သစ်ထူးလွင်
|
- ဒီလှိုင်းစာစောင် ရုံးခန်းသစ် ဖွင့်လှစ်ပွဲတွင် ပြောကြားသော ဒေါ်အောင်ဆန်း စုကြည် မိန့် ခွန်း
- ရွာသား (၆)ဦးအား အင်းအတွင်း ငါးခိုးဖမ်းသည်ဟုဆိုကာ တရားစွဲ
- ပြည်တွင်းစစ်များရပ်ဆိုင်းရန်လူ
မှု အဖွဲ့အစည်းများတောင်းဆို - ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်
- ၂၀၁၁ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ဆုရရှိသူများစာရင်း
- တရုတ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကြောင့် စပါးခင်းအချို့ မိုးစပါး စိုက်ပျိုးမရ ဖြစ်ခဲ့
- ရေကြောင်းပြောင်း ရေစီးအားပြင်းထန်မှုများကြောင့် သံလွင်မြစ်ဝကျွန်းအချို့ ကမ်းပြိုမှုဖြစ်ပေါ်
- အဓိကရုဏ်း ထိန်းသိမ်းနည်း ပို့ချရန် မြန်မာအစိုးရကို အမေရိကန်နှင့် အနောက်နိုင်ငံအချို့ ကမ်းလှမ်း
- ဗုန်းဗုန်းပြိုလဲပါတော့မည် ဘယ်သူထူပေးမှာလဲဟင်
- နေစရာမြေမရှိလို့ ဒီနေရာမှာလာနေကြတာပါ
- အိန္ဒိယ ကျောင်းသူ အလောင်း ဒေလီရောက်
- ပါကစ္စတန် တပ်သားတွေကို ပြန်ပေးဆွဲသတ်ဖြတ်
- နိုင်ငံခြားသားဆက်သွယ်မှုများ ကြားဖြတ်ယူခွင့် အမေရိကန်လွှတ်တော် သက်တမ်းတိုး
- တက္ကသိုလ်ကျောင်းသူ တစ်ယောက် သေဆုံးမှု သတင်း ပွင့်လင်း မြင်သာမှု ရှိရန် ရန်ကုန် ကွန်ပျူတာ(တ.က.သ) တောင်းဆို
- ရုရှား လေယာဉ် တစင်း မတော်တဆဖြစ်
- KIA လဂျားယန်ကို မြန်မာလေတပ် ဆက်လက်တိုက်ခိုက်
- ပဋိပက္ခဖြစ်ပွားဆဲနှင့် ပဋိပက္ခလွန်ဒေသများရှိ ဒေသခံများအတွက် လိုအပ်သော အခြေခံ ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ရန်လိုအပ်
- အိန္ဒိယမုဒိမ်းမှု လူသတ်မှုပါ ထပ်ဆင့်တိုး
- Who's who 2012- ဦးသိန်းညွန့်
- ငြိမ်းချမ်းရေးနှင့် စစ်ဘေးစစ်ဒဏ်
- မူလတန်းကလေးမိဘများ သတိထားရန်
- Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun
- ၂၀၁၁ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အနုပညာရှင် အချို့၏ ခန့်မှန်းချက်
- သီလဝါ၊ Visa နှင့် ရပ်ကျေး
- ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် (ဇူးဇူး)
Posted: 30 Dec 2012 06:57 AM PST
ကျွန်မတို့ ဒီလှိုင်း ရုံးခန်း သစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာ ဆိုလို့  ရှိရင် ကျွန်မတို့ အခုထုတ်တာ ဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။ ဒီတစ်နှစ်နီးပါးအ တွင်းမှာလဲ အတော်အတန် တိုးတက်မှု ရှိတယ်လို့  ကျွန်မတို့က ယုံကြည်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 30 Dec 2012 06:42 AM PST
ယမန်နေ့က ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော် မြို့နယ်တွင်းရှိ သရဲနှစ်ပင် ကျေးရွာမှ ရွာသား (၆)ဦးအား အင်းအတွင်း ငါးခိုးဖမ်းသည်ဟု ဆိုကာ တရားစွဲဆို ရုံးတင် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။ အမှုမှာ အင်းပိုင်ရှင် ဖြစ်သူ ဦးမြသိမ်းမှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သော်လည်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 30 Dec 2012 06:24 AM PST
ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်များ တိုက်ခိုက်နေမှုများ ချက်ချင်း ရပ်ဆိုင်းရန် တောင်းဆိုပွဲကို ငြိမ်းချမ်းရေး လိုလားသော ပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 30 Dec 2012 06:15 AM PST
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။ ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။ The Voice Weekly
| ||||
Posted: 30 Dec 2012 06:30 AM PST
၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၂။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တည်းဖြတ်ဆုကို ဟိန်းထက် (လယ်ဝေး) မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 30 Dec 2012 01:55 AM PST
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်း လုပ်ကိုင် လျက်ရှိသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် အတွင်းရှိ အိုင်းမဆည်၏ ရေလွှတ် မြောင်းများ တစ်လျှောက် ချခင်း တည်ဆောက်ခဲ့ရာ၌ ရေမြောင်းများကို ကန့်လန့်ဖြတ် ပိတ်နေခဲ့သောကြောင့် -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 30 Dec 2012 01:00 AM PST
ကျားပိုက်တားဆီး ငါးဖမ်းဆီးမှုကြောင့် ပင်လယ်ရေကြောင်း ပြောင်းကာ ရေစီးအား ပြင်းထန်မှု ဖြစ်ပေါ်ပြီး သံလွင်မြစ်ဝရှိ ရွှေဒင်္ဂါး၊ မြရတနာ၊ ယင်းဝိုင်းကျွန်းတို့ ကမ်းပြိုကာ တောင်ယာလုပ်ကွက် ၂၅ ဧကခန့် ရေထဲပြိုကျ ပျောက်ဆုံးမှု ဖြစ်ပေါ်လျက် ရှိကြောင်း သတင်းရရှိသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 30 Dec 2012 12:30 AM PST
ပြည်သူလူထု မကျေနပ်ချက်များ၊ ဆန္ဒများ ထုတ်ဖော်ပြသခွင့် ရရှိလာသည့် မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပေါ်နေသည့် ဆန္ဒထုတ်ဖော်မှုများနှင့် အဓိကရုဏ်းများကို ကိုင်တွယ် တတ်စေရေးအတွက် အဓိကရုဏ်း နှိမ်နင်းရေး နည်းပညာများ ပို့ချပေးမည်ဟု အနောက်နိုင်ငံ သုံးခုက ကမ်းလှမ်းထားကြောင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 29 Dec 2012 11:30 PM PST
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရုပ်လက္ခဏာ အိုမင်းရင့် ရော်ပြီး၊ လူနေရန် မသင့်ဟု စိစစ်တွေ့ရှိရ သော အဆောက်အဦး အိုအိုကြီးများကို ဖျက်သိမ်းရန်၊ ညွှန်ကြားပြီး လူနေခွင့်ပိတ် သိမ်းလေ့ရှိသည်။ လူနေခွင့် မပြုတော့သော အဆောက် အအုံများတွင် အကြောင်းအမျိုး မျိုးကြောင့် ခိုကပ်နေသော ပုဂ်္ဂိုလ်အချို့ သည် အဆောက်အအုံ ပြိုကျ၍ ဒုက္ခနှင့် ရင်ဆိုင်ရသော ဖြစ်စဉ်များ ကိုလည်း မကြာ ခဏကြားမိသည်။
ပြိုလုလုဖြစ်နေပြီး၊ ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေသော ရပ်ကွက်ပိုင်အဆောက် အအုံတစ်ခုတွင် ရပ်ကွက်တာဝန်ရှိ အဖွဲ့ အစည်း (၇) ခုတို့က ခပ်တည်တည်ဖြင့် အရောင်မှေးမှိန်နေသည့် ဆိုင်းဘုတ်ကြီးများ ချိတ်ဆွဲထားပြီး၊ ထီမထင်မြင် တွေ့နေရသော အဆောက်အအုံ အိုအိုကြီးနှင် စာဖတ်သူ အား မိတ်ဆက် ပေးချင်ပါသည်။ ထိုအဆောက်အဦး၏မြေနေရာကို ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးစကာလ တွင် ဗဟန်းမြို့နယ်ကျိုက္ကဆံရပ်ကွက်ကိ စာရေးသူသည်ထိုရပ်ကွက်သို့ ၁၉၅၅ ခုနှစ် ကျောင်းသားဘ၀တွင် စတင်ပြောင်းရွှေ့နေထိုင်ခဲ့ရာနှ စာရေးသူထိုရပ်ကွက်သို့ရောက်စကာ လထိုပြည်ထောင်စုလူငယ်အလေးမရုံတွ ၁၉၆၂ ခုနှစ်တပ်မတော်ကအာဏာ သိမ်းပြီး ၁၉၆၄ ခုနှစ်တွင် မြို့နယ်ကုန်သွယ် ရေးများပေါ်လာသောအခါ ထိုအဆောက် အအုံတွင် ဗဟန်းမြို့နယ်အရောင်းတစ်ဆိုင် ဖွင့်ခဲ့သည်။ ၁၉၆၈ ခုနှစ်ခန့်တွင် ဗဟန်း မြို့နယ်သမ၀ါယမဦးစီးဌာနက ရပ်ကွက် သမ၀ါယမအသင်းများ ရပ်ကွက်တိုင်းဖွဲ့စည်း ပေးခဲ့ရာ ကျိုက်္ကဆံရပ်ကွက်သမ၀ါယမ အသင်းရုံးခန်းအရောင်းဆိုင်သည်ထိ သမ၀ါယမအမှုဆောင်လူကြီးများကို အမျိုးမျိုးပုတ်ခတ်ပြောဆိုငြင်း ထိုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှာ ကွယ်ကွန်ကြပြီဖြစ်သည်။ မကျေနပ်သံဆူ ညံသံများစွာဖြင့် ချီတက်ခဲ့သော ကျိုက်္ကဆံ ရပ်ကွက်သမ၀ါယမအသင်းသည် ၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းတဖြည်းဖြည် စာရေးသူ၏မျက်အောက်တွင် ထိုအဆောက်အအုံပေါ်တက်နေအသုံးပြု နှစ်ပေါင်း (၅၇) နှစ်တိုင်းမျက်စိအောက် က ထိုအဆောက်အအုံကို ခပ်စိမ်းစိမ်း နေခဲ့သည်။ ၁၂.၁၂.၁၂ နေ့ကရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးမည့်ကိစ္စ လာရင်းကိစ္စပြီးမြောက်အောင်လှေ ကားကို ဆက်တက်သွားပြီး။ လှေကား ထိပ်ရောက်တော့ အခင်းပျဉ်များက ကြို တို့ကြဲတဲ့ အချို့နေရာတွင် အခင်းမရှိတော့၊ အပေါက်ကိုကျော်နင်းပြီး အုပ်ချုပ်ရေးမှူး ရုံးခန်းသို့လှမ်းခဲ့သည်။ ရောက်ပါပြီ။ အုပ်ချုပ်ရေးမှူးရုံးခန်းအုပ်ချ အောက်ကြမ်းပြင်ကို မျက်စေ့ခွာပြီး မော့ကြည့်လိုက်တော့ သွပ်မိုးများမိုးယို၍ သွပ်ပြားအောက်တွင် တာလပတ်ကြီးတစ် ချပ်မိုးထားသည်။ အုပ်ချုပ်ရေးမှူး၏ ဘယ်ဘက်တွင် ရပ်မိရပ်ဖ (၂) ဦးထိုင်နေ သည်။ အုပ်ချုပ်ရေးမှူး၏ညာဘက်တွင် စာရေးလေးနှင့် လူငယ် (၂) ဦး၊ ဧည့်စာ ရင်း၊ ထောက်ခံစာ၊ မကြာမီရွေးချယ်တော့ မည်အုပ်ချုပ်ရေးမှူးရွေးပွဲအတွ အုပ်ချုပ်ရေးမှူးနောက်ဖက်တွင် အကာပျဉ်များပြုတ်ကျနေသည်။ ဘေး ဘက်အခန်းလွတ်တွင် ရှုတ်ပွနေသော စာရွက်စာတမ်းများ၊ စက္ကူထည့်ထားသော အိတ်များက ဖရိုဖရဲရှိနေသည်။ အခန်း နှင့် ယှဉ်လျက်နေရာတွင် အိပ်ယာလိပ် များ၊ အ၀တ်အဟောင်းများ ပုဆိုးများ နွေးထည်များ တိုးလို့တန်းလန်းရှိနေသည်။ တစ်ဖက်ခန်းများကတော့လူနေလို့မရေ ခြေနင်း၍မရတော့ပါ။ အုပ်ချုပ်ရေးမှူးထိုင်ခုံ၊ ခြေလေး ချောင်းအနီးတွင် အပေါက်ကြီးတစ်ယောက် ရှိနေသည်။ လားလား၊ ကျွံကြလိုက်မှဖြင့် အုပ်ချုပ်ရေးမှူးပစ်္စည်းတွေ ညှပ်သွားကြ ပေမည်။ တစ်ဆက်တည်းကြမ်းပြင်ကို ငုံ့ ကြည့်လိုက်တော့ အပေါက်များမှ မြင်တွေ့ ရသော အောင်ထပ်မှ မီးရောင်များဖြစ် သည်။ လှေခါးရင်းတွင် အောက်ထပ်၌ မိသားစုတစ်စုနေသည်။ ဘိလိယက်ခုံရှိ သည်။ အလယ်ခန်းတွင် ရှုတ်ပွနေသော လျှပ်စစ်ပစ်္စည်းပြုပြင်သည့်ဆို ပလပ်စတစ်စများ တာလပတ်စများလွင့် ကျမသွားရစေရန် အုတ်ခဲအလုံးလိုက်၊ အုတ်ခဲထက်ပိုင်းကျိုး (၂၄) လုံးဖြင့် ဖိထားသည်။ ပလပ်စတစ်စနှင့် တာလ ပတ်စများကတော့ ငြိမ်နေပါသည်။ အကယ်၍ အုတ်ခဲများပြုတ်ကျပါက စဉ်းစားဝံ့စရာမရှိချေ။ အပြန်လမ်းဝရံကာကိုအသက်အောင့် ၍ နင်းပြီးထွက်ခဲ့ရာ လှေခါးထိပ်သို့ အရောက်တွင်အဆောက်အဦး၏ခြေရင်း ဘက်အကာများကို ကြည့်လိုက်တော့ အကာပျဉ်သုံးပုံနှစ်ပုံခန့်မရှိေ စိတ်ပျက်လက်ပျက်ဖြင့် ဆင်းလာရင်း အဆောက်အအုံရှေ့ရောက်တော့ အဆောက်အအုံကို မော့ကြည့်လိုက်မိ သည်။ အားတက်သွားသည်။ တစ်ရပ်ကွက် လုံးမှာရှိသော အဖွဲ့အစည်း (၇) ခု၏ ဆိုင်းဘုတ်များက အစီအရီခန့်ထည်စွာ ချိတ်ဆွဲထားသည်။ ထိုဆိုင်းဘုတ်များကို တစ်ခုချင်းအသံတိုးတိုးလေးထွက်ခါ (၁) မြန်မာနိုင်ငံစစ်မှုတမ်းဟောင်းမျ (၂) မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ ကျိုက္ကဆံရပ်ကွက်။ (၃) ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး။ (၄) ကျိုက္ကဆံရောင်းဝယ်ရေးသမ၀ါယမ အသင်းလီမိတက်။ (၅) ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး ကျိုက္ကဆံ ရပ်ကွက်။ (၆) ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ကျိုက္ကဆံရပ်ကွက်။ (၇) ဗဟန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ကျိုက္ကဆံရပ်ကွက်။ (၈) ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကျိုက္ကဆံရပ် ဖော်ပြပါရှိချိတ်ဆွဲထားသော ဆိုင်းဘုတ်များကြောင့် ရပ်ကွက်ကိုဘက် စုံက ဦးဆောင်နေသောအဖွဲ့အစည်းပေါင်း စုံရုံးစိုက်ရာအဆောက်အအုံဖြစ်ေ မောင်ချမ်(သူရဲသမိန်) Hot News | ||||
Posted: 29 Dec 2012 10:30 PM PST
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရှိ စက္ကူစက်ရုံ(စစ်တောင်း) ၏ ယူကလစ်စိုက်ခင်းအမှတ်၆/ ၂၀၀၄အတွင်း လူအချို့က အိမ် ခြံမြေနေရာများကို ယခုနှစ် စက် တင်ဘာလမှ စတင်၍ ၎င်းတို့ သဘောဆန္ဒဖြင့် ခွင့်ပြုချက်မရ ဘဲ ဖော်ထုတ်ခြင်း၊အိမ်များဆောက် လုပ်နေထိုင်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေသဖြင့် ထိုသူများ အား မြို့နယ်အုပ်ချုပ်ရေးမှူးက တွေ့ဆုံး၍ သတိပေးစကားပြော ကြားပြီးနောက် အုပ်ချုပ်ရေးမှူး က တွေ့ဆုံ၍သတိပေးစကားပြော ကြားပြီးနောက် သတ်မှတ်ရက် အတွင်းဖယ်ရှားပေးခြင်းမရှိပါက ဥပဒေနှင့်အညီအရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ရက်ကပြောသည်။
ဝါးဒတ်ကွင်းရပ်ကွက် ယင်း ယူကလစ်စိုက်ခင်းအတွင်း စက် တင်ဘာလက လူအင်အား ၁၀၀ ကျော်ဖြင့် အိမ်ခြံမြေကွက်များ ဖော်ထုတ်ခဲ့သဖြင့် မြို့နယ်အုပ်ဆုံ ကာ သတိပေးစကားများပြောကြား ပြီးနောက် ခြံကွက်ဖော်ထုတ်ထား သော ငုတ်များအားဖယ်ရှားခဲ့ကြ သည်။ သို့ရာတွင် ကျူးကျော်သူ များက အောက်တိုဘာလကုန် ပိုင်းမှစ၍ ကညင်အိုင်နှင့်ဇီး ပြောင်း ၅သွားရာလမ်းဘေး၌ ယာယီတဲငယ်များဆောက်လုပ်၍ ကျူးကျော်မှုများပြုလုပ်သဖြင့် စက်ရုံမှတာဝန်ရှိသူများက သက် ဆိုင်ရာသို့ တင်ပြပြီးနောက် ယင်း တဲငယ်များကိုဖယ်ရှားခဲ့သည်။သို့ ရာတွင် ကျူးကျော်သူများက ယာ ယီတဲငယ်များအပြင်လူနေတဲများ ပါ ဆောက်လုပ်နေထိုင်ခဲ့ကြသ ဖြင့် စက်ရုံမှတာဝန်ရှိသူများက သိမ်ဇရပ်ရဲစခန်းတွင် အမှုတိုင် ကြားခဲ့ရာ ကျူးကျော်သူ(၂၃)ဦး အား (ပ)၄၈/၂၀၀၈ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၄၇ဖြင့် တရား စွဲဆိုခဲ့သည်။ထိုသို့တရားစွဲဆို ထိုသို့ဖော်ထုတ်ကြရာတွင် ရန်ကုန်မြို့အလုပ်သမားသမဂ္ဂများ လွတ်လပ်ရေးတာဝန်ခံဦးမြင့်စိုး (ခ)လေဘာမြင့်စိုးက ဦးဆောင် ခဲ့ပြီး အပတ်စဉ်ထုတ်သတင်း ဂျာနယ်အချို့နှင့် SKY NET ရုပ်သံ တို့ကိုလည်း ဖိတ်ခေါ်ရှင်းလင်းခဲ့ သည်။ ရပ်မိရပ်ဖစေတနာ့ဝန်ထမ်း အဖွဲ့အနေနှင့်ခြံမြေကွက် ၄၇၄ ကွက်ဖော်ထုတ်ရန်ရှိပြီး ၆၀ပေx ၈၀ပေ ခြံထွက်တစ်ကွက်အတွက် ငွေ၃၃၀၀၀ကျပ် ကောက်ခံခဲ့ ကြောင်း ဒီဇင်ဘာ၁၈ရက်အထိ ခြံကွက် ၃၀၂ကွက်ဖော်ထုတ်ခဲ့ပြီး ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။ အဆိုပါခြံမြေကွက်ဖော်ထုတ် နေသူများအား ဒီဇင်ဘာ ၁၇ရက် နှင့်၁၉ရက်တို့တွင် ကျိုက်ထိုမြို့ နယ် အုပ်ချုပ်ရေးမှူးဦးမျိုးအောင် ကျူးကျော်နေအိမ်ဆောက် လုပ်နေထိုင်သူတစ်ဦးက ““နေစရာ နေရာမှာလာနေကြတာပါ။မြေ နေရာစီစဉ်ပေးရင်တော့ ပြန်ပြောင်း မှာပါ။မစီစဉ်ပေးဘဲနဲ့တော့ ဒီနေ ရာမှာဘဲနေမှရမယ်။တရားစွဲရင် လည်း ခံရုံဘဲရှိတယ်။ တချို့လူ တွေကိုလည်းတရားစွဲထားတယ်လို့ သိရပါတယ်””ဟုပြောသည်။ ၎င်းင်းတို့ကျူးကျော်နေထိုင် သော ကညင်းအိုင်နှင့်ဇီးပြောင်း ၅သွားရာလမ်းတွင် ခြံကွက် ၁၃၀ ကျော် ဖော်ထုတ်ထားပြီး အိမ် ထောင်စု ၆၀ခန့်နေထိုင်လျက်ရှိ ကြောင်း ထိုသူကပြောသည်။ရပ်မိရပ်ဖ စေတနာ့ဝန်ထမ်းခြံ ကွက်ဖော်ထုတ်သူတစ်ဦးက ““အုပ်ချုပ်ရေးမှူးပြောလို့ ကျွန်တော် တို့ ခြံကွက်ဖော်ထုတ်တာ နှစ်ရက် လောက်ရပ်နားထားတယ်။ သူတို့ ဘက်က ခြံမြေရရှိရေးစီစဉ်မပေး နိုင်ရင်တော့ ဒီထက်ပိုမစောင့်ဘဲ နောက်ရက်တွေမှာ ဆက်ပြီး ဖော် ထုတ်သွားမှာပါ။ဖြစ်လာသမျှရင် ဆိုင်ဖို့ စီစဉ်ထားပါတယ်””ဟုပြော သည်။ မင်းနန္ဒ - Hot News | ||||
Posted: 29 Dec 2012 10:00 PM PST
နယူးဒေလီမှာ ဘတ်စ်ကားပေါ် လူအုပ်နဲ့ မတရား ပြုကျင့် မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသူရဲ့ ရုပ်အလောင်းကို ပြန်သယ်လာတဲ့ သီးသန့် လေယာဉ်ဟာ ဒေလီ နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စင်ကာပူမှာ ဆေးသွားကုရင်း စနေနေ့ နေ့ဦးပိုင်းက ကွယ်လွန် ခဲ့တာ ဖြစ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 29 Dec 2012 08:30 PM PST
ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသမှာ တွေ့ရှိတဲ့ ရုပ်အလောင်း ၂၁ လောင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က စစ်သွေးကြွတွေ ပြန်ပေးဆွဲ ခံရတဲ့ အစိုးရ လက်အောက်ခံ အရပ်သား လက်နက်ကိုင် အဖွဲ့က တပ်သားတွေရဲ့ အလောင်းတွေ ဖြစ်ကြောင်း ပါကစ္စတန် အာဏာပိုင် တွေက ပြောကြား ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 29 Dec 2012 07:30 PM PST
အမေရိကန် ပြည်ထောင်စုရောက် နိုင်ငံခြား သားတွေရဲ့ တယ်လီဖုန်း စကားပြောဆို မှုတွေနဲ့ အင်တာနက် ဆက်သွယ်ရေး တွေကို ပြည်ထောင်စု အစိုးရက ၀ရမ်းမလိုဘဲ ကြားဖြတ် နားထောင်ခွင့်ပြုတဲ့ ဥပဒေကို နောက်ထပ် ၅ နှစ်သက်တမ်း တိုးမြှင့်ရေး အထက်လွှတ်တော်က မဲအများစုနဲ့ မနေ့က အတည်ပြု လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 29 Dec 2012 06:30 PM PST
ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ကျောင်းဝင်းအတွင်း ဖယ်ရီကြိုပို့ ယဉ်ဖြင့် တိုက်မိပြီး သေဆုံး သွားခဲ့သော ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ မချောသဇင်ဝတ်မှုံသိန်း သေဆုံးမှု သတင်းကို ပါမောက္ခချုပ် အပါအဝင် ကျောင်းဆရာ/ဆရာများက ဖုံးဖိထားခြင်းကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 29 Dec 2012 05:00 PM PST
ရုရှား လေယာဉ် တစင်းဟာ မော်စကိုမြို့ ဗနူကိုဇာ လေဆိပ်ကို ဆင်းသက်စဉ် မတော် တဆ ဖြစ်ပြီး ပြေးလမ်းကို ကျော်ထွက် သွားခဲ့ ပါတယ်။ အဲဒီနောက် လေယာဉ်ဟာ လေယာဉ်ကွင်း
ခြံစည်းရိုးကို ဝင်တိုက်မိကာ မီးလောက် ပေါက်ကွဲ သွားပြီး၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 29 Dec 2012 04:30 PM PST
“အခု ဒီမှာ စကားပြောနေတုန်းပဲ၊ လဂျားယန်မှာ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ပစ်နေတာ။ အခု ၅ နာရီ ၂၀ လောက်မှာ စပြီးပစ်တယ်။ အခုလည်း ပစ်နေတုန်းပဲခင်ဗျ။ ဒီနေ့ လဂျားယန်မှာ သုံးကြိမ်မြောက်ပေါ့။ ဒီနေ့ ၁၂ နာရီခွဲမှာ တကြိမ် တစင်း လာပစ်တယ်။ ခဏ ၃ နာရီခွဲမှာ တကြိမ် လာပစ်တယ်၊ အခု ၅ နာရီ ၂၀ မှာ နောက်တကြိမ် လာပစ်တယ်ခင်ဗျ။ ခုထိ ပစ်တုန်းပါ။” အဲဒါ လဂျားယန် ဒေသမှာပဲလား၊ တခြား ဒေသတွေရော ပစ်တာခတ်တာ ရှိလား။ - “လဂျားယန်မှာတော့ ဒီနေ့ သုံးကြိမ်ပစ်တယ်။ နောက်ပြီးတော့ ကျန်တဲ့ဟာကတော့ ကံတောင်ယန် နားမှာရှိတဲ့ ဂန်ဒေါင်ဒု ဆိုတဲ့စခန်းမှာ၊ အဲဒီမှာလည်း နှစ်ကြိမ် လာပစ်တယ်။ နောက်ပြီးတော့ နမ့်ဆမ်ယန် အရပ် အနောက်ဘက် ဘန်ဒေါင် ဆိုတဲ့ ကျေးရွာအနီးမှာလည်း လာပစ်တယ်ခင်ဗျ။” ဒါက လေကြောင်းက တိုက်တာပေါ့နော်။ တခြား မြေပြင် တိုက်ပွဲတွေရော ပြင်းပြင်းထန်ထန် ရှိသေးလားခင်ဗျ။ “မြေပြင် တိုက်ပွဲတွေ ရှိတယ်ခင်ဗျ။ ဒီနေ့ မနက်ကစပြီးတော့ မြေပြင် တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က နည်းနည်း ထိခိုက်မှု များလာတဲ့အခါမှာ ဂျက်လေယာဉ်ပျံနဲ့ ကူပစ်ပေးတာမျိုး လုပ်တယ်ခင်ဗျ။” မြေပြင် တိုက်ပွဲတွေက ဘယ်ဘက်နားမှာဖြစ်တာလဲ ခင်ဗျ။ - “ဒီ လဂျားယန်မှာလည်း ဖြစ်တယ်။ ဒီ ဂန်ဒေါင်ဒု ဆိုတဲ့ အရပ်မှာလည်း ပစ်တယ်။ နမ့်ဆမ်ယန် အနောက်ဘက်မှာလည်း မြေပြင် တိုက်ပွဲတွေ ရှိတယ်ခင်ဗျ။” အခုလေယာဉ်ကနေ ပစ်ခတ်လို့ ကေအိုင်အေ ဘက်ကပဲ ဖြစ်ဖြစ်၊ အရပ်သား ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ အပျက်အစီးတွေ ဘယ်လောက်များ ရှိလဲခင်ဗျ။ - “ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ထိခိုက်မှု မရှိဘူး။ အခု နောက်ဆုံး လာပစ်တာတော့ သတင်းမရသေးဘူးခင်ဗျ။” ဒုက္ခသည်တွေ အခြေအနေရော ဘယ်လိုရှိလဲ။ - “ဒုက္ခသည်တွေကတော့ ဒီ လေယာဉ်တွေ လာပြီဆိုတော့ သတိ အနေအထားနဲ့ နေကြတယ်။” အစိုးရ စစ်တပ်ကနေပြီးတော့ ကေအိုင်အို လဂျားယန် ဒေသကနေ ဆုတ်ပေးဖို့ ဆိုပြီး ရာဇသံ ပေးပြီးတဲ့နောက်ပိုင်း ဖြစ်တဲ့သဘော ဆိုတော့ ဒီအပေါ်မှာ တုံ့ပြန်လာတဲ့ သဘောလား။ - “အဲဒါ ဖြစ်ပါလိမ့်မယ်။ ရာဇသံကို သူတို့ လက်တွေ့ အကောင်အထည် ဖော်တာ ဖြစ်မယ်။ အဓိက ကတော့ ဗဟိုဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီနေရာမှာ သူတို့ ရဖို့ အရေးကြီးတယ်။ အဲဒီဒေသမှာ သူတို့ နေရာ ၀င်ယူလိုက်ပြီဆိုရင် ဗဟိုဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ဖို့ လက်တကမ်းပဲ လိုတော့တယ်။ အဲဒီလိုဟာမျိုး ထိန်းချုပ်နိုင်အောင် စီမံချက်ပဲ ဖြစ်မယ်လို့ ကျနော် ယူဆတယ်။” အဲဒီတော့ လဂျားယန်နဲ့ လိုင်ဇာနဲ့က တော်တော်လေး နီးတဲ့သဘောလား။ - “နီးပါတယ်။ ၅ မိုင် ၆ မိုင်လောက်ပဲ ရှိတယ်ခင်ဗျ။” တဘက်မှာ ဦးလာနန် တို့အနေနဲ့ ကေအိုင်အေ အနေနဲ့ မြန်မာအစိုးရ အာဏာပိုင်တွေ နဲ့ တရားဝင် တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းတွေရော မရှိဘူးလား။ ဒီကိစ္စ ပြောနိုင် ဆွေးနွေးနိုင်တဲ့ လမ်းကြောင်း။ - “အဲဒီလိုတော့ မရှိဘူးခင်ဗျ။” အဲဒီတော့ အစိုးရဘက်ကို တရားဝင်တော့ အကြောင်းမကြားရသေးဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့။ - “ဒီကိစ္စက သူတို့ သိပြီးသားပါ။ သူတို့ရဲ့ စီမံချက် ရှိတဲ့အတိုင်း လုပ်ဆောင်တဲ့ ကိစ္စပါ။ ဒါကြောင့်မိုလို့ ဒီကိစ္စမှာ ကျနော်တို့က ခင်ဗျားတို့ လေယာဉ်နဲ့ လာပစ်ပါတယ် ဆိုပြီးတော့ ပြောစရာလည်း မလိုပါဘူး။ ဒါ သူတို့ပဲ စဉ်းစားပြီးတော့ လုပ်ရမယ့် ကိစ္စတခုပါ။” ဟိုတလောက လဂျားယန် ဘက်ကနေ ဆုတ်ပေးရမယ်။ မဆုတ်ပေးရင် သူတို့ဘက်က တိုက်မယ်ဆိုတဲ့ ရာဇသံပေးတဲ့နောက်ပိုင်းမှာ ဦးအောင်မင်း ဆီကို ကေအိုင်အေ ကနေပြီးတော့ ကန့်ကွက်စာ ပို့တယ်လို့ ကြားပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘာများ တုံ့ပြန်တာ ရှိပါလဲ။ - “သူတို့ဘက်က တုံ့ပြန်ဖို့တော့ မရှိဘူး။ သူတို့ဘက်ကလည်း သူတို့ဆီက စာနဲ့ တုံ့ပြန်တာကို မျှော်လင့်ပြီးမှ ပို့တဲ့စာတော့ မဟုတ်ဘူး။ ဒီ အစိုးရရဲ့ လုပ်ရပ်အပေါ်မှာ မှားယွင်းပါတယ် ဆိုတဲ့ဟာကို ကျနော်တို့ မှတ်တမ်းအနေနဲ့ မှတ်တမ်းတင်နိုင်ဖို့ ဆိုပြီး ကန့်ကွက်ထားတဲ့ စာသဘောပဲ ရှိတယ်ခင်ဗျ။” ကေအိုင်အေ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ အလားအလာ တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ထားလဲ။ အခု အခြေအနေ ဖြစ်လာတယ်ဆိုတော့။ - “အခု လောလောဆယ် သုံးလေးရက် အတွင်းမှာ သူတို့ရဲ့ စစ်ဆင်မှုကို ကြည့်မယ်ဆိုရင်တော့ ဒီ တွေ့ဆုံ ဆွေးနွေးမှုကတော့ ခက်ခက်ခဲခဲ နဲ့ ပြန်ပြီးတော့ အစဖော်ရမယ့်ပုံစံ လို့ မြင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေ အားလုံးက ဒီလိုမျိုး စစ်ရေးနည်းနဲ့ စစ်အင်အား အလုံးအရင်းနဲ့ လေကြောင်းနဲ့ တိုက်ခိုက်လို့ပဲ ဒီ ပြဿနာတွေဟာ ပြေငြိမ်းနိုင်စရာ အကြောင်း မရှိဘူး။ စားပွဲပေါ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်လာမှ ဒီကိစ္စတွေက ပြေလည်နိုင်စရာ အကြောင်းရှိတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အဖွဲ့အစည်းကတော့ ဒီကိစ္စတွေ အားလုံးဟာလည်း ခက်ခက်ခဲခဲ နဲ့ ဖြစ်ပါစေ၊ တွေ့ဆုံ ဆွေးနွေးပြီးမှပဲ အဖြေရှာရမယ့် လုပ်ငန်းလို့ပဲ ကျနော် မှတ်ယူထားတယ်ခင်ဗျ။” ကေအိုင်အေ နယ်စပ်ဘက်က တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့အခါကျတော့ တရုတ် နိုင်ငံ ဘက်ကနေပြီးတော့ အခု ကေအိုင်အေမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က လှုပ်ရှားမှုရှိလား။ သူတို့ဘက်က ဘယ်လို သဘောထား ရှိလဲ အခြေအနေက။ - “သူတို့ဘက်က ဒီကိစ္စအပေါ်မှာတော့ တိုက်ရိုက် ပြောဆိုတာတော့ မရှိဘူး။ ဒါပေမဲ့ နယ်စပ်တလျှောက်မှာ သူတို့ စစ်အင်အားတွေ အလုံးအရင်း ချထားတာမျိုး၊ လက်နက်ကြီးစခန်းတွေ နေရာ ချထားတာမျိုးတော့ သူတို့ သတင်းရထားတယ်ခင်ဗျ။” အဲဒါက ဘာအတွက် ပြင်တာလဲ။ ကေအိုင်အေ ဘက်က ၀င်လာမှာစိုးလို့လား။ တခြား အတွက် ပြင်တာလား။ ဘယ်လို ယူဆရလဲ။ - “အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ သတင်းရတဲ့အတိုင်းပေါ့နော်။ နယ်စပ်ဒေသကို သူတို့ စစ်အင်အား အလုံးအရင်းနဲ့ ထိုးလာတယ်ဆိုတဲ့ဟာမျိုး၊ နောက်ပြီးတော့ ဒီမှာ လေယာဉ်နဲ့ ပစ်ခတ်နေတယ် ဆိုတာကို တရုတ်ဘက်ခြမ်းက ဒီအတိုင်း အတိုင်းသား မြင်နေရတဲ့ကိစ္စတွေ ရှိတယ်။ မနေ့က ပစ်ခတ်မှုမှာ ဆိုရင် လေယာဉ်တစီးဟာ တရုတ်ဘက် မီတာ ၅၀၀၊ ၆၀၀ လောက်ကို နယ်ကျွံသွားတာမျိုး ရှိတယ်။ အဲဒီကိစ္စအပေါ်မှာ သူတို့ သတိအနေအထားနဲ့ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်နိုင်ဖို့ ဖြစ်လိမ့်မယ်လို့ ထင်တယ်ခင်ဗျ။” ကိုသားညွှန့်ဦး (ဗွီအိုအေ မြန်မာဌာန)
| ||||
Posted: 29 Dec 2012 03:30 PM PST
ပဋိပက္ခ ဖြစ်ပွားဆဲနှင့် ပဋိပက္ခလွန် ဒေသများရှိ အမျိုးသမီး၊ အမျိုးသားများအတွက် မဖြစ်မနေလိုအပ်
သော အခြေခံကျန်းမာရေးဝန်ဆောင်မှုများ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း စစ်တမ်းများအရ လေ့လာ တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသ များမှ အမျိုးသမီး၊ အမျိုးသားများ၏ ခြားနားသောလူမှုလိုအပ် ချက် အခွင့်အရေးများနှင့် ပတ်သက်၍ Gender and Development Initiative-Myanmar မှ ဦးစီးပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်နှင့် Knowledge an |
[Message clipped] View entire message
No comments:
Post a Comment