆိုထားသည်မှာ ပိုင်နိုင်လှပေသည်။ နိုင်ငံအမည်၊ မြို့အမည်၊ လမ်းအမည်၊ လူအမည်တို့ကို ဆီလျော်အောင်ပြန်ဆိုသည်မှာ မခက်ဟု ဆိုပါဆိုနိုင်လေသည်။ သို့ရာတွင် “ဆံပင်နီအသင်း” ကို “ကာဏာရိဌ်” အသင်းဟူ၍ ဆီလျော်အောင်ပြန်ဆိုရသည်မှာကာ ဉာဏ်အထူး ထုတ်ရသော ကိစ္စဖြစ်သည်။ အနောက်နိုင်ငံတွင် ဆံပင်နီကို တွေ့နိုင်သော်လည်း မြန်မာနိုင်ငံတွင်ကား မတွေ့နိုင်။ ဆံပင်နီဟု ပြန်ဆိုလျှင် မြန်မာဒေသနှင့် မဆီလျော်ဖြစ်သွားမည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌တွေ့နိုင်မည့် ‘မျက်စိတစ်ဖက်လပ်’ ကိုအစားသွင်းခဲ့သည်။ တစ်ဖန် ‘မျက်စိတစ်ဖက်လပ်’ ဖြင့်မရပ်သေး။ ‘ကာဏာရိဌ်’ ဟူသော ပါဠိသက်စကားကိုယူကာ ပို၍ မြန်မာဆန်သည်ဟု ထိုခေတ်စာဖတ်သူတို့ ယူဆ လက်ခံလာအောင် ပြုခဲ့ပေသည်။ ထို့ပြင် မူရင်း၌ အခကြေးငွေကို ဖေါ်ပြရာတွင် တစ်ပတ်လျှင် (၄) ပေါင်ဟု ဖော်ပြထားသည်။ သူတို့နိုင်ငံတွင် အလုပ်အတွက် အခကြေးငွေရှင်းရာ၌ တစ်လတစ်ကြိမ် ရှင်းသည့်နည်းတူ တစ်ပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ် ရှင်းပေးခြင်းမျိုးလည်းရှိသည်။ ထို့ကြောင့် ဤသို့ဖော်ပြထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား တစ်လတစ်ကြိမ်သာ ရှင်းပေးလေ့ရှိသည်။ ထို့ကြောင့် ဆီလျော်အောင် တစ်ပတ်လျှင် (၄) ပေါင်အစား တစ်လလျှင် (၄) ပေါင်အစား တစ်လလျှင် (၂၅၀ိ) ဟူ၍ ပြုပြင်ပြန်ဆိုခြင်း ဖြစ်သည်။ မြန်မာဆန်၍ မြန်မာ့နားမျက်စိ၊ မြန်မာ့အငွေ့ အသက်နှင့် အံဝင်ခွင်ကျသော ဆီလျော်အောင် ပြန်ဆိုမှုပင် ဖြစ်လေသည်။
ယင်းသို့ မြန်မာပြန်ရာ၌ အစွမ်းထက်သဖြင့်လည်း ယနေ့တိုင်စုံထောက်မောင်စံရှားဝတ
မြန်မာလူငယ်လောကတွင် ‘စုံထောက်မောင်စံရှားဝတ္ထုများ’ မည်မျှအထိ ပြန့်နှံ့လွှမ်းမိုးခဲ့သည်ကို ဒဂုန်တာရာ၏ ရေးသားချက်ကို ကြည့်ပါက မြင်နိုင်ပေသည်။ ဒဂုန်တာရာ၏ အတ္ထုပ္ပတ္တိ၌ ဒဂုန်တာရာကသူ၏ ကျောင်းသားလူငယ်ဘဝ အတွေ့အကြုံအခန်းကို ရေးထားသည်မှာ
“ထိုအခါက စုံထောက်မောင်စံရှားဝတ္ထုကို စွဲလမ်းခဲ့လေရာ ‘ကဝိမျက်မှန်’ မဂ္ဂဇင်းကို လှန်လိုက်လျှင် မောင်စံရှားကို စတင်ဖတ်လေသည်။ စုံထောက်မောင်စံရှားကိုလျှင် တကယ်ရှိသည်ဟု မှတ်ထင်ကာ ဖခင်အား မကြာခဏမေးရ၏။
ဦးစံရှား အမှုလိုက်သွားသော ကြို့ကုန်း၊ သမိုင်းစသောနေရာဒေသများကို မှန်းကြည့်လေ့ရှိသည်။ ဦးစံရှားစီးသော လော်ကယ်ရထားပေါ်တွင် သဲလွန်စရှာတတ်သည်။ ချုံနွယ်ပိတ်ပေါင်းများစွာအကြား
ဆရာကြီးရွှေဥဒေါင်းသည် စုံထောက်မောင်စံရှားဝတ္ထုများကို
ဆရာကြီးသည် အယ်ဒီတာလုပ်နေစဉ် သူရိယက ကလောင်သစ်များအတွက် ဝတ္ထုပြိုင်ပွဲ ကျင်းပပေးသည်။ ပြိုင်ပွဲဝင်များ၏စာမူများကို ဆရာကြီးကပင် ဖတ်ရှုရွေးချယ်ပေးရသည်။ ထိုစဉ်က ဆရာကြီးသည် ဒဂုန်ရွှေမျှား၏ ‘ချင်းဗိုလ်မောင်တက်တူ’ ဝတ္ထု၊ အင်ဒီပင်းဒင့်ဒေါ်စန်း၏ ‘ခင်စန်းကြည်’ ဝတ္ထုတို့ကို ရွေးချယ်ဆုပေးခဲ့ကြောင်း ပြောပြဖူးသည်။
ဆရာကြီးသည် ထိုအချိန်က အလွန်အလုပ်လုပ်နိုင်သည်။ ဝတ္ထုလည်း ရေးသည်။ အယ်ဒီတာလည်း လုပ်သည်။ တစ်ဖက်ကလည်း မိတ်ဆွေတစ်ဦးဖြစ်သူ ဦးခင်မောင်နှင့် ပေါင်းလျက် “မြန်မာ့ဗျူဟာ ဂျာနယ်” ကို ထုတ်ဝေလိုက်သေးသည်။ မြန်မာ့ဗျူဟာဂျာနယ်ကား မြန်မာစာနယ်ဇင်းသမိုင်းတွင် ပထမဆုံးသော ဂျာနယ်ဖြစ်လေသည်။
မြန်မာ့ဗျူဟာဂျာနယ်ကို (၁၉၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ (၁၂၈၁) ခုနှစ်၊ နတ်တော်လဆုတ် (၇) ရက်၊ စနေနေ့တွင် စတင်ထုတ်ဝေသည်။ ထိုအချိန်က မြန်မာ့မဂ္ဂဇိန်၊ မြန်မာ့အလင်း၊ သူရိယ၊ ပညာအလင်း စသောတစ်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းများနှင့် နေ့စဉ်နှင့်ရက်ခြားထုတ်သူရိယ၊ မြန်မာ့အလင်း စသော သတင်းစားများထွက်ပေါ်နေကြပြီဖြစ်
မြန်မာ့ဗျူဟာဂျာနယ်သည် ဒီမိုင်း(၄) ချိုးအရွယ်ဖြစ်၍ အတွင်းစက္ကူမှာ သတင်းစာစက္ကူအမျိုးအစားပင် ဖြစ်သည်။ မျက်နှာဖုံးမှာ ဟိန္ဒူစတန်စက္ကူအပါးစား အနီရောင်ဖြစ်၍ ရွှေတလေး (ဦးဘကလေး)၏ လက်ရာဖြင့် မြန်မာ့ဗျူဟာဟု ခေါင်းစီးရေးထားသည်။ ကြော်ငြာ (၄) မျက်နှာအပါအဝင် စာမျက်နှာ (၂၀) ရှိသည်။ ရန်ကုန်မြို့၊ တိုက်အမှတ် (၁၁) အေ၊ ကုန်သည်လမ်းမှ ထုတ်ဝေပြီး တန်ဖိုးမှာ (၄)ပဲဖြစ်သည်။
မြန်မာ့ဗျူဟာဂျာနယ်၏ တာဝန်ခံအယ်ဒီတာမှာ ဆရာကြီးရွှေဥဒေါင်းဖြစ်၍ အယ်ဒီတာအဖွဲဝင်များအဖြစ် သူရိယသတင်းစာတိုက် အယ်ဒီတာအဖွဲ့ဝင် ဦးဘသန်း (အင်ဒီပင့်ဒင်း ဒေါ်စန်း၏ခင်ပွန်း)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ရွှေတလင်းနှင့် တိုက်ပိုင်ရှင် ဦးခင်မောင် (နောင်ဗြူဟာခင်အမည်ဖြင့် စာရေးသူ) တို့ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
No comments:
Post a Comment