by Zay Ya on Saturday, August 25, 2012 at 9:41pm
ပင်လယ် ထဲက ငါးက ပင်လယ် ကို မေ့တယ်။ အဲ့ ငါးကို ဖမ်းပြီး သောင်ပြင်ပေါ် ပစ်တင် လိုက်ရင် - တဖျတ်ဖျတ် လူး နေတာ ကို တွေ့ မယ်။ တတမ်း တတ နဲ့ ပင်လယ်ကို သတိရ နေတာ တွေ့မယ်။
အလားတူ လူဟာ လည်း ပျော်ရွှင် လူးလာ ရှင်သန် နေချိန် မှာ - အသက် ရှူနေတဲ့ ဒီ ခဏတာ ကို မေ့ပါ တယ်။ အရေး အကြောင်း ကြုံဆုံ၊ ပူပန်တော့ မှ - ရှူရှိုက် နေတဲ့ လေ ကို ပင်ပန်း တကြီး ပင့်သက် ရှိုက် ရ တယ်။ မေ့လျော့ ဖြတ်သန်း ခဲ့တဲ့ တခဏတိုင်း ကို အဲ့တော့မှ အမိဖမ်း ချင်တော့တယ်။
တခဏ ချင်း ခုန်လှုပ်နေ နေတဲ့ ရင်ခုန်သံ ကို ဘယ်တုန်း ကမှ မကြား ခဲ့ရတဲ့ အဖြစ် ဟာ တစ်ခါမှ နားစိုက် မထောင် ခဲ့လို့ ပဲ ဖြစ်ပါ တယ်။ အရေးကြုံမှ ခုန်လှုပ် ဖို့ ကြိုးစားရင် - အချိန်လွန် နောင်တ - နောက်ကျ ခဲ့ပြီရယ်။ အဲ့ဒီ နောင်တ နဲ့ ပူလောင် ငိုကြွေး ရတဲ့ မျက်ရည်တွေသာ မိမိမျက်ဝန်းမှာ တဖျတ်ဖျတ်လူး လာတယ်။ လွှတ်ချခဲ့တဲ့ ခဏတာ တိုင်း အတွက်- အဲ့အချိန် မှ သတိရဆုံး၊ အအောက်မေ့ဆုံး ပဲ။
.........................
"Becomes the Ocean" Essay 1.
Photo from "Vertical Here-Now"
.........................
August 25th 2012 at 2:39 PM
........................
No comments:
Post a Comment