သစ်ထူးလွင်
|
- တောင်ကြီးမြို့ မှာ ယနေ့ ငြမ်းစင်ပြိုကျပြီး လူ ၇ ဦး သေဆုံး
- အောက်တိုဘာလ ၃ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၀
- လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို
- အနာဂတ်မဲ့ နေလောင်ပန်းလေးများ
- မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀၀ ကျော်အား ထုတ်ပယ်
- အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး
- တရားမဝင်နိုင်ငံသား စိမ့်ဝင်မှုကာကွယ်ရေး အမျိုးသားစီမံကိန်း ချမှတ် ရန်လိုဟု သမ္မတအကြံပေး ဆို
- မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်
- လိုသလို အလွဲသုံးနိုင်သည့် ဥပဒေများ ဖျက်သိမ်းရမည်ဟု ဒေါ်အောင် ဆန်းစုကြည် ဆို
- ပဋိပက္ခကြောင့် ပျက်စီးသွားသော ရခိုင်အိမ်များအတွက် ဗုဒ္ဓရုပ်ပွားတော် နှစ်ထောင်ကျော် ပင့်ဆောင်လှူဒါန်း
- အောက်တိုဘာလ ၃ ရက်နေ့ ထုတ် Hot News Weekly
- အောက်တိုဘာ(၃)ရက်နေ့ ထုတ် SHADE ဂျာနယ်
- မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး
- ပတ္တမြားအထွက်နှုန်း ကျဆင်းလာ
- KIA တပ်သား (၂) ဦး အပြစ်မဲ့ ရွာသားတစ်ဦးကို သေနက်နဲ့ပစ်သတ်
- ဒေါ်အောင်ဆန်းစုကြည် LA ရောက် မြန်မာများနဲ့တွေ့ဆုံ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် LA မြန်မာမိသားစုများတွေ့ ဆုံပွဲ (ရုပ်/သံ) အစအဆုံး
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် LA မြန်မာမိသားစုများတွေ့ ဆုံပွဲ (ဓါတ်ပုံ)
- နိုင်ဂျီးရီးယားက မူဘီမှာ ကာဖျူးထုတ်
- မန္တလေးမြို့ မှာ ချစ်သူဖြစ်သူ မှ မယူနိုင်ဘူးဟု ပြော၍ ကိုယ့်ကိုကိုယ် သေကြောင်းကြံစီမှုဖြစ်ပွား
- ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း
- ဂျော်ဂျီရာ ရွေးကောက်ပွဲ အတိုက်အခံ အနိုင်ရ
- ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ကန့်ကွက်ဆန္ဒပြ
- ဘင်္ဂလားဒေ့ရှ် အစိုးရစွပ်စွဲချက် ရိုဟင်ဂျာငြင်းဆို
- ရခိုင်ဒုက္ခသည်အလှူ ဖြန့်ဖြူးမှု မမှန်ကန်ကြောင်း ကန့်ကွက်စာပေးပို့
Posted: 03 Oct 2012 07:16 AM PDT
တောင်ကြီးမြို့ ပြည်တော်သာရပ် ကြံ့ခိုင်ရေးလမ်းတွင် တည်ဆောက် လျှက်ရှိသော အထပ် ၆ ထပ်ပါ အဆေက်အဦး သည် ၃.၁၀.၂၀၁၂ရက်နေ့ နေ့လည် ၂း၄၅ မိနစ်အချိန်တွင် ဆလပ်လောင်းနေစဉ် ငြမ်းစင်ပြိုကျ၍ တည်ဆောက်ရေး အလုပ်အမား ၇ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Oct 2012 07:12 AM PDT
| ||
Posted: 03 Oct 2012 06:48 AM PDT
ရန်ကုန်၊ အောက်တိုဘာ ၃
နိုင်ငံသားများ၏ အကျင့် ပျက်ပြားအောင် စီးပွားရေး ဆန်ဆန် ပြုလုပ်နေသည့် လောင်း ကစားဒိုင်များအား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ထိရောက်စွာ အရေးယူမှု မရှိဟု လွှတ်တော်ကိုယ်စား လှယ်များ တင်ပြမှုအပေါ် တိကျ သေချာသည် ထောက်အထား ပေးပါက ဖမ်းဆီးသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။ ရဲတပ်ဖွဲ့အနေဖြင့် သက်သေ ခိုင်လုံမှသာ ဖမ်းဆီးအရေးယူမှု ကို ဆောင်ရွက်နိုင်သည့် အတွက် ခိုင်မာသည့်သတင်းပေးသူရှိပါက သတင်း ပေးသူကို လျှိုဝှက်၍ဒိုင် ကြီးများအား ဖမ်းဆီးသွားမည်ဟု ၄င်းက ပြောသည်။ ယခင်နှစ် ဇူလိုင်လမှ စ၍ လောင်းကစားမှုပပျောက်ရေး စီမံ ချက်ကို ရေးဆွဲ၍ ၄င်းတို့ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ပြည်သူများ၏ သတင်းပေးမှုဖြင့် အထက်ဌာနမှ ဝင်ရောက်ဖမ်းဆီး ခဲ့ရသဖြင့် သက်ဆိုင်ရာ နယ်မြေရှိ မြို့နယ်စခန်းမှူးနှင့် နယ်ထိန်းများ ကိုလည်း ပြစ်ဒဏ်ချအရေးယူမှု များ ဆောင်ရွက်ခဲ့ခြင်းလည်း ရှိ သည်ဟု ¸၄င်းက ပြောသည်။ စီမံကိန်း စတင်အကောင်အ ထည်ဖော်ခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့ သည့် အရာရှိ ၁၇၄ ဦးနှင့် အခြား အဆင့် တပ်ဖွဲ့ဝင် ၇၉ ဦးကို အရေးယူခဲ့ပြီး နှစ်လုံး၊ ချဲ၊ ဖဲ၊ ဂျင်၊ ဘောလုံးနှင့် အခြားအမှု ၆၆ဝ ကျော်ကိုလည်း ယခင်နှစ်ထက် ပိုမိုအရေးယူနိုင်ခဲ့သည်ဟု ၄င်းက ပြောသည်။ ဝေမာထွန်း-Popular Myanmar News Journal | ||
Posted: 03 Oct 2012 07:21 AM PDT
ရန်ကုန်ဘူတာကြီး၏ နံနက် ခင်းသည် ထုံးစံအတိုင်း ရှုပ်ယှက် ခတ်လှုပ်ရှားနေသည်။ မြို့ပတ်ရ ထားက ရှုးရှုးရှဲရှဲဖြင့် ထိုးဆိုက် လာသည်နှင့် လူများစွာ ဝေါခနဲ က တိုက် ကရိုက်ဆင်းလာကြသည်။ ဒီ မြင်ကွင်းက မထူးဆန်းပါ။ဘူတာ ကြီးသို့ ဝင်ထွက်သွား လာဖူးသူများအတွက် နည်းနည်းမှ မထူးဆန်း။
အကယ်၍ ထိုခရီးသည်များ ကြား သင်ဂရုတစိုက် စောင့်ကြည့် နိုင်မည်ဆိုပါက ဆံပင် ဘုတ်သိုက်၊ ညစ်ပေဟောင်းနွမ်းသော အဝတ် အစားများဖြင့် အသက်ဆယ်နှစ် ဝန်းကျင် ကလေးငယ်များကို တွေ့ ရမည်ဖြစ်သည်။ ရထားဆိုက်သည် နှင့် သူတို့ကလေးတစ်စု အလုအ ယက် ဆင်းကြမည်။ သို့သော် သူတို့လက်ဗလာသက်သက်တော့ မဟုတ်။ အထုပ်ငယ်လေးများကို ခေါင်းပေါ်ရွက်ကာ တစ်စုစီ တစ်နေ ရာစီ ဦးတည်သွားကြမည်။ တကယ်တော့ ထိုကလေးငယ် များသည် ရန်ကုန်မြို့အနှံ့ တောင်း ရမ်းစားသောက်ရန်အတွက် ဆင် ခြေဖုံးရပ်ကွက်များမှ နေ့စဉ်နံနက် တိုင်းရထားစီးကာ လာကြခြင်း ဖြစ်ပြီး သူတို့ရွက်ထားသော အထုပ် ငယ်များမှာ အိုးတိုက်ဖွဲပြာ များဖြစ် ပြီး သူတို့အတွက်အကာအကွယ် ဖြစ်သည်ဟု မြောက်ဒဂုံ ၄၈ ရပ် ကွက်တွင် နေထိုင်ပြီး အသက် ၅ နှစ်အရွယ်ရှိ မောင်ငယ်ကို လက်ဆွဲ ကာ လိုက်လံ တောင်း ရမ်းးနေသည့် အသက် ၉ နှစ်ရှိ မပုံပုံက ပြော သည်။ ”အိုးတိုက်ဖွဲပြာရောင်းသလို လုပ်တာ။ အဖမ်းခံရမှာစိုးလို့”ဟု သူမက ပြောသည်။ စာသင်ခန်းအတွင်း ပညာသင် ကြားနေရမည့်အရွယ်လေးများ ဖြစ်သော်လည်း အကြောင်းပြချက် များစွာရှိနိုင်သည့် အဆင်မပြေမှုများ ကြောင့် မိဘများကိုယ်တိုင် ၄င်းတို့ သားသမီးများအား လိုက်လံတောင်း ရမ်းခိုင်းသူများရှိပါသည်။ ငွေရ လွယ်သော တောင်းရမ်းသည့်ဘဝ ကို ကလေးငယ်တချို့ ကိုယ်တိုင်က သဘောကျ ကာမိဘ များမသိအောင် တောင်း ရမ်းစားသောက်သူများ လည်းရှိနေကြကြောင်း ကလေးငယ် များထံမှ သိရပါသည်။ သို့သော် အများစုမှာ မိဘများကိုယ်တိုင်က ပညာရေး နိမ့် ပါးသည့်အတွက်စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြု၍ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ၄င်းတို့ မွေးထုတ်ထားသော သားသမီးများ အား တောင်း ရမ်းရန် အတင်းအကျပ် ခိုင်းစေကြခြင်းဖြစ်ပြီး ကလေးငယ် များက တောင်းရမ်း ခြင်းမပြုလိုကရိုက်နှက်ခိုင်းေ ”မနက်ဆို ၈ နာရီထိုးတာနဲ့ မောင်လေးကို ခေါ်ပြီး အိမ်က စထွက်တယ်။ အိမ်ကမထွက်ခင် အမေက သမီးတို့မောင်နှမ နှစ် ယောက်ကို ထမင်းတော့ကျွေး လိုက်တယ်။ အိမ်ကနေထွက်တဲ့ အချိန် သူငယ်ချင်းတွေနဲ့လမ်းမှာ ချိန်းပြီး မြောက်ဥက္ကလာဘူတာကို လမ်းလျှောက်သွားတယ်။ အဲဒီ နောက် ဘူတာကနေ ရထားစီးပြီး မြိ့ထဲမှာ လိုက်တောင်းတယ်။ ည ၇ နာရီအထိပဲ။ ဒီလိုတောင်း လို့ တစ်ရက်ကို နှစ်ထောင်နဲ့ သုံးထောင် ကြားတော့ရတယ်။ ရတဲ့ပိုက်ဆံကို အိမ်ကို အကုန်ပြန်အပ်ရတယ်။ မအပ်နိုင်ရင် နောက်နေ့မနက်စား စရာမရှိဘူး။ အခုလည်း နေ့လယ် ပိုင်းတွေကတော့ ထမင်းမစားရ ဘူး။ အိမ်ပြန်ရောက်မှ နေ့လယ်စာ ပေါင်းစားရတယ်” ဟု မြောက်ဒဂုံ မှ မြို့ထဲသို့လာရောက် တောင်းရမ်းစား သောက်သူ အသက် ၁၂ အရွယ်ရှိ မထက်ထက်လွင်က စေတနာရှင်တစ်ဦးဝယ်ကျွေးသော ထမင်းကို ပလုပ်ပလောင်း စားရင်း ပြော သည်။ထိုကလေးငယ်များ၏ ဘဝ ကား ပညာကောင်းမွန်စွာ သင်ကြား ရခြင်းမရှိဘဲ အရွယ်မတိုင်မီ လမ်းမ များပေါ်ရောက်ရှိခဲ့ရသည့်အတွက် အခြားသောကလေး ငယ်များနှင့် စိတ်နေစိတ်ထား၊ စရိုက်လက္ခဏာ များ လုံးဝတူညီခြင်းမရှိဘဲ ကွဲပြား ခြားနားသည်။လမ်းပေါ်၌ တောင်း ရမ်းစားသောက်သူ ကလေးငယ် များမှာ မိဘအုပ် ထိန်းသူ ဆိုဆုံး မမှုနှင့်ဝေးကွာသည့်အတွက် စိတ် ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ ရန်လိုစိတ် များသာ လွှမ်းမိုးနေခြင်းကြောင့် ကြမ်းတမ်း ရိုင်းစိုင်းသောလက္ခဏာ များကြီးစိုးေ နကြသည်ဟု အခြေအနေမဲ့ကလေးငယ်များအား ထိန်း သိမ်းပြုစုစောင့်ရှောက်ပေးနေသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် တောင်းရမ်းစားသောက်သူ ပပျောက်ရေး ယခင်အစိုးရ လက်ထက်က ရန်ကုန်၌ တောင်းရမ်းစားသောက် သူများပပျောက်စေရန် တောင်းရမ်း စားသောက်သူများအား စည်ပင်ရဲ မှဖမ်းဆီး၍ အသက် ၁၈ နှစ်ထ က် ကျော်လွန်သူများအား ဖမ်းဆီးကာ ထောင်ချခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသောကလေးငယ်များ အား လူမှုဝန်ထမ်းဦးစီးဌာန လက် အောက်ရှိ လူငယ်သင်တ န်းကျောင်း များသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း အစိုးရသစ်ပြောင်းလဲ ချိန၌ တောင်းရမ်းစားသောက်သူ များအား ဖမ်းဆီးအရေးယူမှုမှာ အတန်အသင့်လျော့ နည်းသွားခြင်း နှင့်အတူ တောင်းရမ်းစားသောက် သူများပိုများလာခြင်းကြောင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ စီမံချက် ချကာ အရေးယူခိုင်းထားကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးတင်ဇော်မိုးက ပြော သည်။”လူမှုဝန်ထမ်းဦးစီးဌာနအနေ နဲ့ကတော့ စည်ပင်ရဲကဖမ်းပြီး လာ ပို့တဲ့ကလေးတွေကို စာရိတ္တပိုင်း ဆိုင်ရာ ပြုပြင်ပေးပြီး ပညာသင် ပေးဖို့ ကျိုက်ဝိုင်း၊ သန်လျင်နဲ့ ငှက်အော်စမ်းမှာရှိတဲ့ လူငယ် သင်တန်းကျောင်းမှာ ထိန်းထားပေး တယ်။ ပညာသင်ဖို့ခက်တဲ့ကလေး တွေ ကျတော့ အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးတယ်။ ဒါပေမဲ့ သူတို့အတွက် အလုပ်တော့ ရှာမပေးနိုင်ဘူး။ သင်တန်းကျောင်း တွေမှာသာ စည်းကမ်းနဲ့နေရပြီး ပိုက်ဆံလည်းမရတဲ့အခါကျတော့ ထွက်ပြေးတဲ့ ကလေးတွေလည်း ရှိတယ်။ နိုင်ငံ တော်အပိုင်းတွေအနေ နဲ့ ဒီလိုလေလွင့်ကလေးငယ်တွေကို ထိန်းသိမ်းရတာက သူတို့ကိုမထိန်း သိမ်းဘဲ ဒီအတိုင်းထားရင် ကြီးလာ တဲ့အခါ လူဆိုးသူခိုးတွေ ဖြစ်သွား မှာစိုးလို့”ဟု ¤င်းကရှင်းပြသည်။ တောင်းရမ်းစားသောက်သူ အများစုအား ဖမ်းဆီးအရေးယူရာ ၌ ယခင်က ထိုတောင်းရမ်းစား သောက်သူများမှာ အိမ်ခြေယာမဲ့ များသာ များသော်လည်း ယခုအခါ ဆင်ခြေဖုံးမြို့ နယ်များဖြစ်သော သန်လျင်၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာနှင့် လှိုင် သာယာမြို့နယ်များတွင် နေထိုင်သူ များသာ ဖြစ်ကြကြောင်း၊ ၄င်းတို့မှာ ဖမ်းဆီး အရေးယူသော်လည်း အပြစ် ဒဏ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်ပါက ပြန်၍ တောင်း ရမ်းစားသောက်ကြသည်အ တွက် တောင်းရမ်း စား သောက်သူများ လုံးဝပပျောက်ရေးအတွက် မဖြေ ရှင်းနိုင်သောအခက် အခဲတစ်ရပ် ဖြစ်လာသည်ဟု မြို့တော်စည်ပင် စည်းကမ်းထိန်း သိမ်းရေးဌာနမှ ရဲအရာရှိကြီး တစ်ဦးက ပြာသည်။ဝါးပိုးဝါးကို လမ်းမထက် ခေါက်ရင်း နာမည်ကျော်အဆိုတော် များ၏ တေးသီချင်းများအား တကြော်ကြော်သီဆိုကာ အသက် ၄ နှစ်အရွယ်မှ စ၍ လိုက်လံ တောင်းရမ်းခဲ့ရသူကိုရန်နိုင်က” ပတ်ဝန်းကျင်ကြောင့်လော သို့မဟုတ် . . . မိဘ၏ ရင်ခွင်တွင် ရှိနေရ မည့်အစား လမ်းမများထက် လိုက် လံ တောင်းရမ်းစားသောက်နေရ ခြင်းမှာ စီးပွားရေးကို အခြေခံ သောဆင်းရဲမွဲတေမှု၊ မိဘအုပ်ထိန်း သူ များ၏ ပညာနိမ့်ပါးမှုနှင့် ကလေး များ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မကောင်းမှုများကြောင် ပတ်ဝန်းကျင်ကိုပြန် ပြီး အလေးမထားတော့ဘဲ သူတို့ ကျင်လည်ရာဘဝထဲမှာပဲ ပျော်နေ ကြတာများတယ်။ အရွယ်ရောက် လာတဲ့အခါကျတော့ တောင်းရမ်း တဲ့အလုပ် ကို မလုပ်ချင်တော့ဘဲ ငွေရလွယ်တဲ့အလုပ်ကို ပြောင်း လုပ်ချင်လာတတ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်သမားတွေနဲ့ တွေ့ပြီး ယောက်ျားလေးတွေဆို ခိုး၊ ဆိုး၊ နှို က်တွေ ဖြစ်ကုန်ကြသလို မိန်းကလေးတွေ ဆိုရင်လည်း လူ ကုန်ကူးခံရတာတို့၊ ပြည့်တန်ဆာ ဘဝကို ရောက်သွားတာတို့အထိ ဖြစ်လာကြတယ်”ဟု ဆိုသည်။ အခြေအနေမဲ့ဘဝမှသည် . . . မြန်မာနိုင်ငံလူကုန်ကူးမှု တိုက် ဖျက်ရေး (ဗဟို)မှ တာဝန်ရှိသူတစ် ဦးကလူကုန်ကူးမှု ပြဿနာကိုအပူ တပြင်းဆောင်ရွက်လျက် ရှိသော် လည်း တောင်းရမ်း စား သောက်နေ ကြသည့်ကလေးသူတောင်းစားများ ၏ ပြဿနာကိုပါ တစ်ပြိုင်တည်း ဖြေရှင်းပေးရန်လိုအပ်လျက်ရှိ ကြောင်း၊ လူကုန်ကူးသူများသည် လမ်းမများထက် တောင်းရမ်းစား သောက်နေသော ကလေးငယ်များ အား ပစ်မှတ်ထား စည်းရုံးသိမ်းသွင်း ၍ လိင်ဖျော်ဖြေရေး လုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော် တောင်းရမ်းစား သောက်ခြင်းလုပ်ငန်းများ ပြုလုပ် ကာလူကုန်ကူးမှု အားကျူးလွန် လျက်ရှိကြောင်း ပြောသည်။ မြန်မာ နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ကလေး သူတောင်းစားများကို အများ အား ဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင်တွေ့ရှိနေရပြီး ကလေးငယ် တစ်ဦးလျှင်ဘတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားအထိထိုင်းနိုင်ငံ၌ ရောင်းစား ခံနေရခြင်းရှိသကဲ့သို့ တရုတ်နိုင်ငံ၌ ယွမ်ငွေ ၄ဝဝဝ မှ ၄၅ဝဝ ကြားဖြင့် ရောင်းစားခြင်းများ ခံနေရကြောင်း ၄င်းက ဆိုသည်။”ကလေးသူတောင်းစားတွေ ရဲ့ အခြေအနေက နောက်ဆုံးမှာ လူကုန်ကူး ခံရဖို့ အခွင့်အလမ်း အများဆုံးပဲ။ အခု ကလေးသူငယ် အခွင့်အရေး ကာကွယ်ဖို့ဆိုပြီး လုပ် နေကြတဲ့အချိန်မှာ တခြား ကလေးတွေရဲ့ ကိစ္စသာမက ဒီလို ကလေး သူတောင်းစားတွေရဲ့ အရေးကိစ္စကိုလည်း တာဝန်ရှိတဲ့ သူတွေကရော အရပ်ဘက်လူမှု အဖွဲ့အစည်းတွေပါဝိုင်းပြီး ဖြေရှင်း မှပဲ ဒီကလေးတွေကို လူကုန်ကူး ခံရမှုကနေ ကာကွယ်နိုင်မယ်”ဟု ၄င်းက ဆိုသည်။ တောင်းရမ်းစားသောက်သူ ကလေးငယ်များ ပြဿနာ မည်သို့ဖြေရှင်းမည်နည်း မြန်မာနိုင်ငံ၌ ကလေးသူငယ် များအရေးအတွက် တာဝန်ယူထား သော ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရှိသော်လည်း တောင်းရမ်း စား သောက်နေသော ကလေးငယ်များ ၏ ဘဝရှင်သန် ဖွံ့ဖြိုးရေးအတွက်သီးခြားတာဝန် သူရထွန်း၊ ပြည့်ဖြိုးကျော်၊ မေဇင်ဝင်း by Popular Myanmar News Journal | ||
Posted: 03 Oct 2012 06:40 AM PDT
မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်
ထို့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က စက်တင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးများ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။ ၀န်ကြီးချုပ်ဦးရဲမြင့်က “ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးလုပ်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များအား သင်တန်းများ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ အားလုံးပြီးပါပြီ။ ကျွန်တော်တို့ Ready ဖြစ်နေပါပြီ”ဟု ရှင်းလင်းပြောကြားသည်။ ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိပြီးဖြစ်သလို မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးချယ်မှုပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဘတ်ဂျက်ကိစ္စ ထည့်သွင်းတွက်ချက်နေ၍ မရွေးချယ်နိုင်သေးဘဲ ဖြစ်နေကြောင်း၊ ဘတ်ဂျက်မရှိသေးဘဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်တာဝန်ပေးလိုက်လျှင် မလိုလားအပ်သော နည်းလမ်းများဖြင့် ဘတ်ဂျက်ရှာဖွေနိုင်ဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ဦးရဲမြင့်က ထပ်မံရှင်းလင်း ပြောကြားသည်။ ၎င်းက “ဒါတွေကို အမြန်ဆုံးလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာလို့မလုပ်သေးလဲဆိုတော့ ကျွန်တော်တို့ တာဝန်ပေးအပ်လိုက်တယ်ဆိုရင် သူတို့အတွက် ချီးမြှင့်ငွေ၊ သတ်မှတ်ထားသော လစဉ်အသုံးစရိတ် ဒါတွေလည်း တစ်ပါးတည်းပေးရမှာ ဖြစ်ပါတယ်။ လစဉ်သတ်မှတ်ထားသော အသုံးစရိတ် မရှိဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမျ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ြ ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တာဝန်များ ပျက်ကွက်ခြင်းအပေါ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို (၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ အမှတ် ၇)ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ထို့အပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅ ဖြင့်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ အရည်အချင်း ပျက်ယွင်းခြင်းများအပေါ် အရေးယူဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအောင်ကျော်မိုးကြေ အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည် ဆိုသည့်အပေါ် ကြိုဆိုကြောင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များသည် ရပ်ရွာအပေါ် အကျိုးသက်ရောက်မှုရှိပြီး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည်ဆိုလျှင် ရပ်ကွက်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်သော စေတနာထားနိုင်သော လူများကို ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခန့်ထားရန် လိုအပ်ကြောင်း ပြောသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသစ်တွင် အမျိုးသမီးများလည်း အမျိုးသားများနှင့်တန်းတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ မောင်တာ မန္တလေး၊စက်တင်ဘာ-၃၀ အတွဲ (၁၁)၊ အမှတ်(၃၀) 7Day News Journal
| ||
Posted: 03 Oct 2012 06:28 AM PDT
ရန်ကုန် ၊အောက်တိုဘာလ ၃
သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ်ဆီ သောက်၍ သေဆုံး ခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်း သိရှိရသည်။ အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာ တွင်နေ ထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ်သူက မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊ အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ် တွင် သောက်သုံး ခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သရက်ပင်ချောင် ရဲစခန်းထံမှ သိ ရသည်။ The Voice Weekly | ||
Posted: 02 Oct 2012 11:54 PM PDT
လူဦးရေများပြားသော နိုင်ငံနှစ်ခုကြား ရှိနေသည့် မြန်မာနိုင်ငံ အနေဖြင့် တရားမဝင်နိုင်ငံသား စိမ့်ဝင်မှုကို ကာကွယ်ရန် အမျိုးသား စီမံကိန်းချမှတ် လုပ်ဆောင် ရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။
''ပြင်ဆင်ထားဖို့ အင်မတန် လိုပါတယ်။ ပွင့်လင်းလာတာနဲ့ အမျှ လူဦးရေဖိအားကြောင့် အထဲ ကိုစိမ့်ဝင်လာနိုင်တဲ့ အန္တရာယ် တွေကလည်း ရှိနေပါတယ်''ဟု ၄င်းက ပြောသည်။ ယင်းသို့ ပြင်ဆင်ထားရန် အ စိုးရအာဏာစက်သည် နေရာ တိုင်း ရောက်ရှိ ရန်လိုအပ်ပြီး ဒေသတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံ ရန်လို အပ်ကြောင်း၊ ဒေသခံ ပြည် သူများ၏ အသိပညာဖွံ့ဖြိုးမှု မြင့် တက်ရန်လိုအပ်ကြောင်း ပထဝီနိုင်ငံ ရေးရာကျွမ်းကျင်သူအချို့က ပြော သည်။ ''အခြေခံအဆောက်အအုံ တွေ မကောင်းရင် ဥပမာ လမ်းတွေ တံတားတွေဆက်သွယ်မှုမကောင်း ရင် ဘယ်သူဝင်လို့ဝင်နေမှန်းလည်း သိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ တရား ဥပဒေစိုးမိုးမှုလည်း ရှိမှာမဟုတ်ဘူး။ အဲဒီလိုမျိုးတွေရှိလာမှ အမြဲသတိ ရှိလာပြီးတော့ တစ်နေရာရာမှာ တစ်ခုခုဖြစ်လာပြီဆိုရင် အဲဒီနေရာ မှာ တာဝန်ရှိတဲ့သူတွေက ဖော် ထုတ်ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ စီမံကိန်းချပြီး လုပ်နိုင်မှာ ဖြစ်တယ်''ဟု ပထဝီနိုင်ငံရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြော သည်။ မြန်မာနိုင်ငံ၏ ရေမြေတော တောင်သည် များစွာကျယ်ပြန့်သော အနေအထားတွင်ရှိနေပြီး လူဦးရေ စိမ့်ဝင်နိုင်သည့် အချို့သော နေရာ များတွင် သစ်တောနှင့် ပင်လယ်ရေ ဝေတောင်တန်းများ ရှိနေခြင်း ကြောင့် တံတိုင်းကာရန်၊ စည်းသတ် မှတ်ရန်ကိစ္စမှာ အခက်အခဲရှိပြီး နိုင်ငံတွင်း အတည်ပြုထားသော ဥပဒေများကို နှစ်ဦးနှစ်ဖက် လိုက် နာရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် လတ် တလော အလယ်၊ အလတ်၊ ရေ ရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင် ရန် လိုအပ်ကြောင်း ဦးကိုကိုလှိုင်က ပြောသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံသား ဖြစ်မှုဥပဒေနှင့် ယင်းဥပဒေအသက် ဝင်မှုသည် အရေးကြီးကိစ္စ ဖြစ် ကြောင်း၊ နိုင်ငံသားဖြစ်မှုနှင့် ငြိစွန်း သူများအပေါ် ဥပဒေအရ ကိုင်တွယ် ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားကိုကိုကြီးက ပြော သည်။ ''ဒါက တရုတ်ရယ်၊ ဘင်္ဂါလီ ရယ်ခွဲနေတာမဟုတ်ပါဘူး။ နိုင်ငံ သားဖြစ်မှုဆိုင်ရာနဲ့ပတ်သက်လို့ တစ်ပြေးတစ်ညီတည်း အားလုံးနဲ့ ပတ်သက်ပြီး စဉ်းစားရမှာပါ''ဟု ၄င်းက ပြောသည်။ ထို့အတူ မြန်မာနိုင်ငံသို့ တရား မဝင်နိုင်ငံသားအဖြစ် စိမ့် ဝင်လာခြေရှိသည့် အရပ်ဒေသ (နယ်မြေထိစပ်နေရာ၊ အတူတကွ နေထိုင်ရာနေရာ)များရှိ လူမျိုးများ အား လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပေးထားသည့် နိုင်ငံသားစိ စစ်ရေးကတ်များကို စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ယခင်ခြစားလာဘ်စားမှု များကြောင့်မှားယွင်းစွာ ရှိနေနိုင် သည့်အခြေအနေများကို သေချာ စိစစ်ရန် လိုကြောင်း အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေး မောင်က ပြောသည်။ မြန်မာနိုင်ငံသည် လူဦးရေ များပြားသော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အစရှိသည့်နိုင်ငံများ နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိ ပြီး ယင်းနိုင်ငံများမှ မြန်မာနိုင်ငံ သို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံသား များရှိနေကြောင်း သိရ သည်။ ဥာဏ်လင်းအောင် - Popular Myanmar News Journal
| ||
Posted: 02 Oct 2012 11:42 PM PDT
ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ထက်ကြီးသော ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင် ဆင်နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်း ပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁ဝဝ ထုတ်ယူနိုင်မည်ဟု သိရသည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 02 Oct 2012 11:17 PM PDT
ပြည်သူများ၏ အခြေခံအခွင့်အရေးကို မရရှိစေဘဲ အာဏာပိုင်များ လိုသလို အလွဲသုံးနိုင်သည့် ပုဒ်မ ၁ဝ(က)၊ (ခ)၊ ပုဒ်မ ၅ ကဲ့သို့ ဥပဒေများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ ယေးလ် တက္ကသိုလ်၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Oct 2012 10:51 PM PDT
ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နိုင်ရန် ဥာဏ်တော် ၄ လက်မ အမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၂ဝ၁၅ ဆူကို အောက်တိုဘာ ၃ ရက်မှ စတင်ပင့်ဆောင် လှူဒါန်းနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများကြောင့် ပျက်စီး ခဲ့ရသော ရခိုင်အိမ်များမှ ဗုဒ္ဓဆင်း တုတော်များအစား ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Oct 2012 10:37 PM PDT
| ||
Posted: 02 Oct 2012 10:34 PM PDT
| ||
Posted: 02 Oct 2012 09:17 PM PDT
မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြားသည်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Oct 2012 09:03 PM PDT
မြန်မာနိုင်ငံမှ ထွက်ရှိသော ပတ္တမြားအထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။ “၀ယ်လိုအားများလာပြီး ကုန်ကြမ်းရှားလာတဲ့သဘောပါ”ဟု ကိုအောင်ကျော်ဇင်ကပြောသည်။ ထို့အပြင် ပတ္တမြား တူးဖော်သည့် ကျောက်တွင်းများ၏ အနက်ပေများ မြင့်မားလာခြင်း၊ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment