စာရေးကြီးသီချင်း
ဇာတ်လမ်းပြောသူ စာရေးကြီး ကိုကျောက်ခဲဟာ တစ်ရုံးထဲက စာရေးမလေးတစ်ယောက်နဲ့
အိမ်ထောင်ကျပြီး ရတဲ့လခနဲ့ မလောက်လို့အပိုဝင်ငွေလေးရလိုရငြား
သူဝါသနာပါတဲ့ စာရေးတဲ့အလုပ်နဲ့ အပိုဝင်ငွေရှာရအောင်ဆိုပြီး ၀တ္တုတွေဆောင်းပါးတွေရေးပြီး မဂ္ဂဇင်းတိုက်တွေကိုပို့လေ့ရှိပါတယ်- ဒီနေ့လဲ အိမ်သူဖြစ်သူဈေးသွားနေတုန်းစာရေးရင်း ---တဘက်က ခလေးကို လဲ ထိန်းနေရရှာပါတယ်

ခလေးငိုသံ အုဝဲ အုဝဲ အုဝဲ
ကိုကျောက်ခဲ အို- အို- အို- တိတ်ပါကွယ်မင်းအမေရေနံချောင်းမုန့်ပေါင်းသွားဝယ်တယ်
ခလေးကလဲ အရေးထဲ မှကွာဒီမှာ ဝတ္တုက အဆုံးသတ်ဘို့ခက်နေရတဲ့အထဲ
ဇာတ်လမ်းပြောသူ စာရေးရေးဆရာပေါက်စကိုကျောက်ခဲဟာခလေးချော့ရင်းစာမူတစ်ခုရေးနေပါတယ်

ကိုကျောက်ခဲဟာလုံးချင်းဝတ္တုပေါင်းမြောက်များစွာကိုရေးခဲ့သူတယောက်ဖြစ်ပါတယ်
အဲလုံးချင်းဝတ္တုဆရာဆိုလို့သိပ်တော့အထင်မကြီးလိုက်ပါနဲ့အုံးခင်ဗျာ ။
သူ့ရဲ့ စာမူတွေ ဝတ္တုတွေကိုအယ်ဒီတာကမကြိုက်လို့လုံးလုံးပြီး ခြင်းထဲထဲ့ပစ်လိုက်ရလို့လုံးခြင်း
ဝတ္တုရေးဆရာလို့အပေါင်းအသင်းတွေကလှောင်ပြောင်ခေါ်ကြရင်းကလုံးခြင်းဝတ္တုရေးဆရာဘွဲ့ 

ရရှိခဲ့တာဖြစ်ပါတယ် ။
ခလေးငိုသံ အုဝဲ အုဝဲ အုဝဲ
ခလေးငိုသံ အုဝဲ အုဝဲ အုဝဲ
ကိုကျောက်ခဲ အို အို အို မင်းအမေ ရေနံချောင်း မုန့်ပေါင်းသွားဝယ်တယ်
နင့်အမေကလဲ ဈေးသွားတာကြာလိုက်တာကွာဈေးထဲမှဘယ်သူနဲ့များ စကားတွေဖေါင်ဖွဲ့ 
နေလဲမသိပါဘူးကွာ
မိန်းမဖြစ်သူ သမီးရေ အမေပြန်လာပြီဟေ့
ကိုကျောက်ခဲ ဟော ဟော ရေနံချောင်း က မုန့်ပေါင်းပြန်လာပြီ
မိန်းမ ဘာရေနံချောင်း က မုန့်ပေါင်းလဲ ခလေးသိပ်ပါဆိုမှမိန်းမအတင်းပြောနေ တယ်ပေါ့လေ
ကိုကျောက်ခဲ မဟုတ်ရပါဘူးမိန်းမရာ အစ ကအိပ်နေတာ ငြိမ်လို့အခု ဝတ္တုလေးကလေး အဆုံးသတ်ခါနီးမှ

သူငယ်တာကြာပုန်းထပြီးငိုတော့တာဘဲ ကွာ
မိန်းမ ကဲ ကဲ ရှင် စာရေးဆက်ရေး တော့ ခလေးပေး
2
ကိုကျောက်ခဲ အေး အေး ကျေးဇူးပါဘဲ ကွာ ရော့ ရော့ ခလေး
တီးလုံး တခု xxxxx xxxxx xxxxx xxxxx

ကိုကျောက်ခဲ အား ပြီး ပြီ ဒီတခါတော့ အယ်ဒီတာ တွေမကြိုက်မရှိ စေရဘူး ကွ နော်
ကျောက်ခဲတဲ့ ဟဲဟဲ ဒီဝတ္တုကဘဝသရုပ်ဖေါ်ဆိုတောအရွေးခံရမှာသေချာတယ်ကွ
ကဲ မိန်းမရေ ကိုယ် မဂ္ဂဇင်းတိုက်ကိုစာမူသွားပို့လိုက်အုံးမယ်နော်
မိန်းမဖြစ်သူ ရှင့် မလဲ တနေ့ တနေ့ မဂ္ဂဇင်းတိုက် တွေလိုက်ပြီး စာမူပို့နေရတာနဲ့ 
ဘဲအချိန်ကုန် နေတာဘဲအိမ်ကိုလဲ နဲနဲပါးပါး ကူပါအုံးတော်
ကိုကျောက်ခဲ ဟာ ဒီနေ့တော့ ဆောရီးဘဲ ကွာ ဒီစာမူက ရွေးခံရမှာ သေချာတယ်ကွ
ဒီလကုန်အမှိမဂ္ဂဇင်းထွက်ရင် တခါထဲပါသွားအောင်လို့ပါကွာ
မိန်းမ ကဲ ကဲ ဒါဖြင့်လဲ ကြွ ကြွ လဘက်ရည်ဆိုင်ဝင်ပြီးတော့လေကန်မနေနဲ့  အုံးနော်
ကိုကျောက်ခဲ စိတ် ချပါ မိန်းမ ရာ စာမူပို့ ပြီး ပြီး ချင်းပြန်လာမှာပါ ကွာ
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲတစ်ယောက် မိန်းမဆီကခွင့်ပြုချပ်ရတာနဲတခါထဲလွယ် အိတ်ကိုဆွဲပြီး

မဂ္ဂဇင်းတိုက်သို့ထွက်ခဲ့ပါတော့တယ် ခင်ဗျာ
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ဇာတ်လမ်းပြောသူ လမ်းထိပ်လဘက်ရည်ဆိုင်တွင်သူငယ်ချင်းတစ်စုထိုင်ပြီးလဘက်ရည်
သောက်နေကြတာတွေလိုက်ပါတယ်-မမြင်ချင်ယောင်ဆောင်ပြီးသွားမယ်လုပ်ခါမှ
သူငယ်ချင်း စိန်လှက လှမ်းခေါ်လိုက်ပါတယ်
ကိုစိန်လှ ဟေ့ ကျောက်ခဲ လွယ်အိတ်ကြီးလွယ်လို့ဘယ်သွားမလို့လဲ ကွ
ကိုကျောက်ခဲ မဂ္ဂဇင်းတိုက်ကို စာမူသွားပို့ မလို့ပေါ့ကွ
ကိုမောင်မောင် လုပ်မနေပါနဲ့ကွာ မင်းဝတ္တုလုံးခြင်းဝတ္တုဖြစ်သွားမှာပါ
ကိုကျောက်ခဲ ဟေ့ကောင် မင်းပါးစပ်ပုပ်ကြီး နဲ့မပြောနဲ့ကွ အခု ဒီဝတ္တုကဘ၀သရုပ်ဖေါ် ဝတ္တုကွ Idea

အသစ်နဲ့ရေးထားတာ ဘာမှတ်လို့လဲ
ကိုစိန်လှ လာ ပါကွာ လဘက်ရည်သောက်သွားအုံးလေ
ကိုကျောက်ခဲ ဟာ မသောက်တော့ဘူး ကွာ အိမ်ကမိန်း မကမြန်မြန်ပြန်လာလို့မှာလိုက်တယ်ကွ
ကိုမောင်မောင် အေးပေါ့ကွယ် မင်းတယောက်တော့ အိမ်ထောင်ကျသွားပြီဆိုတော့
အိမ်ထောင်အလုပ်တွေ ကုံးရုံးလုပ်ပေးရမှာပေါ့ကွာ ဟား ဟား ကြွ ကြွ
3
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ဇာတ်လမ်းပြောသူ ဒီလိုနဲ့ ကိုကျောက်ခဲတယောက် လှမြက်ချယ် မဂ္ဂဇင်းတိုက်ကိုရောက် လာပါတော့တယ်
ကိုကျောက်ခဲ ဆရာ ဝင်ခွင့်ပြုပါခင်ဗျာ
အယ်ဒီတာကြီး ဟေ ဘာကိစ္စလဲကွ ဝင်ခဲ့လေ
ဇာတ်လမ်းပြောသူ လှမြက်ချယ် မဂ္ဂဇင်းတိုက် အယ်ဒီတာကြီး ဉီးထိပ်ကွက်ဟာမျက်မှန်ကြီးကို

လှန်ပြီးကြည့်ရင်းပြောလိုက်ပါတယ် ။
ကိုကျောက်ခဲ ကျွန်တော် စာမူပေးချင်လို့ပါ ခင်ဗျာ
အယ်ဒီတာကြီး ဟေ ဟုတ်လား ပြစမ်းပါအုံးကွ မင်းစာမူ
ကိုကျောက်ခဲ ဒီမှာပါ ဆရာ
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲ က ရိုရိုသေသေ စာမူကို အယ်ဒီတာကြိးထံလှမ်းပေးရင်း
ကိုကျောက်ခဲ ဘဝ သရုပ်ဖေါ် ဝတ္တုလေးပါ ဆရာ
အယ်ဒီတာကြီး အေး အေး ဒီမှာ လဲ တဖေါင်လိုနေတာနဲ့ အတော်ဘဲကွကောင်းရင်ရွေး ပြီးဒီလ

မဂ္ဂဇင်းမှာတခါထဲသုံးလိုက်မယ်လေခဏလေးစောင့်နေ ဖတ်လိုက်မယ် ။
ကိုကျောက်ခဲ ကောင်းပါတယ် ဆရာ ၊ ကျတော် တခါထဲစောင့်နေပါမယ် ။
အယ်ဒီတာကြီး ကဲ ဒါဖြင့် ဟိုမှာ သတင်းစာ ဘတ်ရင်းစောင်နေပေါ့ကွာ
ကိုကျောက်ခဲ ဟုတ် ကဲ့ ခင်ဗျာ ဟုတ်ကဲ့
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲဟာ သတင်းစာဖတ်ရင်း အယ်ဒီတာကြီးရဲ့ မျက်နှာကိုအကဲခတ်သလို

နဲ့ချောင်း ချောင်းကြည့် နေပါတယ်
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ဇာတ်လမ်းပြောသူ အယ်ဒီတာကြီးလဲကိုကျောက်ကို ကြည့်လိုက်စာမူကိုဆက်ဖတ်လိုက်နဲ့
ကိုကျောက်ခဲရဲ့ ရင်ထဲမှာတော့ မီးရထားခုနှစ်စင်းတပြိုင်ထဲခုတ်မောင်းနေ
သလားထင်ရပါတယ်
အယ်ဒီတာကြီး မောင်ရင် လက်ရာမဆိုးဘူးကွ မောင်ရင်အရင်ဘယ်မဂ္ဂဇင်းမှာရေးဘူးလဲ
ကိုကျောက်ခဲ အဲ အဲ ဟို ဟို ကျနော် ဘယ်မဂ္ဂဇင်းမှ အရေးဘူးသေးပါဘူးဆရာ
အယ်ဒီတာကြီး ဒါဖြင့်မောင်ရင် က ကလောင်သစ်ကလေးပေါ့
ကိုကျောက်ခဲ ဟုတ် - ဟုတ်ပါတယ် ဆရာ
အယ်ဒီတာကြီး အေး ကွ မင်းစာမူကို ငါရွေးလိုက်မယ် အေး ဒါပေမဲ့ တခုတော့ပြင်ချင် တယ်ကွ

ဇတ်လမ်းပြောသူ ကိုကျောက်ခဲ ခမျာ သူ့စာမူကိုရွေးလိုက်တယ်ဆိုတော့နှလုံးပီိတိ ဂွမ်းဆီထိသလိုဖြစ်သွားပြီး
ခွင့်ြ့ပုချက်တွေရက်ရက်ရောရောပေးလိုက်ပါတယ်
ကိုကျောက်ခဲ ဟာ ဆရာ ရပါတယ် ဆရာ ရပါတယ် တခု မဟုတ်ဘူးဆရာ ၂ နှစ်ခုပြင် ၂ ခုပြင်
အယ်ဒီတာကြီး အေး ပါကွာ ငါ တခုဘဲပြင်မှာပါကွာ-ကဲဒီစာမူထားခဲ့ဒီလမဂ္ဂဇင်းမှာသုံး
လိုက်မယ် မင်းစိတ်ချလက်ချပြန် ပေတော့
ကိုကျောက်ခဲ ဟုတ်ကဲ့ဆရာ ကျနော် စိတ်ချနေမယ်နော်

အယ်ဒီတာကြီး အေး အေး စိတ်ချ လက်ချ တာပြန်ပေတော့
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲတစ် ယောက်ဝမ်းသားလွန်းလို့ အိမ်အပြန်မှာထောက်ကြွ
ထောက်ကြွနဲ့ခြေဖဝါးနဲ့မြေကြီးထိရဲ့လားလို့တောင် မသိပါဘူးခင်ဗျာ
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ဇာတ်လမ်းပြောသူ လမ်းထိပ်မှာ သူငယ်ချင်း စိန်လှတို့အုပ်စုနဲ့ကို လက်ဘက်ရည်ဆိုင်မှာ တွေပြန်ပါတယ်
ကိုကျောက်ခဲ ဟေ့ သူငယ်ချင်းတို့ ငါစာရေးဆရာဖြစ်ပြီ ကွ
စိန်လှ ဟေ ဟုတ်လား ၊ ဒါဖြင့်ဒို့ ကို လက်ဘက်ရည်တိုက်
ကိုကျောက်ခဲ ဟာ မင်း တို့ကလဲ မဂ္ဂဇင်းကဖြင့်မထွက်သေးဘူး ဘယ်တိုက်လို့ဖြစ် မလဲကွ
မောင်မောင် ဟာ အကြိုပေါ့ကွာ အကြိုပေါ့
ကိုကျောက်ခဲ ကဲ ကဲ ဒါဆိုလဲ လဘက်ရည်ဘဲ နော် မုန့်တော့မပါဘူးကွ
မောင်မောင် ရပါတယ် ကွာ ရပါတယ် လရည်ဆိုလဲမဆိုးပါဘူး
လဘက်ရည်ချို စိမ့် ၃ ခွက် ဆရာရေ

သီချင်းတပုဒ် ကိုင်ဇာ ဘက်လက်ရည်ဆိုင်သီချင်း
5
ကိုကျောက်ခဲ ဟေး မိန်းမရေ ငါ့စာမူ အရွေးခံရပြီ ကွ ငါစာရေးဆရာဖြစ်ပြီကွ
ငါပြောတယ် မှုတ်လား ဒီဝတ္တုက ဘ၀သရုပ်ဖေါ်ဝတ္တု ကြိုက်ကို
ကြိုက်ရမယ်လေ --

ဇာတ်လမ်းပြောသူ ကိုကျောက်ခဲတယောက် အိမ်ပြန်ရောက်တော့ မိန်းမကိုသူ့ စာမူအရွေး
ခံလိုက်တဲ့အကြောင်းအကြွားကြီးကြွားပြနေ ပါတော့တယ်
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ကိုကျောက်ခဲ အင်း မဂ္ဂဇင်းထွက်ဘို့ကလဲ ၁၀ ရက်တောင်လို့သေးပါလား
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲတယောက် မဂ္ဂဇင်းထွက်မဲ့ရက် ကို ရက်ချိုးရေတွက်ရင်းစောင့်
စားရင်းနေမထိထိုင်မထိဖြစ်နေပါတယ်၊
ဒီလိုနဲ့ တနေ့တော့ မိန်းမ လုပ်သူက
ဇနီးဖြစ်သူ မောင်ရေ ဒီနေ့လခထုတ်တယ်နော် အပြန်ကျရင် ခလေးနို့မှုန့်ဝယ်ခဲ့အုံးနော်
ဇာတ်လမ်းပြောသူ ဇနီးဖြစ်သူ ရဲ့ အသံကြောင့် ကိုကျောက်ခဲ လကုန်မှန်းသိသွားပါတယ်

ကိုကျောက်ခဲ အော် အေး ဟုတ်သား ဘဲ အေးအေး မိန်းမရေ ငါအပြန်ကျ စာမူခတခါ ထဲထုတ်ပြီး ခေါက်ဆွဲတထုပ်ပါဆွဲခဲ့မယ်ကွ သိလား
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ကိုကျောက်ခဲ အား ဒီနေ့ လကုန်ရက်ဆိုတော့ မဂ္ဂဇင်းထွက်လောက်ပြီ လမ်းထိပ်ကစာအုပ်ဆိုင်မှာ
အရင် သွားကြည့်လိုက်မယ်
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ကိုကျောက်ခဲ လှမြက်ချယ် မဂ္ဂဇင်းထွက်ပြီလား ဗျ
ဆိုင်ရှင် ထွက်ပြီ ရှင့် ထွက်ပြိ ဒီမဂ္ဂဇင်းက လမကုန်ခင်တရက်နှစ်ရက်လောက်ဆိုရင်
ဆိုင်ပေါ်ရောက်နေပြီ ရှင့်
ကိုကျောက်ခဲ တအုပ်ပေးဗျာ
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲ ဟာ မဂ္ဂဇင်းကို ယူပြီး သူဝတ္တုကို ကျီးကန်းတောင်းမှောက်
ရှာနေပါတယ်မဂ္ဂဇင်း စာမျက်နှာများကုန်သွားပါတယ် သူရေးတဲ့စာမူကိုမတွေ့ပါ ၊

ကိုကျောက်ခဲ ဟင် မပါ ပါလား ငါများ မျက်စီမှားနေလို့လား
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲတယောက် မဂ္ဂဇင်းကို အခေါက်ခေါက် အခါခါ လှန်ရှာပေမဲ့မတွေ့တာကြောင့်
မဂ္ဂဇင်းတိုက်ကို အပြေးကလေး ထွက်လာပါတော့တယ် ။
မဂ္ဂဇင်းတိုက်ကို အပြေးကလေး ထွက်လာပါတော့တယ် ။
တီးလုံး တခု xxxxx xxxxx xxxxx xxxxx
ကိုကျောက်ခဲ ဟော ဟဲ ဟော ဟဲ
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲတယောက် မဂ္ဂဇင်းတိုက်ရောက်တော့ တော်တော်မောနေပါတယ် ။

အဲ ဆိုက်ဆိုက်မျြိုက့်မြိုက် အယ်ဒီတာကြီးကိုတွေ့ရတယ်ဆိုရင်ဘဲ
ကိုကျောက်ခဲ ဆရာ ဆရာ ကျတော့ စာမူမပါဘူးလားဆရာ ဟောဟဲ
အယ်ဒီတာ ဟေ မောင်ကျောက်ခဲလား ကွ မင်းစာမူ ပါ တယ်လေကွာ
ကိုကျောက်ခဲ ဘယ် ဘယ် မှာလဲ ဆရာ ဘယ်မှာလဲ ဟောဟဲ
ဇာတ်လမ်းပြောသူ ကိုကျောက်ခဲဟာ အံ့သြ ကြီးစွားနဲ့ ပြန်မေးလိုက်ပါတယ်
အယ်ဒီတာ ဒီိမှာလေကွာ ဒီမှာကွ အော် မင်းကို ငါပြောလိုက်တယ် မဟုတ်လား
တခုတော့ပြင်ချင်တယ် လို့လေ
ကိုကျောက်ခဲ ဟုတ်တယ်လေ ဆရာ ကျတော် ကတောင် တခု မဟုတ် ဘူး ၂ ခုပြင်ပါ

လို့တောင်ပြောလိုက်တာ ကျတော်မှတ်မိပါတယ် ။
အယ်ဒီတာ အေး အဲ့ ဒါကြောင့်ပေါ့ မင်း ကခွင့်ပြုတာနဲ့ ငါလဲ
ရေးသူ ကျောက်ခဲ ဆိုတဲ့ နေရာမှ ငါ့ကလောင်နံမယ်
ရေးသူ ထိပ်ကွက် လို့ပြင်လိုက်တယ်လေကွာ
ကိုကျောက်ခဲ အောင်း မလေး သေလိုက်ပါတော့ရက်စက်လိုက်တာအယ်ဒီတာကြီးရယ်
အယ်ဒီတာ ဟဟ ငါ ကဘာလို့သေရမှာလဲကွ
ကိုကျောက်ခဲ ကျွန်တော့ ကိုယ် ကျွန်တော်ပြောတာပါ အယ်ဒီတာကြီးရယ်

အပိတ်တီးလုံး
တခု ဘဲ ပြင်လိုက်တာ ပါ တဲ့ကွာ မိန်းမ ရဲ့ 
ကြိုက်လို့ Share လုပ် လိုက်ရင် လဲ Credit လေးတော့ ပေးဘို့ကောင်းပါတယ် အယ်ဒီတာကြီးရယ်

1970 လောက်က ( ကာတွန်းသစ် ဟာသစာစောင်တွင်ဖေါ်ပြခဲ့ပြီး )
မြန်မာ့အသံမှာ ဇာတ်လမ်းပမာအဖြစ်ထုတ်လွင့်ခဲ့တဲ့ ဟာသဇာတ်လမ်းဖြစ်ပါတယ်
အနည်းငယ်ပြန်လည်ြုပုပြင်ဖေါ်ပြလိုက်ပါသည်

မောင်သုံည
No comments:
Post a Comment