သစ်ထူးလွင်
|
- ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို
- ခေါင်းဆောင်တွင်း သဘောထား ကွဲလွဲမှု သင်ပုန်းချေ လိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို
- ၂၀၁၃ခုနှစ်တွင် မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ
မည် - ရခိုင် ကျောက်တော်၌ သေနတ်ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ
- မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ
- သေဆုံးစာရင်း အစိုးရပြင်ဆင် ထုတ်ပြန်
- လူ ၁၀ ဦး သေဆုံးသော ယာဉ်တိုက်မှုဖြစ်ပွား
- ဗဟိုတရားရုံးအား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှားရမ်းမည် မဟုတ်ဟု သမ္မတရုံး ၀န်ကြီး ပြော
- မန်းရှိ အသက်၁၂၀ပြည့်အဖွားအားး ဂရင်းနစ်စံချိန်ဝင်ရန် ကြိုးပမ်းမည်
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် The Voice Weekly No.8/Vol.43
- အာဖဂန်ဗလီဗုံးခွဲ ၄၀ မက သေဆုံး
- ဟာရီိကိန်း "စန္ဒီ" အမေရိကအရှေ့ကမ်း ဦးတည်
- အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ်၊ အမှတ် (၈၄၂)
- အောက်တိုဘာလ ၂၄ ရက်နေ့ Good Health ကျန်းမာရေး သတင်း ဂျာနယ် ၊ အမှတ် (၄၀၈)
- ရခိုင်မှာ လုံခြုံရေး အားနည်း
- တရုတ် ဝန်ကြီးချုပ် ပိုင်ဆိုင်မှု သန်း ၂၇၀၀ ဟုဆို
- ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း လူတရာကျော် သေဆုံး
Posted: 27 Oct 2012 05:54 AM PDT
မြန်မာနိုင်ငံရှိ ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲ ဖြစ်နေတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက သိရပါတယ်။
'ကလေးသူငယ်တွေ တွေ့ကြုံနေရတဲ့ အခြေအနေ အကြောင်းအရာ တွေက ဒေသအလိုက် ရှိနေတယ်၊ တချို့ ဒေသတွေမှာ အာဟာရ ချို့တဲ့နေပြီး တချို့ဒေသတွေမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်၊ အဓိက ဒေသအများစုမှာ ဖြစ်နေတာက ကျောင်းမနေနိုင်တာပါ၊ ကျောင်းနေနိုင်ဖို့ လိုနေတယ်၊ ပညာတတ်မှ တခြားကိစ္စတွေ ပိုလုပ်နိုင်မှာဖြစ်တယ်' လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင်က ပြောပါတယ်။ ဒေသအချို့မှာ အခြေအနေအကြောင်းအမျိုးမျိုးကြော 'မိဘတွေ အဆင်မပြေလို့ ကလေးကိုမခိုင်းချင်ဘဲ ခိုင်းနေရတယ်၊ ပတ်ဝန်းကျင်က စားသောက် ဆိုင်တွေမှာ ကလေးတွေအလုပ်လုပ်နေတာအများကြီး အခမဲ့ပညာသင်ကြားခွင့်ပေးထားရုံ ပညာရေးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့က အစိုးရတစ်ခုတည်းနဲ့လုပ်နိုင်ဖို ကျောင်းဆရာဦးညွန့်ဝေမိုးက 'ဆင်းရဲ့နွမ်းပါးမှုက လွတ်မြောက်ဖို့ ကိုယ့်အနာဂတ်ကောင်းဖို့ အကုန်လုံး ပညာတတ်ဖို့လိုတယ်၊ လက်ရှိဒီမိုကရေစီနိုင်ငံ တည်ဆောက်တယ် ဆိုတာကလဲ ပညာတတ်တဲ့ သူတွေအပေါ် မူတည်တယ်၊ ပညာတတ်ဦးရေများရင် ဒီမိုကရေစီဖော်ဆောင်ရတာလွယ်တယ်' လို့ သုံးသပ်ပြောဆိုပါတယ်။ Written by ဇင်သော် မော်ဒန်သတင်းဂျာနယ် | ||
Posted: 27 Oct 2012 05:30 AM PDT
အမျိုးသား စည်းလုံး ညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်း အတွင်း ဖြစ်ပေါ် နေသော ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေ လိုက်ပြီး ဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး- KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူ ထိန်းချုပ် နယ်မြေ လေးဝါးစခန်း၌ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Oct 2012 05:15 AM PDT
၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာ၌ အထောက်အကူ ဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အနှံ့ရှိ မြို့နယ် ၂၀တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူ သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။ အဆိုပါ စမ်းသပ် သန်ခေါင်စာရင်းကို ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့မှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Oct 2012 03:48 AM PDT
ရန်ကုန်-အောက်တို ဘာ၂၇
ရခိုင် ပြည်နယ် ကျောက်တော်မြို့ေ၇ွှပြည် ရွာဟောင်း ကျေးရွာမှ သေနတ် ဒဏ်ရာ ရရှိသူ ရခိုင် အမျိုးသား တစ်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ယနေ့ နံနက်က ရောက်ရှိ လာကြောင်း သိရသည်။ အသက် ၃၃နှစ် အရွယ်ရှိ ကိုရွှေသန်းမောင်မှာ အောက်တိုဘာ၂၄ရက် ညနေ ၃ နာရီခွဲခန့်က လက်မောင်းရင်း သေနတ်ဒဏ်ရာ ရရှိခြင်းဖြစ်ပြီး ကျောက်တော်မြို့ဆေးရုံမှ ရန်ကုန်ပြည်သူ ဆေးရုံသို့ လွှဲပြောင်း ကုသခံယူခိုင်းခြင်း ဖြစ်သည်ဟု ညီဖြစ်သူ၏ ပြောပြချက် အရ သိရသည်။ "ကျွန်တော်တို့ ရှေ့ကလှေတစ်စီးကို ကမ်းစပ်ကနေ အရင် သေနတ်နဲ့ ပစ်ခံရတာ။ အဲ့လှေမြှပ်သွားလို့ သွားကယ်ရင်း ထပ်အပြစ်ခံရတာ၊ နှစ်ယောက်ထိ သွားတယ်။ တစ်ယောက်ကတော့ စစ်တွေဆေးရုံမှာပါ"ဟု အပစ်ခံရသည့် လှေတစ်စီးထဲတွင် ပါဝင်သူ ကပြောပြသည်။ အဆိုပါ သေနတ် ဒဏ်ရာရရှိသူ ရခိုင် အမျိုးသားအား ယခု အချိန်တွင် ခွဲစိတ်မှုပြုလုပ်နေကြောင်း သိရသည်။ သုတလင်း - Popular Myanmar News Journal | ||
Posted: 27 Oct 2012 03:23 AM PDT
ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင် ရက်ပိုင်းတွေ အတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။
အခုလိုဆန္ဒပြတောင်းဆိုရတာနဲ့ပတ် "အခုတော့လူကြီးတွေရောက်လို့လေ ကျွန်မတို့မြို့ကလူတွေက ကုလားနဲ့ မနေနိုင်ဘူးဆိုပြီးတော့ အဲလို ဆန္ဒထုတ်ဖော်နေတာပါ။ ကုလားတွေက တော်တော်ဆိုးပါတယ်။ ကျွန်မတို့မြေပုံမှာ ဒေသခံတွေကို တော်တော်နှိပ်စက်ပြီးတော့ သူတို့တောင်ပေါ်မှာ သူတို့ကိုယ်သူတို့ မီးတိုက်ပြီးတော့ ထွက်ပြေးတာ ကျွန်မတို့ ဘာမှမလုပ်ရပါဘူးရှင်။ သူတို့တစ်ခုခုပြန်လုပ်မှာကို ကျွန်မတို့ကြောက်တယ်။ ဒါကြောင့်မို့ ကျွန်မတို့အတွက် လုံခြုံရေးများရမလားဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မြေပုံမြို့ပေါ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုစဉ် အခုလိုဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ် မြေပုံမြို့နယ်မှာ လုံခြုံရေးစစ်တပ်အင်အားတွေ တိုးချဲ့ချထားပေမယ့် အမျိုးသမီးတွေ ဆန္ဒပြတာကို တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။ RFA Burmese
| ||
Posted: 27 Oct 2012 03:17 AM PDT
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့ အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးသူ ၆၄ ယောက်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူက ပြင်ဆင် ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ရေးသားပါတယ်။
မနေ့က နေ့လည်ပိုင်းလောက်က သေဆုံးသူ ၁၁၂ ယောက် ရှိတယ်လို့ ပြောခဲ့ပေမယ့် တွက်ချက်မှု မှားယွင်းတာကြောင့် အမှားပြင်ဆင် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ မြို့နယ် ၆ မြို့နယ်မှာ အကြမ်းဖက် မီးရှို့မှုတွေကြောင့် အိမ်ခြေ ၂၀၀၀ လောက် ဆုံးရှုံးရပြီး ဒဏ်ရာရရှိသူက ၁၀၀ လောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။ မနေ့က အာအက်ဖ်အေက မေးမြန်းရာမှာ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က သေဆုံးသူ ၁၁၂ ယောက် ၊ ဒဏ်ရာရသူ အရေအတွက်ဟာ ကလေး ၁၀ ယောက် အပါအ၀င် ၇၂ ယောက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒေသခံတွေ ပြောပြချက်အရ အခင်းဖြစ်ပွားမှုတွေမှာ ၀င်ရောက်ထိန်းသိမ်းတဲ့ စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြားမြို့နယ်မှာ တဖက်နဲ့တဖက် အကြမ်းဖက်မှု မီးရှို့မှုတွေ စတင်ဖြစ်ပွားခဲ့ရာက မြောက်ဦး၊ ကျောက်ဖြူ နဲ့ ရသေ့တောင် မြေပုံ နဲ့ ကျောက်တော် မြို့နယ်တွေ အထိ ပြန့်နှံ့ခဲ့တာပါ။ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ညမထွက်ရ အမိန့်ကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတရုံးကတော့ လက်ရှိ အကြမ်းဖက်မှုတွေ ရပ်တန့်ကြဖို့ မေတ္တာရပ်ခံထားသလို ၊ တစ်ချိန်တည်းမှာပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အောင် သွေးထိုး လှုံ့ဆော်သူတွေကို ဖေါ်ထုတ်မိရင် ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ RFA Burmese
| ||
Posted: 27 Oct 2012 05:03 AM PDT
ရန်ကုန်မှ ငသိုင်းချောင်းသို့ ပြေးဆွဲလျှက်ရှိသော မိဘမေတ္တာ ခရီးသည် တင်ယာဉ် နှင့် ဇလွန် ဟသာင်္တသို့ ဘုရားဖူး သွားရာမှ ရန်ကုန်သို့ ပြန်လာသော Light Track ယာဉ်တို့ ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ဇလွန်နှင့် ဟင်္သာတကြားရှိ ကျုံခမော် ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂နာရီခန့်က တိုက်မိရာ light Track ယာဉ်မှ ယာဉ်ကိုးဦး နှင့် မိဘ မေတ္တာ ခရီးသည်ယာဉ်မှ ယာဉ် နောက်လိုက်တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း ယင်းဒေသရှိ လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများ ကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောကြားချက် အရ သိရှိ ရသည်။
သတင်း - ဓါတ်ပုံ ။ ။ The Voice Weekly | ||
Posted: 27 Oct 2012 02:55 AM PDT
ဗဟို တရားရုံးအား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှား ရမ်းမည် မဟုတ်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ယနေ့ ရန်ကုန်တိုင်း လွှတ်တော်၌ ရှေ့နေများ ကွန်ယက်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီ က ပြောသည်။
" Hight Court (ဗဟိုတရားရုံး)ကို ပြုပြင် ထိန်းသိမ်းဖို့ငွေက လိုအပ်တဲ့အတွက် အပေါ်ဆုံးထပ်ကိုပဲ အငှားချပေးမယ်။ အဆောက်အအုံ တစ်ခုလုံး ငှားတာမဟုတ်ပါဘူး၊ ခုငှားလိုက်တဲ့ နေရာမှာ စာကြည့်တိုက်နဲ့ ပြတိုက် လုပ်သွားမယ်၊ အောက်ထပ်မှာ တရားရုံးတွေ ဆက်ရှိနေပြီး နိုင်ငံခြားသားတွေ လာရင် ပြတိုက် စာကြည့်တိုက် အပြင် တရားရုံး၊ တရားခွင်တွေမှ တရားစီရင် နေတာတွေကို လေ့လာနိုင်အောင် ရည်ရွယ်ပြီး ဆောင်ရွက်တာပါ၊ ဒီအတိုင်းတော့ အဆောက်ဦကြီးကို ဘယ်သူ့ကိုမှ လွှဲပြောင်းပေးဖို့မရှိဘူး"ဟု ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က တဆင့်ပြန်လည်ပြောပြသည်။ ထို့ပြင် ကမ်းနာလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းရုံးအဆောက်အအုံအား ဟိုတယ်လုပ်ငန်းတစ်ခုသို့ လွှဲပြောင်း ငှားရမ်းလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း၊ထိုသို့ ငှားရမ်းသည့် အတွက် ငှားရမ်းခ အဖြစ် တစ် နှစ်လျင် ၁၄ ဒဿမ ၄ သန်း ရရှိမည် ဖြစ်ကြောင်းသိရသည်။ ယင်းငွေဖြင့် တရားရုံးများအား တစ်မြို့နယ်လျင် တစ်ရုံး တည်ဆောက်သွားရန် ရည် ရွယ် ထားကြောင်း ၀န်ကြီးက ထပ်မံပြောကြားခဲ့ကြောင်း၎င်းက ထပ်လောင်းပြောသည်။ သူရထွန်း - Popular Myanmar News Journal | ||
Posted: 27 Oct 2012 02:51 AM PDT
မန္တလေး-အောက်တိုဘာ၂၇
မန္တလေး အမရပူရ မြို့နယ် ပေါက်ချိုင်ကုန်းရွာမှ အဖွားအိုတစ်ဦး၏ အသက်၁၂၀ပြည့် မွေးနေ့ကို အောက်တို ဘာလဆန်းက ကျင်းပခဲ့သည်ဟု မြေးချွေးမ မမူဝင်းက ပြောသည်။ အဆိုပါ အဖွားအား အမှူးထားပြီး မွေးနေ့တရားပွဲအလှူကို ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်ဟု သိရသည်။ ယခုအခါ အသက်၁၂၀ပြည့် အဖွားအား ဂရင်းနစ် စံချိန်ဝင်ရန် မိသားစုများက ကြိုးပမ်း မည် ဖြစ်ကြောင်း သိရသည်။ စိုင်းလမင်း - Popular Myanmar News Journal | ||
Posted: 27 Oct 2012 02:43 AM PDT
| ||
Posted: 26 Oct 2012 06:38 PM PDT
အာဖဂန် နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ မနေ့က သောကြာနေ့မှာ ဗလီကျောင်း တကျောင်းကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ ရပါတယ်။ မွတ်ဆလင်တွေရဲ့ ဘာသာရေး ပွဲတော်ဖြစ်တဲ့ Eid-al-Ada ပွဲတော်ရက် သုံးရက်အတွင်း Faryab ခရိုင်၊ Maymana မြို့က ဗလီ တိုက်ခိုက်ခံ ရတာဟာ မကြာခင် လတွေ အတွင်း အဆိုးဝါးဆုံး တိုက်ခိုက် မှုဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2012 06:32 PM PDT
အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်း တကြော ဒေသတွေဖြစ်တဲ့ New England က နေ Florida ပြည်နယ်အထိ လူပေါင်း သန်းပေါင်း များစွာဟာ မကြာခင် ၀င်ရောက် တိုက်ခတ်ဖို့ ရှိနေတဲ့ Sandy ဟာရီကိန်း မုန်တိုင်း အတွက် ကြိုတင် ပြင်ဆင် နေကြပြီ ဖြစ်ပါတယ်။ Caribbean ကျွန်းနိုင်ငံတွေကို ဖြတ်တိုက် လာတဲ့ ဒီမုန်တိုင်းဟာ တခြား မုန်တိုင်းတွေနဲ့ ပေါင်းမိပြီး အင်မတန် ကြီးမားတဲ့ မုန်တိုင်းကြီးတခု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2012 06:23 PM PDT
| ||
Posted: 26 Oct 2012 06:21 PM PDT
အောက်တိုဘာလ ၂၄ ရက်နေ့ Good Health ကျန်းမာရေး သတင်း ဂျာနယ် ၊ အမှတ် (၄၀၈)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Oct 2012 05:56 PM PDT
လုံခြုံရေး တာဝန်ရှိတဲ့ တပ်တွေကလည်း မွတ်ဆလင်တွေ ဘက်ကို ဘက်လိုက်မှု ရှိနေတယ်လို့ သူက ဆိုပါတယ်။မွတ်ဆလင် ရွာတွေကို စောင့်တဲ့ လုံခြုံရေး တပ်တွေက ရခိုင် လူမျိုး တွေကိုပဲ ပစ်ခတ် နှိမ်နင်း ခဲ့ရာမှာ သေဆုံးသူ တွေကို တွေ့ခဲ့ရတယ်လို့ အဲဒီ သတင်းထောက်က ပြောပါတယ်။
ကျောက်တော် ဆေးရုံမှာ ကုသ ခံနေရာက သေဆုံးသွားသူ ဟာလည်း သေနတ် ဒဏ်ရာ ကြောင့် ဆိုတာ ဆေးရုံက အတည်ပြုတယ်လို့ သူက ပြောပါတယ်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2012 01:43 PM PDT
တရုတ် အစိုးရ မီဒီယာ တွေက မကြာခဏ ဆိုသလို ဖိုးဖိုးဝမ်လို့ ညွှန်းဆို ပြောဆို ရေးသား ကြတဲ့၊ တခါ ငလျင်တို့၊ ရေကြီး တာတို့ သဘာဝ ဘေးအန္တာရာယ် ကျရောက်တဲ့ အခါ လူထုဆီ ချက်ချင်း ဆိုသလို ရောက်သွား တတ်လို့ လူစာနာ ခေါင်းဆောင်ကြီး လို့ ပုံဖော် ထားတဲ့ တရုတ် ဝန်ကြီးချုပ်ကို အမေရိကန် သတင်းစာ တစောင်ဖြစ်တဲ့ နယူးယောက် တိုင်းမ်က အခုလို ထုတ်ဖော် ရေးလိုက် တဲ့အတွက် တရုတ် အစိုးရက တော့ တကယ့်ကို ဆတ်ဆတ်ခါ သွားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Oct 2012 07:53 AM PDT
ဒီကနေ့ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ဖက်မှာ အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ သေဆုံး ဒဏ်ရာရသူပေါင်း ရာကျော် ရှိသွားပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။ “ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ စပြီးတော့ ခြောက်မြို့နယ်ပေါ့၊ ရသေ့တောင်နဲ့ ကျောက်တော်ပါ အပါ၊ သေဆုံးတာ ယောက်ကျား ၅၁ဦး၊ အမျိုးသမီးက ၆၁ဦး၊ ဒဏ်ရာရတာက အမျိုးသားက ၆၈ဦး၊ အဲ့မှာ ကလေး ၁၀ယောက်ပါတယ်။ နှစ်ဖက်စလုံးပါ။ အမျိုးသမီးလေးက ၄ဦး၊ ဖြစ်စဉ်တခုလုံးရဲ့ သေဆုံးတဲ့ လူဦးရေပေါ့ခင်ဗျ။” ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ အားလုံးမှာ ဒုက္ခရောက်နေသူတွေအတွက် အစားအသောက် အကူအညီတွေကို ပြည်နယ်အစိုးရက စတင်ပေးနေပြီ ဆိုတာကိုလဲ ဦးဝင်းမြိုင်က ခုလို ပြောပါတယ်။ “အခုလောလောဆယ်ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မြေပုံမှာ ထိုင်ပြီးတော့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာကတော့ မြို့နယ်တိုင်းမှာတော့ သူ့အုပ်ချုပ်ရေးမှူးတွေမှာ အရင်ဖြစ်စဉ်ကတည်းက ကြိုတင်ပို့ထားတာတွေရှိတယ်။ အဲ့ဒီ့မှာ သူတို့မှာ အကုန်လုံး စားစရာ၊ သောက်စရာတွေ အကုန်လုပ်ထားပေးပြီးသား၊ အဲ့ဒီ့မှာ သူတို့ကူညီနေ ပါတယ်။ နေရေးထိုင်ရေး ကတော့ အခုမှ ဖြစ်တယ်ဆိုတော့ အဲ့ဒီ့မှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးဖို့ ရှိပါတယ်။ အဲ့ဒီ့မှာ တာဝန်ကျတဲ့သူတွေရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ သူတို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အစိုးရအဖွဲ့ ဆိုတော့ ဘက်လိုက်တာတွေ၊ ဘာတွေ မရှိပါဘူး။ နှစ်ဖက်စလုံးကိုပဲ ပေးပါတယ်။” လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအတွက် အစိုးရအဖွဲ့တွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ “ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူတို့လည်း အဲ့ဒီ့ဘက်တွေက မမျှော်လင့်ပဲ ပြန်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်ဖြစ်နေတဲ့ဟာတွေပဲ ပြီးပြီဆိုပြီးတော့ နောက်ထပ်ဖြစ်တာတွေက မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ် ဒီမှာပဲ ပုံနေတာပေါ့။ အဲ့ဖက်တွေ အခုသွားဖို့ပြင်ဆင်နေပါပြီ။ ကြက်ခြေနီအဖွဲ့တွေ၊ ဘာတွေရောပဲ အခုပဲ ကျနော်တို့ပြည်နယ်ရုံးမှာ သူတို့ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လုပ်ဖို့။” ပြည်နယ်အစိုးရရဲ့ စာရင်းအရ အခုတခေါက် ထပ်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူပေါင်း ၄ ထောင်ဝန်းကျင် လောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခရောက်နေကြသူတွေအတွက် ရခိုင်ပြည်နယ်ထဲက ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလဲ အကူအညီတွေ ပေးနေပါတယ်။ ဝံလက် အဖွဲ့ပြောခွင့်ရသူ ကိုခိုင်ကောင်းစံက သူတို့ ဘယ်လိုကူညီနေသလဲဆိုတာကို ခုလိုပြောပြပါတယ်။ “ဝံလက်ဖောင်ဒေးရှင်းကနေ လူငယ် ၂၀ကနေ ၃၀လောက်အထိ ကွင်းဆင်းပြီးတော့ အလှူခံပါတယ်။ ရတဲ့အလှူငွေတွေကို ကျနော်တို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ နောက်ပြီးတော့ မင်းပြားမြို့နယ်တွေက လာတဲ့ လူနာတွေ လာပြီးဆေးကုသမှုခံနေတဲ့ လူနာတွေ၊ နောက် ရန်ကုန်ကို ပို့နေရတဲ့ လူနာတွေ၊ အဲ့တာတွေကို ကျနော်တို့က ငွေကြေးသွား လှူဒါန်းပါတယ်။ ဒီနေ့မှာဆိုရင် ကျနော်တို့ ကျောက်ဖြူမြို့ကို ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးဆောင်ပြီးတော့မှ သွားနေပါတယ်။ ဘာကြောင့်ဆိုတော့ ကျောက်ဖြူမှာ မီးလောင်ခံထားရတဲ့ မိသားစုတွေရှိပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ လူနာတွေ ရှိတယ်။ နောက် ကျောက်တော်၊ မြောက်ဦးကိုလည်း ကျနော်တို့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်ရော၊ မီးရှို့ခံရတဲ့သူတွေအတွက်ရော ကျနော်တို့ စစ်တွေမှာ အလှူခံကောက်ပြီးမှ အဲ့ဒီ့ကို သွားလှူဒါန်းနေပါတယ်ခင်ဗျ။” ဒီရက်ပိုင်းပြန်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၅၀ လောက်ရှိတယ် လို့လဲ ဝံလက်အဖွဲ့က ဆိုပါတယ်။ “ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ် နောက်ပြီးတော့ စစ်တွေ၊ မြောက်ဦး၊ နောက်ပြီးတော့ ရသေ့တောင်၊ မင်းပြားပါခင်ဗျ။ ကျောက်တော်ရော ပါ ပါတယ်ခင်ဗျ။ လူနာ ၅၀လောက်ရှိပါတယ်ခင်ဗျ။” မေး။ ။ အဲ့တော့ သူတို့ကရော ဘယ်လိုဒဏ်ရာတွေ ရတာများပါလဲရှင့်။ “အဲ့ဒီ့မှာ ဓားဒဏ်ရာ တချို့ပါတယ်။ နောက်ပြီးတော့ ဂျင်ကလိလို့ခေါ်တဲ့ မြှားနဲ့ပစ်တဲ့ ဒဏ်ရာ၊ နောက် မီးနဲ့ အပစ်ခံရတဲ့ ဒဏ်ရာပါ ပါတယ်။ နောက် ကျည်ဆံထိတဲ့ လူနာတွေလည်း ပါပါတယ်ခင်ဗျ။” မေး။ ။ ကျည်ထိတယ်ဆိုတော့ ကျည်က ဘယ်သူပစ်တာပါလဲရှင့်။ “ လူနာနဲ့ပါလာတဲ့သူတွေက သူတို့က ပြောရခက်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဒါပေမယ့် မနေ့က ကျောက်တော်မှာ ဖြစ်တဲ့ဟာဆိုရင် စစ်တပ်က ပစ်တယ်ဆိုတဲ့သတင်းက ခိုင်ခိုင်လုံလုံ ပြောနေကြပါတယ်ခင်ဗျ။ ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သမ္မတရုံးက ကြာသပတေးနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိနေတာကိုလဲ ဖော်ထုတ်ပြီးတော့ ဥပဒေအရ အရေးယူသွားမယ် လို့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ မစုမြတ်မွန် (ဗွီအိုအေ မြန်မာပိုင်း) |
No comments:
Post a Comment