သစ်ထူးလွင်
|
- ဒီဗွီဘီရုပ်သံ ပြည်တွင်းသတင်းထောက်တဦး တရားစွဲခံရ
- ကျွဲ၊နွားများ တရုတ်နိုင်ငံသို့ တရားမ၀င်တင်ပို့နေ
- သိန်း ၂၈၀၀ ခန့်တန်ဖိုးရှိ ခဲမဖြူတုံးများခိုးသည့် ၀န်ထမ်းအပါအ၀င် ရှစ်ဦးကို ဖမ်းမိ
- ပုဂ္ဂလိကကျောင်း ၂၀ တရားဝင်ဖွင့်ခွင့်ရ
- မလေးရှားသို့ သွားရောက်သည့် မြန်မာလုပ်သားဦးရေ သိသာစွာကျဆင်း
- ပြင်သစ်မှ လေယာဉ်သုံးစင် အဲကမ္ဘောဇ၀ယ်မည်
- နိုင်ငံခြားသင်္ဘောကုမ္ပဏီ ၁၀၀ ကျော် မြန်မာနိုင်ငံလာပြီ
- အလုပ်လုပ်ရသော ရက်များတွင် စိတ်ဖိစီးမှုကင်းနေအောင်
- ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့မှာ နေထိုင်ဖို့ စိုးရိမ်နေ
- အာကာသသူရဲကောင်း Neil Armstrong ကွယ်လွန်
- ကျောက်မဲမြို့ မှာ အမှိုက်တွေ ပိတ်ဆို့ နေ
- ဒု ရဲအုပ်ကျော်စိုးမိုး နှင့် အဖွဲ့မှ လက်ထိပ်ခတ် ၀ိုင်းရိုက်ခြင်း
- ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်
- ဒေါ်အောင်ဆန်းစုကြည် နှင့် ကော့မှူး ပြည်သူတွေကို တွေ့ ဆုံပွဲ (ဓါတ်ပုံ)
- ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူတွေကို သွားရောက်တွေ့ဆုံ
- ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ဧ။် သတင်းထုတ်ပြန်ချက် အမှတ်(၁)
- ဇလွန်မြို့ နယ် တရားရုံး ဥပဒေနှင့်မညီ တဖက်သတ် စစ်ဆေးမှု အကြောင်း တိုင်ကြားစာ
- PNLO နှင့် အစိုးရတို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုး
Posted: 26 Aug 2012 06:58 AM PDT
မကွေးမြို့က ဒီမိုကရက် တစ်မြန်မာ့ အသံ ဒီဗွီဘီ ရုပ်သံ သတင်းထောက် ကိုသူရ သက်တင် ခေါ် ကိုဇော်ဖေနဲ့ သူ့ရဲ့မိတ်ဆွေ ကိုဝင်းမြင့်လှိုင် ခေါ် ကိုလှိုင်လှိုင်တို့ကို မကွေးတိုင်း လက်ထောက်ပညာရေးမှူးက တရားစွဲ ထားတယ်ဆိုပြီး ရဲစခန်းက ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 05:46 AM PDT
မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို တရုတ်နိုင်ငံ နယ်စပ်သို့ တရားမ၀င် တင်ပို့ ရောင်းချမှုများ ရှိနေ၍ လယ်ယာ လုပ်ငန်းခွင် ကျွဲ၊ နွားများ ရှားပါးလာနိုင်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်မှ ကျွဲ၊ နွားများကို ၀ယ်ယူစုဆောင်း၍ တရုတ်နိုင်ငံနယ် စပ်သို့တင်ပို့ ရောင်းချမှုများရှိနေကြောင်းနှင့ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 05:57 AM PDT
သတ္တုတွင်း ၀န်ကြီးဌာန လက်အောက်ရှိ သန်လျင် ခဲမဖြူ သတ္တုစင် စက်ရုံမှ ကျပ်သိန်း ၂၈၀၀ ခန့် တန်ဖိုးရှိ ခဲမဖြူ သန့်စင် တုံးများ ခိုးယူခဲ့သည့် စက်ရုံဝန်ထမ်း အပါအ၀င် ရှစ်ဦးကို ဥပဒေကြောင်းအရ ထိရောက် စွာ အပြင်ပေးရန် လုပ်ဆောင်နေ သည့်အပြင် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 06:02 AM PDT
ပြည်တွင်းရှိ ပုဂ္ဂလိကကျောင်း ၂၀ အား ပညာရေး ၀န်ကြီးဌာနမှ တရားဝင် ဖွင့်လှစ် ဆောင်ရွက် ခွင့်လက်မှတ် ထုတ်ပေး လိုက်ကြောင်း သိရသည်။ ပညာရေး ၀န်ကြီးဌာနသို့ တရားဝင် လုပ်ကိုင် ဆာင်ရွက်ခွင့် လျှောက်ထားရာတွင် ပုဂ္ဂလိကကျူ ရှင်များ၊ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 06:07 AM PDT
၂၀၁၂ ခု သြဂုတ် လပိုင်းတွင် မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်သည့် မြန်မာ လုပ်သားဦး ရေ သိသိသာသာ ကျဆင်းသွားကြောင်း မလေးရှားသို့ တရားဝင် လုပ်သားစေ လွှတ်သည့် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Aug 2012 06:12 AM PDT
အဲကမ္ဘောဇ လေကြောင်း လိုင်းမှ ပြင်သစ် လေယာဉ်သုံးစင် မှာယူလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ATR လေယာဉ်များကို လာမည့် ပွင့်လင်း ရာသီတွင် တိုးချဲ့ပျံသန်းမည့် လေကြောင်း လိုင်းမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးမြတ်သူက ပြောသည်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 26 Aug 2012 06:17 AM PDT
နိုင်ငံခြား သင်္ဘော ကုမ္ပဏီ ၁၀၀ ကျော်မှ တရားဝင် မှတ်ပုံတင်ပြီး မြန်မာနိုင်ငံ သားသင်္ဘောသား များကို ငှားရမ်းခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်္ဘော ကုမ္ပဏီများသည် မြန်မာ သင်္ဘောသား များကို အသုံးပြုနိုင်ရန် ပို့ဆောင်ရေးဝန် ကြီးဌာနတွင် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 06:28 AM PDT
လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေ များနေသလား။ ရုံးချိန်အတွင်း စိတ်ဖိစီးမှုတွေ သက်သာစေဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းတွေ ရှိပါတယ်။
(၁) အိမ်မှ စောထွက်ပါ - ပုံမှန်ထက် အိမ်မှ မိနစ် ၃၀ စောထွက်ပါ။ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 06:36 AM PDT
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ် မောင်တော မြို့ပေါ်မှာ နေထိုင်တဲ့ လူနည်းစု ရခိုင်တိုင်းရင်း သားတွေရဲ့ နေအိမ်တွေမှာ အိမ်ခြံမြေ ရောင်းချမယ့် ဆိုင်းဘုတ်တွေ အခု ရက်ပိုင်း အတွင်း တစတစ တိုးပွားများပြား လာနေရာမှာ မနေ့က အထိ နေအိမ် တစ်ရာကျော် ရှိသွားပြီလို့ သိရပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Aug 2012 06:42 AM PDT
လပေါ်မှာ ပထမဆုံး လမ်းလျှောက်နိုင်ခဲ့တဲ့ အမေရိကန် အာကာသ သူရဲကောင်း Neil Armstrong ဟာ အိုဟိုင်းအိုး ပြည်နယ်က သူ့ရဲ့အိမ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Armstrong ဟာ သူနေထိုင်ရာ Cincinnati မြို့အပြင်ဘက်က နေအိမ်မှာ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2012 07:26 PM PDT
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ မှစည်ပင်သာယာ၏ အမိုက်သိမ်းစနစ်ညံဖျင်းမှု့ကြော ဒါတွေကိုစည်ပင်သာယာက သိရက်နဲ့ ဘာမှမလုပ်ပေးတဲ့အတွက် ရေမြောင်းတွေပိတ်နေပါတယ်။ ရေမြောင်းပိတ်ပြီဆိုရင်လည်း မြောင်းတွေကို မြို့နေလူထုကိုယ်တိုင် ရေမြောင်းထိုး အမှိုက်ဆယ် လုပ်နေရပါတယ်ခင်ဗျာ.... လာရှိုးမြို့တွင် သဘာဝရေဘင်းသင့်သလိုတော့မဟုတ်ေ ကျောက်မဲမြို့ ပြည်သူများ
| ||
Posted: 25 Aug 2012 07:22 PM PDT
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ် တံတားကြီးရပ်ကွက် အမှတ် ၁၇၆ အောင်မင်္ဂလာလမ်း နေ ကိုသီဟသူ(ခ)ကိုသူ ကို အောင်မင်္ဂလာရဲကင်းက ရဲကင်းမှူး ဒု-ရဲအုပ် ကျော်စိုးမိုးနဲ့ တပ်သား ၃ယောက် ပေါင်း လေးယောက် ဟာ ဆိုင်ကယ်ဖမ်းဆိုပြီး သြဂုတ်လ (၁၄)ရက်နေ့ ည က ၀ိုင်းဝန်ရိုက်နှက် ခဲ့ကြောင်းသိရပါတယ်။ ရိုက်နှက်စဉ်မှာ ရဲ အားလုံး အရက်မူးနေ ကြတယ်လို့  ကာယကံရှင်တွေက ပြောပါတယ်။ ဆိုင်ကယ် carry ဆွဲတဲ့ ကိုသီဟသူ ကို လက်ထိပ်ခတ်ပြီး ရဲကင်းထဲကို ခေါ်သွား ပြီး ဒု-ရဲအုပ်ကျော်စိုးမိုးနဲ့ သူ့ရဲ တပ်သားတွေဟာ ၀ိုင်းပြီး ထိုးကြ ကျိတ်ကြ ကန်ကြပါတယ်... သူတို့စီးထားတဲ့ ဖိနပ်တွေနဲ့ ကျော၊ ရင်ဘတ်၊မျက်နှာ တွေကို ၀ိုင်းကန်ကြပါတယ်... ပြီးတော့ မင်္ဂလာဒုံ ရဲစခန်းကို ခေါ်သွားပြီး မူးယစ်ရမ်းကား နဲ့ အမှုဖွင့်ပြီး လူကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သြဂုတ်လ (၁၅)ရက်နေ့ မှာ မိခင်ဖြစ်သူက အာမခံလုပ်ပေးကာ အချုပ်ထဲကပြန်ထုတ်ခဲ့ပြီး။ တရားရုံးမှာ ဒဏ်ငွေ ငါးဆယ် ဆောင်ရတယ်လို့ပြောပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံ ရဲစခန်းမှာ ကျပ်သုံးသောင်းခွဲလောက်ကုန်တယ် ရဲတွေဟာ ပြည်သူတွေကို မကာကွယ် ဒီလိုတွေ လုပ်နေပါတယ် ဆိုတာ အများပြည်သူကို သိစေချင်ကြောင်း ကိုသီဟသူ ရဲ ညီဖြစ်သူ ကိုရဲလင်းသူ က Myanmar News Now ကို ပြောပါတယ်။
| ||
Posted: 25 Aug 2012 02:00 PM PDT
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒုက္ခရောက်နေကြသူတွေကို ကူညီဖို့အတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အကူအညီပေးရေး အဖွဲ့တခုကို ဒီကနေ့ မြန်မာနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ဒုက္ခ ရောက်နေသူတွေကို ပထမအဆင့် အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ က ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပါမယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြရတဲ့ ဒုက္ခသည်တွေအတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အဖွဲ့ဝင် ၈ ဦးပါတဲ့ ပထမအသုတ် အကူအညီပေးရေး အဖွဲ့ဟာ တကိုယ်ရည် သန့်ရှင်းရေး အသုံးဆောင် ပစ္စည်းတွေ၊ စောင်နဲ့ အ၀တ်အထည်တွေ အပါအ၀င် ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဒီကနေ့ မနက်မှာပဲ ဂျကာတာမြို့တော် လေတပ်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပထမအဆင့် အကူအညီတွေကို ပေးအပ် သွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Budi Adiputro က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ “အခု ပထမအဆင့် ဒီ သုံးလ အတွင်းမှာ ပဋိပက္ခထဲမှာပါတဲ့ ဘယ် ဘက်ကိုမှ ဘက်လိုက်ခြင်းမရှိတဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ကူညီသွားမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် အစားအစာနဲ့ အကူအညီတွေ လုံလုံလောက်လောက် ရဖို့အတွက် ကနဦးအဆင့် အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။” ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ဒီလထဲမှာပဲ သွားရောက် လေ့လာခဲ့ပြီးတဲ့နောက် ခုလို အကူအညီပေးရေး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် အားစိုက် ကြိုးပမ်းခဲ့တဲ့အကြောင်းလည်း မစ္စတာ Budi Adiputro က ပြောပါတယ်။ “ကျနော်တို့ မြန်မာပြည်က ပြန်ရောက်လာကတည်းက ဒီကိစ္စကို အားစိုက် ကြိုးပမ်းနေခဲ့တာပါ။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ လွတ်လပ်ရေးနေ့ နဲ့ အစ္စလာမ်တို့ရဲ့ အထွဋ်အမြတ် အစ်နေ့ကလည်း ဒီလထဲမှာ ကျရောက်တာပါ။ ဒီလို အလုပ်ရှုပ်နေတဲ့ကြားကပဲ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးအနေနဲ့ ကုန်တင် လေယာဉ်တစီးနဲ့ အကူအညီတွေကို ရန်ကုန်မြို့ကို တိုက်ရိုက်ပို့ပေးခဲ့တာက သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ကူညီပေးရေး လုပ်ငန်းတွေကို ကျနော်တို့ စတင် ဆောင်ရွက် သွားချင်တယ် ဆိုတာကို ပြသတဲ့ သဘောပါ။ ခုလို ပထမဆင့် အကူအညီတွေ ပေးပို့ခြင်းအားဖြင့် မြန်မာအစိုးရနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကပါ ဒီလို လုပ်ဆောင်တာဟာ စစ်မှန်တဲ့ ချဉ်းကပ်မှုလို့ ယူဆစေချင်ပါတယ်။ ဒီလိုပဲ အကူအညီပေးတဲ့ တခြား နိုင်ငံတွေလည်း ရှိပါတယ်။ ရခိုင်ဒေသတွင်း ဒုက္ခရောက်နေသူတွေအတွက် တူရကီနိုင်ငံကလည်း အကူအညီပစ္စည်းတွေ ပေးပို့ခဲ့တာပါ။” ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး အစီအစဉ်တွေကို ဦးဆောင်လုပ်ကိုင်ဖို့ အတွက် အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်း၊ လက်ရှိ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျုဆက်ဖ် ကာလား (Jusuf Kella) ကိုလည်း အင်ဒိုနီးရှား သမ္မတက အထူး သံတမန်အဖြစ်နဲ့ ခန့်အပ်ထားပါတယ်။ မစ္စတာ ကာလားနဲ့ အဖွဲ့ဟာ ဒီလ သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားလေ့လာခဲ့တာဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ သာမကပဲ ရခိုင်တိုင်းရင်းသားတွေကိုလည်း အကူအညီပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လတွေကတည်းကစလို့ ဖြစ်ပွားလာခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ဒီလထဲမှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေအနေနဲ့ စုံစမ်းစစ်ရေး ကော်မရှင်ကို သတင်းအချက်အလက် ပေးပို့နိုင်ကြောင်းတဲ့ အကြောင်းလည်း ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေ အတော်များများ ပျက်စီးခဲ့သလို ခန့်မှန်းချေ လူ ၇ သောင်းလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ မခင်ဖြူထွေး (ဗွီအိုအေ မြန်မာပိုင်း) | ||
Posted: 25 Aug 2012 09:57 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သြဂုတ်လ (၂၅)ရက်နေ့ 
မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေကြား မှာ ပြည်သူတွေနဲ့ တသားထဲရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ကော့မှူးပြည်သူတွေ တွေ့ ဆုံကြပုံ --- ဓါတ်ပုံပေါင်း ၂၂ ပုံ ကို ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ဓါတ်ပုံ - အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် | ||
Posted: 25 Aug 2012 09:41 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ်က ရောက်ရှိလာစဉ်။
မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ တစ်နေရာနဲ့ တစ်နေရာ တူညီနေကြကြောင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မရှိတဲ့ ပြဿနာများ ဖြစ်ကြောင်း၊ ဒီအခက်အခဲတွေကို ဒေသ မခွဲခြားဘဲ ကူညီပေးမှာ ဖြစ်ကြောင်း၊ တဦးချင်းကို အကူအညီပေးနိုင်မှာ မဟုတ်ပေမဲ့ တတ်နိုင်သမျှ ကူညီသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီတွေ့ဆုံမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဆည်ဆိပ်ကျေးရွာက ရွှေတံခါး ဘုန်းတော်ကြီးသင် ပညာရေး သင်တန်းကျောင်းကို သွားရောက် လေ့လာခဲ့ပြီး ကွန်ပျူတာတစ်လုံးကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ကော့မှုးမြို့နယ် NLD ရုံးမှာ ဖွင့်လှစ်ထားတဲ့ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကို သွားရောက်ပြီး၊ ပါတီဝင် လူငယ်တွေနဲ့ ပါတီတွင်း ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကော့မှူးခရီးစဉ်ဟာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူပြီးနောက် တတိယ အကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ RFA Burmese | ||
Posted: 25 Aug 2012 09:37 AM PDT
ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် ဖွဲ့စည်းပေး ထားသော စုံစမ်းရေး ကော်မရှင်မှ ယနေ့ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့တွင် သတင်း ထုတ်ပြန်ချက်အမှတ် (၁)ကို ထုတ်ပြန် ကြေငြာခဲ့ပါသည်။ စုံစမ်းရေးကော်မရှင်မှ Myanmar News Now ကို ပေးပို့ ထားသည့် ယင်းသတင်းထုတ်ပြန်ချက် ---
အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2012 09:40 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ နယ် တရားရုံးတွင် တရားလို မခင်သီတာဌေး၏
အမှုကို တရားသူကြီး ဦးအောင်ထွန်းသိန်းမှ တရားခွင်တွင် အချိန်ပြည့်မထိုင် ဥပဒေနှင့်မညီ တဖက်သတ် စစ်ဆေးမှုကြောင့် တရားလို မခင်သီတာဌေး၏အမှုမှန်မှာ နစ်နာနေသဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှုင့် မခံမရပ်နိုင်ဖြစ်၍ အမှုမှန် ပေါ်ပေါက်စေရန် တိုင်ကြားခြင်း--- တိုင်းကြားစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မခင်သီတာဌေး ၁၄/ဇလန(နိုင်)၀၉၅၄၉၁ အမှတ် (၁၃)၊ အနော်ရထာလမ်း၊ ဇလွန်မြို့ ။ ဧရာဝတီတိုင်းဒေသကြီး။ ဖုန်း - ၀၄၄ ၃၅၁၃၁ | ||
Posted: 25 Aug 2012 08:53 AM PDT
ရန်ကုန်၊ သြဂုတ် ၂၅
ထိုင်းနိုင်ငံတွင် သုံးကြိမ်ခန့် အလွတ်သဘော တွေ့ဆုံထားပြီး ဖြစ်သည့် PNLO (ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ပထမဆုံး အကြိမ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောကြားသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပွဲကို PNLO ၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ အမှတ်(၂) လျှပ်စစ် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြောင်း ယင်းအခမ်းအနား ထံမှ သိရသည်။ ယင်းအခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီးသို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက် ခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ဆိုသည်။ ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် အကြို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး PNLO ၏ ဆက်ဆံရေး ရုံးများကို တောင်ကြီး၊ ဆီဆိုင်၊ မောက်မယ်တို့တွင် ဖွင့်လှစ်ခွင့်ပေးကြောင်း၊ PNLO အဖွဲ့ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် တွင် အခြေစိုက်ရန် နေရာ သတ်မှတ် ပေးထားကြောင်း ၎င်းက ရှင်းပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေး ရုံးဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ အပစ် ရပ်ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန် အပါအဝင် အချက် ခြောက်ချက်ကို ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားသည်။ PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလ တတိယ အပတ်တွင် ပြုလုပ်ရန် ယင်း ဆွေးနွေးပွဲတွင် သဘောတူခဲ့သည်။ The Voice Weekly |
No comments:
Post a Comment