အ လို့ချစ်မိတဲ့ အချစ်တစ်ခုအတွက်
နှလုံးသားနဲ့ မဆံ့ခဲ့ပါဘူး
အချစ်ကိုကစားစရာမှတ်တဲ့နင်
အချစ်ကို ကိုးကွယ်မိခဲ့တဲ့ ငါအတွက်
သတိရခြင်းတွေခပ်စိပ်စိပ်နဲ့
တငွေငွေ့ တမြေ့မြေ့ လောင်တဲ့မီး
သံယောဇဉ်တွေက အမျှင်မပျက်
နာကျင်ခြင်းတွေအပြည့်နဲ့
အော် ချစ်သူရယ်.......
နင်ပေးခဲ့တဲ့ ဒါဏ်ရာတွေက ရင်နဲ့ မဆံ့ရပါလား
လဲပြိုခြင်းတွေကြားထဲ မှာ ဒူးထောက်ပြန်ရပ်ဖို့ကြိုးစားတိုင်း
အကြိမ်ကြိမ်ပြန်လဲလို့
ငါ့ဒူးတွေလဲ ပွန်းပဲ့ခဲ့ပေါ့
အချစ်သီချင်းထပ်မဆိုပါရစေနဲ့ တော့
ငါ့အသဲအက်ကွဲခဲ့လို့ ချစ်ခြင်းနဲ့ လူမမြင်နိုင်တဲ့ဒါဏ်ရာ
ငါ့ဖာသာငါပဲသိတယ်
ချစ်သူရယ်....................
နင်းဖြတ်လျှောက်သွားခိုက်
ကျန်ခဲ့တဲ့ နင့်ခြေရာက နှလုံးသားမှာ အထင်းသားပေါ့
ငါကြိုးစားခဲ့ပါတယ်
နင့်ကိုကျေးဇူးတင်ဖို့
ပျော်ရွှင်ခဲ့ရတဲ့အခိုက်အတန့် အတွက်
နင်ယူသွားတဲ့ ငါရဲ့ ပျော်ရွှင်မှုတွေနဲ့ နင်ပေးခဲ့တဲ့
အထီးကျန်မှုတွေ အတွက် ဘယ်လိုကျေးဇုးတင်ရမလဲတဲ့
တမြေ့မြေ့လောင်မြိုက်နေဆဲ အချစ်ကြီးသူက
ဆုတ်ခွာသွားတဲ့ခပ်နဲ့နဲ့ အိပ်မက်တွေကတောင်
ပြာဖြစ်ကုန်ရှာပေါ့.......
ဘ၀ကြိုးဝိုင်းထဲက လက်ဝှေသမားလို
လောကဒါဏ်ထိုးနှက်ချက်တွေကို အလူးအလဲ ရှောင်ရင်း
ငါပျော်ပါတယ်ပေါ့ ခေါင်းမော့ ရင်ကိုကော့
နှုတ်ခမ်းကို အစွမ်းကုန်ပြုံး
နှလုံးသားရဲ့ အထီးကျန်ခြင်း
ဒါဏ်ရာမကျက်တကျက် အတွက်
ငါ့ဖာသာငါပဲသိတယ်.......
ဂျူးသက်စံ
No comments:
Post a Comment