လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမရရှိဘဲ သိမ်းခံရသည့် လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများကမကျေနပ်မှုကြောင့်
အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း၂၂ ရွာမှ လယ်ယာမြေများ သိမ်းခံရပြီး ကျေးရွာလေးရွာမှာ ရွာလုံးကျွတ်ပြောင်းရွှေ့ပေး
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်သိမ်းခံ ရသော လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှု
လယ်ယာမြေများ အသိမ်းခံခဲ့ရသည့်အတွက် လူဦးရေ တစ်ထောင်ဝန်းကျင်ရှိ ဒေသခံများစုပေါင်း၍ သြဂုတ် လ ၂၄ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သွားရောက်၍ ဆန္ဒဖော် ထုတ်မှု ပြုလုပ်ခဲ့သည့်အပြင် အသိမ်းခံခဲ့ရသည့် လယ်ယာမြေများအပေါ်တွင် "ကျေးရွာပိုင်လယ်ယာမြေများ မည် သူမှ လုံးဝ မကျူးကျော်ရ"စသည့် စာတမ်းများ ရေးသားထားသော ဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြာင်း သိရှိ ရသည် ။
ယင်းကဲ့သို့ ပြုလုပ်ရာတွင် ဒေသခံများမှာ စီမံကိန်းတွင်တာဝန်ယူလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက် တွေ့ဆုံခဲ့ရသည်။ ထို့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာနီးပါးက စီမံကိန်းဧရိယာအတွင်း ဝင်ရောက်လာ သော လယ်သိမ်းခံရသည့် ဒေသခံများကို လက်နက်များကိုင်ဆိုင်၍သော်လ ည်းကောင်း၊ ဒိုင်းများကို ရာဘာတုတ်များဖြင့် ရိုက်၍ လမ်းလျှောက်ချီတက်ခြင်းတို့ ဖြင့် ခြောက်လှန့်၍ လူစုခွဲခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှ တောင်သူဦးမြင့်သိန်းက "ကျွန်တော်တို့ကို အစတုန်းက ကားကြီးတွေ ဖြတ်မောင်းသွားမှာဖြစ်တဲ့အတွက် ဆုံးရှုံးရမယ့် သီးနှံတွေအတွက် သုံးနှစ်စာ လျော်ကြေးအနေနဲ့ပေးခဲ့လို့ ယူခဲ့ပါတယ်။ အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ် မခံချင်တော့လို့ ယူခဲ့တာပါ။ အခုကျတော့ မင်းတို့ကို လျော်ကြေးပေးပြီးသားဖြစ်တဲ့ အတွက် လယ်ယာမြေ တွေကို သိမ်းတယ်ဆိုတာ ပြောလာတော့ လုံးဝလက်မခံဘူး။ ကျွန်တော့်အနေနဲ့ လယ်ယာအသိမ်းခံရလို့  ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ ကိုယ့်မျိုးရိုးစဉ် ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည် လုပ်ကိုင်ခွင့်ရဖို့  အခုလိုလာရောက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု ပြောပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်သိမ်းခံ
ဝက်မှေးကျေးရွာမှ ဒေသခံတစ်ဦးကလည်း “အခုကျွန်တော်တို့ဖြစ်နေတဲ့
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်းက သတ္တုတွင်းဝန်ကြီးဌာနမှ မြန်မာ့စီးပွား ရေး ဦးပိုင်လီမိတက်သို့ လုပ်ပိုင်ခွင့်လွှဲပြောင်းခဲ
No comments:
Post a Comment