မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေန
၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင
စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက် အစိုးရအဖွဲ့ good governance ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့ပြီး၊ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ အထိဖြစ်သည်။ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အရ ကမ္ဘာ့အဆင့်မှာ စင်္ကာပူက နံပါတ် (၂ ) ရှိသည်ဟု Freedom House နောက်ဆုံးအစီရင်ခံစာက ဖော်ပြသည်။
၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် မွေးဖွားလာတဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် စီးပွားရေး အောင်မြင်မှု ဒီလောက်ဖြစ်လာရသလဲ။
အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။
(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု
(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။
ခြင်္သေ့မြို့တော်ရဲ့ ပညာရေး ၇ ချက်
ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။ စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်က ကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားသည်။
ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင်၊ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် တီထွင်ဆန်းသစ်မှုတွေလုပ်နို
နောက် အရေးပါတဲ့ ဒုတိယအချက်က စင်္ကာပူလူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသေ
စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် ဒေသိယဘာသာစကား မျိုးစုံ အသုံးပြုသလို၊ ကျောင်းသားတွေက ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။
တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အကယ်ဒမစ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးရလဒ်ထွက်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာ အားကောင်းတဲ့ အမေရိက၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာသင်ပေးသည်။
စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးခြင်း ဖြစ်သည်။
ပဉ္စမအချက်က အစိုးရ ပေါ်လစီမှာ အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးစားပေးခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။
ဆဌမအချက်က ဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကိ
စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က စင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေ ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှု မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒါ့အပြင် စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက
အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်း
ရည်ညွှန်း; The Nation
http://www.maukkha.org/
No comments:
Post a Comment