Saturday, December 1, 2012

သစ်ထူးလွင် သတင်းစုစည်းမှု ( ၁-၁၂)


သစ်ထူးလွင်


Posted: 01 Dec 2012 01:15 AM PST
သြ၀ါဒခံယူပွဲပြီးဆုံး

စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက မိမိတို့ အနေဖြင့် အကြိမ်ကြိမ် တားဆီးခဲ့ ပါကြောင်း၊ လူများက သံဃာတော်များကို အကာကွယ်ယူပြီး ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း၊ သပိတ် စခန်းများအား ဖြိုခွင်းချိန်တွင် လူများမရှိကြဘဲ သံဃာတော်များသာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သံဃာတော်များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရပြီး တောင်းပန် ပါကြောင်း ပြောသွားခဲ့သည်။

သတင်း - ဓါတ်ပုံ ။  ။ Eleven Media Group



ရဲတပ်ဖွဲ့ဝင်များဓမ္မာရုံအတွင်းဝင်ရောက်လာကြစဉ်


လာရောက်စောင့်ကြည့်နေသောမုံရွာမြို့ခံများ




Posted: 01 Dec 2012 12:55 AM PST
မုံရွာမြို့၊ ရွှေစည်းခုံ ဘုရားဝင်း အတွင်းရှိ တင်ဝင်ထွန်း ဓမ္မာရုံတွင် အမှတ်(၁) ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက တန်ဆောင်မုန်း လပြည့်နေ့တွင် အကြမ်းဖက် ခဲ့မှုအတွက် သံဃာတော်များအား တောင်းပန်ရန် ယနေ့ နေ့လယ် ၂ နာရီတွင် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Dec 2012 12:43 AM PST
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများရှိ သံဃာတော်များကို ဝန်ချ တောင်းပန်ရန် စောင့်ဆိုင်းစဉ်။  ဓါတ်ပုံ - The Voice Weekly

လက်ပံတောင်းတောင် အရေးကိစ္စ၌ ဒဏ်ရာ ရရှိခဲ့သဖြင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသခံနေသော သံဃာတော်များ အနက် ဝေဒနာ ပြင်းထန်စွာ ခံစားနေရသည့် ဆရာတော် သုံးပါးအား မန္တလေးသို့ ပို့ဆောင်ကုသရန် ယခု(၁-၁၂-၀၂၊ နေ့လည် ၁နာရီ ၅၀ မိနစ်) စီစဉ်နေကြောင်း မုံရွာသို့ ကိုယ်တိုင် ကွင်းဆင်း သတင်း ရယူနေသော မြန်မာသံတော်ဆင့်၏ တာဝန်ခံ အယ်ဒီတာက သတင်းပေးပို့သည်။

မန္တလေး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသခံယူမည့် ဆရာတော် သုံးပါးအနက် တစ်ပါးမှာ အမောဖောက် နေပြီး ကျန်နှစ်ပါးမှာ မီးလောင် ဒဏ်ရာကြောင့် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသည် ဟု ၄င်းကဆိုသည်။

“ အဲဒီ ဘုန်းကြီးနှစ်ပါးက တော်တော် အခြေအနေ ဆိုးတယ်။ ခြေတွေ၊ လက်တွေတုန်နေတာ။ တစ်ပါးက အမောဖောက်နေတာ ” ဟု အဆိုပါ တာဝန်ခံအယ်ဒီတာ ဦးဆန်းဝင်းထွန်းက ပြောသည်။

မြန်မာသံတော်ဆင့်


Posted: 01 Dec 2012 12:25 AM PST
"ပြစ်မှု ကျူးလွန်ခြင်း မရှိပဲ အစားထိုး ထောင်ကျ နေတာကို တရားခံ အစစ် အမှန် ဖော်ထုတ် ပေးဖို့ စစ်ဖက်နဲ့ အရပ်ဘက်တိုင်း၊ ဗဟို ဌာန ဆိုင်ရာ တွေရော နိုင်ငံတော် သမ္မတကြီး အထိ အကြိမ်ကြိမ် တင်ပြခဲ့တာ (၃)နှစ် တိတိရှိခဲ့ပေမယ့် ဘယ်သူကမှ ဆောင် ရွက် ပေးနိုင်ခြင်း မရှိခဲ့လို့ တရားဝင် ဆန္ဒ ထုတ်ခွင့် တင်လိုက်တာပါ"ဟု ဖခင်ဖြစ်သူ ဦးရွှေဝါက ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 01 Dec 2012 12:11 AM PST
ကြေးနီတောင် စီမံကိန်းအား အစိုးရမှ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိလျှင် ရန်ကုန် ဆန္ဒ ထုတ်ဖော်မှုအား ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း ဆူးလေ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ရဟန်း သံဃာများထံမှ သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညနေပိုင်း၌ မြေနီကုန်းမှ ဆူးလေဘုရားသို့ သံဃာတော်များ ဦးဆောင်ကာ ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ထားသည်ဟု သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 30 Nov 2012 11:57 PM PST
Posted: 30 Nov 2012 11:39 PM PST
ဆားလင်းကြီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်သည် အကြမ်းဖက် နှိမ်နင်းရန် ၅ နာရီ အလိုခန့်တွင် သပိတ် စခန်းများအား လာရောက်၍ ဒုတိယ အကြိမ် အသိပေးခြင်းနှင့် လာရောက် အကူအညီ
ပေးခြင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ပြီးနောက် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 30 Nov 2012 11:23 PM PST
မဖြူဖြူဝင်းတို့သည် မီးလောင်ဗုံးများဖြင့် အကြမ်းဖက် ခံရခြင်း ဖြစ်ကြောင်းနှင့် ၄င်းတို့ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ရလဒ်များထက် လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့် ရန်ကြိုးစား သွားမည်ဟု ပြောကြားသည်။

“ဒီစီမံကိန်းကို ရှေ့ဆက်ပြီး ရပ်တန့်အောင် လုပ်မှာပဲ၊ ဒါဟာ လူမျိုး သာသနာ အကုန် စော်ကားတာ၊ သူတို့ စရောက်ပြီ ဆိုကတည်းက အစ်မ တို့ခံနေရတာ။ တရားဥပဒေမဲ့သည် အထိဖြစ်တယ်၊ တရုတ် ယောကျာ်းလေးတွေ ကော့ပြတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ညောင်ကြီး ရဲစခန်းကို တိုင်ချက်ဖွင့်တယ်၊ ဒါကို လုံးဝ တာဝန်မယူဘူး၊ အရေးလဲ မယူဘူး၊ဆားလင်းကြီး မြို့နယ်ကနေ ဘက်ကလဲတိုင်တယ်၊ နှစ်ကြိမ်တိတိ တိုင်ခဲ့တယ်၊ အဲဒါကို လက်သင့် ခံတာပဲရှိတယ်၊လုံးဝကို မဖြေရှင်းပေးဘူး၊ ဒါဟာ တရားဥပဒေ နည်းလမ်းမမှန်ဘူး၊ အစ်မတို့အ ပေါ် လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာ” ဟု ၄င်းက ပြောကြားသည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

မြန်မာ့ခေတ်
မဖြူဖြူဝင်း



Posted: 30 Nov 2012 11:07 PM PST
မုံရွာ၊ဒီဇင်ဘာလ ၁။

မုံရွာမြိ့နယ်ရှိ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မရှင်သို့ မင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားများ ယနေ့နေ့လယ် ၁ နာရီတွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ ၊ ကိုဌေးကြွယ် အပါအ၀င် အခြားနယ်မြေများမှ ပွင့်လင်း လူ့အဖွဲ့အစည်း များ ရောက်ရှိ ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်စီမံကိန်းဒေ သမှ ဒေသခံများနှင့် တွေ့ဆုံခြင်း ဒဏ်ရာရရှိသော သံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်

စူးရှ (မြန်မာ့ခေတ်)






Posted: 30 Nov 2012 11:02 PM PST
လက်ပန်းတောင်းတောင် ဆန့်ကျင် ကန့်ကွက်ရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင် ဒဏ်ရာရတဲ့ သံဃာ တော်တစ်ပါး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက် ဆန္ဒပြ ခဲ့ကြတဲ့ သပိတ် စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှု အတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်း သံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေ အတွက် အာဏာပိုင်တွေ ဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ  ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တ၀က်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့  မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)


Posted: 30 Nov 2012 05:38 PM PST
လယ်ရိတ် သိမ်းချိန် ကာလတွင် တောင်သူများ လုပ်ငန်းခွင် ၀င်ရောက်ပြီး လယ်ရိတ်သိမ်း ကြသည်။ ကောက်ပင်များ ကြား ခိုအောင်း နေတတ်သော မြွေဆိုး အန္တရာယ်ကို အမြဲ ရင်ဆိုင် နေကြရသည်။ မြွေအန္တရာယ်ကို တစ်ဦးချင်း ဖြစ်စေ၊ စုပေါင်း ကာကွယ်၍ ဖြစ်စေ၊ နှိမ်နှင်းကြရန် လိုအပ်ပါသည်။ မြွေနှင့် ပတ်သက်သော အသိပညာပေးမှုကို ကျေးလက်တောရွာ အရောက်ဆောင်ရွက်ကြရန် လိုအပ်နေပါပြီ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Nov 2012 05:22 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး သပိတ်မှောက် နေကြသူတွေကို အာဏာပိုင် တွေက အင်အားသုံး ဖြိုခွဲ ခဲ့တဲ့အပေါ် ပြည်သူ့ လွှတ်တော် တရားဥပေဒ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လူသိ ရှင်ကြား ထုတ်ဖေါ် ဝေဖန် လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အာဏာပိုင် တွေ အနေနဲ့ သံဃာတော်တွေကို တောင်းပန်ဖို့ လိုမယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား


Posted: 30 Nov 2012 05:22 PM PST
ဒေါ်အောင်ဆန်းစုကြည်က လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင် အမြန်ဆုံး ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ကြောင်းနဲ့ သပိတ် စခန်းတွေကို ဖြိုခွဲခဲ့တဲ့ တာဝန် ရှိသူတွေ အနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ၀န်ချတောင်းပန်ဖို့ တိုက်တွန်း ထားကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆို လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သောင်းချီတဲ့ မုံရွာ လူထုကို မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာလ ၃၀၊၂၀၁၂)


Posted: 30 Nov 2012 05:10 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ဖို့ ဆန္ဒပြ နေကြတဲ့ သံဃာတော် တွေနဲ့ ရွာသားတွေကို အာဏာပိုင်တွေ ဘက်က အကြမ်း နည်းနဲ့ နှိမ်နင်း ခဲ့မှု အပေါ် မကျေနပ်တဲ့ ဆန္ဒ ပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့ ပါတယ်။ သံဃာတော်တွေ အိပ်မောကျ နေတဲ့ ဝေလီဝေလင်း အချိန်မှာ သပိတ် စခန်းကို အာဏာပိုင်တွေ ဘက်က ဖြိုခွင်း ပုံဟာ လက်နက်ကိုင်တွေရဲ့ စခန်းကို ဝင်စီး ပုံမျိုး ဖြစ်နေတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဓိ ကရုဏ်း နှိမ်နင်းရေး ရဲတွေ ဖြိုခွဲ ရာမှာ မီးလောင် သွားတဲ့ မြင်ကွင်း



Posted: 30 Nov 2012 04:42 PM PST
ဒီဇင်ဘာလ(၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်…Vol-1,No-38

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Nov 2012 08:59 AM PST
ဆူးလေမှာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေဟာ ဗိုလ်တစ်ထောင်မြို.နယ်ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်ရုံးရှေ.ကို ဆက်လက် ချီတက်သွားခဲ့ပြီး ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
(ရိုက်ကူး-ဇေကြီး၊ ညီငယ်) DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

လက်ပတောင်းတောင် အရေးမှာ သံဃာတော်တွေ ကို အကြမ်းဖက်မှုကိစ္စ နဲ့ပတ်သက်ပြီး ရန်ကုန် မြို့ ရှိသံဃာ အပါး ၃၀ ခန့် ဆူးလေ ဘုရားမှ ဦးပိုင်ကုမ္ပဏီ အထိ လမ်းလျှောက် ချီတက် ဆန္ဒ ထုတ်ဖော်။





Posted: 30 Nov 2012 08:55 AM PST
၃၀-၁၁-၂၀၁၂(ထိုင်းနိုင်ငံ၊ဘန်ကောက်)

(၂၉-၁၁-၂၀၁၂) နေ့ မနက်ပိုင်း အချိန်မှာ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ကန့်ကွက် ရှုတ်ချသည့် အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ သံဃာတော် အပါး(၅၀)ကျော်က ယနေ့ နေ့လည်(၁)နာရီ ၁၅ မိနစ်အချိန်မှ စတင်ကာ (၂)နာရီ ၃၀ မိနစ်အချိန်ထိ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မေတ္တာသုတ် ရွတ်ဆိုခြင်းနှင့် မြန်မာအစိုးရကို
 တောင်းဆိုချက်(၅)ချက်တောင်းဆိုပြီး ဆန္ဒပြ ကြွချီခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းတောင် အကြမ်းဖက်မှုကို  မြန်မာသံဃာတော်များ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ ။ ဓါတ်ပုံ - MNN







Posted: 30 Nov 2012 08:18 AM PST

မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် အကြမ်းဖက်ခံရသည့် သံဃာတော်များကို တွေ့ ရစဉ်။
မုံရွာ၊ နိုဝင်ဘာ ၃၀

လက်ပန်တောင်းတောင် ကြေးနီး စီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြနေကြသည့် ရဟန်း သံဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒေသခံ ရဟန် သံဃာတော်များကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မနက်ဖြန် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်၊ စနေနေ့တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ၊
တင်ဝင်းထွန်း ဓမ္မာရုံ၌ မွန်းလွဲ ၁နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

အဆိုပါ တောင်းပန်ပွဲသို့ တက်ရောက်ရန် မုံရွာမြို့ပေါ်ရှိ ရဟန်းသံဃာတော် အပါး ၁၀၀အထက် ရှိသော ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားပြီး မြို့မိမြို့ဖများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

The Voice Weekly


Posted: 30 Nov 2012 08:12 AM PST
လက်ပံတောင်း အကြမ်းဖက်မှု နဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရှုတ်ချ လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Aung Nay Myo



Posted: 30 Nov 2012 07:37 AM PST
ဓါတ်ပုံ - Eleven Media Group
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံ ရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ဖက်တည်း ကိုယ်လိုချင်တာချည်း တောင်းလို့မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အားလုံးကနေ အတူတူရှာရမယ်။ အဖြေတစ်ခုရှာတယ်ဆိုတာဟာ အပေးအယူ လုပ်တတ်ရမယ်။ အလျော့အတင်း လုပ်တတ်ရမယ်။ ကျွန်မအမြဲပြောတယ်။ လောကကြီးက အနတ္တလောကပဲ အနတ္တဆိုတာ  ကိုယ်စိုးမိုးလို့ ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှ ၁၀၀ ရာခိုင်နှုန်း ဖြစ်လို့မရဘူး။ ငါဖြစ်ချင်တိုင်း ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားလို့တော့ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုတော့ ကောင်းကောင်းထူထောင်လို့ ရမှာမဟုတ်ပါဘူး။

ကျွန်မပွင့်ပွင့်လင်းလင်း ပြောမှာနော်။ ကျွန်မပြည်သူတွေအကြိုက်ကို လိုက်မပြောဘူး။ ပြည်သူတွေအကြိုက်ကို လိုက်ပြောတဲ့သူလည်း ပြည်သူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ ပြည်သူတွေကို အသုံးချချင်တဲ့သူပဲ။

ကျွန်မဒီကိုလာတဲ့ကိစ္စက လက်ပံတောင်းတောင်ကိစ္စနဲ့ လာတာပဲ။ ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဒီလို လိပ်ခဲတည်းလည်းနဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်ဆိုတာ မသင့်တော်ဘူး။ နောက်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတစ်ခုကလည်း ပါနေတယ်။ တရုတ်နိုင်ငံပေါ့။ အားလုံးခေါင်းထဲမှာ ထားရမှာက ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ထူထောင်မယ်ဆိုရင် ကျွန်မတို့ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ သိက္ခာနဲ့ ကိုက်ညီအောင် နေနိုင်ရမယ်။ အဲဒီဟာမှာ ဘာပါလဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင်လို့ နေနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာက နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့ရတယ်။  နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့တဲ့အချိန်မှာ လုပ်ပုံလုပ်နည်းတွေဟာ ပြည်သူရဲ့ဆန္ဒမပါတဲ့ လုပ်ပုံလုပ်နည်းတွေ ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုဆိုတာလည်း မရှိခဲ့ဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ထည့်ပြီးတွက်တယ်ဆိုတာလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ဆက်ပြိးတော့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့နေရာမှာ နှစ်ဖက် စဉ်းစားရမယ်။ အရင်တုန်းက ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ အာဏာရှင်နည်းနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်တွေကို ခံစားတဲ့နေရာမှာ ဘယ်လောက်ထိ တာဝန်ရှိတယ် မရှိဘူးဆိုတာကို စဉ်းစားရမယ်။ အရေးကြီးဆုံးကိစ္စတစ်ခုက တာဝန်ပဲ။ ကျွန်မကတော့ တာဝန်ရှိမှုကို အင်မတန်မှ လေးစားပါတယ်။ ကျွန်မတို့အားလုံးဟာ ဒီလိုစိတ်ဓာတ်ရှိရမယ်။ ဘ၀ရဲ့ဆုံးခန်းမှာ ငါဟာ တာဝန်တွေအားလုံး ကျေခဲ့ပြီ။ တတ်နိုင်သလောက် ကျေခဲ့ပြီပေါ့။ ၁၀၀ ရာခိုင်နှုန်းလည်း ကျေချင်မှကျေနိုင်မှာ။ တစ်ခါတလေမှာ တာဝန်ဆိုတာဟာ ဟိုဘက်ကတာဝန်၊ ဒီဘက်ကတာဝန် ကိုယ် ပိုပြီးအလေးထားရမယ်ဆိုတဲ့ တာဝန်ကို လုပ်ရတယ်။ တာဝန်တွေအားလုံး ကျေတယ်ဆိုတာကတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်။ ဒါပေမယ့် အဓိကယူထားတဲ့ တာဝန်တွေတော့ ကျေတယ်ဆိုတာ ဖြစ်စေချင်တယ်။ ကျွန်မတို့နိုင်ငံက ကိုယ့်နိုင်ငံသားတွေ အားလုံးတာဝန်ရှိတယ်ဆိုတာ လက်ခံထားရမယ်။ ဒီတော့ အာဏာရှင်စနစ်အောက်က ကတိက၀တ်ပြုခဲ့တဲ့ ဟာတွေကို ကျွန်မတို့အခုခေတ်မှာ တည်ဖို့လိုလား အလေးထားဖို့လိုလားဆိုတာကို မေးရမယ်။ အဲဒီလိုမေးတဲ့အခါမှာ နိုင်ငံတကာမှာ ကျွန်မတို့နိုင်ငံရဲ့ အနေအထားကိုလည်း ပြန်ပြီးတော့ကြည့်ရမယ်။ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နိုင်ငံနှစ်နိုင်ငံ ကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရတယ်။ လိုက်နာရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ဆန္ဒမပါဘဲနဲ့ ယူထားတဲ့ သဘောတူညီချက်တွေကို အဲဒါဟာ တစ်ချို့ဟာတွေက လေးစားရမှာပဲ လိုက်နာရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့
...

[Message clipped]  View entire message

No comments:

Post a Comment