မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမ ကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။
ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏
နံနက် (၁ဝးဝဝ) နာရီ စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်
သူမ၏ ပေးဆပ်မှုမှာ နံနက် (၁ဝးဝဝ) နာရီအချိန်မှစ၍ ညနေ (၅းဝဝ) နာရီအချိန်ထိပင်။ အလှမယ် နန်းခင်ဇေယျာ၏ တစ်နေ့တာပေးဆပ်မှုမှာ အပြည့်အဝဆုံး အဖြူစင်ဆုံး မေတ္တာများဖြင့် ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရ
သူမ ပေးဆပ်ရန် သွားရောက်နေစဉ်ချိန်တွင်း သူမ၏ အောင်မြင်မှုကြောင့် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန်(Silence) လုပ်ထားသော်လည်း လက်ကိုင်ဖုန်းမှ ဖုန်းခေါ်တုန်ခါမှု (Vibration) ခဏ…ခဏ မြည်သည်။ သူမက ဖုန်းများအားလုံးကို မိမိယခုလမ်းကြောင်း လိုက်နေ၍ စကား
အနည်းငယ်သာ ပြောပါရန် နှင့် နာရေးလမ်းကြောင်း လိုက်နေစဉ်ချိန်သည် အားလုံးထက် အရေးကြီးနေကြောင်း ကြားရသူ တစ်ဖက်မှ သိသွားလောက်သော အသံဖြင့် ညှင်သာစွာ ဖြေကြားခဲ့သည်။
နန်းခင်ဇေယျာ ဖေးမ သယ်ယူ သဂြိုလ်ပေးခဲ့သော နာရေးလမ်းကြောင်း များမှာ-ကင်ဆာရောဂါဖြင့် မြောက်ဒဂုံ(၄၅)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သွားသော ဦးဝင်းကြည် အသက်(၆၄)နှစ်၊ အသည်း ရောဂါဖြင့် (၇/၈) ဆေးရုံတွင် ကွယ်လွန်သော ဦးခင်မောင်ရင် အသက်(၅၅)နှစ်၊ အဆုတ် ရောဂါဖြင့် အရှေ့ဒဂုံ(၁၃၃)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သောဒေါ်သောင်းစိန် အသက်(၆၉)နှစ်၊ လူကြီးရောဂါဖြင့် မင်္ဂလာဒုံ၊ ၃/ခရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်စန်းရင် အသက်(၆၄)နှစ် တို့အား ပို့ဆောင် သဂြိုလ်ပေးခဲ့သည်။
နန်းခင်ဇေယျာသည် သေဆုံးသူတို့အား သူမကိုယ်တိုင် စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကူညီ သယ်ပေးခြင်း တို့ကို လက်အိတ်မပါ၊ နှာခေါင်းစည်းတို့အား အသုံးမပြုဘဲ ရိုးသားဖြူစင်သော စိတ်ထားဖြင့် ပေးဆပ်ခဲ့ သည်။ တစ်နေ့တာ ပေးဆပ်မှုလုပ်ငန်းများ ပြီးစီးသွား၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ရောက် ရှိသောအခါ ဥက္ကဌဦးကျော်သူအား အိမ်ပြန်တော့မည့် အကြောင်း လာရောက် ပြောကြား သောအခါ ဦးကျော်သူမှ တအံ့တသြဖြင့် “သမီး အသားတွေတောင် မဲကုန်ပြီ” ဟုပြောကြားခဲ့သော အခါတွင်လည်း
ကျေနပ် ပီတိအပြုံးဖြင့် နှုတ်ခွန်းဆက်ကာ ထွက်သွားသည်ကို မြင်တွေ့ မိလိုက်ရသည်။
ထိုသို့ မမောနိုင် မပမ်းနိုင်အလှမယ်လေးတစ်ဦး၏
“ပြင်ပ ရှုပါအလှတရား ထက် အတွင်းစိတ်၏ အလှတရားသည် လွန်စွာမှ မြင့်မြတ်လှပေသည်”
ဇူးဇူး
Popular Journal
No comments:
Post a Comment