Thet Tun and 3 other friends shared စာအုပ်မျက်နှာ's photo.
ဟိုးရှေးရှေးတုန်းကပေါ့။
တိုင်းပြည်တစ်ပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တစ်ယောက်ရှိတယ်။ သူ့ မှာပိုင်ဆိုင်တာဆိုလို့  လဲပြိုကာနီး တဲ တစ်လုံးရယ် ၊ ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ ချုပ်ရာ ပလပွ အ၀တ်အစား တစ်စုံရယ် ၊ ကြက်မလေး တစ် ကောင်ရယ်၊ ဒါတွေဘဲသူပိုင်ဆိုင်တယ်။
သူရဲ့ ကြက်မလေးက သူ့ အတွက် နေ့ တိုင်း ကြက်ဥတစ်လုံး ဥပေးတယ်။ အဲဒိကြက်ဥလေးနဲ့ ဘဲ အဖွားအိုက နေ့ တိုင်းသူ့ ရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပြီး အသက်ရှင်နေခဲ့ရတယ်။
အဖွားအိုနေထိုင်တဲ့တိုင်းပြည်မှ
တကယ်လို့ အသားဟင်းမပို့ နိုင်တဲ့ အိမ်ဆို တိုင်းပြည်မှာ နေခွင့်မပေးဘဲ မောင်းထုတ်မယ်လို့  ကြေညာ အမိန့်  ထုတ်ပြန်ခဲ့တယ်။ ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက တိုင်းပြည်ကနေ မောင်းထုတ် ခံရမှာ ကြောက်တာ ကြောင့် ရှိစုမဲ့စုထဲက အသားဟင်းတစ်ခွက်ပို့ ဘို့  ပြင်ဆင်ကြတယ်။
အဲဒိအထဲမှာ ကြက်မလေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအ၀င်ပေါ့။ အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့ စရာမရှိဘူးဖြစ်နေတယ်။ သူ့ မှာ အသားဟင်းတစ်ခွက်ပို့ ဘို့ ငွေကြေးကလဲ လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။
အသားဟင်းမပို့ နိုင်လို့  မင်းပြစ်မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုက နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ခက်ခဲပင်ပမ်းစွာနဲ့  ချလိုက်ရတယ်။ အဲဒါကတော့ သူ့ ကိုနေ့  တိုင်း ကြက်ဥတစ်လုံး တစ်လုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတစ်ခွက်ပို့ ဘို့  သူဆုံးဖြတ်လိုက်တယ်။
ဘုရင်ကတော့ စားတော်ပွဲမှာ တစ်အိမ်တစ်ယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့  ပွဲတော် တည်နေခဲ့တယ်။ အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလဲအပါပေါ့။
ရှင်ဘုရင်က တစ်ချက်လွတ်အမိန့် ချမှတ်ခဲ့တဲ့အတွက် သူ့ မှာတော့ ဘာမှထိခိုက်နစ်နာမှုမရှိပေမယ့် ဒီအမိန့်  ကြောင့် တစ်ဘက်လူမှာ ဘ၀ပျက်ခဲ့ရတယ်။
အဲဒါကြောင့် အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။
Credit - ကျောပိုးအိတ်
No comments:
Post a Comment