'' တောက် ! '' ဒေါသစိတ်ဖြင့် တောက်တစ်ချက် ခပ်မိလ
ိုက်သည်
'' မင်းမှာ အသိတရားလေးတွေ အများကြီးမဟုတ်ရင်တောင် နည်းနည်းလေးမရှိတော့ဘူးလား ဇွဲကို ''
'' ရှင်ကလဲ ကလေးကို အဲ့လိုမပြောပါနဲ့ ''ထားခင်ပြောလိုက်သော စကားကြောင့်
'' ထားခင် မင်းဝင် ဝင်မပြောနဲ့ မင်းကအရှေ့ကနေကာစီးကာစီး လုပ်နေလို့ မင်းသားဒီကောင် ဒီလိုတွေဖြစ်နေတယ် ဆိုတာ မင်းသိလား ''ဒေါသစိတ်ဖြင့်ပြောလိုက်သောသူကတော့ အဖေဖြစ်သူ သန်းနိုင်ပင်ဖြစ်သည်
'' အို............ကျွန်မကတော့ ပြောရမှာပဲ ဒီနှစ်မအောင်တော့လဲ နောက်နှစ်ပေါ့ ''
'' ဘာ ! နောက်နှစ် ဟုတ်လား မင်းရဲ့သား ဒီ(၁၀)တန်းကို ဖြေနေတာ ဘယ်နှနှစ် ရှိနေပြီလဲ? တစ်နှစ် လာလဲ ကျတယ် နှစ်နှစ်ဖြေလဲ မအောင်ဘူး သုံးနှစ် ဖြေလဲ ရှုံးတယ် တစ်နှစ်ငါမပြောဘူး နှစ်နှစ် ငါမပြောဘူး သုံးနှစ်ငါမပြောဘူး အခုမင်းသားဖြေနေတာ ငါး(၅)နှစ်ရှိနေပြီ ကဲဘယ်မှာအောင်လို့လဲ ? ''
'' (၁၀)တန်းဆိုတာ ဒီလိုပဲလေ အောင်မြင်ဖို့အတွက်တော့ ခတ်ခဲကျတာပဲ နောက်ပြီးတော့ ကံတရားနဲ့ဆိုင်တယ် ''
'' မိမိကိုယ်၍ ကေ---က်သုံးမကျပဲ ကံတရားကိုသွားပြီ အပြစ်မတင်နဲ့ ကံတရားဆိုတာ မိမိကိုယ်တိုင် ပြုလုပ်ခဲ့တာပဲ ဘော်ဒါဆိုလဲ အမျိုးမျိုးထားပေးတယ် ကျူရှင်ဆိုရင်လဲ တက်ချင်တဲ့နေရာပို့ပေးတယ် မင်းသားဘယ်နေရာအသုံးကျလဲ ''
'' သူမအောင်တာကတော့ မအောင်တာပေါ့ သူလဲဖြေနေတာပဲ ရှင်အမြင်ပဲလေ ''
'' မင်းဝင်ဝင်မပြောနဲ့ ထားခင် '' ပြောဆိုလိုက်သော စကားလေးအဆုံးတွင်တော့
'' ဇွဲကို မင်းပြောစမ်းငါ့ကို မင်း(၁၀)တန်း ဘယ်တော့အောင်မှာလဲ ဒီတသတ်ကော အောင်ပါ့မလား '' မေးလိုက်သောမေးခွန်းလေးအဆုံးတွင်တော့
'' အဖေကလဲ သားလဲ ဖြေနေတာပဲ မေမေပြောသလို ဒီနှစ်မအောင်တော့လဲ နောက်နှစ်ပေါ့ဗျ ''
'' တောက် ! ငါလုပ်ရင်တော့မင်းနာတော့မယ် '' ပြောဆိုလိုက်သောစကားနဲ့အတူ ဇွဲကိုအား ရိုက်ပုတ်ရန် လက်အားပြင်ဆင်လိုက်လေသည်
'' မလုပ်နဲ့ ကိုသန်းနိုင်ရှင်နော် ကျွန်မသားကို ရိုက်မယ် မကြံနဲ့ '' ပြောဆိုလိုက်ပြီး ထာခင်တစ်ယောက် လက်လေးအားလျှင်မြန်စွာပင် ဆွဲထားလိုက်လေသည်
'' ဘော်ဒါထားတော့လဲ အဆောင်မှူးနဲ့ ပြသနာဖြစ်တယ် ကျူရှင်ထားတော့လဲ ချိန်းပြီးရန်ပွဲလုပ်တယ် အိမ်မှာ ခေါ်သင်တော့လဲ ဂိုက်ဆရာမလေးကို ရီးစားစကားပြောတယ် မင်းမရှက်ပေမဲ့ ငါရှက်တယ်ကွ မင်းနဲ့(၁၀)တန်းတူတူတက်တဲ့ သူတွေ အကုန်လုံး ကျောင်းတွေပြီးကုန်ပြီ မင်းမှာတော့ အခုထိ (၁၀)တန်းကိုဖြေနေတုန်း ငါပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာပြရမလဲ သူများတွေက (၁၀)တန်းဖြေချိန် အိမ်မှာစာကျက်သံတွေနဲ့ မင်းကျတော့ လမ်းမပေါ်မှာ ဂစ်တာ တစ်လုံးနဲ့ လက်ယားလက်ယားလုပ်တယ် ဘယ်လိုလုပ်အောင်မလဲဒီ(၁၀)တန်းက ''
'' ရှင်ကလဲ ကလေးကို အဲ့လောက်ထိ အပြစ်တွေ ပြောမနေပါနဲ့ သူအောင် အောင် ဖြေပေးမယ်လို့ပြောနေတာပဲ ''
'' မင်း ဝင် ဝင်မပြောနဲ့လို ငါပြောထားတယ်နော် ထားခင် မင်းပါးစပ်ကို ပိတ်ထား ငါဒီကောင်ကိုဆုံးမနေတာ ကြားထဲကနေမင်း ဝင်ဝင်မပြောနဲ့ ငါ့ဒေါသတွေမင်းအပေါ်ရောက်ကုန်မယ် '' ဒေါသစိတ်နဲ့ပြောလိုက်သော သူကတော့ ဇွဲကို၏အဖေဖြစ်သူပင်
'' ဟဲ့ရောင် ဇွဲကို ''
'' ဗျာ '' အသံငယ်လေးနဲ့ ထူးလိုက်သောသူကတော့ ဇွဲကိုပင်ဖြစ်သည်
'' အေး မင်းမှာ အပြစ်ရှိမရှိ မင်းသိတယ်မလား ''
'' ဟုတ် ''
'' အေး အဲ့တာဆို မင်းမျက်နှာကို ငါမမြင်ချင်ဘူး မင်းအခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း သွား အိမ်က ပစ္စည်း ဘာတစ်တစ်ခုမှ မင်းမယူသွားနဲ့ မင်းမျက်နှာကို ငါပြန်လာရင် မမြင်ချင်ဘူး အခုငါ အလုပကိစ္စနဲ့အပြင်ခဏသွားမယ် '' ပြောဆို၍ ထွက်ခွာဟန်ပြုလိုက်လေသည်
'' ဟာအဖေကလဲ သားမှာ မှ ပိုက်ဆံမရှိတာဗျ အိမ်ပေါ်ကမောင်းချရင် သားကိုတော့ ပိုက်ဆံလေးပေးခဲ့လေဗျာ အဖေကလဲ ''
'' ပိုက်ဆံတော့ မရဘူး လက်သီးပဲ ရမယ် '' ပြောဆို၍ ထွက်ခွာသွားလေသည်
'' ရှင်အဲ့သလို မလုပ်နဲ့လေ ကျွန်မတို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာ '' ပြောဆိုလိုက်သောသူကတော့ ဇွဲကို၏အမေဖြစ်သူ ထားခင်ပင် ဖြစ်သည် နေရာလေးမှ ထွက်ခွာသွားသော သူကတော့ ကြားနိုင်မည်မထင်
'' ဟင့် ဟင့် ဟင့် ဟဲ့သား ဒါကဘယ်ကိုသွားအုံးမလို့လဲ '' ထားခင် မေးလိုက်သော မေးခွန်းကြောင့်
'' အဖေမှ ကျွန်တော်ကို မမြင်ချင်တာ အဲ့တော့ အိမ်ပေါ်ကဆင်းရတော့မှာပေါ့ ''
'' သားအဖေက စိတ်တိုတုန်းပြောလိုက်တာပါ သားအဖေပြောတဲ့စကားကိုစိတ်ထဲ မထား ထားပါနဲ့ သားအိမ်ပေါ်က ဆင်းသွားရင် အမေ့သားလေးပဲ ဒုက္ခရောက်မှာပေါ့ ''
အမေဖြစ်သူတားဆီနေပေမဲ့လဲ ဇွဲကို တစ်ယောက် နေအိမ်ပေါ်မှ ဆင်းသွားရန် ပြင်ဆင်လိုက်လေသည်
'' ဟဲ့ သား အမပြောတဲ့စကားကို နားထောင်ပါသားရယ် သားးးသားလေး '' တားဆီးနေပေမဲ့လဲ နေရာလေးကထွက်ခွာသောသူကတော့ ဇွဲကို ပင် ဖြစ်သည် ပါးပြင်အထက်မှာ ငိုကြွေးရင် မျက်ရည်များ ကျဆင်လာသော သူကတော့ အမေဖြစ်သူ ထားခင်ပင်ဖြစ်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဇွဲကို လျှောက်လှမ်းလာသော ခြေလှမ်းတွေကတော့ ဆိုင်တစ်ဆိုင်ရှိရာသို့ပင်ဖြစ်သည် သူ၏ခြေလှမ်းများ ဆိုင်ရှေ့သို့ ရောက်ပြီးဆိုသည်နှင့် ဆိုင်းအတွင်းသို့ ဝင်သွားလေသည်
'' ဟာကွာ မင်းကို လိုက်ရှာနေတာ မင်းက မိုးမလင်းသေးဘူး ဒီမှာလာ ဥနေတယ်ပေါ့လေ --း ''
'' ဒီနေ့ ဘာနေ့လဲဆိုတာ မင်းလဲ သိတယ် မဟုတ်လား လာပေးနေတယ် ----ဲ မင်းမျက်နှာကြီးက ဘယ်လိုဖြစ်ရတာလဲ ဘာလဲ မင်းဘိုးတော်ကြီး ဖောင်းထုလိုက်ပြန်ပြီလား ဟားဟားဟား '' ဇွဲကို၏သူငယ်ချင်းဖြစ်သူ မျိုးဇော်က မေးလိုက်လေသည်
'' ထုံးစံအတိုင်းပဲပေါ့ကွာ (၁၀)တန်းလေး (၅)ခါကျမိပါတယ် အိမ်ကဘိုးတော်ကြီးက အရေအလည်ပွားတယ် ကွာ နားတွေလဲ တော်တော်ပူလှပြီ '' ဇွဲကိုပြောလိုက်သော စကားအဆုံးတွင်တော့
'' အေး ငါလဲ မင်းလိုပဲ အိမ်ပြန်ရင်ပွားမဲ့သူတွေက ရှိနေလို့ အိမ်အပြန်ပဲ ဒီမှာလာ ဖဲ့နေတာ ဘဝတူတွေဆိုတော့ ဖဲ့ကွာ သားကြီး '' ပြောဆိုလိုက်သော စကားနဲ့အတူ
'' အကိုရေ ကျွန်တော်တို့ဝိုင်းကို နောက်ထက်မြန်မာ၂လုံးလောက် ''
'' အိုခေ ညီ ရမယ် ''
'' ငါအခု အိမ်ပေါ်ကဆင်းလာတာ ရေမပါလာဘူးကွ '' ဇွဲကိုပြောလိုက်သော စကားကြောင့်
'' ဟဲ့ရောင် သားကြီး မင်းတို့ငါတို့ ဘောဒါအခန်းဏ္ဍမှာ ရေကိစ္စ ပြောစရာမလိုပါဘူးကွာ မင်းကလဲ ဒီမယ်ဟဲ့ရောင် ရေမပါလဲ လန်းလို့ရတဲ့နည်းတွေ အများကြီးရှိတယ် ''
'' အံမယ် ငါ့ကောင်က ဘယ်အချိန်ကတည်းက လာထုနေတာလဲမသိဘူး တော်ကီတွေကတော့ေ----ာက်ရမ်းလန်းနေတယ် ဟားဟား ''
'' လန်းရမယ်လေကွာ ဒီနေ့လိုမျိုးလေးပဲ ငါတို့ကလန်းရတာ လေကွာအဲ့တော့လန်းရတာပေါ့ကွ ''
'' ဒါပေမဲ့ မပူနဲ့ဟဲ့ရောင် ငါမှာ လက်စွပ်ပါလာတယ် ခဏနေ သွားဖျော မယ် ပြီးရင်ကဲမယ် အိုကေ ''
'' အိုကေတယ် ကဲရော့ '' ပြောဆိုလိုက်သောစကားနဲ့အတူ ဖန်ခွက်လေး၂ခွက်အား ပွတ်တိုက်လိုက်လေသည် နှုတ်ဖျားမှလဲ
'' ငါတို့အဖွဲ့တွေအောင်မြင်ပြီး ကျန်တဲ့အဖွဲ့တွေ ကျရှုံးပါစေ '' ပြောဆို၍ ထည့်ထားသော ဘီယာ ခွက်လေးအား ဇော်မျိုးနဲ့အတူ ဇွဲကို မော့သောက်လိုက်လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟာ မိန်းမ အချိန်မတော်ကြီး အိပ်ရာထဲ လှဲ နေတာ ဘယ်လိုဖြစ်လို့ နေမကောင်းဘူးလား '' မေးလိုက်သော မေးခွန်းနဲ့အတူ ထားခင် နူဖူးပြင်လေးအား ဦးသန်းနိုင် စမ်းမိလိုက်လေသည်
'' လာမမေးနဲ့ နေမကောင်းမကလို့ သေပဲသေသေ ရှင်နဲ့မဆိုင်ဘူး ရှင့်ကြောင့် ကျွန်မသား အိမ်ပေါ်က ဆင်းသွားပြီ ဟင့်ဟင့်ဟင့် '' ဝမ်းနည်းစိတ်ဖြင့် ငိုကြွေးနေမိလေသည်
'' အော် မိန်းမရယ် ငါတို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာလေကွာ ငါလဲ မင်းလိုပဲ ချစ်တာပေါ့ကွ အခုလို အိမ်ပေါ်က မောင်းချလိုက်တာလဲ သူဘဝအတွက် နာကျင်လာအောင် သူဘဝအတွက် ကောင်းလာအောင် သိမြင်လာအောင် လုပ်ပေးလိုက်တာပါ ငါလဲ မင်းလိုပဲစိတ်မကောင်းဖြစ်မိပါတယ် ''
'' အခုမှ လာပြောမနေနဲ့ ကလေးက ဆင်းသွားရပြီ ဟင့်ဟင့်ဟင့် ''
'' ကဲပါ မိန်းမရယ် ငိုမနေပါနဲ့ မင်း သားက ငါမမောင်းချလဲ သူဘာသာသူ အိမ်ပေါ်ကနေဆင်းနေကျပဲလေ တစ်ရက်နှစ်ရက် အပြင်မှာနေပြီ ပြီးရင် သူ့ဆီမှာ ပါသွားတဲံပိုက်ဆံကုန်ရင် အိမ်ပြန်ရောက်လာမှာပါ ဘာမှစိတ်ပူမနေနဲ့ ငါတို့မွေးထားတာ ယောကျာ်းလေး ဘာမှမဖြစ်သွားဘူး ''
'' အော် ဒါကတော့ ဒါပေါ့ အခုအိမ်ပေါ်ကဆင်းသွားတာ ပိုက်ဆံ ပါသွားတာမှမဟုတ်တာ အရင်တုန်းက အိမ်ပေါ်ကဆင်းရင် ကျွန်မက ရှင်မသိအောင် ပိုက်ဆံကို ထည့်ပေးနေကျ အခု တစ်ပြားမှယူမသွားဘူး ကျွန်မသား ဒုက္ခရောက်မှာ ကျွန်မစိုးရိမ်တယ် ရှင့် ကျွန်မက အမေ သူ့ကိုမွေးထုတ်ထားတာ ဟင့်ဟင့် ဟင့် ''
'' အေးပါ တစ်ရက်နှစ်ရက်နဲ့ ပြန်မလာရင် မင်း သားကို ငါကိုယ်တိုင် သွားရှာလာပေးမယ် ဟုတ်ပြီလား တိတ်တော့ မင်းအခုလို လွမ်းပြငိုပြနေလို့ ဒီကောင် အခုလိုဖြစ်နေတာ ''
'' ချစ်တာကို တော့ ''
'' ဟူးးးးးးးးးးးးးး '' ဦးသန်းနိုင်တစ်ယောက် သက်ပြင်လေးတစ်ခုအားချမိလိုက်သည် စိတ်ထဲတွင်လဲ ရေရွတ်ပြောဆိုလိုက်မိသည်
အမေတွေများ သားသမီးကိုချစ်တဲ့အချစ်တွေကို အပြင်ထုတ်ပြနေတော့ ဒီကလေးက ပိုဆိုးလာတာပေါ့ ခတ်တယ် ခတ်တယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟားဟားဟား ဟိုဘက်ဝိုင်းက ကောင် မင်းကလေးကလားစကားတွေ လာပြောမနေနဲ့ ဇွဲကို ဆိုတဲ့ကောင်က ဘယ်သူ့ကိုမှ ဗိုလ်မထားဘူးကွ '' မူးနေသောလေသံဖြင့် ပြောဆိုနေသောသူကတော့ ဇွဲကိုပင်ဖြစ်သည်
'' ပြောလိုက် ဇွဲကို ငါတို့ကောင်တွေက ဘယ်သူ့ကိုမှ ဗိုလ်မထားဘူးလို့ မင်းတို့ဘာဖြစ်ချင်တာလဲ ဟဲ့ရောင်တွေ ''
'' မင်းတို့၂ယောက်ကကော ဘာဖြစ်ချင်တာလဲ ဖိုက်တာလေသံနဲ့တော့ လာမပြောနဲ့ ကိုယ့်အထာနဲ့ ကိုယ်နေ ငါတို့ကောင်တွေက နေရာမရွှေးဘူးကွ ''
'' ဟားဟားဟား ဘီယာဆိုင်ထဲဝင်ပြီး မင်းတို့ကောင်တွေက ဟာသတွေ လာပြောနေတယ် တော်တော်ရယ်ရတာပဲ လူရွှင်တော်တွေ လုပ်ကျပါလားကွ ဟားဟားးးး'' ဇွဲကို၏ စကားလေးအဆုံးတွင်တော့
'' ဒီက ငါ့ညီတို့ စိတ်တော့မရှိကျနဲကွာ အကိုတို့ဆိုင်ထဲမှာ ကာစတန်မာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကို မလိုလားဘူး နောက် ပြသနာတစ်ခုခု ဖြစ်သွားရင်လဲ အကိုတို့အတွက် နစ်နာမှူတွေလဲ ရှိတယ် ပြီးတော့ ဖြေရှင်းရတာတွေလဲ ရှိတယ် အကိုတို့တွေအတွက် အလုပ်တစ်ခုပိုစေတာပေါ့ကွာ အဲ့ကြောင့် ငါညီတို့ ခိုက်ရန်မဖြစ်ကျဖို့ မေတ္တာရပ်ခံပါတယ် အားပေးမှူအတွက် ငါ့ညီတို့ကို ကျေးဇူးပါပဲ '' ဆိုင်မန်နေဂျာ၏စကားလေးပြောလို့အပြီးတွင်တော့ နေရာလေးမှပင်ထွက်ခွာသွားလေတော့သည်
'' ဟဲ့ရောင် မျိုးဇော် ''
'' အေး သားကြီးပြော ''
'' ငါတို့တွေလဲ ကောင်းနေပြီ ဘီယာလဲ မှာထားတာကုန်ပြီးဆိုတော့ ငါတို့ ရွှေ့မယ်ကွာ ''
'' အိုကေ သူငယ်ချင်း '' ပြောဆိုလိုက်သော စကားနဲ့အတူ သူငယ်ချင်း၂ယောက် ပခုံးလေးအားကိုယ်စီဖက်၍ ဆိုင်ထဲမှ ထွက်ခွာဟန်ပြင်လိုက်လေသည်
ယိုင်တိယိုင်တိုင်နဲ့ လျှောက်လှမ်းလာသော ခြေလှမ်းတွေကတော့ အချင်းများခဲ့သော လူများ၏စာပွဲဝိုင်းအရှေ့အရောက်တွင်တော့ ဇွဲကိုတစ်ယောက် လက်မနှင့် လက်ကလည်လေးအား ပွတ်တိုက်လိုက်လေသည်
'' ဖြောက် '' ထွက်ပေါ်လာသော အသံနဲ့အတူ လက်ညိုးလေးအား လူတစ်ယောက်၏မျက်နှာသို့ ချိန်ရွည်ပြီးပြောဆိုလိုက်လေသည်
'' ငါတို့၂ယောက်ကတော့ ဖိုက်တာ မဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်လူတွေက အပျင်းပြေ ကိုယ်လက်လေးကျင့်ခန်း လုပ်ချင်တယ် ဆိုရင် ငါတို့နောက်ကိုလိုက်ခဲ့ ဒါပေမဲ့သတ္တိတော့ရှိရမယ် အိုခေ ဒိုးပြီး'' ပြောဆိုလိုက်သောစကားနဲ့အတူ မျိုးဇော်၏ပခုံးအားတွယ်ဖတ်၍ နေရာလေးမှထွက်ခွာသွားလေတော့သည်

မိန်းမဖြစ်သူ ငိုကြွေးနေတာကိုမြင်တွေ့လိုက်ရသော ဦးသန်းနိုင်ကတော့ စိတ်ထဲတွင် မကောင်းဖြစ်မိခဲ့သည် ဇွဲကိုအား ဦးသန်းနိုင် ချစ်ပေမဲ့ သူ၏သားတစ်ယောက်အပေါ်ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေအား သားအားမြင်စေရန် ထုတ်ဖော်မပြတက်ပေ သားအားချစ်တဲ့အချစ်တွေက ရင်ထဲ တွင်ပင် ထားရှိသည်
သားအား ဘဝကိုနာကျင်စေရန် အိမ်ပေါ်က မောင်းချအပြစ်ပေးလိုက်ပေမဲ့လဲ ဦးသန်းနိုင်မှာတော့ မိခင်ထားခင်လိုပင် စိတ်ပူမှူလေးတော့ ရှိခဲ့သည်
ဇွဲကိုတစ်ယောက် ဘာတွေဖြစ်နေမလဲ ဘာတွေဖြစ်နေပြီလဲ ဆိုတဲ့ အတွေးပေါင်းစုံကတော့ သူ၏ အတွေးထဲတွင် ဝင်ရောက်လာခဲ့သည် စိတ်ပူမှူလေးနဲ့အတူ လျှောက်လှမ်းလာတဲ့ ခြေလှမ်းတွေကတော့
'' ချကွာ ချ ''
'' ခွပ် ''
'' ×-------×------×------× ''
'' ×-------×-------×ား သေဖို့သာပြင်ပေတော့ မင်းတို့ကောင်တွေကဘာကောင်တွေလဲကွ လာလာလာ''
'' ခွပ် ခွပ် ''
'' အားးးးးးယိုးးးးးးးအူးးးးးးးးးးး''
'' ခွပ် ခွပ် ''
ရုတ်တရက်လို မြင်တွေ့လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် ဦးသန်းနိုင်တစ်ယောက် ရန်ဖြစ်နေကျသော နေရာလေးသို့ လျှင်မြန်စွာပင် ရောက်ရှိလာခဲ့သည် မြင်တွေလိုက်ရတာကတော့ ဇွဲကို ပင်ဖြစ်သည်
ပတ်ဝန်းကျင်က လူများလဲ ဦးသန်းဇော် ကဲသို့ပင် ရန်ဖြစ်နေကျသော လူငယ်လေးများ အနားသို့ ပြေးလာကြသည်
'' ဟိတ်ကောင် ဇွဲကို တော် တော့ မင်းမင်း ပြသနာဖြစ်ပြန်ပြီ ''ပြောဆိုလိုက်သော စကားနဲ့အတူ ဦးသန်နိုင်တစ်ယောက် သားဖြစ်သူ၏ ဂုတ်တွက်ရှိနေသော င်္အကျီစများအားကျစ်ကျစ်ပါအောင် ဆွဲ၍ ဦးခေါင်းလေးအားလက်ဖြင့် ရိုက်ပုတ်လိုက်လေသည်
ရန်ပွဲအနားသို့ ရောက်ရှိလာကျသော သူများကလဲ သူသူငါငါ လူငယ်များအား ဆွဲ၍တားဆီးကျလေသည်
'' ဟာ အဖေ ဘာလာလုပ်တာလဲဗျာ ဒီမှာ ကစားနေတာ မဟုတ်ဘူးဗျ ရန်ဖြစ်နေတာ ဘာနဲ့ဘာမှမဆိုင်ပဲ ဘာလို့ ဝင်ဆွဲရတာလဲ ဒီကောင်တွေကို မှတ်လောက်သားလောက် ဆုံးမပေးရအုံးမယ် လွတ်ဗျာ လွတ် '' ဇွဲကိုပြောလိုက်သော စကားအဆုံးတွင်တော့
'' ဘာကွ မင်းက ငါ့ကိုပြန်ပြောနေသေးတယ် ဟုတ်လား ''
'' လွတ်ဗျာ အဖေရာ အဖေကျွန်တော်ကိုအိမ်ပေါ်ကမောင်းချထားတာ အဲ့တော့ အဖေ ကျွန်တော်ကို လာမတားနဲ့ တားချင်ရင် ရန်ပွဲပြီးမှလာတား လွတ်ဗျာ လွတ် '' ပြောဆိုလိုက်သော စကားနဲ့အတူ ဇွဲကိုတစ်ယောက် ဆုပ်ကိုင်ထားသော ဦးသန်ဇော်လက်ကလေးထဲမှ ရုန်းထွက်လိုက်လေသည်
'' အေး ငါက ပါးစပ်နဲ့ပြောတာ ပြောမရတဲ့ ကောင် မင်းနာပြီသာမှတ်တော့ ''
'' ခွပ် ခွပ် ''
'' ခွပ်ခွပ် ''
ဒေါသစိတ်ဖြင့် ထိုးကျိတ်လိုက်သော ဦးသန်းဇော်၏ထိုးချက်ကြောင့် ဇွဲကိုတစ်ယောက် အနောက် ဘက်သို့ ယိုင်လဲကျသွားလေတော့သည် နားထင် နားလေးတွင်တော့ သွေးစများထွက်ပေါ်လျှက်
'' တော်ပါတော့ ကိုသန်းနိုင်ရယ် စိတ်ကိုထိန်းထားမှပေါ့ '' ဘေးနားတွင်ပြောနေသော သူများ၏စကားသံကြောင့်
'' တောက် '' ဒေါသစိတ်ဖြင့် ဦးသန်ဇော်တစ်ယောက် တောက်ခပ်လိုက်လေသည်
'' မင်းလိုကောင်ကို သားတော် ရတာ ငါ့ကိုငါတောင် ရှက်မိတယ် ဇွဲကို မင်းက မိဘစကားကို လုံးဝ နားမထောင်တဲ့ကောင်ပဲ လူမိုက် ခွေးကောင် ဟင် '' ဒေါသစိတ်ဖြင့် ပြောဆိုနေလေသည်
ဇွဲကို မျက်နှာပြင်ပေါ်မှ ကျဆင်းလာသော သွေးစများကို ဦးသန်းဇော်ကြည့်မိရင်း စိတ်ထဲ နင့်ကနည်းဆို ခံစားမှူလေး ဖြစ်ပေါ်ခဲ့လေသည်
'' လာ အိမ်ပြန်မယ် ကောင်းကောင်းလိုက်ခဲ့ရင် လိုက်ခဲ့ မလိုက်ခဲ့လို့ကတော့ မင်းဒီထက် ပိုနာမယ် '' ပြောဆိုလိုက်သော စကားနဲ့အတူ ဦးသန်းနိုင်တစ်ယောက် ဇွဲကိုအားသူ၏လက်တစ်ဖက်အား ကမ်းပေးလိုက်လေသည်
အဖေ့လက်အားဆုပ်ကိုင်၍ ထိုင်ရာမှ ထလာသောသူကတော့ ဇွဲကို ပင် ဖြစ်သည်
သားအပေါ် စိုးရိမ်မှူလေးဖြစ်ခဲ့ပေမဲ့လဲ သားအား သူ၏စိုးရိမ်မှူများကို မမြင်သာအောင် မျက်နှာအား တင်းမာ၍ နေနေသောသူကတော့ ဦးသန်းနိုင် ပင်

သားဖြစ်သူအား ဘယ်နေရာတွေ သွားနေမည်နည်း ဘယ်တွေ ရောက်နေမည်နည်း ဘာတွေစားနေမည်နည်း စသည့်မေးခွန်းတွေအား ထားခင် တွေးတောနေမိလေသည် သူမ၏အတွေးတွေ ဝဲလည်နေသောအချိန်တွင်ပင် ရုတ်တရက်လို မြင်တွေလိုက်ရတာကတော့
'' အမလေး သား မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ပါလား '' ပြောဆိုလိုက်သော စကားနဲ့အတူ သားဆီအပြေးလာ၍ သားမျက်နှာလေးအား စမ်းကိုင်လိုက်လေသည်
'' ကို သန်းနိုင် ဒါက ဘယ်လိုဖြစ်လာရတာလဲ မျက်နှာမှာလဲ သွေတွေ ဒဏ်ရာတွေနဲ့ ဘယ်သူတွေနဲ့ ရန်ဖြစ်လာတာလဲ ပြောကျပါအုံး ငါ့သားကို ဘယ်သူက ဒီလိုဖြစ်အောင် ဘယ်သူတွေကလုပ်လွတ်လိုက်တာလဲဟင် အမလေးသံရယ် ''ပြောဆိုလိုက်သောစကားနဲ့အတူ အမေဖြစ်သူ ထားခင်၏အသံတွေကတော့ ငိုသံတွေပါဝင်လျှက် မျက်ဝန်းအိမ်ထဲတွင်တော့ မျက်ရည်များ ခိုတွဲလျှက်
'' ဘာဖြစ်လာတာလဲ ဆိုတာ မင်းသားကို မင်းကိုယ်တိုင်မေးကြည့်လိုက် '' ဒေါသစိတ်ဖြင့်ပြောဆိုလိုက်သော စကားနဲ့အတူ ဦးသန်းနိုင်၏ခြေလှမ်းတွေကတော့ အိပ်ခန်းရှိရာဘက်သို့ ဦးတည်၍ထွက်ခွာသွားလေတော့သည်
'' မေမေကို ပြောစမ်းသား မေမေ့သားကို ဘယ်သူလုပ်တာလဲ ကြည့်ပါအုံး မျက်နှာမှာလဲ သွေတွေနဲ့ '' ပြောဆိုလိုက်သော စကားနဲ့အတူ သားမျက်နှာလေးအား ကြည့်မိလိုက်လေသည်
ဝမ်းနည်းစိတ်ဖြင့် အမေရင်ခွင်အား တိုဝင်မိလိုက်သောသူကတော့ ဇွဲကို ပင်ဖြစ်သည် မျက်လုံးထဲတွင်လဲ မျက်ရည်များစီးကျလျှက်
'' မငိုပါနဲ့သားရယ် တိတ်တိတ် မေမေ ဆေးထည့်ပေးမယ်နော် ''
'' မေမေ '' ကြေကွဲသံတွေနဲ့အတူ အမေဖြစ်သူအား ခေါ်ဆိုလိုက်လေသည်
'' ပြောလေသား ဘာဖြစ်လို့လဲ မေမေဆေးထည့်ဖို့ လုပ်ပေးမယ်နော် ''
'' သား အမေ ကို မေးစရာ မေးခွန်းတစ်ခုရှိတယ် သားကိုအမှန်တိုင်းဖြေပေးပါဗျာ ''
'' မေးလေ သားရဲ့ ဘာဖြစ်လို့လဲ ''
'' အဖေ ဦးသန်းနိုင်က သားအဖေအရင်းလာ အမေ '' ဇွဲကို မေးလိုက်သော မေးခွန်းကြောင့် ထားခင်တစ်ယောက်
.....................................................................................................................
ဒုတိယပိုင်း မျှော်
......................................................................................................................
ကြိုးစားပါအုံးမည် ရွှင်လန်းချမ်းမြေ့ကျပါစေ
ရဲရင့်ရထာ
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A335175&xgs=1&xg_source=msg_share_post

No comments:
Post a Comment