ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime
stone) ခေါ် ထုံးကျောက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများ
အဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော
ပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။
တဖန်တစ်ချို့သော ဘူမိဘေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို
ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင်ချိုင့်ဝှမ်းဖြစ်ပေါ်လာသော ထုံးကျောက်အိုင်
ဟူ၍ ဆိုကြ၏
တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ြေ့ကာင်းကြီးနှစ်ခု၏
အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting)
ဖြစ်ပေါ်လာသော ရေအိုင်ဟူ၍ လည်း ဆိုကြ၏။
မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ
လောက်ကပင် ရှိနေပြီဖြစ်သည်။
ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း ၃၀၀ ခန့်
မြင့်သည်ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာ တိတိကျကျ
မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့်
ကျမ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။
အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။ စိမ်းညို့ညို့
အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ ကူးပြောင်းသွားသော
နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင်
သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး
ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟု ဆိုနိုင်ပါသည်။
ဘ၀စုံလင်အင်းရေပြင်
အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာ
ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှား လာခဲ့သည့် အချိန်ကာလမှာ
ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်းလောက်သည်။ အင်းရေပြင်သည်
မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကို ဖြတ်သန်းခဲ့ရသလို
ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန် ရှိသည်။ လက်ဝဲ
လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက် တက်လိုက်ဖြင့်
သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။
လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။
ညောင်ရွှေမြို့၏
မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင်
ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကားခဲ့သည်။ ဧက ၉၇၀ ကျော်
ကျယ်ဝန်းကြီးမားသော ထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က
ဝန်းရံထားပါသည်။ ထိုမြို့ကို ဒေသခံ များက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ
(ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ ယခုတိုင် အချို့နေရာများတွင်
အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။ အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ
ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမား တန်ခိုးထွားခဲ့လေသည်။
ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ ) မိုင် အနံ (၄ မှ ၅
) မိုင်ထက် သေးငယ်သည်။ ရေမျက်နှာပြင်ကျင်းသော်လည်း ပို၍နက်သည်။ ဤကောသမ္ဘီ
မြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃ အလောင်းစည်သူမင်း
လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍
တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက်
မြို့တစ်မြို့ကို ထပ်မံ တည် ကြပြန်သည်။
မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ
ပေပင်အင်းရွာ အနောက်ဘက်တွင်
ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယတည်ထောင်ခဲ့သော ရမ္မ၀တီမြို့သည်
သဘာဝဘေးဒဏ်ြေ့ကာင့်ပျက်ခဲ့ရသည်။
ဟဲဟိုးသီခေါင်ပုံးအင်း
ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။
အင်းလေးကန် ရေပြင်သည် ယခင်က
ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈ မိုင် အနံ ၈
မိုင်ခန့်ထိ ရှိခဲ့သည်။ ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂)
ရေဦး (၃) ဟိုနမ့် နှင့် (၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။
ယခု ညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု
ဆိုကြသည်။ ဤမျှ မက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော တောင်နီ
ကျေးရွာ (အင်းဦးစေတီ) အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။
ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည် အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ
တောင်နှင့် လက်မောင်းကွေးတောင်တန်းများ အထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။
တောင်နှင့်မြောက်မှာ ၅ မိုင် ၆ မိုင်ကျော ရှိပေမည်။ ထိုအချိန်က
ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့် တင့်တယ်လို့ နေပါသည်။
ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့် အင်းလေးအင်းကြီးထဲသို့
စီးဝင်သွားသည့်အတွက် အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင် အနံ ၈မိုင် ထိ
ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါး ကွဲအက်
ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု ယူဆရပါမည်။
မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည်
အရှိန်အဟုန်ပြင်းစွာဖြင့် အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။ ပြင်းထန်သော
ရေအားကြောင့်ပေါက်ထွက်ခြင်း (သို့မဟုတ်) မြေငလျှင် လှုပ်ခါမှြုေ့ကာင့်
ကွဲအက်ခြင်းများဖြစ်နိုင်ပါသည်။ မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ်
ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခု ပုန်းအင်း (ဖုန်းအင်း) ဟု
ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာပြီး အရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ
စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင် အနံ ၈မိုင် အထိ ပထ၀ီ
အနေအထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ ရေအောက်သို့ရောက်ပြီး
မြို့ပျက်ရခြင်းဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်ကို သိနိုင်ရန် သိပ္ပံနည်းကျ
အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်းလေ့လာပါက
ဖြစ်ရပ်မှန်များ ဧကန်မုချ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။
တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့် မိုင်းသောက်ရွာကြား
ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မ၀တီ မြို့ဟောင်းကြီးအား
တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက နန်းတော်ရာ ဟုခေါ်ဆိုကြသည်။
မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့်
တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။
အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ
ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ ရမ္မာဝတီ မြို့သူမြို့သားများလည်း ရေလွတ်ရာ
အရှေ့တောင်ခြေသို့ ရွေ့လာကြပြီး။ မိုင်းသောက် (ရှမ်းအခေါ် မိုင်းဆောက် ၊
မိုင်း = မြို့ ဆောက် = တစ်ထောင်မျှ ဖြစ်၍ အဓိပ္ပာယ်မှာ
မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာ ရှိသောမြို့ ဖြစ်သည )
တွင် နေထိုင်ကြပါသည်။ ထိုမှ တဖန်အင်းရေ အတော်အတန် ကျသွာသည့် အခါ၌
မြောက်ဘက်သို့ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများ
ကျုံးများဖြင့် တည်ဆောက်ကြပြန်သည်။ ၄င်းမြို့ ၂မြို့မှာ ဖန်းဖယ် နှင့်
မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာ
နှစ်မြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍
သက္ကရာဇ် ၁၃၅၉ တွင် စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခု ညောင်ရွှေမြို့ကို မြို့
အင်္ဂါရပ် နှင့် အညီ တည်ထောင်ခဲ့သည်။ ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး
နှစ်ရာပေါင်းများစွာ ကြာမြင့်လာသောအခါ ရေများလည်း ကျသွားပြီး
ကုန်းမြေများပေါ်ထွန်း လာသည်။ ယခု အခါ ညောင်ရွှေမြို့သည်လည်း ကြီးမားသော
ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟို ဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ
တိုးတက်နေပြီဖြစ်ပါသည်။ ညောင်ရွှေသည် ရှမ်းဘာသာဖြင့် ယောင်ဟွေ့ ဟု
အသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါသည်။
ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဖြစ်သည်။ အင်းလေး
အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင်
ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချိုမှာ
ကွယ်ပျောက်ကုန်ကြပေပြီ။ မပျောက်ပျက်သေးသော မြို့ရိုး ၊ အုတ်ရိုး နေရာ
တော်တော်များများလည်း ကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင်
အဆောက်အဦးများလည်း လွန်းစွာပေါများလှသည်။ အင်းတ၀ိုက်နှင့် အနီးအနား
ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။
ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ ရှေးဟောင်းအမွှေအနှစ်များ
ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍
ရှိခဲ့သည်မှာ သေချာလှပေသည်။
သမိုင်းကြောင်း
လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင် ရဌ၀တီခေါ်
ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာ သက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ရ၃၉
တွင်သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိရေပေါ စံနန်း၌ ခေတ္တ
လာရောက်စံမြန်းသွားသည်ဟု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း
အပိုင်း ၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင်
ဖော်ပြထားသည်။ ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ
နေထိုင်သော ပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူပါသည်။ အင်းလေး ဒေသ
ညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှု
ထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို
ပြဆိုနေပါသည်။
ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင်
အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို
တည်တော်မူသည်။ ဒုတိယစည်သူခေါ် နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင်
တည်ဆောက်၍ ကျွန်သီးတော်များ ၀တ်မြေများကို လှူပြန်သည်။
ရွှေအင်းတိန်ဘုရားကျောက်စာတွင်
အင်းဝရွှေနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုးများ ပြုပြင်ခြင်း ထပ်မံ
အသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေမျာ
ဖော်ပြထားပါသည်။
အင်းလေး ဖောင်တော်ဦးဘုရား
အင်းလေးဖောင်တော်ဦးဘုရားသည် အင်းလေးကန်ရှိ နန်ဟူးရွာ၌ တည်ရှိသော
ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ
ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာလည်းဖြစ်သည်။
သမိုင်းကြောင်း
အင်းလေးဖောင်တော်ဦးဘုရား သမိုင်းနှင့် ပတ်သက်လျှင် အကြောင်းအရာနှစ်မျိုး
ကွဲပြားနေသည်ကို လေ့လာတွေ့ရှိ ရပါသည်။
ပထမ အဆိုမှာ သက္ကရာဇ် (၇၂၁ )ခုနှစ်တွင်ညောင်ရွှေမြို့ကိုတည်
စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့် ကာလ
(ယခု)သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင်
တောခြုံပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူ
အတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးသည်ကို
သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြရသည်။ ထိုအခါ စော်ဘွားကြီး
ဆီဆိုင်ဖထံ သွားရောက် သတင်းပေးကြသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖသည်
အားရ၀မ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တို့နှင့် ပရိတ်သတ်လေးပါး
မြောက်များစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ
မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို
တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် (၅)ဆူတို့ကို ဖူးမြင်
တွေ့ရှိရပေသည်။ ၄င်းရုပ်ပွားတော် ငါးဆူတို့အနက် နှစ်ဆူမှာ ရဟန္တာပုံတော်
ဟုသိရပါသည်။ ၄င်းရုပ်ပွားတော် (၅) ဆူကို ဖောင်တော်ဦး ရုပ်ပွားတော်ဟု
ခေါ်ဝေါ်သည်။
ယင်းသို့ ခေါ်ဝေါ်ရခြင်း အကြောင်းရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင်
မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိ
အလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ် စည်ပင်၊ ပြန့်ပွား၊
ထွန်းကားခြင်းကို လိုလားသော မင်းမြတ် ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း
အလုံးနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်း လှည့်လည်တော်မူကာ
ရောက်လေရာအရပ်၌ စေတီပုထိုး ဂူကျောင်း စသည်တို့ကို ပြည်သူအများ ဆည်းကပ်
ပူဇော်ကြစေရန် ရည်သန်၍ တည်ထားခဲ့ပြီး သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ
သီဟိုဠ်မင်းက ဆက်သလိုက်သော သစ်ကနက် ဖောင်ကြောဖြင့် လှည့်လည်
ပြန်လာတော်မူရာ မလယခေါ် မလ္လာဟုကျွန်းရောက်လျှင် (၄င်းကျွန်းသည် အိန္ဒိယပြည်
မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ ကရမက်စသည်
အလွန်ပေါသည်ဟုဆို၏။) သိကြားမင်းက ဆက်သ အပ်နှင်းလိုက်သော မဟာဗောဓိသား
နှင့်တကွ သရက္ခာန် နံ့သာနှစ်သားတို့ကို ရုပ်ပွားတော် (၅)ဆူ
ထုလုပ်တော်မူစေပြီးလျှင် ဖောင်တော်၏ ရှေ့ဦးတွင် ပင့်တင် ကိုးကွယ်
ယူဆောင်တော်မူစေလျှက် နေပြည်တော် ပုဂံမြို့သို့ ရောက်တော်မူလေသည်။
ဤသို့လျှင် ဖောင်တော်ဦးဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။
စော်ဘွားကြီးဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိ၏ နေပြည်တော်
ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီး ဟော်နန်းဦး စံပြဿာဒ် ပေါ်တွင်
ကိုးကွယ်တော်မူပြီးမှ သီတင်းကျွတ် လဆန်း (၇) ရက်သို့ ရောက်သောအခါ
ဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပ တင့်တယ်စွာ ဆောက်လုပ်ထားသော
ပြဿာဒ် မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော်
အပူဇော်ခံပွဲသဘင် ဆင်ယင် ကျင်းပတော်မူခြင်း ဖြစ်သည်။ ဟော်နန်းဦးမှ
မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ (စစ်ဘုရားလုံးစိုင်း)
လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားဟု ရှမ်းဘာသာဖြင့်
ခေါ်တွင်သောကြောင့် မူလ ဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့်
ကွယ်ပျောက်ခဲ့လေသည်။
ညောင်ရွှေမြို့၌ နှစ်ပေါင်း (၂၅၆)နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့၍
သက္ကရာဇ် (၉၉၇) ခုနှစ်တွင် ညောင်ရွှေမြို့ကို စိုးစံသော စော်ဘွားမ
(စောက်နန်းမ၊ စ၀်နန်းဟေး ) လက်ထက် ရောက်သောအခါ ၄င်းမြို့တော်၏
ပတ်ဝန်းကျင်ရှိ အခြား စော်ဘွား မြို့စားတို့က မြို့တော်ကို ထိပါး
တိုက်ခိုက်နှောင့်ယှက်ဖန် များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့၏
အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅)ဆူ တို့ကို
စစ်ဘေးစစ်ဒဏ် အန္တရာယ်ကင်းရှင်းရာ ညောင်ရွှေနယ် ရွှေအင်းတိမ်ဘုရားကြီး၏
အရံစောင့် ကျွန်သီးတော်များ နေရာကွက်၌ ကျောင်းတော် ဆောက်လုပ်ပြီးလျှင်
ကျွန်သီးတော်တို့အား (၁၂)မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းခွင့်ပေး၍
၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို
စောင့်ရှောက်ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ် အ၀၀တိုင်း အမိန့်အာဏာများ
အပ်နှင်းပြီး အထူး ထိန်းသိမ်းစောင့်ရှောက်စေသည်။ ၄င်း အသည်တော်တို့
နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ
ဗုဒ္ဓဘာသာဝင်တို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို
ထိန်းသိမ်းစောင့်ရှောက်သော ကျွန်သီးတော်ခေါ် အသည်တော်များ
နေထိုင်ရာရပ်ကွက်ကို မည်သူမဆို ၀င်ရောက်တိုက်ခိုက် နှောက်ယှက်ထိပါး
ဖျက်ဆီးခြင်း အမှုမပြုလုပ်ရဟူသော ဘာသာတရားအရ ဥပဒေ
ပညတ်ချက်ထားရှိသောကြောင့် ၄င်းကို လိုက်နာသောအား ဖြင့် မြို့ပြ ပြည်ရွာ
ပျက်ပြားသောအခါ ဖြစ်စေကာမူ ၄င်းရပ်ကွက်၌ ဘုရားသင်္ဃန်းတော်ကိုဖြစ်စေ၊
ဘုန်းကြီးသင်္ဃန်းကို ဖြစ်စေ အောင်လံအဖြစ် စိုက်ထူထားပါက မည်သည့်
ရန်သူတစ်ဦးတစ်ယောက်မှ ၀င်ရောက်နှောက်ယှက်ခြင်း မပြုရ ဟူသော ဘာသာထုံးတမ်း
ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာနေထိုင်ရေ
၎င်းတို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ်
ကင်းရှင်းခြင်းဖြစ်သည်။
၎င်းရပ်ကွက်ကား ရွှေအင်းတိမ်ဘုရားကြီး၏ အရှေ့ဖက် မြောင်ဆုံရွာ အနောက်တောင်
အင်းတိမ်မြို့ဟောင်း တောင်ဘက် ယခု ဆော်မရွာဟု ခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။
ယခုဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၄င်းရွာသည်
အယုတ်တော်များ နေရာ ရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ လူကြီးများ
နှုတ်အမှတ်အသား ထားကြကြောင်း မှတ်သားရသည်။ ၄င်းဖောင်တော်ဦးရွာတွင်
သီတင်းသုံးတော်မူသော အချိန်မှစ၍ ၄င်းရုပ်ပွားတော်များကို
ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ ။ [1]
အခြားအဆိုတစ်မျိုးမှာ အလောင်းစည်သူမင်းကြီးသည်
တိုင်းခန်းလှည့်လည်တော်မူရင်း ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရှိတော်မူသည်။
ထိုအချိန်တွင် ဘီလူးမတစ်ဦးသည် သားငယ်ကိုပိုက်၍ မြစ်ကမ်းနားက ကြည့်နေရာ
သားငယ်သည် မြစ်အတွင်းသို့ ကျသွားသည်။ အလောင်းစည်သူမင်းကြီး သိတော်မူလျင်
ယမထာကြိမ်လုံးဖြင့် ရေကိုပုတ်ခတ်ရာ ရေစောင့်နတ်က ဘီလူးမ၏သားကို
ဆယ်ယူပေးအပ်လိုက်သည်။ ဘီလူးမသည် ဝမ်းသာလွန်း၍ ဟိမဝန္တာတောရှိ
အနံ့မွှေးကြိုင်လှသော သရက္ခာန်အစစ်ကိုဖြတ်ယူ၍ အလောင်းစည်သူမင်းကြီးအား
ဆက်သသည်။ သိကြားမင်းသည် အလောင်းစည်သူမင်းကြီးထံမှ သရက္ခာန်သားဖြင့်
သရက္ခာန်ရုပ်တုတော်မြတ်ငါးဆူ၊ မြတ်ပေါင်းမဉ္ဇူတစ်ဆူ၊ ရှင်ဖြူ ရှင်လှနှစ်ဆူ၊
ပေါင်း ရှစ်ဆူထုလုပ်ပြီး အလောင်းစည်သူမင်းကြီးအား ဆက်သလေသည်။
သက္ကရာဇ်(၄၈၂)တွင် အလောင်းစည်သူမင်းကြီးသည် ပထမ၊ ဒုတိယ၊ တတိယ နှင့်
စတုတ္ထသရက္ခာန် ရုပ်တုတော်လေးဆူကို သန်းထောင်အရပ်
ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီး လိုဏ်ဂူသွင်းထားသည်။
မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ
ဓမ္မရာသီ ထံအပ်နှံခဲ့သည်။
သက္ကရာဇ်(၇၂၁)တွင် သန်းထောင်အရပ် လိုဏ်ဂူသွင်းဌာပနာထားသည့်
ရုပ်တုတော်မြတ်လေးဆူသည် ရောင်ခြည်တော်များ ကွန့်မြူးခဲ့ကြသည်ကို တွေ့ရှိ၍
တူးဖေါ်ကာ ညောင်ရွှေမြို့ ရွှေအင်းတိမ်ဘုရားကြီးသို့ ပင့်ဆောင်ခဲ့ကြသည်။
မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော်
နှင့်အတူ ကိန်းဝပ်တော်မူသည်။ သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို
နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ
ယနေ့တိုင်ဖြစ်သည်။[2]
ဖောင်တော်ဦးစေတီ ပွဲတော်ကျင်းပပုံ
ဖောင်တော်ဦးစေတီတွင် ဗုဒ္ဓဆင်းတု ၅ ဆူ စံပါယ်တော်မူလျက်
ရွှေချရွှေသင်္ကန်းအကပ်များလွန်း၍ သဒ္ဓါလွန်မှုကြောင့် ဆင်းတုတော်ခမျာတို့မှာ
မူလရုပ်သွင်ပင်ပျောက်၍ မမှတ်မိ နိုင်တော့ပါ။ စောစောပိုင်း
အင်းလေးဒဏ္ဍာရီပိုင်းမှာ တင်ပြခဲ့သလို ယင်းဗုဒ္ဓရုပ်ပွားတော်တို့ကို
မာလာယုမှယူခဲ့ရာ ၁၂ ရာစုနှစ်အတွင်း မြန်မာဘုရင် အလောင်းစည်သူဖြစ်ပါသည်။
ဖောင်တော်ဦးစေတီပွဲတော်ကို ဝါကျွတ်သည့် အောက်တိုဘာလတွင်
နှစ်စဉ်ကျင်းပမြဲဖြစ်၍ ၃ ရက်ကြာပါသည်။ ယင်းပွဲတော်မှာ
နိုင်ငံအဆင့်အထိအရေးပါတတ်၍ ဗုဒ္ဓဆင်းတု ၄ ဆူ ကို
တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်၍ အခြားအင်းလေးအတွင်း စေတီပုထိုးများအားဖြတ်၍
လှည့်လည်အပူဇော်ခံလေ့ရှိပါသည်။ ဤဘာသာရေးအခါသမယမှာ
ပါဝင်လိုသူအများကိုစွဲဆောင်နို
တက်ရောက်ဆင်နွှဲသူတို့လည်းရြှိ
အင်းသားအချင်းချင်း စွမ်းအားပြိုင်သည့်ပွဲဟုလည်း ခေါ်နိုင်ပါသည်။
ဗုဒ္ဓမြတ်စွာအတွက် ကြာချည်များလောင်းလှူကြခြင်းကို
အထူးကြာသင်္ကန်းယက်ဖို့ ပြုလုပ်ကြပါသည်။ အင်းလေးကန်အတွင်းနှင့်
ဝန်းကျင်နေကြသူများအဖို့ ပဓါနသယ်ယူပို့ဆောင်ရေးက
ရှေးရိုးအစဉ်အလာအသုံးပြုကြသည့် လောင်းလှေငယ်များဖြစ်ကြ၏။
သို့သော်လည်းယနေ့ဆို လျှင် အတန်ငယ်ကြီးသောရေယာဉ်တို့ကို
စက်အင်ဂျင်ယန္တရားတပ်ဆင်၍ သယ်ယူပို့ဆောင်ရေးအတွက်သုံးနြေ
ဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ် သတီးကျွတ်လဆန်း (၁) ရက်နေ့မှ စ၍
လပြည့်ကျော် (၃ ) ရက်နေ့အထိ စည်းကားစွာကျင်းပလေ့ရှိသည်။ သီတင်းကျွတ်လဆန်း
၁ ရက် =ရုပ်ပွားတော် ၅ ဆူမှ ၄ ဆူကို ကရ၀ိတ်ဖောင်တော်ပေါ်သို့ ပြောင်းရွှေ
့ကာ တစ်ညတာ ဖောင်ပေါ်တွင် စံနေတော်မူသည်။ ကျောင်းတော် ထုတ်ပွဲ
ဟုခေါ်လေ့ရှိသည်။
သီတင်းကျွတ်လဆန်း ၂ ရက်= နန်းဟူးမှ ကြေးပေါ်ခုံကျောင်းတွင် ဆွမ်းကပ်၍
တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၃ ရက်= ဟဲယားရွာမတွင် ဆွမ်းကပ်၍ တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၄ ရက်= ငဖယ်ချောင်ကျောင်းကြီးပေါ်တွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၅ ရက်= ကြေးစားရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၆ ရက်= လင်းကင်းကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၇ ရက်= ညောင်ရွှေမြို့ တွင် ၂ ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၀ ရက်= မိုင်းသောက်ကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၁ ရက်=သလဲဦးရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၂ ရက်=ဇရပ်ကြီးရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၃ ရက်=နန်းပန်ကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၄ ရက်=ကျိုင်းခမ်းရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၅ ရက် (လပြည့်နေ့)=မိုင်းပျိုးရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်=နောင်တော်ကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လပြည့်ကျော် ၂ ရက်=ရေသာရွာရှိ ဘုန်းကြီးကျောင်းတွင်
တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လပြည့်ကျော် ၃ ရက်=နဂို စံကျောင်းရှိရာ နန်းပန်ရွာသို့
ပြန်လည် ကြွချီတော် မူသည်။
ရုပ်ပွားတော်များကြွချီရာတွင် ရှေးယခင်က (၅) ဆူ စလုံး
ဒေသစာရီကြွချီတော်မူသည်။ ၁၉၆၈ ခုနှစ်တွင် ဒေသစာရီလှည့်လည်တော်မူစဉ်
အင်းရေပြင်၌ မိုးကြီး၊ လေကြီး သည်းထန်းစွာ ရွာသွန်းတိုက်ခိုက်ရာ
ဖောင်တော်ကြီးသည် ရုပ်ပွားတော် ၅ ဆူနှင့်အတူ နစ် မြုပ်ခဲ့သည်။
လူပေါင်းများစွာတို့ ရေထဲဆင်း၍ ရုပ်ပွားတော်များကို ရှာရာတွင် ၄ ဆူကို သာ
ပြန်တွေ့ ပြီး ကျန်တစ်ဆူကို ရှာ၍မတွေ့ တော့ပါ။ သို့သော် ဖောင်တော်ဦး
ကျောင်း တော် သို့ ပြန်ရောက်၍ ဂန္ဒကုဋီတိုက်ဖွင့်လိုက်သည့်အခါ ရေအောက်တွင်
ရှာမတွေ့  ခဲ့သော ရုပ်ပွားတော်ကို ဦးခေါင်းတွင်
ရေမှော်များတင်လျှက်အတိုင်း မူလပလ္လင်ပေါ်တွင် အံ့သြဖွယ် ဖူးတွေ
့လိုက်ကြရသည်။ နောက်တစ်ကြိမ်တွင်လည်း အင်းတိမ်ရွာအရောက် တွင်
မိုးလေသည်ထန်စွာ တိုက်ခိုက်လာပြန်သဖြင့် ထိုရုပ်ပွားတော်ကို
ညတွင်းချင်းပင် မူလစံကျောင်းသို့ ပြန်လည်ပင့်ခဲ့ရသည်။ ထိုအချိန်မှ စ၍
ပွဲတော်ကျင်းပတိုင်း ရုပ်ပွားတော် ၄ ဆူသာ ဒေသစာရီ ကြွချီတော်မူသည်။
ဖောင်တော်ဦးဘုရားပွဲတော်ကို ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည်တော်များ
မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ် စည်းကားသိုက်မြိုက်စွာ
လာရောက် လေ့ရှိသည်။
ကိုးကား
↑ ညိုညိုမြင့်......၂၀၀၄ ခုနှစ်...တောင်ကြီးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း
↑ မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ
https://sites.google.com/site/
--
[image: Inline image 1]http://www.facebook.com/
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**
No comments:
Post a Comment