Monday, September 24, 2012

ဒီမိုကရေစီ ၊ လစ်ဖရယ်ဝါဒ နှင့် မျိုးချစ်စိတ်


by Bo K Nyein on Sunday, September 23, 2012 at 1:30am

အပိုင်း (၂)

ဒီမိုကရေစီ ရဲ့ အားနဲချက်

ဒီမိုကရေစီ လို့ အော်လိုက်တာနဲ့ (ကောင်းပြီ) လို့ မထင်လိုက် ကြပါနဲ့။
ဒီမိုကရေစီမှာ အားနဲချက်တွေ အများကြီး ရှိပါတယ်။

ကိုယ်စားပြု ဒီမိုကရေစီမှာ လူထုကိုယ်စလှယ် ဖြစ်ဖို့ရဖို့က One Man One Vote ဆိုတဲ့အတွက် ၊ အရွေးခံဖို့ရာ ၊ မဲပေးနိုင်သူတွေကို မျက်နှာလို ၊ မျက်နှာရ ၊ အောင် (ဖါး) ကြရတော့တယ်။ Pandering for Vote လို့ခေါ်ပါတယ်။ ရှင်းရှင်းလေးပြောရရင် ၊ မဲရဖို့ အတွက် နိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီ (မဲ) သူတောင်းစားတွေ လာဖြစ်ကြပါတယ်။ အသိဥါဏ်နဲတဲ့ နိုင်ငံရေးသမားတွေ ကတော့ မိမိ အရွေးခံရရေး အတွက် ၊ ရေတိုကိုသာ ကြည့်ပြီး ၊ တိုင်းပြည်နာချင် နာပါစေ ၊ ရွေးကောက်ပွဲမှာ မိမိ မဲအနိုင်ရရေး အတွက်ပဲ ကြည့်ပြီး ၊ တကိုယ်ကောင်း ဆန်ဆန် ကျင့်ကြံကြတယ်။


အင်္ဂလန်မှာ မကြာခင်က ပြုတ်သွားတဲ့ Labor Party က ၀န်ကြီးချုပ်ဟောင်း Gordon Brown ဟာ မဲရဖို့ အတွက် Immigrants တွေကို လှိမ့်သွင်းခဲ့တယ်။ နောက်အစိုးရ က အတင်းလိုက်လျော့နေရပြီ။

လာမဲ့ ၂၀၁၂ နိုင်ဝင်ဘာ ရွေးကောက်ပွဲမှာ Hispanic Votes ရနိုင်ဖို့ ခလေးဘ၀ကတည်းက မိဖတွေနဲ့ အတူ ခိုးဝင်လာတဲ့ Illegal Immigrants လူငယ်လေးတွေကို တရားဝင်စေ ဆိုပြီး အိုဘားမားက လွပ်ငြိမ်းချမ်းသာခွင့် ကို သမ္မတအမိန့် နဲ့ ခံစားခွင့်ပေးခဲ့တယ်။ ဒါကို တချို့က backdoor amnesty လို့စွပ်စွဲကြတယ်။ ခလေးတွေက ဟုတ်ပါပြီ Human Rights အရ မိမိတို့ရဲ့ မိဖတွေ နဲ့ မခွဲပါရစေနဲ့ ဆိုပြီး တောင်းဆိုလာကြပြီ။ နောက်တဆင့် တိုင်းပြည်ထဲကို ခိုးဝင်လာတဲ့ Illegal တွေအားလုံး နေစေဖြစ်ဦးမယ်။ ဒီတော့ ခပ်မှန်းချေ (၇) သန်း ကနေ သန်း (၂၀) ရှိတဲ့ illegal Immigrants တွေရဲ့ (မဲ) အများစု ကို ဒီမိုကရက် ပါတီ ကရနိုင်တယ် ၊ ၂၀၁၂ ရွေးကောက်ပွဲ မှာ အိုဘာမားက Hispanic Votes အများစု ကို ရနိုင်မယ်။ ဒါပေမဲ့ ရေရှည်မှာ တိုင်းပြည် ဟာ အပြောင်းအလဲ ကြီးပြောင်းလဲ သွားနိုင်တယ်။

အကြောင်းက ဒီလိုပါ ……
Hispanic အများစု ဟာ Roman Catholic တွေ။ ဘာသာရေးအရ Abortion နဲ့ family planning ကိုလက် မခံကြဖူး။ ဒါကြောင့် Hispanic တွေရဲ့ Population growth rate က အမေရိကားမှာ အများဆုံးပဲ။ အခု အဖြူတွေ ပြီးရင် Hispanic တွေက ဒုတိယ အများဆုံးဖြစ်သွားပြီ။ အမဲ တွေ ကို ကျော်တက် သွားပြီ။ အခု ၂၀၁၂ မှာပဲ ခလေးမွေးစာရင်းမှာ အဖြူတွေဟာ ၅၀% အောက်ရောက် သွားပြီ။ ဒါကြောင့် Population growth rate များတဲ့ Hispanic population က ကြာရင် ရေရှည်မှာ လွှမ်းမိုး သွားမှာပဲ။

စာရေးသူက (ဖြူ) မှ တော်ရမယ် ဆိုတဲ့ genetic domination ကို လက်မခံပါ။

လူမျိုးတမျိုး တော်တယ် ၊ မတော်ဖူး ဆိုတာ ဟာ လူနေမှု (စနစ်) အပေါ်မူတည်တာပါ။ (စနစ်) ရှိရင် ၊ စနစ် က Institution တွေကို တည်ဆောက်ပေးတယ် ၊ Institution က civil society ကို ထောင်ပေးသလို ၊ စည်းကမ်း (Discipline) ကိုပါ အမွေပေးလိုက်တယ်။ System ကောင်းရင် ၊ Institution ကောင်းတွေက Discipline ရှိတဲ့ လူကောင်းတွေ ကို မွေးထုတ်ပေးတော့ နိုင်ငံတည်ဆောက်ရေး အောင်မြင်ပြီး စီးပွားရေး ခေါင်းထောင်လာတာပဲပေါ့။ နောက်ဆုံးတော့ (ငွေ) နဲ့ (စနစ်) ပါပဲ။ ဥပမာ ကိုလိုနီ နယ်ချဲ့တွေ ဟာ ကိုလိုနီက သံရာဇာတ တွေကို အမြတ်ထုတ်ပြီး ချမ်းသာလာကြတော့ Oxford တို့ ၊ Cambridge တို့ ၊ Eaton တို့လို ကျောင်းကောင်း Institution တွေ ထောင်နိုင်ကြတယ်။ ဒီကျောင်းတွေက လူတော်တွေ ထုတ်ပေးပြီး ကုမ္ပဏီကောင်း ၊ အုပ်ချုပ်ရေးသမားကောင်းတွေ ထုတ် ၊ သူတို့က System နဲ့ Institution တွေကို ကောင်းသတဲ့ ကောင်းအောင်လုပ် နဲ့ မိုးထိအောင် လှေကားထောင်တက် သွားနိုင်တာပဲ။ အမေရိကန်တွေ အောင်မြင်လာတော့ ရြှိပီးသား Institution တွေကို အတုယူ ၊ ပိုကောင်းအောင် ထူထောင်ကြနဲ့ နောက်ဆုံး ဆူပါ ပါဝါ ဘ၀ရောက်ခဲ့ ကြရတာပဲ။ ဥပမာ Harvard ထောင်ခဲ့ကြတဲ့ အမေရိကန် ကိုလိုနီ ခေါင်းဆောင်တွေဟာ အင်္ဂလန် က Cambridge University ထွက်တွေ။ ဒီတော့ သူတို့ အတုယူကြတာ အင်္ဂလန်က ကော်လိပ်တွေပဲပေါ့။

ဒါကြောင့် စာရေးသူက System ကောင်းရင် ၊ ငွေ ရှိရင် ၊ လူတော်တွေ မွေးထုတ် နိုင်တာကြောင့် Genetic လို့ မထင်ဖူး။ စနစ်ကောင်းရင် လူမဲ လည်းသမ္မတ လာဖြစ်တာပဲ မဟုတ်လား။

အရေးကြီး တာက System ရယ် ၊ Institutions တွေရယ် ၊ Discipline ရယ်ပဲ။ ဒီဟာတွေကို လွှမ်းမိုးထားတဲ့ (အသိ) ကတော့ (ယဉ်ကျေးမှု) (Culture) ပဲ။ Culture ကို ပဲ့ထိမ်းပေးတာက ဘာသာရေး (Religion) ။ မွပ်စလင် နိုင်ငံတွေမှာ မိန်းမတွေ ပညာမသင်ရ ဆိုပြီး နှိပ်ကွပ် ရုံမက ၊ တာလီဖန်တွေဆို မိန်မကျောင်းသူတွေ ကို သတ် တဲ့အထိ ရန်ရှာကြတယ်။ နောက် ဘာသာရေး က Value System ကိုဖေါ်ဆောင်ပြန်တယ်။

အီဂျစ် နိုင်ငံကို ကြည့်ရင် ဟိုးနှစ်ပေါင်း ၅၀၀၀ ကျော်ကတည်း က (စနစ်) ရှိခဲ့ကြလို့ ယဉ်ကျေးမှု တိုးတက်ခဲ့တယ်။ နောက်ပိုင်း အစ္စလမ် ဖြစ်သွားပြီးကတည်းက တပါးကျွန်ဘ၀ကနေ ၊ စစ်ကျွန် ၊  ဟော အခု ဘာသာရေးကျွန် ဖြစ်ကြရတော့မယ်။ (လူ) လား (စနစ်) လားဆိုတာ ထင်ရှားပါတယ်။

မက်စီကို ကိုကြည့်ရအောင်

မက်စီကို နဲ့ အမေရိကန် နိုင်ငံတို့ ဟာ အိမ်နီးချင်း နိုင်ငံဆိုပေမဲ့ Culture နဲ့ Value System မှာ သိပ်ကွာကြတယ်။ ဆီ နဲ့ ရေ ပဲ။

အထူးသဖြင့် Drug gangs တွေနဲ့ corruption မှာ မက်စီကို မှာ ပုလိပ်တွေဟာ Drug gangs တွေရဲ့ ကျေးကျွန်တွေပဲ။ လူသတ်သမားတွေက ပုလိပ်တွေကိုယ် တိုင်ဖြစ်နေတယ်။ မခက်ဖူးလား။ rule of law ဆိုတာ အဝေးကြီး။ သတ်လိုက်ကြတာ သောက်သောက်လဲ။

နောက် အနှစ် (၅၀) ကျော်ကျော်မှာ ။ အမေရိကန် နိုင်ငံဆိုတာ Hispanic Majority နိုငံဖြစ် သွားလိမ့်မယ်။

European majority America နဲ့ Hispanic Majority America တူတော့မှာ မဟုတ်ဖူး။ 2060 မှာ အမေရိကားကို သွားလည်တဲ့သူတွေဟာ Spanish စကားကို မတတ်ရင် ရွာလည်နေလိမ့်မယ်။

စာရေးသူ ကြိုမြင်ကြည့်တာ ၊ ယနေ့ မက်စီကို နဲ့ နောင် တချိန် အမေရိကား ခွဲလို့ ရနိုင်တော့မယ် မထင်ဖူး။ ဘာကြောင့်လဲ။ Hispanic Majority ဖြစ်လာတဲ့အခါ ၊ သူတို့ရဲ့ Value System ကိုလည်း Export လုပ်လာကြမှာကိုး။ ယနေ့ အမေရိကား နဲ့ စာရေးသူ တို့ရောက်တဲ့ ၁၉၈၀ ခုနှစ်များက အမေရိကား လုံးဝ မတူတော့ပါ။ ဆုတ်ရုတ်သွားလိုက်တာ စိတ်မကောင်းစရာ။

မက်စီကို မျိုးချစ်တွေ

အမေရိကန်တောင်ပိုင်းကပြည်နယ် တွေဟာ တကယ်တော့ တချိန်က မက်စီကို ရဲ့ ပိုင်နက်တွေပါ။ Red Indians တွေကို သတ်ဖြတ်ပြီး နယ်ချဲ့လာတဲ့ ဥရောပ က လူဖြူတွေ က အင်အားကြီးလာတော့ နယ်ချဲ့ သိမ်းယူထားကြတာပါ။ California, New Mexico, Texas အားလုံး လက်နက်အားကိုးနဲ့ သိမ်းပိုက်ထားခဲ့ကြတာ။ မက်စီကန် မျိုးချစ်တွေက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းမယ်လို့၊ ကြုံးဝါးထားကြတာ။
ဘာနဲ့ ပြန်သိမ်းကြမှာလဲ။ Migration နဲ့ Population Growth နဲပေါ့။ သူတို့ရဲ့ မျှော်မှန်းချက် ဟာ အကောင်အထည် ပေါ်လာပြီ။ အမေရိကန် က လစ်ဖရယ် စိတ်ကူးယဉ်သမားတွေ က မမြင်နိုင်ကြဖူး။ သူတို့ မမြင်တာက နောက် ရောက်တဲ့ လူတွေက assimilate မဖြစ်ပဲ ၊ ကိုယ့် မူရင်း culture ကို (မ) လာကြတာကို ပဲ Political Correct (PC) မျက်စိနဲ့ကြည်ပြီး Multiculturalism ကိုပဲ ..ကောင်းလေစွ .. ကောင်းလေစွ .. ဆိုပြီးကောင်ချီး ပေးနေကြတယ်။ နောက်ရောက်တဲ့ လူတွေ အင်္ဂလိပ် စကား သင်ရတာ ၊ အင်္ဂလိပ် စာ သင်ခိုင်း တာကိုပဲ Discrimination ပါဆိုပြီး အော်တဲ့ လူတွေရှိတယ်။ ပြင်သစ် တို့ ဂျာမဏီတိုမှာတောင် ၊ ရောက်တာနဲ့ ပြင်သစ်စာ ၊ ဂျာမန်စာ သင်ပဲ။ နောက်မို့ဆို ဘယ်လို Communicate လုပ်ကြမှာလဲ။

အဆိုးဆုံး လက်ဝဲအစွန်းရောက် လစ်ဖရယ် ဥါဏ်ကြီးရှင်တချိုက ဟာ ကိုယ်အိမ်ရှေ့မှာ အမေရိကန် အလံထောင်တာတောင် မထောင်ရ ဆိုပြီး ဥပဒေ နဲ့ ချုပ်ချယ်လာကြတယ်။ ကိုယ်တိုင်းပြည် တောင်ကိုယ်ချစ်ခွင့် မရတော့ဘူး။ စာရေးသူ ဟာ ခရိယာန် မဟုတ်ပါ။ သို့သော် ၊ အမေရိကန် နိုင်ငံဟာ Judeo Christian Values တွေနဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံဖြစ်တာကို သိတဲ့ အတွက် ၊ သူတို့ God ကို Respect ပေးပါတယ်။ American Founding Fathers တွေ က (In God We Trust) ဆိုပြီး ထူထောင်ခဲ့ကြတာကိုး။ ဒါပေမဲ့ အမေရိကန်မှာ မွေးတဲ့ လစ်ဖရယ်တွေက (God) ဆိုရင် တခြားဘာသာ ကိုးကွယ်တဲ့ သူတွေ အနေအထိုင်ခက်မယ် ဆိုပြီး (God) ကို Public Places တွေက အတင်းလိုက်ထုတ်နေတယ်။ ယနေ့ စက်တာင်ဘာလ (၆) ရက်နေ့ သတင်းမှာပဲ ကျင်းပဆဲ ဒီမိုကရက်ပါတီရဲ့ Convention Platform ကနေ (God) ကိုဖြုတ်ခဲ့ရာ ပြိုင်ဖက်တွေက ၀ိုင်းအော် ကြတာ နဲ့ ပြန်တဲ့လိုက်ရတယ်တဲ့။ ထို့နည်းတူစွာ ဂျေယူစလန် ဟာ အဇ္ဇရေးနိုင်ငံ ရဲ့ မြို့တော်ကို ပါဆိုတာကိုလည်း ဖြုတ်ပြီးမှ ပြန်ထဲ့ခဲ့ရတယ်။ သို့သော် ရှက်စရာက မဲခွဲတာ (၃) ခါ ၊ (၃) ခါလုံး ရှုံးတာကို သမ္မတ အလိုကျ ပေါ်တင် ရှုံးတဲ့ အဆိုကို အနိုင်ပေးခဲ့ရတယ်။ အမေရိကန် ယဉ်ကျေးမှု  က god ပြုတ်သွားရင် … တဖြေးဖြေး နဂိုလ် ယဉ်းကျေးမှု ဟာ ပပျောက်သွားမှာပဲ။ မြန်မာနိုင်ငံ ယဉ်ကျေးမှု က ဗုဒ္ဓကိုဖြုတ်လိုက်ရင် ဘာကျန်တော့မှာလည်း….. အဲဒါကို Social Liberals တဖက်စွန်းတွေက Progress လို့ယူဆကြတယ်။

လစ်ဖရယ်တွေ တွယ်ဖက်ထားတဲ့ Separation of Church and State ဆိုတာ အမေရိကန် Constitution မှာမပါခဲ့ပါ။
လစ်ဖရယ်တွေက Thomas Jefferson ရဲ့စာတွေထဲက ဆွေးနွေးချက်ကို ယူပြီး အတင်း စွဲတင်ထားကြတာ။
Separation of Church and State ဟာ မလိုအပ်ဖူးလား …. လိုအပ်တယ်.. ဒါပေမဲ့ Secularism ကိုအတင်း တွန်းတင်တာလည်း မမှန်ပါဖူး..ယဉ်ကျေးမှု ပျောက်မဲ့ ..ကိစ္စ….

အမေရိကန် လစ်ဖရယ်တွေက သူတို့ရဲ့ God ကိုဖျက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အစ္စလမ် ဘာသာဝင်တွေက သူတို့ရဲ့ Sharia Law ကိုခွင့်ပြုရမယ်တိုပြီး တောင်းဆိုလာတာ Florida က လစ်ဖရယ် တရားသူကြီးက သဘောတူတယ်။ အခု အင်တာနက်ပေါ်မှပဲ ဘဂါင်္လာကုလားတွေက ဗုဒ္ဓဘာသာ ဟာ religion မဟုတ်ဖူးလို့ရေးနေကြပြီ။ Buddhism ကိုတော့ Mission တဲ့။ Islam ကြတော့ religion ပါတဲ့ ။ ဗမာ Bleeding Heart Liberals တွေကလည်း မန္တလေးမှာ ဘုန်းကြီးတွေ ဆန္ဒပြကြလို့ ရှက်လှချည်ရဲ့ ။ တချို့ ဆို မြန်မာနိုင်ငံသား ဖြစ်ရတာ ရှက်စရာပါသတဲ့။ ဗမာ လစ်ဖရယ်တွေကလည်း ၊ သူတို့ရဲ့ အဖေ အဖြူတွေ ကို ကိုးကွယ်ရင်း အဖြူ လစ်ဖရယ်တွေ ပြောတာ ရေးတာကို အားကျပြီး ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာကို (နင်း) ရင်း ဘာသာ နဲ့ လူမျိုးပျောက်မှာကို မမြင် နိုင်ကြဖူး။ မြန်မာ နိုင်ငံသားဖြစ်ရတာကို ရှက်ကြရင်လည်း ထုံးသုတ်ပြီး (လုပ်) (အဖြူ) ပဲ လုပ်လိုက်ကြပါတော့ (အမျိုးမစစ်) တွေရေ လို့ အော်လိုက်ချင်တော့တယ်။

ဥရောပမှာကော

ဥရောပ မှာလည်း အစ္စလမ် ဘာသာဝင်တွေဟာ အမေရိကန်မှာ မက်စီကင်တွေ လုပ်သလိုပဲ ၊ ဘာသာရေး လွှမ်းမိုးဖို့ရာ Immigration နဲ့ Population growth ကို အသုံးပြုပြီး နယ်ချဲ့လာကြတာပဲ။ အမေရိကားမှာ မက်စီကင် မျိုးချစ်တွေက Population အရလွှမ်းမိုးပြီး ကိုယ်မြေကိုယ်ပြန် သိမ်းကြတာ။ ဥရောပ မှာက လူမျိုးခြားတွေက လူမျိုးရေးလွှမ်းမိုး ရုံမက ဘာသာရေးလွှမ်းမိုးမှု ကိုပါ ဦးတည်လာကြတာ။ ဥရောပ တွေရဲ့ အားနဲချက်က Social Liberalism ပဲ။ Social Liberalism က အားလုံးကို (လူသား) မျက်စိ နဲ့ ကြည့်ရမယ် ဆိုတဲ့ အပြင် ၊ စိတ်ကူးယဉ်ပြီး Idealism ကြီးကို ခေါင်းထိပ်မှာတင်ပြီး ၊ (လူတိုင်း) လို့ ဆိုလိုက်တော့ ငါးပါးမှောက်တော့တာပဲ။

အစ္စလမ်က ကျီးကန်တွေလို ၀ိုင်း (အာ) ကြတဲ့ အပြင် Violence ကို လက်နက်အဖြစ် သုံးဖို့ရာ ၀န်မလေးဖူး။ တရိစ္ဆန်တွေ ကို လှည်လှီးခိုင်းတဲ့ ဘာသာ ပဲ ။ စရိုက် မကြမ်းပဲနေပါ့မလား။ ဒါ့အပြင် (Tolerance) တဆက်ကလေးမှ (မရှိ) ကြ။ Denmark မှာ ကာတွန်းဆရာက ၊ သူတို့ရဲ့ တမန်တော်ကိုဆော်ကားလို့ဆိုပြီး လုပ်ကြံဖို့ကြိုးစားကြတယ်။ Holland မှာ လည်း နံမည်ကျော် ပန်းချီဆရာ Van Gough ရဲ့မြေးကို အစ္စလမ်ဘာသာကို ဆော်ကားလို့ ဆိုပြီး ဟော်လန်နိုင်ငံစား မွပ်စလင် က သတ် လိုက်တာ Dutch ငကြောက်တွေက လန့်ပြီး Australia ၊ New Zealand တို့ကိုထွက်ပြေးကြတာ ဖတ်ဖူးလိုက်တယ်။ မွက်စလင် တွေကို ပြန်တိုက်မယ် စိတ်မကူးဖူး ၊ ထွက်ပြေးကြတဲ့ မျိုးချစ်တွေ။ Spain မှာလည်း ရထါး တွေကိုဖုံးခွဲ ၊ London မြေအောက် ရထားတွေကို ဖုံးခွဲ နဲ့ အကြမ်းဖက်ခဲ့ကြတယ်။ ဒီလို ဘာသာရေး နဲ့ အကြမ်းဖက် လာကြ တော့ လစ်ဖရယ် အခြောက်တွေက ကြောက်ကြတယ်။ သေကြာ နေ့တိုင်း အစွန်းရောက် ပလီဆရာတွေက ပလီမှာ ဗြောင် တရားဟော ၊ ဗြောင် လူသတ်ဖို့ ပြောနေတာကြတော့ မပြောရဲ ကြဖူး။ ဒါကျတော့ Hate Speech မဟုတ်ဖူး။ Racism မဟုတ်ဖူး။ အဖိနှိပ်ခံ ရလို့ ၊ မခံနိုင်လို့ ဆိုပြီး ခွင့်လွှတ် နေကြလေရဲ့။

ခေတ်သစ် နယ်ချဲ့ စနစ်

အမေရိကားမှာ မက်စီကို မျိုးချစ်တွေက လူမျိုးရေး လွှမ်းမိုးမှု နဲ့ ကိုယ်နယ်မြေတွေ ကိုယ်ပြန်သိမ်းချင်ကြတာ။ ဘာသာရေး လွှမ်းမိုးမှု မပါသေးဖူး။ ဥရောပ မှာ ကြတော့ လူမျိုးရေး လွှမ်းမိုးမှု သာမက ၊ ဘာသာရေး လွှမ်းမိုးမှု ပါ ပါလာတယ်။ 

စာဖတ်သူများကို အထူး သတိပြု စေချင်တာက အမေရိကန် မှာရော ဥရောပ မှာပါ လွှမ်းမိုးမှု အတွက် အသုံးပြုတဲ့ လက်နက် ကတော့ immigration နဲ့ population growth ပဲ။ ဒီမိုကရေစီ ရဲ့ အားနဲချက် ဖြစ်တဲ့ (မဲ) အတွက် (မဲ) ပေးနိုင် သူကို (ဖါး) ရတဲ့ ဖြစ်ရပ်ကို ချက်ကောင်း ယူပြီး (များများဝင်) (များများမွေး) ပြီး နောက်ဆုံး လူဦးရေ တိုးပွားနှုံး နဲ့ (နယ်ချဲ့) တဲ့ (စနစ်) ဆိုတာပဲ။ လူဦးရေ များလာတော့မှာ … ဘာသာရေး လွှမ်းမိုးမှု ကို လုပ်တော့တာပဲ။

စာရေးသူ ပြောခဲ့ ဖူးသလို ၊ ဘင်္ဂါလီ တွေဟာ တိုင်းပြည်က သေးသေး ၊ လူဦးရေ ပိုလျှံတဲ့ population over growth ပြဿနာ ရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံသာ မက အိန္ဒြိယ နိုင်ငံ က Assam ပြည်နယ် ထဲမှာလည်း ခိုးဝင်ကြသလို ၊ မြန်မာနိုင်ငံ ရခိုင်ပြည် ထဲလည်း ခိုးဝင်နေကြတာ ကြာလှပြီကော။ မြန်မာပြည်မှာ ကြတော့ လူပါးဝ ပြီး သူတို့ကိုယ် သူတို့ (ရိုဟင်ဂျာ) ပါ ။ တိုင်းရင်သား ဆိုပြီး နိုင်ငံသားဖြစ်ဖို့ လိမ်ညာ တောင်းဆို နေကြလေရဲ့ ။ ဘင်္ဂါလီ က ကမ္ဘာကို ရိုဟင်ဂျာ ပါဆိုပြီး လိမ်ချင်သေး။ အကြောင်းက တိုင်းရင်သား ဆိုပြီး (နိုင်ငံသား) ဖြစ် အောင် ဥါဏ်နီဥါဏ်နက် တွေလေ။

Social Liberalism ရဲ့ အန္တရယ်

Social Liberalism ဆိုတာ က အားလုံးကို (လူသားချင်း စာနာရမယ်) ဆိုတဲ့ Human Rights မျက်စိနဲ့ အရာရာကို ကြည့်ချင်တတ်ကြတယ်။
ဒါကို (အပြစ်) ပြောလို့ (မရ) ပါ။
ဒါပေမဲ့ လက်တွေ့မှာ (လူ) ဆိုတာ (နတ်) မဟုတ်။
(လူ) ဆိုတာ အတ္တ အလွန်များကြတဲ့ အပြင် ကလိန်ကကျစ်စိတ် ၊ ယုတ်မာတဲ့ စိတ် ၊ ညစ်တဲ့ စိတ် ၊ အနိုင်ကျင့်တဲ့ စိတ် ၊ လွှမ်းမိုးချင်တဲ့ မကောင်းတဲ့ စိတ်တွေ နဲ့ ပြည့်နေတာပေါ့။
ဒါကြောင့် လစ်ဖရယ်တွေက စိတ်ကောင်းနဲ့ ကူချင် ပေမဲ့ လူတိုင်း ဟာ စိတ်ကောင်းရှိတာ မဟုတ် ၊ ရတဲ့ (အကူ) ကို (အမြတ်) ထုတ်ကြတော့ … ဘယ် (ကူ) လို့ ဆုံးနိုင်ပါ့မလဲ။
ဥပမာ မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ဘင်္ဂလာဒေ့ခ်ျ တို့လို ဆင်းရဲတဲ့ နိုင်ငံ တွေမှာ ခလေးများ ပြီးဆင်းရဲ ကြရင် ဘာလုပ်ကြသလဲ။ ခလေးတွေကို လမ်းပေါ်မှာ ဈေးရောင်းခိုင်းတယ်။ တောင်းစား ခိုင်းတယ်။ ဒီလိုမှ မလုပ်ရင် ခလေးတွေ တဖြုံ ကြီး နဲ့ ဘယ်သူကျွေးထားမှာလဲ။ အစိုးရကလည်း ဆင်းရဲတယ် ၊ လဘ်စားမှု တွေ များနေတော့ ၊ ဆင်းရဲသား တွေကို ဂရုစိုက်ဖို့ သတိမရကြဖူး။ အိနြ္ဒိယ တို့ ပါကစ္စတန် တို့မှာ ဆို ခလေးတွေကို ခိုင်းစား တဲ့ Child Labor ပြဿနာကို ရှင်းမှ မရှင်းနိုင်ကြတာ။ ရှင်းဖို့ ဟန်ဆောင်နေကြတာ။
တိုးတက်ပြီးသား နိုင်ငံတွေမှာ ခလေးတိုင်း စာသင်နိုင်ရမယ် ဆိုတဲ့ ဥပဒေ တွေရှိတယ်။ လူတိုင်းအဆင့်တခုရှိရမယ် ဆိုတဲ့ ဥပဒေတွေ ရှိတယ်။ ဒီတော့ below poverty ၀င်ငွေ အဆင့်ရောက်သွားရင် အစိုးရ ကကြည့်ရတဲ့ Wellfare Programsတွေဝင်လာတယ်။ Food Stamps လို့ခေါ်တဲ့ အစိုးရက အစားအသောက်ဝယ်ဖို့ ဘောက်ဂျာတွေ ထုတ်ပေးတယ်။ အိမ်ငှါးနေဖို့ ပိုက်စံရတယ်။ စသည်ဖြင့်ပေါ့။ အထုးသဖြင့် ၁၉၃၀ Great Depression လို့ခေါ်တဲ့ စီးပွားရေးကပ် ဆိုက်အပြီးမှာ သမ္မတ Roosevelt ထူထောင်ခဲ့တဲ့ The New Deal ရဲ့ Social Net လို့ခေါ်တဲ့ နိုင်ငံသား တစ်ယောက် ဒုက္ခရောက်တဲ့ အခါမှာ ကူညီဖို့ ပရိုဂမ် တွေဟာ သင့်တော် တာတွေရှိပါတယ်။

စာရေးသူ ဟာ (မျိုးချစ်) ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် မိမိ နိုင်ငံသား အချင်းချင်း ဒုက္ခရောက်တဲ့ အခါ ကယ်ဖို့ အစီအစဉ်တွေကို မငြင်းနိုင်ပါဖူး။

ပြဿနာ က (လူ) တွေပဲ

ဒီလိုအစီအစီအစဉ်တွေ ဟာကောင်းတဲ့ အတွက် ၊ ဒီအကောင်းတွေက ပဲ (မသမာမှု) တွေအတွက် ဆွဲဆောင်မှု လာဖြစ်တယ်။ ကျနော်တို့ မြန်မာပြည်က လာကြတဲ့ ရဲရဲနီ ကွန်မြူနစ် စာရေးဆရာကြီးတွေတောင် တသက်လုံး တဗြားးမှ Contribute မလုပ်ခဲ့ကြပဲ ၊ အမေရိကန်အစိုးရ ရဲ့ Social Security ထိုင်စားပြီး ငြိမ့်နေကြတယ်။ တသက်လုံး အမေရိကန်ကို ဆဲခဲ့ကြတဲ့ အနီတွေ ၊ သူတပါးလုပ်စာ နဲ့ ဟန်ကျနေကြတယ်။ အမေရိကားမှာ အသက် ၆၅ ကျော်ရင် medicare ရှိတယ်။ ဆင်းရဲတဲ့ သူတွေ အတွက် mediaid ဆိုတာရှိတယ်။ အမေရိကန် အစိုးရ ကတာဝန်ယုပြီး အသက်ကြီးသူတွေနဲ့ ဆင်းရဲတဲ့သူတွေကို အလကား ဆေးကုပေးတာ။ နောက် Social Security ဆိုတဲ့ လူကြီးပင်စင် ရှိတယ်။

ပြဿနာက အလကားရတယ်ဆိုတော့ လူုလည် ကလိမ်ကကျစ် တွေပါလာရော။ Fraud ခေါ်တာပေါ့။ ဆရာဝန် နဲ့ အာမခံ Insurance ကုမ္ပဏီတွေ ပေါင်း စာရင်းလိမ်ပြ ၊ မလုပ်တာတွေ လုပ်ပါတယ် ဆိုပြီး တင်ပြ ။ ငွေ လိမ်ထုတ်ကြပေါ့။ အစိုးရ အမှုထမ်းဆိုတာက လည်းကိုယ့် အိမ်ထဲက စိုက်ရသည် မဟုတ်။ အမေရိကန် နိုင်ငံက ထစ်ကနဲ ဆို တရားစွဲတာ ဆိုတော့ မရ ရင် တရားစွဲကြမှာလေ။ လူတိုင်း က မိမိတို့ရဲ့ (ရပိုင်ခွင့်) လို့ (ထင်) နေကြတာ။ အမှန်က ဒါ (Privilege)  (အခွင့်ထူးခံ) ဆိုတာကို (မသိ) ကြဖူး။ ကုလားပြည် တို့ မြန်မာနိုင်ငံတို့လို Developing နိုင်ငံတွေမှာ corruption ရှိပြီးသား။ လုပ်နေကြ။ စာရင်းလိမ် တင်တာ လောက်ကတော့ ပျင်းတောင် ပျင်းသေး။ native လူလိမ် ၊ ကလိမ်ကကျစ် တွေနဲ့ တွေ့တော့ ဒီစနစ် မပျက်ပဲ ခံနိုင်ရိုးလား။ အနောက်ဖက်ပြည်နယ် တစ်ခုမှာ စိတ်ရောဂါကု မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်ဟာ အစိုးရ ဆရာဝန် အနေနဲ့ လူနာတွေကို စိတ်ရောဂါခံစား နေရကြောင်း ဆေးစာရေးပေးရတယ်။ ဒီဆေးစာရရင် Disability Benefits လို့ခေါ်ပါတယ်။ အလုပ်မလုပ် နိုင်တော့တဲ့ အတွက် အစိုးရက တသက်လုံး တာဝန်ယူပေတော့ပဲ။ ဦးနေ၀င်း ရဲ့ (မဆလ) စနစ်အောက်မှာ training ရလာတဲ့ ဆရာဝန်ပဲ ၊ ဒီဆေးစာ ကို တစ်ဆောင်ဘယ်လောက်ဆို ပြီး ရောင်းစားတာပေါ့။ ဗီယက်နမ် Boat people တွေနဲ့ ချိပ်မိပြီး (ဂွင်) တွေ့သွားတယ်။ ဒီ ဆရာဝန်က တော်လှန်ရေး ဟီးရိုးလည်း လုပ်ချင်သေးတယ်။ တဖက်က ဆေးစာ ရောင်းစား လို့ရလာတဲ့ အောက်ဆိုက် ၀င်ငွေနဲ့ ထိုင်း-ဗမာ နယ်စပ်မှာ ရှိတဲ့ တော်လှန်ရေး ရဲဘော်တွေကို သွားသွား ကူညီလိုက်သေးတယ်။ အပြစ်ကင်းတဲ့ ၊ လူငယ်ရဲဘော် လေးတွေ အတွက်ကတော့ ဒီဆရာဝန်ကြီးဟာ သူတော်ကောင်းကြီးပေါ့။ တဖက် က ပြန်ကြည့်ရင်တော့ ဆေးစာရောင်းစားတဲ့ ဆရာဝန် ငတက်ပြား ကြီးပဲ။

ဒီ ပရိုဂမ်တွေကို အခွင့်ကောင်း ယူခိုးနေကြတာ ။ ကျနော်တို့ရဲ့ မြန်မာသူရဲကောင်းကြီး တစ်ယောက်ထဲ မဟုတ်။ တဖြုံကြီး ကောင်းစားနေကြတာ။ cancer patient တစ်ယောက်ဆိုရင် experimental drug က တစ်ခါထိုးရင် ဒေါ်လာ တသိန်းကျော်တယ်။ Social liberal တွေရဲ့ Human Rights မျက်စိနဲ့ ကြည့်ရင် သနားစရာ။ တဖက်ကလည်း human rights lawyers တွေက လဒ တွေလို တရားဆွဲဖို့ အကွက်ချောင်း နေကြတာ။ ဒီတော့ ပေးစေဆိုပြီး ဆော်ပလောတီး ကြတော့ ဘယ်သူပဲ ပေးရတာလဲ။ ပြည်တွေကို ကိုယ်စားပြုတဲ့ နိုင်ငံတော် အစိုးရလေ။ တကယ်ပေးရတာ ဘယ်သူလဲ။ ပြည်သူတွေလေ။ အစိုးရ လည်ပတ်ဖို့ ပြည်သူတွေကို (tax) ကောက်ကြတာလေ။ မလောက်ရင် ငွေခြေးနိုင်တယ်။

Social Liberalism ရဲ့ အားနဲချက် က သဘောကောင်းလွန်းတယ်

စာရေးသူတို့ မြန်မာနိုင်ငံသားတွေ ကောင်းကောင်း နားလည်ကြပါတယ်။ မိန်းမ ဆိုတာ (သဘောကောင်း) လွန်းရင် ဘာဖြစ်တတ်သလဲဆိုတာ။ နေရာတိုင်း မှာ သဘောကောင်းလို့မှ မရတာ။ ဒီလိုပဲ အစိုးရ က လိုအပ်လို့ ဒီလို Social Programs တွေ လုပ်ပြီးရင် management နိုင်ရမှာပေါ့။ ခိုးတဲ့သူ တွေ ၊ ကလိမ်ကကျစ် လုပ်တဲ့သူတွေကို (အပြစ်) ပေးတဲ့ ဥပဒေ တွေ ထုတ်ပြီး နောင်မလုပ်ရဲအောင် တင်းတင်းကြပ်ကြပ် စီမံရမှာပေါ့။ မကောင်းတဲ့ သူတွေကို (အပြစ်) ပေးဖို့ကြတော့ Bleeding Heart liberals တွေက (Human Rights) မျက်စိနဲ့ ကြည့်ပြီး တော့ (သနား) နေကြပြန်ရော။ ဒီတော့ Social Programs တွေဟာ ပြည်သူတွေ အတွက်တင် မက တော့ဖူး လက်တွေ့မှာအလီဘာဘာ နဲ့ ခိုးသား ၅၀၀ အတွက်ပါ စားကွက်လာဖြစ်တယ်။

အမေရိကန် အမတ် ဆိုတာလည်း ဂုဏ်သရေရှိ သူခိုးတွေပါပဲ

ကမ္ဘာက ..အကြောင်းမသိ ကြတော့ အမေရိကန် က (အမတ်) တွေကို အထင်ကြီးပြီး ၊ လေးလေးစားစား နေရာပေး ဆက်ဆံကြတာပေါ့။ အကြောင်းသိတဲ့ သူတွေ အဖို့ကတော့ တရားဝင် သူခိုးအကြီးစား တွေပါပဲ။
နှစ်ဖက်လုံး အတူတူပါပဲ။ အမေရိကန် အစိုးရမှာ Duplicate Programs ပေါင်းသောင်းနဲချီပြီးရှိတယ်။ ဘယ် အစိုးရ ၊ ဘယ်ပါတီက မှ ၊ ဒီ waste တွေကို ရပ်ဖို့ ၊ ရှင်းဖို့ မကြိုးစားကြဖူး။ အမေရိကားမှာ Social Security အတွက် အလုပ်လုပ်သူတိုင်း social security tax ပေးရတယ်။ ဒီကရတဲ့ (ငွေ) နဲ့ လက်ရှိ သက်ကြီးပင်စင်စား နေတဲ့သူတွေကို ပေးရတယ်။ ဒါကို (pay as you go system) လို့ခေါ်ပါတယ်။ ဂျာမန် ၀န်ကြီးချုပ်ဟောင်း Bismarck ကစထွင်ခဲ့တာ။ လူ ၁၀၀ ကထဲ့ဝင်ပြီး လူ ၈၀ ၀ိုင်းစားကြရင် ပြဿနာ မရှိပေမဲ့ ၊ လူ ၁၀၀ စီက ကောက်ခံတာကို လူ ၉၀ ၀ိုင်းစားကြရင် ပြဿနာ ရှိတယ်။ သိပ္ပံပညာတွေ တိုးတက်လာကြပြီး ဆေးပညာ က ပိုအစွမ်းထက် လာကြတော့ ၊ လူတွေ အသက်ပိုရှည်လာ ကြတယ်။ ဒီတော့ ပေးရတဲ့ သူတွေက လျော့မသွားဖူး။ ပိုပိုများလာတယ်။ ဒါထက်ပိုဆိုးတာက ၊ ခေတ်အဆက်ဆက် အစိုးရက ဒီ Social Security အတွက် ပိုက်စံကို (မစု) ထားဖူး ၊ (invest) မလုပ်ဖူး ၊ အစိုးရ လွယ်လွယ်ရတဲ့ ၀င်ငွေ အနေနဲ့ ဆွဲသုံးပြီး နောက်တော့ပေးမယ် ဆိုပြီး (IOU) တွေပေးပြီး (ချေးသုံး) ပြစ်တယ်။ Ronald Regan လက်ထက်မှာ မဖြစ်ချေဖူးဆိုပြီး (social security) ကိုမွမ်းမံဖို့ လုပ်တယ်။ ပြီးတော့ ကွန်ကရက် က ခွေးအမြီးကောက် ၊ ကျည်တောက်စွပ်ပဲ။ ဒါကြောင့် အစိုးရရဲ့ ဘတ်ဂျက် က Tax အခွန်ကရတဲ့ ၀င်ငွေထက် (လွန်) နေတာကြောင့် Budget Deficit ဖြစ်ပြီး အကြွေးထူလာတာပေါ့။ အမေရိကန် အစိုးရ အဆက်ဆက် ချေးထားတာ (16 Trillion) ရှိတော့မယ်။ အိုဘားမား အုပ်ချုပ်တာ (၄) နှစ်မပြည့်သေးဖူး ၊ မစ္စတာ (အို) ဖြူန်းသွားတာ (5.2 Trillion USD) ၊ ဒေါ်လာ သန်းပေါင်း ၅.၂ သန်း ဖြုန်းပြစ်လိုက်ပြီ။ ( 1 trillion = 1000 Billion. OR 1 million million)။ အမှန်က မိမိ ကိုယ်ကျိုးအတွက် နောက် မျိုးဆက်တွေစီက ချေးတာပဲ။ ဗိုလ်ချုပ်သန်းရွှေ ကို ၀ိုင်းဆဲခဲ့ကြတဲ့ မြန်မာ လစ်ဖရယ်တွေ အိုဘားမား ဖြန်းတာကြတော့ တစက်ကလေးမှ အသံမထွက်ရဲကြတာ ၊ အံ့သြစရာ။ အမေရိကန် မျိုးချစ်စိတ် နဲ့ ကြည့်တတ်ရင် ..ရင်နာစရာပါ။ 

ပျက်စီးခြင်း၏ (အစ)

Karl Marx ဟာ အဖိနှိပ်ခံ ပစ္စည်းမဲ့တွေအတွက် အိမ်မက်ကမ္ဘာ (Utopia) ကို ဆောက်ဖို့ကြိုးစားခဲ့တယ်။
လူတွေရဲ့ အတ္တစိတ် ၊ တကိုယ်ကောင်း ဆန်တဲ့စိတ်တွေကို ထဲ့ မတွက်ခဲ့ဖူး။
Karl Marx ရဲ့ ပစ္စည်းမဲ့ ကမ္ဘာကြီး ကို ဖျက်စီးမဲ့ (ဖျက်မြင်း) ဟာ ၀ါဒ ကိုမွေးဖွား လိုက်ကတည်းက အတူပါလာတယ် ဆိုတာကို မသိ ခဲ့ကြဖူး
Marxism ဆို (သတ်) တာဘာလဲ လို့ မေးရင် ၊ စကားလုံး တစ်လုံးထဲ နဲ့ ဖြေလို့ရတယ် - (control)
(control) နဲ့ (အတ္တ) နဲ့ ပေါင်းလိုက်တော့ .. ၀ါးလား ဆိုပြီး ..(မဆလ) စိတ်ဓါတ် .ပေါက်ဖွားလာကြရော..တကမ္ဘာလုံး…
နောက်ဆုံးတော့ ညံ့ဖျင်းတဲ့ စိတ်ဓါတ် က (စနစ်) ကို အတွင်းလှိုက်စား ပြီး ဖျက်စီးပစ်လိုက်တာပဲ။
ယနေ့ အထိ မြန်မာ နိုင်ငံမှာ (မဆလ) စိတ်ဓါက် က အကင်းမသေသေး။

Social Liberalism ဟာလည်း Marxism လိုပဲ ဂျောက်ကြီးထဲကို (အရှိန်) နဲ့ ထိုးဆင်းနေပြီ ဆိုတာကို လစ်ဖရယ်တွေ က လက်မခံချင်ကြသေးဖူး

Social Liberalism ဟာ (ကြွေးပင်လယ်) မှာ နစ်ပြီး လုံးပါးပါးစ ပြုနေပြီ။

အီးယူ (EU) ရဲ့ Debt Crisis ဟာ ဘယ်လိုမှ (ရှင်း) လို့မရ နိုင်ပါ။ (Euro Crisis) က လက်ငင်း မြင်ရတဲ့ ပြဿနာ

တကယ့် ပြဿနာ က အကြွေးပြဿနာ။

အကြွေးထူရခြင်း အကြောင်းက Human Rights မျက်စိ နဲ့ ကြည့်ကြပြီး (အားလုံး) ကို အစိုးရ ကကူညီချင်တော့ ၊ ဖင်မနိုင်ပဲ ၊ ပဲကြီးဟင်း စားမိရာက ၀မ်းလျှော သေရတဲ့ မသာ ဖြစ်ရမှာပဲ

Social Programs တွေဟာ ဆွဲဆောင်မှု လာဖြစ်တယ်။

မိမိတို့ နိုင်ငံမှာ မရ နိုင်တဲ့ အခွင့်အရေးတွေ တခြားနိုင်ငံမှာ ရမယ်ဆိုရင် မသွားချင်တဲ့သူ ရှိမလား။
ပြင်သစ် မှာ အလကား ဆေးကုပေးတယ်ဆိုရင် ပြင်သစ်ကို လူတွေ လှိမ့်ဝင်လာတော့မှာပေါ့။ အင်္ဂလန် မှာ NHS က အလကားကုပေးတော့ ဆွဲဆောင်မှု မဖြစ်ဖူးလား။ ပါကစ္စတန်မှာ ခလေးများရင် တောင်းစားရမယ် ၊ လန်ဒန်မှာ Welfare ထုတ်စားနိုင်ရုံ မက ခလေးသိပ်များရင် သူဌေးရပ်ကွပ်မှာ သန်းကျော်တန် အိမ်နဲ့အလကားနေရသေးတယ်။ ဘ၀ချင်းက ဆီ နဲ့ ရေပဲ။ အမိနိုင်ငံမှာ ခလေးများရင် ဒုက္ခ ၊ လစ်ဖရယ်တွေ ကြီးစိုးတဲ့ နိုင်ငံမှာ (ခလေး) သည် ချမ်းသာမှု အတွက် (ထီ) လက်မှတ်ပဲ။ အင်္ဂလန်မှာ အင်္ဂလန်သူစစ်စစ်က လမ်းပေါ်ရောက်နေတယ် ၊ နိုင်ငံခြားသား ကုလားတွေက သန်းကျော် အိမ်တွေမှာ ဇိမ်ကြနေကြတယ်။ အင်္ဂလန်မှာ အိမ်ထဲရောက်နေတဲ့ သူကို မနှင်ထုတ်ရ ဥပဒေ ရှိပြန်တော့ လွပ်နေတဲ့ သန်းကျော်တန်တဲ့ အိမ်တွေကို ကျူကျော်ဝင်နေတဲ့သူတွေကို ပုလိပ်နဲ့ လာမနှင်နိုင်ဖူး။ activists တချို့က အိမ်လွပ်တွေ ၀င်သိမ်းကြဆိုပြီး ၀ိုင်းမြှောက်ပေး ကြတယ်။ 

ဘာကြောင့်လဲ

ကိုယ်နိုင်ငံသားတွေကို အကောင်းဆုံး ဖြစ်စေချင်တာ ၊ Universal Health ရစေချင်တာ ၊ သူတို့အတွက် Social Programs တွေ ရှိစေချင်တာ သဘာဝ ကျပါတယ်။ စာရေးသူ လည်း မျိုးချစ်တစ်ယောက် အနေနဲ့ သဘောတူရုံ မက ၊ ကိုယ်လူမျိုး တွေအတွက် စွမ်းအားရှိသမျှ ၀င်အကူအညီ ပေးလိုစိတ် အပြည့်ရှိပါတယ်။

Liberals တွေ အကျိုးနဲတာက ၊ ကိုယ်နိုင်ငံသား တွေတင် မဟုတ်တော့ဖူး ၊ အားလုံးကို Human Rights မျက်စိနဲ့ ကြည့်ပြီး ၊ (လူသားအားလုံး) ဆိုတော့ ၊ မနိုင့်ဝန်ကို ၀င်ထမ်းကြတော့ ကိုယ်ပါ ဒုက္ခရောက်ရတာပဲ။
မနိုင်ပဲ နဲ့ (လူသားအာလုံး) ကိုကယ်ချင်တဲ့ ပြဿနာ အပေါ် လူလိမ် တွေ ၀င်နှောက်တော့ တိုင်းပြည် ပါပေါင်ရတဲ့ အခြေအနေ ရောက်တာပဲ။

ဒီအသိကြောင့်

ဒီအသိ ၊ ဒီအတွေးနဲ့ ၊ နိုင်ငံခြားသား ၊ အမျိုးသား ၊ မခွဲကြားတော့ပဲ ၊ (လူသား) ဆိုပြီး နိုင်ငံခြားသားတွေ လှိမ့်ဝင်လာတာကို ဒို့အရေး ၊ ဒို့အရေး ၊ Multiculturalism ကွဆိုပြီး ၀ိုင်း အော်လိုက်ကြတာ ၊ Islamic Terrorists တွေ ၊ ကမ္ဘာ့ လူလိမ် တွိမ်တွေ ၊ လူမျိုးစုံ ကိုယ့်နိုင်ငံထဲ ၀င်လာကြပြီပေါ့။ 7/7 လို့ ခေါ်တဲ့ လန်ဒန်မြေအောက်ရထားတွေကို ဖုံးဖေါက်တာ ၊ Madrid မှာ ဖုံးဖေါက်တာ ၊ 9/11 မှာ ဖုံးဖေါက်တာ ဘယ်သူတွေလဲ။ အစ္စလမ် အကြမ်းဖက်သမားတွေပဲ။ သူတို့ကြောင့် TSA ဆိုတာပေါ်လာရပြီ။ နေရာတိုင်းမှာ အစစ်ခံရပြီ။ သို့ ပေမဲ့ မွပ်စလင် ရုပ်ပေါက်လို့ စစ်မိရင် Racists ..Racists ဆိုပြီး ၀ိုင်းအော်ကြတယ်။ ဒါကြောင့် TSA က ၉၀ကျော် အဖွားကြီးလည်း ဖင်လှန်စစ် ၊ မွေးကာစ ခလေးလေး ကိုလည်း ဖင်လှန်စစ် လုပ်ပြကြရတယ်။ ဒါ လစ်ဖရယ် တွေရဲ့ အစွမ်းရောက် Political Correctness ပဲ။ လက်မ မကောင်းလက်မ ၊ ခြေမ မကောင်းခြေမ ၊ လှီးမထုတ် နိုင်ကြဖူး။ ဆော်ဒီကို မပြောနဲ့ အနောက်တိုင်းသားတွေကို လာပါလာပါ မြှူစွယ်ခေါ်နေတဲ့ Dubai မှာ Bible ယူသွားကြည့်ကြပါ။ သတ္တိရှိရင် ဆော်ဒီကို ဗုဒ္ဓရပ်ပွားတော်ကြီး ပိုက်ပြီး ၀င်ကြည့်ပါ။ ဒါကိုတော့ ဘယ် လစ်ဖရယ် တွေ အော်ကြတာ ကြားဖူးပါသလဲ။ မပြောရဲ ။ မအော်ရဲကြဖူး ၊ မဟုတ်လား

ဒီလို ငါကွ ၊ ငါတို့ ကမှာ လူသားစိတ် ရှိတာဆိုပြီး လစ်ဖရယ်တွေ ဖင်ဂေါင်းကျယ် လိုက်ကြတာ ၊ ကိုယ်ကိုဖျက်မဲ့ ၊ အဖျက်သမား တွေကို လက်ရ ခေါ်မိနေကြမှန်း မသိကြပဲ ၊ အတွင်းလှိုက်စားမဲ့ ၊ နိုင်ငံခြားသား တွေကို ဖတ်ခေါ်မိပြီး ၊ မိမိ တို့ (အမျိုးသား) နည်းတူ (အခွင့်အရေး) တွေပေးရမယ်ဆိုတော့ ၊ ပြဿနာက (စ) ပြီ။ Social Programs တွေသာ မဟုတ် Unions တွေကလည်း Rights တွေတောင်းလာကြပြီ။ Private Sector မှာ Union ဖွဲ့တာ အဓိပ္ပါယ်ရှိပေမဲ့ ၊ Public Sector မှာ Union ဖွဲ့တာ အဓိပ္ပါယ် မရှိ။ နောက်ဆုံးတော့ Union ဆိုတာ ရွေးကောက်ပွဲမှာ (Vote) ရှာပေးတဲ့ (machine) လာဖြစ်တာပဲ။ ဒီတော့ အစိုးရက Union တွေကို အလိုလိုက်ရ နဲ့ နောက်ဆုံး Greece လိုနိုင်ငံမှာ Public Sector အလုပ်သမားက Private Sector အလုပ်သမား နဲ့ များလာတော့ အစိုးရ (၀င်ငွေ) နဲ့ (သုံးငွေ) မမျှဖြစ်လာတော့ (ငွေချေး) ရရော ။ ယူရို ဆိုပြီး ဘုံငွေကြေး စနစ်ကို ထူထောင်လိုက်တော့ ဂရ လိုနိုင်ငံက အချောင် ငွေလွယ်လွယ်ချေးလို့ (ရ) တော့ အနှစ်နှစ် ချေးပြီး သုံးလိုက်ကြတာ နောက်ဆုံး ကုဋေရှစ်ဆယ်သူဋ္ဌေးသား ကိန်းဆိုက် တော့မှ ကယ်ပါယူပါဖြစ်ကြပြီး အခု တောင်ဥရောပ ကနိုင်ငံတွေ သူတောင်းစားဖြစ်ကုန်ကြပြီ။

(လူ) ဆိုတာ (လူ)ပဲ။ ရပြီးသာ အခွင့်အရေးကို ပြန် မပေးချင်ကြတော့ဖူး။ ဘတ်ဂျက်လျော့ရမယ် ဆိုတော့ ဘယ်သူကမှ မလျှော့ချင်ကြတော့ဖူး။

အဓိက အပြစ်က ဘာလဲ?

Social Liberalism တွေက လူတိုင်း ကို အခွင့်အရေးပေးချင်တယ်။ မနိုင်တဲ့ Social Programs တွေကို ဖေါ်ထုတ်လာပြီး အထိန်းအကွပ် မရှိဖူး။
အမှားဆုံး က (အမျိုးသား ) (နိုင်ငံခြားသား) ရယ်လို့ (မခွဲချင်) ဖူး။ အားလုံးကို (လူသား) ဆိုတဲ့ မျက်စိနဲ့ Naively ကြည့်ကြတယ်။
လူသားချင်းတူပေမဲ့ ယဉ်ကျေးမှု Culture ချင်း မတူရင် (Value System) ချင်းမတူရင် ၊ တကယ်တော့ (လူချင်း) မတူတော့ဖူး
အသားရောင်ကြောင့် မဟုတ်။
(Value System) ချင်းကွာရင် (လူချင်း) ကွာတယ်ဆိုတာ Bleeding Heart လစ်ဖရယ် တွေ (မစဉ်းစား) မိဖူး

ကောင်းတာတွေ ယူပါ။

Social Liberalism ကို မကောင်းဖူး လို့ အဓမ္မ မပြောချင်ဖူး။
ကောင်းတာတွေရှိတယ်။
ဥပမာ ထိုင်းမှာ သတ်စင် (စ) ခဲ့တဲ့ နိုင်ငံသားတိုင်း ဆေးကုပေးတဲ့ ဘတ် (၃၀) Universal Health စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးစေချင်တယ်။ 
ဦးအောင်မင်း အစရှိတဲ့ အာဏါပိုင်တွေ နဲ့ ဆွေးနွေးဖူးတယ်။ အစိုးရ ထဲမှာလည်း ပြည်သူတွေကို စေတနာရှိတဲ့ သူတွေရှိကြတာပဲ
သို့သော် အနောက်နိုင်ငံက မှာမှားကြသလို (အခွင့်အရေး) ဆိုတာ (အားလုံး) အတွက် မဖြစ်နိုင်ဖူး။
မိမိ (နိုင်ငံသား) အတွက်သာလျှင် ဖြစ်စေရမယ်။
မြန်မာ နိုင်ငံသားတွေ ထိုင်းမှာ အလကားဆေးကုသခွင့် မရပါ။
ထိုင်းမှာမွေးတဲ့ နိုင်ငံခြားသားရဲ့ သားသမီးတွေ အလိုအလျှောက် နိုင်ငံသားမဖြစ်ပါ။
နိုင်ငံခြားသား မြေပိုင်ခွင့် မရှိပါ။
ထိုင်း မှာ နိုင်ငံခြားသားကို (ဖရန်) လို့ခေါ်ကြပါတယ်။ ဘာကြောင့် Racists တွေလို့ မစွပ်စွဲကြပါသလဲ
အခုအနောက်နိုင်ငံ တချို့ မှာ မိမိတို့နိုင်ငံမှာ မွေးတိုင်း ၊ တိုင်းရင်းသားဖြစ်တဲ့ Citizenship လွယ်လွယ်ပေးတာ မှန်ရဲ့လားလို့ မေးခွန်းထုတ်နေကြပြီ

ထိုင်း နိုင်ငံရှိ ထိုင်းပြည်သူတွေ ရဲ့ စားဝတ်နေရေး ၊ ကျမ်းမာချမ်းသာရေး ဟာ ထိုင်းအစိုးရရဲ့ တာဝန် သာလျှင်ဖြစ်သည်။
ဘင်္ဂလာဒေ့ခ်ျ နိုင်ငံက ဘင်္ဂါလီ တွေရဲ့ ကောင်းစားရေးဟာ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ အစိုးရ၏ တာဝန်သာဖြစ်သည်။
မြန်မာအစိုးရ ၏ တာဝန်မဟုတ်ပါ
မြန်မာနိုင်ငံ ဟာ အဆင်းရဲဆုံး နိုင်ငံ က မထွက်နိုင်သေးပါ။
ထို့ကြောင့် မြန်မာတွေဟာ မြန်မာနိုင်ငံ အကျိုးကို ပဲ အရင်ကြည့်သင့် ပါတယ်
အိမ်နီးနားချင်း တွေရဲ့ ဒုက္ခကို မျှဝေ ခံစားနိုင်တဲ့ အခြေ အနေ မရှိပါ။

ထို့ကြောင့် (နိုင်ငံသား) နဲ့ (နိုင်ငံခြားသား) ကို ခွဲခြားမြင်တတ်ရပါမယ်။
အနောက်နိုင်ငံသားတွေ Social Liberalism ကြောင့် ဒေ၀ါလီ ခံရနီး ဖြစ်နေရတာ
(နိုင်ငံသား) နဲ့ (နိုင်ငံခြားသား) ကို ခွဲခြား မမြင်တတ် ကြပဲ
အားလုံးကို (လူသား) ဆိုပြီး သနားမိကြတဲ့  အတွက်
ယနေ့ ၊ ယ္ခု ၊ ပဒုမ ပေါင်တို ကိန်းစိုက်နေကြရတာပါ။

မိမိခြေပေါ် မရပ်နိုင်သေးခင် ၊ တပါးသူ ကို (အသနား) ပိုရန် မစဉ်းစားကြပါနဲ့

ဆက်ရန်

No comments:

Post a Comment