Friday, November 30, 2012

MTV EXIT ၏ ဖြစ်ရပ်မှန်လူကုန်ကူးမှု မှတ်တမ်းဗီဒီယို အပိုင်း (၁ - ၂)



MTV EXIT Live in Myanmar MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည်ကြည်နှင့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေ တွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းနှင့် လာအိုနိုင်ငံမှ လူကုန်ကူးခံရသူ အမျိုးသမီး ဗာဆာနာတို့၏ မချိမဆံ ခံစားခဲ့ရသော အတွေ့အကြုံများကို မှတ်တမ်းတင်ထားပါသည်။
အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိသတ်များနှင့် ၎င်းတို့ကိုယ်စားပြုသည့် အသိုင်းအဝိုင်းအဖွဲ့အစည်းများကို တင်ဆက်ပေးသည်။ တစ်ချိန်တည်းပင် လူငယ်များအနေဖြင့် ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့မိသားစုဝင်များကိုသော်လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့်သို့မည်ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သရုပ်ပြတင်ဆက်သည်။ ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူးအွန်မာရမ်မီနှင့် လူကုန်ကူးမှု ဆန့်ကျင်ရေးတွင် အောင်မြင်ထင်ရှားသော ဒေသခံ မကေသီရှိန်တို့နှင့် တွေ့ဆုံမေးမြန်းခန်းများမှာ စိတ်ဝင်စားဖွယ်ကောင်းလှ သည်။ ယင်းတွေ့ဆုံမေးမြန်းခန်းများတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိနေသည်များ၊ ယနေ့ ဖြစ်ပျက်လျက်ရှိသော အလွန်အရေးကြီးသည့် လူမှုဆိုင်ရာ အမည်းစက်နှင့်ပတ်သက်လျက်ရှိသော ပြဿာနာများကို ဖြေရှင်းရန် ဆောင်ရွက်ရမည့်အရာများကို တင်ပြသွားကြသည်။

No comments:

Post a Comment