သစ်ထူးလွင်
|
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွင့်ပြုထားတဲ့ ငွေဒဏ်ပဲ ပေးသင့်တယ် (ရုပ်/သံ)
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရ
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ကို ပယ်ဖျက်ပေးရန် ရန်ကုန်မှာ စာရွက်စာတမ်းများဝေ
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မခံကြောင်း ဆန္ဒထုတ်ဖော်
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြော
င်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား - တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲ (ဓါတ်ပုံ)
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား မီးသဂြိုလ်ပြီးစီး
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ်တောက်မည်
မဟုတ်ဟုဆို - မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခိုရန် တွန်းအားပေးသလို ဖြစ်နေ
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက်များ ဖိအားပေးခံရ
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံ
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
Posted: 27 Dec 2012 06:18 AM PST
ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ပြစ်ဒဏ် ပေးတဲ့အခါ မှာ ဥပဒေက ခွင့်ပြုထားတဲ့ ငွေဒဏ်ပဲ ပေးသင့်တယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် က ပြောကြား လိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ကေခိုင်ကျော် က ပေးပို့ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 06:13 AM PST
ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်မည့် ပညာရေး ရန်ပုံငွေ ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က အကျဉ်းထောင် အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ ခံစား ခဲ့ရပုံ များကို ထောင်တွင်း အချုပ်ခန်း ပုံစံပြု လုပ် ပြသသွားမည် ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 06:02 AM PST
ကျွန်တော်တို့ စီးလာသော ကားသည် သာယာဝတီ အ၀င်မှာ အစစ်ဆေး ခံရသည်။ ကားစပယ်ယာက ““ခဏ၊ ခဏ စစ်လို့မပြီး တော့ဘူး””ဟု ညည်းတွားသည်။ ထိုအသံကို ကြားသွားသော ရဲဘော်တစ်ဦးက ကားသမားကို ကင်းမြီးကောက် ထောင်ခိုင်းပြီး ၁၅ မိနစ်ခန့် အပြစ်ပေးသည်။ မလှမ်းမကမ်းမှာတော့ အနီရောင်တွင် စာလုံးအဖြူကြီးများနှင့် ရေးထားသော ဆိုင်းဘုတ်ကြီးကို တွေ့နေရသည်။ ““တပ်မတော်သာအမိ၊ တပ်မတော်သာအဖ””တဲ့။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 05:00 AM PST
ယနေ့ နံနက် ၁၀ နာရီကျော်တွင် ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးရှိ လဂျားယန် အနီးမှ ကျေးရွာ တစ်ရွာမှ စိုက်ခင်း တစ်ခုသို့ အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 04:12 AM PST
ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ) ကိုပယ်ဖျက်ပေးရန် အတွက်ယနေ့ နေ့လည် ၂ နာရီ ခန့်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က သိမ်ကြီးဈေးမှ မင်္ဂလာ ဈေးအထိ လမ်းလျှောက်ကာ စာရွက်စာတမ်း များဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 04:03 AM PST
ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ မန္တလေးမြို့တွင် ပုဒ်မ၁၈ နှင့် ပုဒ်မ၅၀၅(ခ) အား လက်မခံကြောင်း ယနေ့ မွန်းလွဲ ၂နာရီတွင် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။ ပုဒ်မ၁၈ ဖြင့် ဖမ်းဆီး အရေးယူ ခံရသော ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း၊ ကိုသိန်းအောင်မြင့်၊ ကိုသန်းထိုက်၊ ကိုနိုင်လွင်(ခ) ကျော်ကြီးတို့အား----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 03:51 AM PST
"အားလုံးက သိပါတယ် ကျွန်မတို့ နိုင်ငံက ဆင်းရဲတယ် ဆိုတာကို သိပါတယ် ၊ သဘာဝအရ ဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့် ဆင်းရဲတယ် ဆိုတာ အများကြီး သိနေပြီးသား ဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာ ပညာလိုတယ် ပြောင်းချင်တိုင်း ပြောင်းလို့မရဘူး၊ -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 03:30 AM PST
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှစ၍ တပ်မတော် အရာရှိကြီး များ၏ ပွဲတက် ၀တ်စုံအချို့ကို ပြောင်းလဲ ခဲ့ကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပသော တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် ၁၄ သင်တန်း ဆင်းပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 03:10 AM PST
သတင်း- ဓါတ်ပုံ RFA Burmese | ||
Posted: 27 Dec 2012 02:50 AM PST
ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ် အဖြစ် တာဝန်ယူ လိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်း လေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည် များအား ဖော်ပြအပ်ပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Dec 2012 02:41 AM PST
ဒီဇင်ဘာ ၂၅ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က အဲပုဂံ လေကြောင်း လိုင်းမှ ခရီးစဉ်အမှတ် W9-011 လေယာဉ်သည် မန္တလေး လေဆိပ်မှ ဟဲဟိုး လေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ် ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ ပျက်ကျမှုကြောင့် သေ ဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Dec 2012 02:29 AM PST
“ဆရာ စာတွေ ရေးတယ်ဆို”
သမီးများကို အိမ်တွင် လာရောက်၍ အင်္ဂလိပ်စာ သင်ကြား ပေးနေသော ရန်ကုန် မြို့ထဲမှ အင်္ဂလိပ် စာနည်းပြ တစ်ဦးမှ မေးလာခဲ့သည်။ “ဟုတ်ပါတယ် နည်းနည်း ပါးပါးရေး ဖြစ်ပါတယ်” “ဒါဆိုရင် ဆရာရယ် လိုင်းကားဒရိုင် ဘာတွေ၊ စပယ်ယာတွေ မိုက်ရိုင်းတဲ့ အကြောင်းရေး ပေးပါလားဗျာ” “ဘာတွေ ဖြစ်ခဲ့လို့လဲဗျ”ဟုမေးရ၏။ “ကျွန်တော်လိုင်းကားစီးတိုင်း ဒရိုင်တာ၊ စပယ်ယာတွေရဲ့ မိုက်မိုက်ရိုင်းရိုင်းပြော တာဆိုတာ ဆက်ဆံတာခံရတယ်ဗျာ။ ကားမောင်းကြမ်းတဲ့ ဒဏ်ခံရတယ်ဗျာ။ ကျွန်တော်အပြောအဆိုမခံရလည်း အခြား ခရီးသည်တစ်ယောက်မဟုတ်တစ်ယောက် တော့ ခံရတာပဲ။ ပြောတာဆိုတာတွေကို နားမခံသာပါဘူး။ မြန်မာ့ယာဉ်ကျေးမှုနဲ့ လုံးဝမအပ်စပ်ပါဘူးဆရာရာယ်။ သူတို့က ဒရိုင်ဘာက (၁) ယောက်၊ စပယ်ယာက (၂) ယောက်ဆိုတော့ ဘယ်ခရီးသည်က မှလည်း ယှဉ်ပြီးပြန်မပြောရဲကြပါဘူး။ တော်တော်ကို ရိုင်းလို့ပြောတာပါ။” “ကောင်းပါပြီဗျာ။ ကျွန်တော်စုံစမ်း ပြီး အချက်အလက်စုဆောင်းကြည့်ပါဦး မယ်။ မှန်ရင်တော့ရေးကြည့်မယ်ဗျာ” “ကျွန်တော်ပြောတာက အမှန်ပါတွေ ဆရာ ကျွန်တော်ဘယ်လိုင်းကားစီးစီး ဆက်ဆံပုံက သိပ်မကွာပါဘူး။ အတူတူ ပါပဲ”ဟု သူအတွေ့အကြုံအရ ခံစားရမျှ ကို ပြောပြ၏။ လိုင်းကားယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များ၏ အပြောအဆို၊ အမူ အယာ၊ ၀တ်စားဆင်ယင်မှုနှင့် အလေ့ အထများကို လေ့လာရန် ကိုယ်တိုင်လိုင်း ကားစီး၍လည်းကောင်း၊ လိုင်းကားစီးခရီး သည်များထံမှလည်းကောင်း၊ လိုင်းကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ နှင့် တွေ့ဆုံ၍လည်းကောင်းမှတ်တိုင်မျာ မှတ်တိုင်တွင်လေ့လာနေစဉ်အဓိပတိ (အ၀ါ)ပေါ်မှ ယာဉ်မောင်းမှ ယာဉ်နောက် လိုက်အား အော်ဟစ်ဆူလိုက်သည့်အသံ ကိုကြားရသည်။ ဘေးကလူကများတော့ နားမခံချင်စရာ။ “လူခေါ်တင်လေကွာ။ အော်လေကွာ မင်းဘာလုပ်နေတာလဲ။ အတိတ်မေ့နေ တာလား။ ရွှေပျောက်နေလား။ သန်းကိုက် နေလား။ ၀ဲကုတ်နေလား။ မှုံဝါးဝါးနဲ့”ဟု နင်ပဲငဆ ညွှန်ကြားအမိန့်ပေးလေ၏။ ထိုအသံကိုကြားသော ယာဉ်နောက် လိုက်မှာ ခုံများပြည့်နေပြီး မတ်တပ်ရပ်ခရီး သည် (၂၀) ယောက်ခန့်ရှိနေသည့်အထဲမှ “အပေါ်လမ်းကို အပေါ်မင်းကို ထိုင်စီးရ မယ်၊ ထိုင်စီးရမယ်”ဟု အော်ခေါ်နေတော့ ၏။ ယာဉ်နောက်လိုက်တို့၏ ထူးခြားမှု က ပုံသဏ္ဍာန်နှင့် ၀တ်စားဆင်ယင်မှုပင် ဖြစ်သည်။ ဆံပင်ကမသပ်မရပ်၊ အပေါ် အင်္ကျီက အောက်ခံကတီရှပ်ဝတ်ထားပြီး ယူနီဖောင်းက ရင်ဘတ်ကြယ်သီးမတတ်။ ခါးတွင်ခါးပတ်မပါ။ တချို့ကပါသော်လည်း ခါးပတ်ကိုချိတ်မထား။ ဘောင်းဘီရှည်က လူမှန်ဆိုဒ်မှန်မဟုတ်သလိုတချို့ ယာဉ်အတွင်းဆေးလိပ်မသောက်ရ ဟု သတိပေးတားမြစ်ချက်စာရေးထား သော်လည်း ဒရိုင်ဘာနှင့် စပယ်ယာအများ စုကတော့ လက်ကြားတွင်စီးကရက်ကိုယ် စီနှင့် အိုက်တင်ပေးလျက် ခရီးသည်များက နှာခေါင်းရှုံ့လျက် ယူနီဖောင်းအရောင် ကလည်း ခွဲခြားထားသည်။ ပါရမီယာဉ် လိုင်းက ကာကီရောင်အင်္ကျီ၊ ဘောင်းဘီ ကနက်ပြာ၊ မထသလိုင်းများတွင်တော့ အပေါ်ကအပြာရင့်၊ (သို့) အပြာနု၊ ဘောင်းဘီက အပြာနက်၊ သို့သော် ချွေး စားမှု၊ နေရောင်စားမှု၊ အကြိမ်ကြိမ်အခါ ခါလျှော်ဖွယ်ရမှုများကြောင့် မူလအရောင် များလွင့်စင်ပျောက်ကွယ်ကုန်ကြေ ယာဉ်မောင်းယာဉ်နောက်လိုက်များ ရဲ့ ခံစားချက်က ယာဉ်လိုင်းအလိုက် ကွဲ ပြားကြသည်။ မထသလိုင်းများက ရတဲ့ ၀င်ငွေကိုမူတည်ပြီး ရာခိုင်နှုန်းအလိုက်ပေး သည်။ တစ်စီးနှင့် တစ်စီးပြိုင်ဆိုင်မှုမပြင်း ထန်လွန်း၊ စည်းကမ်းလိုက်နာမှုသင့်သည်။ ကားပိုင်ရှင်များမှာ ကားအစီးရေနည်းသည့် အတွက် ယာဉ်မောင်းယာဉ်နောက်လိုက် များကို စနစ်တကျကြီးကြပ်ကွပ်ကွဲနိုင် သည်။ ယာဉ်ပိုင်ရှင်သည် ယာဉ်မောင်း ထက်ယာဉ်နောက်လိုက် (ငွေကိုင်)ကို ယုံကြည်စိတ်ချရသည့် ငယ်မွေးခြံပေါက် ကို မွေးထားသည်။ ယာဉ်မောင်းကျတော့ အသောက်အစားနည်းသူ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံ သပ်သပ်ယပ်ယပ်ရှိသူကို ဦးစားပေးခန့်ထားသည်ဟု သိရသည်။ ယာဉ်ပိုင်ရှင်သည် ယာဉ်မတော်တဆတိုက် ခိုက်မှုဖြစ်ပါက ယာဉ်မောင်းယာဉ်အကူ ကိုကြည့်သည်။ မိသားစုကိုစောင့်ရှောက် သည်။ ရဲအမှုကို ကူညီဖြေရှင်းပေးသည် ဟုဆိုသည်။ ပါရမီယာဉ်လိုင်းများဖြစ်သည့် အဓိ ပတိ အပြာ၊ အ၀ါ၊ အနီအလိုက် ပါရမီ ၁၇၄၊ ၁၃၂၊ ၁၃၃ အလိုက်နေ့စဉ် ပုံမှန် (စံချိန်) ကြေးသတ်မှတ်ထားသည်။ ယာဉ် မောင်းများအနေဖြင့် နေ့စဉ်စံချိန်ကြေး Gas ဖိုး၊ ယာဉ်မောင်းယာဉ်နောက်လိုက် များစားစရိတ်၊ နေ့တွက်စရိတ်၊ ဟိုပေး ဒီပေးစရိတ်များ ရအောင်ရှာကြတော့ သည်။ စနေ။ တနင်္ဂနွေနှင့် အခြား ရုံးပိတ် ရက်ကဲ့သို့ လိုင်းကားစီးခရီးသည်နည်း သောရက်များတွင်လည်း စံချိန်ကြေးမလျှော့ ပေးသဖြင့် အလုအယက်အပြိုင်အဆိုင် မောင်းကြရသည်။ စံချိန်ကြေးမပြည့်ပါက ကားပြန်အပ်လျှင် အကြွေးဖြင့်အပ်ရသည်။ ငွေအဆင်ပြေတဲ့ ရက်ရောက်မှ ပြန်ဆပ် ရသည်ဟုဆိုသည်။ ဒီကိစ္စများပြောပြ ရေးပြနေရတာက ယာဉ်မောင်းများ အပြိုင်အဆိုင်မောင်းရ ခြင်း၊ ယာဉ်နောက်လိုက်များခရီးသည်ကို အမဲဖျက်သလို ကားပေါ်ကိုအတင်းဆွဲတင် ခြင်း၊ ကားမရပ်မိ မှတ်တိုင်ရောက်မီ အဆင်ပြေတဲ့နေရာများတွင် ခရီးသည်ကို နွားမောင်းသလိုမောင်းချခြင်းတို “ရှေ့ကားကို လိုက်ဖိုက်ထားဆရာ နောက်ကားမှီလာတော့မယ်။ ရှေ့မီး ပွိုင့်မှာ အတင်းဖြတ်ပြီးချန်ထားခဲ့မယ်” ဆိုသည်က ယာဉ်နောက်လိုက်များ၏ ယာဉ်မောင်းများကို မတရား၊ မဟားဒရား မောင်းစေရန် သွေးထိုးပေးမှုများဖြစ်သည်။ ထိုသို့ ယာဉ်နောက်လိုက်ထံမှ သတိပေး အမိန့်ရသည်နှင့် တစ်ပြိုင်နက် (၉၇) ဒိုင် နာလိုင်းကားယာဉ်မောင်းသည် ကားခေါင်း ပေါ်တက်နေဆဲအမျိုးသမီးနှစ်ဦးကား အချို့လိုင်းကားများသည်ကား တစ်စီးချင်း၏နေ့စဉ်ပေးသွင်းရမည့ ယာဉ်မောင်းများမှားယွင်းစွာဆုံး “ညအိပ်ရပ်နားတဲ့ကားဝင်းတွေထဲမှ ညဆိုရင် ညလုံးပေါက်နီးပါ ဖဲဝိုင်းတွေရှိ တယ်။ အရက်ဝိုင်းတွေရှိတယ်။ ကားတွေ ပေါ်မှာ အနီးနားပတ်ဝန်းကျင်ဆိုင်တွေထဲ မှာ မီးတိုင်တွေအောက်မှာ စည်းမဲ့ကမ်း မဲ့ပဲ၊ ဖဲရိုက်တော့အိပ်ရေးပျက်တော့ ကားထိမ်းသိမ်းမောင်းနှင်ရာ အားနည်း လာပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေ ဖြစ်၊ ဖဲရှုံးတော့ ခိုးမှုတွေဖြစ်အကျင့်တွေ ပျက် ငွေရအောင်ပိုရှာဆိုတော့ ယာဉ် စည်းကမ်းလမ်းစည်းကမ်းတွေကို ချိုးဖောက် ရတော့တာပေါ့”ဟု ဆို၏။ လမ်းတွင်ရှိသော အချိန်ထိန်းအဖွဲ့ အချိန်ထိန်းဂိတ်များနှင့်လည်း ပတ်သက် ၍ “အချိန်ထိန်းအဖွဲ့တစ်ဖွဲ့ကို ကားတစ် စီး ၂၀၀ ပေးရတယ်။ “မပေးလျှင် ဘာဖြစ် သလဲလို့မေးတော့”မပေးရင်သူတို့ရဲ “ကျွန်တော်တို့ကလည်း လူတွေကြား ထဲတိုးဝှေ့ရ၊ ကားပေါ်အတက်အဆင်းက လည်း မကြာခဏလုပ်ရ၊ တချို့ကားဆို ဂျမ်းတုံးခုရ၊ ယာဉ်ထိန်းရဲဆီနဲ့ အချိန်ထိန်း ဂိတ်ဆီပြေးရလွှားရနဲ့ ယူနီဖောင်းဝတ်တာ ကြိုလည်း သိပ်အလေးမထားနိုင်ပါဘူး ဆရာရယ်”တဲ့ “မင်းတို့ကို ရိုင်းတယ်ရိုင်းတယ်နဲ့ ပြည်သူကပြောနေကြတာ ယဉ်ယဉ်ကျေး ကျေးဆက်ဆံလို့မရဘူးလားကွာ”ဟု လှည်းတန်းကိုနေ့စဉ်ဖြတ်နေကျ အဓိပတိ (အ၀ါ)မှ ယာဉ်နောက်လိုက်တစ်ဦးကိုမေး ကြည့်ရာ “နောက်ကိုပြင်မယ်၊ မနက်ကျရင်ပြင် မယ်နဲ့တော့ ဆုံးဖြတ်ထားတာပဲဆရာ။ ဒါပေမဲ့ ကားပေါ်ရောက်တော့ ခရီးသည် အမျိုးမျိုးနဲ့ ဆက်ဆံရ၊ ယာဉ်မောင်းကဆူ၊ အလုပ်ကပင်ပန်းနဲ့ ဆက်ဆံရေးတွေ အပြောအဆိုတွေရိုင်းစိုင်းကုန်ေ ကဲ ယာဉ်နောက်လိုက်တွေက ဆက်ဆံ ပုံရိုင်းစိုင်းတာဝန်ခံပါပြီ။ ယာဉ်မောင်းတွေ အမောင်းကြမ်း၊ အကွေ့ကြမ်း၊ လမ်းစည်းကမ်းယာဉ်စည်း ကမ်းဖောက်တာလိုင်းကားစီးခရီးသည် “ကျွန်တော်တို့ကတော့ နေ့စဉ်နီးပါး တန်းစီးပြီးမှာတာပဲ။ တနင်္လာ၊ သောကြာ ဆို မပျက်မကွယ်ကို တန်းစီပြီး အသေး စိတ်ကိုမှာတာပဲဆရာ။ အရေးယူစရာရှိရင် လည်း တိတိကျကျအရေးယူတာပဲ။ ဒါပေမဲ့ ယာဉ်လိုင်းတွေများတော့ တစ်လိုင်းမကောင်းတစ်လိုင်း၊ တစ်စီးမ ကောင်းတစ်စီးပြောင်းနေကျတော့ ခက်သားလားဆရာရဲ့” ဒီဒဏ်တွေကို ဘယ်သူတွေခံကြရ သနည်း။ ယာဉ်စီးပြည်သူများခံကြရသည်။ ပိုပြီးခံရတာ အဘိုးအို၊ အဘွားအိုများ၊ ကိုယ်ဝန်သည်မိခင်များ၊ ကလေးငယ်များ၊ အမျိုးသမီးပျိုများ၊ နေ့စဉ်ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ အများဆုံး ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှ (၁) သေရည်သေရက်သောက်စားခြင်း၊ မူးယစ်ထုံထမ်းဖြစ်စေသည့်ဆေးဝါး (၂) ရိုင်းပျစွာဆက်ဆံခြင်း၊ ဆဲရေးတိုင်း ထွာခြင်း၊ စော်ကားခြင်း။ (၃) အခြားအငှားဘတ်စ်ကားတွင် ခရီး သည်တင်ခြင်း (သို့မဟုတ်) အခြားအငှား ကုန်တင်ယာဉ်တွင် ကုန်စည်တင်ခြင်းကို ကို တားမြစ်ခြင်း (သို့မဟုတ်) တားမြစ် ရန် ကြိုးစားခြင်း။ (၄) ဘတ်စ်ကားစီးခရီးသည်များ (သို့မဟုတ်) အခြားခရီးသည်များ အနှောင့်အယှက်ဖြစ် စေရန်၊ စိတ်ငြိုငြင်စေရန်ပြုမှုခြင်း။. (၅) သတ်မှတ်ထားသော ယာဉ်စီးခ (သို့မဟုတ်) ကုန်တင်ခထက် ငွေပိုမိုတောင်း ခံခြင်း၊ ယာဉ်စီးခအတွက် လက်မှတ်ပေးရန် ပျက်ကွက်ခြင်း။ (၆) ယာဉ်ပေါ်မှပစ္စည်းများအောက်သို့ (၇) မိမိလိုက်ပါသည့်ယာဉ်တွင် ခရီးသည် များကျန်ခဲ့သော ပစ္စည်းများကိုတွေ့ရှိလျှင် ပြည်သူ့ရဲ့စခန်း (သို့မဟုတ်) သက်ဆိုင် ရာသို့လွှဲအပ်ရန်ပျက်ကွက်ခြင်း။ (၈) ကူးစက်တတ်သောရောဂါသည်မှအပ ဖျားနာနေသူ (သို့မဟုတ်) ထိခိုက်ဒဏ် ရာရရှိနေသူအာား မော်တော်ယာဉ်တွင် ခရီးသည်အဖြစ်လက်ခံရန်ငြင်းဆြို (၉) ၀တ်စားဆင်ယင်မှုမပြည့်စုံခြင်း၊ မသန့်ရှင်းခြင်း၊ မသေသပ်ခြင်း။ လို့ဆိုပြီးအသေးစိတ်ဆိုထားပါတယ် ယာဉ်မောင်းများနှင့် ပတ်သက်၍ နည်းဥပဒေ ၇၄ (က)၊ ၇၅ (က) (ခ) (ဂ) နှင့် ၇၆ (က)တို့တွင် နည်းဥပဒေ ၇၄ (က) ဤအခန်းအရ ယာဉ်မောင်းလိုင်စင်ရရှိထားသူ (သို့မဟုတ်) လက်မှတ်အရောင်း/စပယ်ယာလိုင်စင် ရရှိထားသူသည် အောက်ပါအရည်အချင်း ပျက်ယွင်းမှုတစ်ခုခုနှင့် ငြိစွန်းနေသည်ဟု ယုံကြည်လျှင် ဗဟိုမှတ်ပုံတင်အဖွဲ့သည် ၎င်းင်း၏လိုင်စင်ကို လေးနှစ်ကာလအပိုင်း အခြားထိရုပ်သိမ်းနိုင်သည်။ (၁) ရောဂါ (သို့မဟုတ်) မသန်မစွမ်းမှု တစ်ခုခုကြောင့် မော်တော်ယာဉ်မောင်း နှင်စေရန်မသင့်လျော်သူ၊ (၂) နည်းဥပဒေ ၇၇ ပါ မှတ်တမ်းအရ၊ ပြစ်မှုမကြာခဏ ကျူးလွန်တတ်သူ၊ (၃) သေရည်သေရက် အလွန်အကြူး အမြဲတစေသောက်စားမူးယစ်တတ်သူ (သို့မဟုတ်) မူးယစ်ဆေးဝါးများ အမြဲသုံး စွဲတတ်သူ၊ (၄) ပြည်သူ့ရဲတပ်ဖွဲ့အရေးယူပိုင်သော ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် ပါဝင်သည့် မော်တော်ယာဉ်ကို အသုံးပြုလျက်ရှိသူ (သို့မဟုတ်) အသုံးပြုခဲ့သူ၊ (၅) မော်တော်ယာဉ်ကို အရမ်းကာရော မောင်းနှင်သူ (သို့မဟုတ်) ဘေးအန္တရာယ် ဖြစ်အောင် မောင်းနှင်သူ၊ (၆) ဥပဒေပုဒ်မ ၃ နှင့် ဥပဒေပုဒ်မ ၁၂ ၏ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်သူ၊ (၇) ဥပဒေအရဖြစ်သော ပြစ်မှုအတွက် တရားရုံးကယာဉ်မောင်းလိုင်စင်ရု (၈) ပြည်သူတစ်ဦးတစ်ယောက်က ငှားရမ်း လျှင် လုံလောက်သောအကြောင်းတစ်စုံ တစ်ရာမရှိဘဲ ယာဉ်ငှားရမ်းရန် ငြင်းဆို သော အငှားယာဉ်မောင်းသူ၊ (၉) နည်းဥပဒေ ၆၄ ၏ ပြဋ္ဌာန်းချက်များ တစ်ခုခုကို ဆန့်ကျင်ပြုသော လက်မှတ် အရောင်း (သို့မဟုတ်) စပယ်ယာ။ (ခ) နည်းဥပဒေခွဲ (က)အရ ရုပ်သိမ်းခြင်း ခံရသော လိုင်စင်ကို မှတ်ပုံတင်အဖွဲ့က သိမ်းယူထားရမည်။ ၎င်းင်းလိုင်စင်အစား ယာယီခွင့်ပြုလက်မှတ်ထုတ်မပေးရ။ (ဂ) ရုပ်သိမ်းခံရသည့်လိုင်စင်အတွက် ရုပ်သိမ်းခံရသည့်ကာလပြည့်မြောက် လှတင့်ဆွေ (ပိန်းဇလုပ်) - Hot News | ||
Posted: 27 Dec 2012 02:22 AM PST
လာမည့် ၂၀၁၃ ခုနှစ်တွင် လူနေ ရပ်ကွက်များ လျှပ်စစ်မီးလုံးဝ ပြတ်တောက်မည် မဟုတ်တော့ ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာလတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။ “၂၀၁၂ နွေရာသီမှာ သောင်းကျန်းသူ များကြောင့် လျှပ်စစ်မီး မရတာတွေ ဖြစ်ခဲ့တယ်။ -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 02:11 AM PST
ကချင်ပြည်နယ် မိုးညှင်း မြို့အဝင် တံတားအမှတ် ၅၈၇ ရထားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ပိုင်းက မန္တလေး ဘက်ကနေ ဝင် လာတဲ့ ရထား တန်း ဖြတ်သန်းချိန်မှာ ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Dec 2012 01:59 AM PST
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့  သစ်တောရုံးအား အမည် မသိအဖွဲ့မှ ဗုံးခွဲ တိုက်ခိုက်ရာ သစ်တော ဦးစီးမှူး ဒဏ်ရာ ရရှိသဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက် က ဆိုပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 02:28 AM PST
မြန်မာနိုင်ငံ၏ ပညာရေး အဆင့်မြှင့် တင်ရန် ရန်ကုန် တက္ကသိုလ်မှ အစပြု လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် အခမ်းအနားတွင် ကျေးဇူးတင် စကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သွားခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Dec 2012 10:07 PM PST
လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Dec 2012 02:29 AM PST
ဒီမိုကရေစီ ခေတ်သစ်တည်ဆောက်မှု အချိန်ကာလကို တွက်စစ်လျှင် ၂ နှစ်နီးပါး ရှိလာပေပြီ။ အဆိုပါကာလအတွင်း နိုင်ငံ တစ်ဝန်း အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ချက် များမှာ ကျေနပ်အား ရဖွယ် မရှိသေးကြောင်း တွေ့ရှိရ၏။ ပြန်လည်သုံးသပ်ကြည့်လျှင် မှတ်မှတ်ရရ
အလွန်ထင်ရှားသော လုပ်ငန်းရှင်တစ်ဦးက အများပိုင် ကုမ္ပဏီတစ် ခုထူထောင်ပြီး မန္တလေးမြို့တွင် မြို့သစ်နှင့် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် အစုရှယ်ယာများ ခေါ်ယူမည့် သတင်းကြေညာချက်ဖြင့် ၂၀၁၂ ခုနှစ် ခေတ်သစ်အိမ်ရာ ဖွံ့ ဖြိုးရေးကဏ္ဍကို စတင်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့လေသည်။ လုပ်ပိုင်ခွင့်မရှိဘဲ ခြေလှမ်းကျဲသော အဆိုပါ လှုပ်ရှားမှုမှာ အချိန်တိုအတွင်း ဇီဝိန်ချုပ်သွားခဲ့၏။ ထို့နောက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် နိုင်ငံရေးပါတီတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် ဆင်းရဲသား မြို့တော် တည်ထောင်ရေးဟု အမည်ပေးထားသော စီမံကိန်းဖဲကြိုးကို မဆီမဆိုင် ဖြတ်ဖို့ကြိုးစားခဲ့ပြန်၏။ ဖဲကြိုးနှင့် ကတ်ကြေးကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အချိန်မီ သိမ်းယူလိုက်၍ ဆင်းရဲသား ပြည်သူတို့ သက်သာရာရသွားခဲ့လေသည်။ ၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ကျင်းပခဲ့သော စီမံကိန်းကော်မရှင် ဒုတိယအစည်းအဝေး၌ ကော်မရှင်ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော်သမ္မတကြီးက မြို့ပြနှင့်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အခြေခံ လိုအပ်ချက်ဖြစ်သည့် City Plan, Town Plan နှင့် Village Plan များကို ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ City Plan များကို လေ့လာဆွေးနွေးအကောင်အထည်ဖော်ဆော ရွက်ကြရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးသည် အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ အနာဂတ်မြို့ပြများ၏ စနစ်တကျမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် များစွာအရေးပါလာမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။ ထို့အပြင် နိုင်ငံတော်သမ္မတကြီးက ကော်မရှင်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပြည်သူများ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်း၊ မီးဘေးစိုးရိမ်ရသည့်အပိုင်း၊ မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်သည့်အပိုင်းကို ၂၀၁၅ ခုနှစ်မတိုင်မီ နှစ်စဉ်တစ်နှစ်ချင်း ပြည်သူအကြား ပြည်သူ့ဆန္ဒနှင့်အညီ သိသိသာသာ တိုးတက်အောင် ပြောင်းလဲဆောင်ရွက်မည့် လတ်တလော စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း ဆွေးနွေးမှာကြားခဲ့ပေသည်။ စာရေးသူအနေဖြင့် သမ္မတကြီး ပြောကြားသကဲ့သို့ ပြည်သူတို့၏ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်းကို သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၏ အိမ်ရာ မူဝါဒ (Housing Policy) လိုအပ်ချက်ရှိကြောင်း ဆွေးနွေးလိုပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် အိမ်ရာနှင့် အဆောက်အအုံများ (Housing and Buildings) ပါဝင်သဖြင့် အိမ်ရာမူဝါဒကို ပြည်ထောင်စုအစိုးရကသာ ချမှတ်ပေးနိုင်မည် ဖြစ်ပါသည်။ မူဝါဒ လမ်းညွှန်ချက် မရှိဘဲ လတ်တလောဖြစ်စေ၊ ကာလတိုဖြစ်စေ၊ ကာလရှည်ဖြစ်စေ လုပ်ငန်းအကောင်အထည်ဖော်မှုမှန် ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူများ(Stakeholders) အားလုံးက ၀ိုင်းဝန်းအကောင် အထည် ဖော်ကြရမည် ဖြစ်ပေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၃၆)၊ ပုဒ်မခွဲ(ဂ)တွင် “နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်မည်” ဟူသော ပြဋ္ဌာန်းချက်ပါရှိပြီး ဖြစ်၏။ ထို့ပြင် တစ်ဝနိုင်ငံတော်သမ္မတကြီးကလည်း အထက်ပါအတိုင်း ပြည်သူများ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်းကို ပြည်သူ့ဆန္ဒနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့၏။ သို့ရာတွင် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တိုင်း ဒေသကြီးအားလုံး တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်ကြရလေအောင် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းကိ အိမ်ရာမူဝါဒမှာ ယခုအချိန်အထိ အထင်အရှားပေါ်ပေါက်လာခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ နေရေး ထိုင်ရေး အခက်အခဲရှိသည့် ပြည်သူများ အားလုံးအတွက် အိမ်ရာလိုအပ်ချက်ကို တစ်ပြိုင်တည်းဖြည့် ဆည်းပေးရန် မဖြစ်နိုင်သည့် အလျောက် ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒဖြင့် ဦးစားပေးမှုကို သတ်မှတ်ပေးနိုင်မည် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ ၀င်ငွေ အလွှာအလိုက် ၀ယ်ယူနိုင်စွမ်းရှိသော အိမ်ရာများ (Affordable Housing) ကို ဆောက်လုပ်ကြရမည် ဖြစ်သော်လည်း ၂၆ ရာခိုင်နှုန်းသော ဆင်းရဲမွဲတေသူများ အပါအ၀င် ၀င်ငွေနည်းသော ပြည်သူများ၏ နေရေးလိုအပ်ချက်ကို အတိအလင်း ဦးစားပေးသတ်မှတ်၍ ဖြည့်ဆည်းရမည်သာ ဖြစ်ပါသည်။ မျက်မှောက်ကာလ နိုင်ငံပိုင်ကဏ္ဍ (Public Sector ) မှ ဆောက်လုပ်လျက်ရှိသော လုံးချင်းနေအိမ်များ၊ တိုက်ခန်းများ စသည့်အိမ်ရာစီမံကိန်းများတွင် တန်ဖိုးနည်းအိမ်ရာများ လုံးဝပါဝင်ခြင်း မရှ |
[Message clipped] View entire message
No comments:
Post a Comment