တစ်ခါတုန်းက လမ်းဘေးဆိုင်လေးမှာ ဟော့ဒေါ့ရောင်းတဲ့လူတစ်ဦးရှိခဲ့တယ် ။ သူဟာ စာမတတ်တဲ့အတွက်ကြောင့်ဘယ်တော့မှသတင်းစာတွေမဖတ်ဘူး ။ သူဟာ နားသိပ်မကြားတဲ့အတွက် ဘယ်တော့မှ ရေဒီယိုနားမထောင်ဘူး ။ သူဟာ အမြင်အာရုံမွဲတဲ့အတွက်ကြောင့် ဘယ်တော့မှ ရုပ်မြင်သံကြားမကြည့်ဘူး ။ ဒါပေမယ့်သူ့ဝါသနာနဲ့စိတ်ထက် သန်မှုအရ သူဟာ ဟော့ဒေါ့တွေ အများကြီးရောင်း ရတယ် ။
သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ် ။ သူဟာ အသားတွေ
သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ
များများပိုမှာတယ် ပြီါ်တော့ သူ့လုပ်ငန်းသူ ကြီးထွားအောင် ပိုကြီးပြီးပိုကောင်းတဲ့မီး ဖိုတစ်ခုလည်း ၀ယ်ယူခဲ့တယ် ။ သူ့လုပ်ငန်းဟာ အောင်မြင်လာတဲ့အတွက် သူ့သားဖြစ်သူ တက္ကသိုလ်ကျောင်းဆင်းဟာ သူနဲ့အလုပ်အတူတွဲလုပ်ဖို့ ရောက်လာခဲ့တယ် ။
အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့ အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”
ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “ အခုအပြည်ပြည်ဆိုင်ရာအခြေအနေ တွေက အရမ်းကြောက်ဖို့ကောင်းအောင် ဆိုးရွားနေတယ် ပြည်တွင်းစီးပွားရေးအခြေအနေ ဆိုပိုတောင်ဆိုးသေးတယ် ကျွန်တော်တို့လာမယ့် ဆိုးရွားတဲ့အချိန်တွေအတွက်ြ ကိုတင်ပြင်ဆင်ထားသင့်တယ် ”
အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် သတင်းစာလည်းဖတ်တယ် ရေဒီယိုလည်းနားထောင်တယ် ဒီတော့ သူအရာရာကို သိနိုင်တယ်သူ့အကြံဥာဏ်ကို အပြင်းအထန်လိုက်နာသင့်တယ် လို့တွေးလိုက်တယ် ။ ဒါကြောင့်နောက်တစ်နေ့မှာ ဖခင်ဖြစ်သူက အသားမှာတာကို ရပ်ဆိုင်းလိုက်ပြီး အော်ဒါတွေကိုလည်းဖယ်ဖျက်လို က်တယ် ။ အလုပ်ကိုလည်း အရင်လို စိတ်ဝင်တစားမလုပ်ခဲ့တော့ဘူး ။ သိပ်မကြာခင်မှာပဲ လူတွေဟာ နည်းသထက်နည်းလာခဲ့ပြီး သူ့ဟော့ဒေါ့ဆိုင်လေးဟာ မရောင်းရသလောက်ဖြစ်လာခဲ့တယ် ။ ရောင်းအားဟာ လျှင်မြန်စွာကျဆင်းလာခဲ့တယ် ။ ဖခင်ဖြစ်သူကသားဖြစ်သူကိုပြောတယ် ။
“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက် နေပြီမင်းငါ့ကို အချိန်မီသတိပေးတာ ငါအရမ်း ၀မ်းသာတယ် ”
-------------------------- -------------------------- -
အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော ဦးဆောင်ခြင်းကို လွဲမှားရှုပ်ထွေးစေလေ့ရှိကြ တယ်
ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူ တစ်ယောက်မှာလည်း ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းဆိုတာရှိနိုင် တယ် ။ ဥာဏ်ရည်ဥာဏ်သွေးကောင်းတိုင်း ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။
သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ်ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။
အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့် ရင်ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ ဖြစ်နေတာများတယ် ။
သက်တန့်ချို
Education and Good Judgement. အားခံစားဘာသာပြန်သည် ။
အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့ အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”
ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “ အခုအပြည်ပြည်ဆိုင်ရာအခြေအနေ
အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ
“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက်
--------------------------
အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော ဦးဆောင်ခြင်းကို လွဲမှားရှုပ်ထွေးစေလေ့ရှိကြ
ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူ
သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ်ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။
အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်
သက်တန့်ချို
Education and Good Judgement. အားခံစားဘာသာပြန်သည် ။
No comments:
Post a Comment