Wednesday, September 26, 2012

“မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး”


by Moe Htet Lu Lin on Monday, September 24, 2012 at 11:07pm ·


အင်တာနက်ကို ငွေကြေးတတ်နိုင်လျှင် အလိုရှိသလို သုံးနိုင်သော ယနေ့ခတ်တွင် သတင်း Website များကိုGoogle webpage စာမျက်နှာတွင် ရိုက်ရှာရုံဖြင့် ကမ္ဘာအရပ်ရပ် တွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ စစ်ရေး ၊ ဘာသာရေး များကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပါသည်။

ပြည်ပ ဒေါ်လာစား  Media များဖြစ်သည့် BBC  VOA RFA နှင့် DVB အစရှိသော မီဒီယာများကလည်း ကျွန်တော်တို့နိုင်ငံ နှင့် ပတ်သတ်သည့် သတင်းဆိုလျှင် ရသည့် သတင်းကို Webpage များပေါ်သို့တင်ပြီး အမျိုးအမျိုးလွှင့်ကာ ထုတ်ပြန်ပေးနေကြသည် ဖြစ်ရာ ကျွန်တော်တို့ မြန်မာပြည်သူအချို့ ကလည်း ထိုထိုသော မီဒီယာများကို ယုံကြည် ကိုးစား ကြသည်ထင်သည် အစိုးရထုတ် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း ၊ ကြေးမုံ အစ ရှိသော သတင်းစာများ နှင့် စတုတ္ထမဏ္ဏိုင်ဟုခေါ်တွင်လျှက်ရှိသော ပြည်တွင်းမီဒီယာ ဂျာနယ်များမှ ဖော်ပြသည့် သတင်းများသည် အရေးမပါအရာမရောက်၊ အမှန်မဟုတ်ဟု ယူဆကြကုန်သလား ကျွန်တော်မသိပေ။ ကျွန်တော်ဖတ်ဖူးသော အကောင်းမြင် Webpage  စာမျက်နှာ တစ်ခုတွင် “သတင်းထက် အတင်းကိုဦးစားပေးသော Media တစ်ချို့ ၏ လက်ချက်ကြောင့် ကျွန်တော်တို့ လူငယ်များကြားတွင် အမြင်တွေကွဲလွဲ သွားမည်ကို စိုးရိမ်ရ ပါသည်” ဟူသော စာသားကို ကျွန်တော်သေချာခံစား နားလည် ကြည့်မိသည်။
ဟုတ်ပါသည်။ မြန်မာ့အလင်း သတင်းစာတွင် နေ့စဉ်နှင့်အမျှဖော်ပြလျှက်ရှိသော “ စစ်မှန်သော မျိုးချစ်စိတ်” ခေါင်းစဉ်အောက်မှ အချက် (၂) ချက်ဖြစ်သည့် “ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓါတ် ထားရှိ မွေးမြူသွားကြရန် အလွန်အရေးကြီးသည်” နှင့် ဒုတိယအချက်ကတော့ “ ပြည်ထောင်စု စိတ်ဓါတ်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားရမည့် စစ် မှန်သော မျိုးချစ်စိတ်ဓါတ်ဖြစ်သည်” ဟူသော အချက် (၂) ချက်ကို ပြည်တွင်း နှင့် ပြည်ပ နိုင်ငံများသို့ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရှိနေသော ကျွန်တော်တို့နိုင်ငံသားများ သေချာခံစားနားလည်ပေးဖို့ လိုအပ်သည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ကျွန်တော်တို့ နိုင်ငံအား ဖွံ့ဖြိုးဆဲ ကာလတွင် ကျွန်တော်တို့ လူငယ်များ တွဲလက်တွေ ခိုင်ခိုင်မြဲ စေချင်ပါသည်။ ပြည်ပရောက် ပြည်ပြေး တစ်ချို့ ၏ ရန်တိုက်၊ သွေးထိုးပေး နေသော ခလောက်ဆန် ၊အကောက်ကြံ ၊လေးလှိုင်းသံMedia တို့၏ သွေးဆောင် ဖြားယောင်မှုအောက်တွင် စိတ်ဝမ်းကွဲပြားမှုများ မဖြစ်ပေါ်စေချင်တာအမှန်ပင်။ “ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဟု ဆိုရိုးရှိခဲ့ သည့်အတိုင်း ဒီကနေ့ လူငယ်များသည် ကျွန်တော် တို့ နိုင်ငံ၏တာဝန်ကို လက်ဆင့်ကမ်း ဆက်လက်ထမ်းဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များ ဖြစ်ကြသည့်အားလျှော်စွာ မိမိနိုင်ငံအပေါ်တွင် ထားရှိသော မျိုးချစ်စိတ် အား ရှင်သန်ထက်မြက်နေစေရန် တာဝန်ရှိသူတို့က ယနေ့လူငယ်များကို အမြဲ တွန်းအား ပေး လှုံ့ ဆော်ပေးဖို့ လိုအပ်သည်ဟု ကျွန်တော် မြင်ပါသည်။
သမိုင်းချီ၍ ပြောရသော် ကျွန်တော်တို့နိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့ အောက် နှစ်တစ်ရာ ရောက်ခဲ့၍ ကျွန်ဖြစ်ခဲ့ဘူးပြီဖြစ်သည်။ ကျွန်ဖြစ်သည်ဆိုခြင်းမှာ မတူသော တစ်ခြားလူမျိုး တစ်စုက အခြားမတူသော လူမျိုးတစ်စုကို ဗိုလ်ကျစိုးမိုး အနိုင်ယူ၍ ၎င်းတို့၏ လက်အောက် ခံ အဖြစ် အလုပ်အကျွေးပြုစေခိုင်းခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ မိမိနိုင်ငံအား မိမိလူမျိုး အုပ်ချုပ်၍ မိမိတို့မြေ၀ယ် နေထိုင်သော မိမိတို့လူမျိုး ကောင်းစားဖို့အတွက် အမျိုးချစ်သောသူတို့က ရယူပေးခဲ့သော လွတ်လပ်ရေးကို ကျွန်တော်တို့ခေတ်တွင် ဘယ်လို နည်းနဲ့မှ ထပ်ပြီး အဆုံးရှုံးမခံနိုင်ပါ။ ကျွန်တော်တို့နိုင်ငံအား နိုင်ငံတကာ အလည်တွင် မညိုးနွမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာလည်း ကျွန်တော်တို့ နိုင်ငံသားတိုင်း၏ သွေးစည်းညီညွတ်သော စစ်မှန်သည့် အမျိုးချစ်စိတ် ကသာလျှင် အရေးကြီးဆုံးပင် ဖြစ်သည်။
လတ်တလော ဖြစ်ပေါ်နေသော ရခိုင်အရေးကိုပဲ ကျွန်တော်တို့ လက်တွေ့သဘော မြင်ကြည့် နိုင်ပါတယ်။ ခုအရေးဟာ နိုင်ငံရေးမဟုတ်ပါဘူး လူမျိုးရေးပါ။ ဒီလိုအခြေအနေ မှာမှ ဘာဟယ်က ရေးကြီးဆုံးလဲလို့ မမေးပါနဲ့ ။ ရခိုင်တိုင်းရင်းသားတွေဟာ ကျွန်တော်တို့ အမျိုးဖြစ်တာမို့ ကျွန်တော်တို့ မြန်မာအမျိုးတွေ တစ်ထောင့်တစ်နေရာက လုပ်ပေးနိုင်ရမယ်။ အဓိက, ကတော့ ကျွန်တော်တို့ စိတ်ထဲမှာ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံး နေပြီး ကျွန်တော်တို့ အမျိုးချစ်စိတ်ကို အတိအလင်း ပြသနိုင်ဖို့ပဲလိုအပ်ပါတယ်။ “အမျိုးပျောက်မှာ စိုးကြောက် စရာ” ဆိုရင်တော့ဖြင့် မိမိအမျိုးကို ချစ်တတ်သည့်စိတ်အား မိမိ၏ရင်ထဲတွင် သံမှိုစွဲသလို မြဲနေအောင်၊  ရင့်သန်ထက်မြက် နေအောင် ထားရှိရမှာပဲ ဖြစ်သည်။ 
ကျွန်တော့်ရင်ထဲမှာရှိပြီး နားလည်ထားသည့် မျိုးချစ်စိတ်ဆိုတာကတော့ ကျွန်တော် အထက်က ဖော်ပြသွားသည့် “စစ်မှန်သော မျိုးချစ်စိတ်” ခေါင်းစဉ် အောက်မှ စာကြောင်း (၂)ကြောင်း ပါပဲ။ ဟုတ်ပါတယ်ဗျာ… အပေါ်ယံအသိလေးလောက်နဲ့ တိုင်းပြည်ကိုချစ်ရမှာ ၊ အမျိုးကိုချစ်ရမှာ မျိုးထက်စာရင် ပေါင်းစည်းထားတဲ့ ပြည်ထောင်စု စိတ်ဓါတ်ကသာလျှင် မျိုးချစ်စိတ်ကို ပိုမိုပြီး လေးနက်ပီပြင်စေတာပါ။ ကျွန်တော်ကိုယ်တိုင်အတွက်ကတော့ အစိုးရ၀န်ထမ်းလည်း ဖြစ်သလို ၊နိုင်ငံတော် ကာကွယ်ရေးဘက်ပိုင်းကလည်း ဖြစ်နေတာ ရယ်ကြောင့် ဒီ (၂)ချက်က သူများတွေ ခံစားနားလည်တာထက် ပိုပြီးခံစား နားလည် ယုံကြည်သင့်သည် မဟုတ်ပါလားဗျာ။

No comments:

Post a Comment