Tuesday, 29 January 2013
ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံ ခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ ဆိုက်ရောက်သွားပါပြီ။
ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်ကတော့ မွန်းကြပ်ရှုတ်ထွေးပြီး၊ ဝေဖန်မှုတွေ အငြင်းပွားစရာတွေပြည့်နှက်ေ နတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလော ကရဲ့ ဘ၀အမောတွေကို
ယာယီအခိုက်အတန့်အားဖြင့် မေ့ပျောက်စေမှာပါ။
ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှု၊ ထူးခြားတဲ့ယဉ်ကျေးမှု၊
အစားအသောက်တွေက.. ဒေါ်အောင်ဆန်းစုကြည်အတွက်၊ သတိတရ စာတိုပေစရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက် ရှိနေနိုင်ပါတယ်။
ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း ရှိနေတာ မြင်ချင်တာပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ကျနော်တို့ခေါင်းဆောင်ဟာ
တိုင်းပြည်အတွင်းမှာသာမက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊
ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့.. နိုင်ငံရေးသမားတွေ၊
စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲ မကောင်းလှဘူး။
အဲလို ကျင့်ဝတ်ပျက်အတ္တ၀ါဒီတွေဆိုတာ..တိုင်းပြည်
အတွင်းအပြင်က မြန်မာလူမျိုးတွေသာမက ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမားတွေ၊
အစိုးရတွေပါ ကျနော်တို့ခေါင်းဆောင်ကို ၀န်းရံပြီး
ကျနော်တို့နိုင်ငံနဲ့ပြည်သူ တွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။
အဲဒါတွေ ကျနော်တို့မြင်နေရလို့လည်း. .ဒီလိုစာမျိုး ရေးဖြစ်သွားတာ။
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အနေအ ထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။
လက်ရှိ သမတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံ၊ ဓာတ်ပုံရိုက်ခဲ့တာကြောင့်၊ ကိုရီးယား သတင်းစာတွေက.. နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန် ဓာတ်ပုံတွဲရိုက်သင့်သလား လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အခုလည်း သမတနဲ့ သမတလောင်းကို သူတို့ဆီက သတင်းစာတွေ ဝေဖန်သရော်နေပါပြီ။
..အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှ င်နဲ့ ယှဉ်တွဲ ဓာတ်ပုံမရိုက်ပါနဲ့ ဆိုပြီး ရေးသားခဲ့တာတွေ ရှိပါတယ်။
ဒေါ်စုကိုဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမတအီမြောင်ဘတ်၊ ရွေးကောက်ပွဲအနိုင်ရပါတီ(Sa enuri Party)ရဲ့ အမျိုးသမီး သမတလောင်း
ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှမသက်ဆိုင်သလို နေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်းမပြခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံကမြန်မာ့ဒီ မိုကရေစီ
အင်အားစုတွေ၊ ပါတီပေါင်းစုံ လက်မှတ်ထိုး တောင်းခံမှုမှာလည်း
ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေး
ပူးတွဲလုပ်ခဲ့တယ်။
သမတလောင်းဘတ်ဂွန်ဟှဲကိုယ်တိုင် အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ ရုံမက.. ဒီလို
လက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ မြန်မာအစိုးရ(စစ်အစိုးရ)တို့  စီးပွားရေး အကျိုးတူဆောင်ရွက်နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသူပါ။
အခုသမတလောင်း ဘတ်ဂွန်ဟှဲ.ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။
(ကျနော်တို့ငယ်ငယ်ကပတ်ချုံဟီးဖလားဘော်လုံးပွဲ ဟာနာမည်ကြီးတယ်။
အာဏာရှင်ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက
ဦးနေ၀င်းထက်တနှစ်စောပြီး ၁၉၆၁ မှာ စစ်အာဏာသိမ်းပြီး တက်လာသူဖြစ်တယ်။
၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေး အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။
အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။
ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ်စံချိန်စံညွှန်း တွေ မျက်ကွယ်ပြုခဲ့တယ်။
ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရအမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့အတွေးအခေါ် နဲ့ တထပ်တည်းပဲ။
ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုံးက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီအားပေးပြီး လွတ်မြောက်ရေးအတွက် ရှေ့တမ်းက ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ( DUP)က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။
အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမတကင်ဒေးဂျုံပါတီက.. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရှိနေတုန်း အားတက်သရောထောက်ခံခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ ကိုယ်တိုင် သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ လက်မခံလို့ မတွေ့နိုင်ခဲ့ဘူး။
သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။
ဒီမိုကရက်တစ်၊ ပါတီဝင်တွေကိုယ်တိုင် ဟိုတုံးက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။
မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေး ထောက်ခံခဲ့တယ်။
ဒီနေ့အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြော က်ရေးနဲ့ ကင်းကင်းကွာကွာ နေခဲ့သူတွေဖြစ်တယ်။
အခုဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်တန်း ၀င်ပြီး၊ အာရှ၊ ဥရောပ၊ အမေရိကားနိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာတွေ့တော့မှာ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယားခရီး
အစီအစဉ်အသေးစိတ်ကို ဖတ်ကြည့်တော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့
ဒီမိုကရေစီ အင်အားစုတွေ မိုးထဲလေထဲ ရောက်နေချိန် စာနာ အားပေး ကူညီခဲ့ကြတဲ့
သမတဟောင်း ကင်ဒေးဂျုံပါတီက လူတွေကို ဘေးဖယ်ထားတာတွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက် အတူသောက်ခွင့်တောင် ပေးမထားဘူး။
ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုေ တွအတွက်တောင် မျက်နှာပူစရာအဖြစ်။
မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ်
စေတနာထား ဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့တောင်.. ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုေ တွ
“အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့တွေ့ဖြစ်ေ အာင် တွေ့ခွင့်ပေးပါ” လို့ မေတ္တာရပ်ခံလို့ ဖေဖော်ဝါရီ ၁ ရက် မနက်ကျမှ မိနစ်၂၀ လောက် တွေ့ခွင့်ရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။
“ဘုန်းတော်ကြီးအင်မ်ရောင်တန်” ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နဘေးက အိမ်အမှတ် ၅၄ ကို အပြေးအလွှားသွားခဲ့သူပါ။
ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့ Dongguk University ဟာ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း.. အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့ အားပေးနေတာဖြစ်တယ်။
ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမဲ့အစီအစဉ် ကို Seoul University နဲ့ Yonsei University မှာပဲ လုပ်ရမယ်လို့စီစဉ်လိုက်တော့ ကိုးရီးယားက မြန်မာတွေ မျက်နှာပူစရာ အနေအထားတွေဖြစ်နေရော..။
ဒီထက်ဆိုးတာက..ဒေါ်အောင်ဆန်း စုကြည်ရဲ့ခရီးစဉ်အတွက်..လေယာဉ်လက်မှတ်ကိစ္စပါ။
ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီ က.. ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့်လူ ၄ ယောက်အတွက်၊ အလာလက်မှတ်ပဲ တာဝန်ယူပြီး၊ အပြန်လက်မှတ် ဝယ်မပေးပါဘူး။
နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့ထင်ပြီး မယုံနိုင်ဘူး။
ဒါနဲ့ တောင်ကိုးရီးယားကမိတ်ဆွေတွေ ကို မေးမြန်းစုံစမ်းကြည့်တော့.. အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့.. ဘုန်းတော်ကြီးအင်မ်ရောင်တန် ကပဲ.. သူလေးစားချစ်ခင်တဲ့မိတ်ဆွေအ တွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ် တဲ့..။
ဘယ်လောက်များဝမ်းနည်းစရာကော င်းလဲ..။
ပြီးတော့ရှိသေးတယ်.. အရင်စစ်အစိုးရလက်ထက်က.. စီးပွားရေးတွေ တွဲပြီး အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်းလုပ်တုံး) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ညစာစားပွဲတွေ၊ တွေ့ဆုံ ညှိနှိုင်းပွဲတွေလည်း (၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။
အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာ သိန်းနဲ့ချီလှုဒါန်းမယ့် သတင်းတွေကလည်း ကြိုထွက်နေတယ်။
ကဲ….ဇာတ်လမ်းကတော့ မသန်းပဲ..။
ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့..တိုးတို က်ထိခိုက်မိလို့ ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။
မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့အမှန်ပဲ။
ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းက လိုတာပေါ့။
ဒီထက်ပိုပြီးလိုအပ်တာက“မိတ် ဆွေကောင်း”တွေပါ။ အလည်အပတ်သွားခဲ့တဲ့နိုင်ငံတိုင်းမှာ ဒေါ်စုက..မိတ်ဆွေကောင်းတွေအေ ကြာင်း၊ ကျင့်ဝတ်တရားတွေနဲ့မေတ္တာ၊ စေတနာတွေလွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေး ဝေငှလေ့ရှိတာ သတိထားမိပါတယ်။
ဒါပေမဲ့ဒေါ်စုယုံကြည်တဲ့၊ လိုလားတဲ့..ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ်ရှာဖွေတွေ့ရှိ၊ မရှိတော့ကျနော်တို့ မသိဘူး။
ဒါပေမဲ့ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။
ကျနော်တို့လိုအင်ရင် အမြဲပြုံးပြီးပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက.. မေတ္တာ၊ စေတနာနဲ့စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ်(၂၀)ကျော် ကျနော်တို့ မတ်မတ်ရပ်နိုင်ခဲ့တယ်။
ကျနော်တို့ပြန်ပေးနိုင်တာကလ ည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန်မေတ္တာလေးပါပဲ။ ကျနော်တို့မှာ..ငွေမရှိဘူး၊ အာဏာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်းမရှိဖူး။
ဒါပေမဲ့ကျနော်တို့အပေါ် အမြဲခွင့်လွှတ် နားလည်ချစ်ခင်နေတဲ့.. အမိလိုအဖလို ညီလိုအကိုလို…မိတ်ဆွေကောင်း တွေတော့ ရှိပါတယ်။
အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့လူ့ကျင့်ဝတ်တရား တွေပဲ ကျနော်တို့မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။
သူခိုးကိုသူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။
လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။
မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခုပြောပြချင်တယ်။
၂၀၀၄ ခုနှစ်က နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲ သွားတက်ခဲ့တယ်။
သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ..။
အဲဒီ အခမ်းအနားကိုမြန်မာ သံအမတ်ကြီးဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ) တက်စကားပြောတယ်။
သူပြောတာက A friend in need is a friend indeed. တဲ့.. လိုအပ်တဲ့အချိန်မှာ..ကူညီသူ ဟာ မိတ်ဆွေစစ်တဲ့။
၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ် တဲ့။
ရှင်းရှင်းပဲပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူး ဖော်ထုတ်သွားတာ နောက်မှ..၊
သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့သား သံအမတ်ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။
နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။
၈၈ က စလို့ ကျနော်တို့ဒီမိုကရေစီအင်အား စုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း ဘယ်သူတွေ ကူညီခဲ့လဲ? ဘယ်သူတွေဝင်ရှုတ်ခဲ့လဲ?
ခရိုနီတွေလား? စီအိုင်အေလား? NGOတွေလား? ..စစ်ဗိုလ်ချုပ်တွေလား?
ကျနော်တို့တတွေ..မိတ်ဆွေစစ် ဆိုတာ ဘာမှန်းမသိရသေးရင်တောင်…
မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ အကြောင်းတော့ သေသေချာချာသိသင့်တယ်..ထင်တာ ပဲ။ ။
ဧရာဝတီ
ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်ကတော့ မွန်းကြပ်ရှုတ်ထွေးပြီး၊ ဝေဖန်မှုတွေ အငြင်းပွားစရာတွေပြည့်နှက်ေ
ယာယီအခိုက်အတန့်အားဖြင့် မေ့ပျောက်စေမှာပါ။
ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှု၊ ထူးခြားတဲ့ယဉ်ကျေးမှု၊
အစားအသောက်တွေက.. ဒေါ်အောင်ဆန်းစုကြည်အတွက်၊ သတိတရ စာတိုပေစရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက် ရှိနေနိုင်ပါတယ်။
ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း ရှိနေတာ မြင်ချင်တာပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ကျနော်တို့ခေ
အဲလို ကျင့်ဝတ်ပျက်အတ္တ၀ါဒီတွေဆိုတ
အဲဒါတွေ ကျနော်တို့မြင်နေရလို့လည်း.
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အနေအ
လက်ရှိ သမတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆံ
အခုလည်း သမတနဲ့ သမတလောင်းကို သူတို့ဆီက သတင်းစာတွေ ဝေဖန်သရော်နေပါပြီ။
..အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီ
ဒေါ်စုကိုဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမတအီမြောင်ဘတ်၊ ရွေးကောက်ပွဲအနိုင်ရပါတီ(Sa
ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှမသက်ဆိုင်သလို နေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်းမပြခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံကမြန်မာ့ဒီ
သမတလောင်းဘတ်ဂွန်ဟှဲကိုယ်တိ
လက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ မြန်မာအစိုးရ(စစ်အစိုးရ)တို
အခုသမတလောင်း ဘတ်ဂွန်ဟှဲ.ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။
(ကျနော်တို့ငယ်ငယ်ကပတ်ချုံဟ
အာဏာရှင်ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက
ဦးနေ၀င်းထက်တနှစ်စောပြီး ၁၉၆၁ မှာ စစ်အာဏာသိမ်းပြီး တက်လာသူဖြစ်တယ်။
၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေး အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။
အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။
ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ်စံချိန်စံညွှန်း
ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရအမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့အတွေးအခေါ်
ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုံးက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီအားပေးပြီး လွတ်မြောက်ရေးအတွက် ရှေ့တမ်းက ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ(
အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမတကင်ဒေးဂျုံပါတီက.. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရှိနေတုန်း အားတက်သရောထောက်ခံခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖ
သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။
ဒီမိုကရက်တစ်၊ ပါတီဝင်တွေကိုယ်တိုင် ဟိုတုံးက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။
မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို
ဒီနေ့အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြော
အခုဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်တန်း ၀င်ပြီး၊ အာရှ၊ ဥရောပ၊ အမေရိကားနိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာတွေ့တော့မှာ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက် အတူသောက်ခွင့်တောင် ပေးမထားဘူး။
ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုေ
မြန်မာ့ဒီမိုကရေစီရေးအတွက်၊
စေတနာထား ဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့တောင်.. ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုေ
“အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့တွေ့ဖြစ်ေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။
“ဘုန်းတော်ကြီးအင်မ်ရောင်တန
ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့ Dongguk University ဟာ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း.. အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့ အားပေးနေတာဖြစ်တယ်။
ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်န
ဒီထက်ဆိုးတာက..ဒေါ်အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီ
နိုင်ငံခြားရေးဝန်ကြီးရုံးက
ဒါနဲ့ တောင်ကိုးရီးယားကမိတ်ဆွေတွေ
ဘယ်လောက်များဝမ်းနည်းစရာကော
ပြီးတော့ရှိသေးတယ်.. အရင်စစ်အစိုးရလက်ထက်က.. စီးပွားရေးတွေ တွဲပြီး အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်းလုပ်တုံး) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ညစာစားပွဲတွေ၊ တွေ့ဆုံ ညှိနှိုင်းပွဲတွေလည်း (၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။
အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာ သိန်းနဲ့ချီလှုဒါန်းမယ့် သတင်းတွေကလည်း ကြိုထွက်နေတယ်။
ကဲ….ဇာတ်လမ်းကတော့ မသန်းပဲ..။
ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့..တိုးတို
မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့အမှန်ပဲ။
ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းက လိုတာပေါ့။
ဒီထက်ပိုပြီးလိုအပ်တာက“မိတ်
ဒါပေမဲ့ဒေါ်စုယုံကြည်တဲ့၊ လိုလားတဲ့..ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ်ရှာဖွေတွေ့ရှိ၊ မရှိတော့ကျနော်တို့ မသိဘူး။
ဒါပေမဲ့ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။
ကျနော်တို့လိုအင်ရင် အမြဲပြုံးပြီးပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက.. မေတ္တာ၊ စေတနာနဲ့စာနာယိုင်းပင်းမှုတေ
ကျနော်တို့ပြန်ပေးနိုင်တာကလ
ဒါပေမဲ့ကျနော်တို့အပေါ် အမြဲခွင့်လွှတ် နားလည်ချစ်ခင်နေတဲ့.. အမိလိုအဖလို ညီလိုအကိုလို…မိတ်ဆွေကောင်း
အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့လူ့ကျင့်ဝတ်တရား
သူခိုးကိုသူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။
လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။
မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခုပြောပြချင်တယ်။
၂၀၀၄ ခုနှစ်က နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖ
သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ..။
အဲဒီ အခမ်းအနားကိုမြန်မာ သံအမတ်ကြီးဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး
သူပြောတာက A friend in need is a friend indeed. တဲ့.. လိုအပ်တဲ့အချိန်မှာ..ကူညီသူ
၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ် တဲ့။
ရှင်းရှင်းပဲပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူး ဖော်ထုတ်သွားတာ နောက်မှ..၊
သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့သား သံအမတ်ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။
နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။
၈၈ က စလို့ ကျနော်တို့ဒီမိုကရေစီအင်အား
ခရိုနီတွေလား? စီအိုင်အေလား? NGOတွေလား? ..စစ်ဗိုလ်ချုပ်တွေလား?
ကျနော်တို့တတွေ..မိတ်ဆွေစစ်
မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ အကြောင်းတော့ သေသေချာချာသိသင့်တယ်..ထင်တာ
ဧရာဝတီ
No comments:
Post a Comment