သစ်ထူးလွင်
|
- မြစ်ကြီးနား မှာ ဗုံးပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ ဝင်တဦးသေဆုံး
- Elite မှ အရာရှိတဦး ဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခြင်း
- ယနေ့ စစ်တွေမြို့  မင်းဂံရွာကို ဘင်္ဂလီအင်းအား(၂၀၀၀)ခန့် ဝိုင်းရံထား
- သူရဦးရွှေမန်း နှင့် ၈၈ မျိုးဆက်တွေ့ ဆုံ
- ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကွယ်လွန်တဲ့ သတင်းမမှန်ကန်
- ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည် ဟုဆို
- မြန်မာငွေတန်ဖိုး ၁၀ ရာခိုင်နှုန်း ထိုးကျ၊ ငွေကြေး မတည်မငြိမ် ဖြစ်လာမည်ကို လူအများစိုးရိမ်
- လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေးတွင် ဒေါ်အောင်ဆန်း စုကြည် သုံးရက်ခွင့် ယူထား
- ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်
- မရမ်းကုန်းမြို့ နယ်နေ အမျိုးသမီးငယ်တစ်ဦး ဓါးချက်များစွာဖြင့် သေဆုံး
- မှော်ဘီမြို့နယ်အတွင်းက လူသတ်တရားခံ(၃)ဦးအား မြောက်ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင်
- မွတ်ဆလင် ၂၄ ဦးကို ပြည်ခိုင်ဖြိုး လက်မှတ်ဖြင့် ကျောက်ဖြူ ထောင်မှ လွှတ်ပေး
- တောင်ကြီးမြို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆု
တောင်းပွဲ အား ပြည်နယ်အစိုးရအဖွဲ့ က ပိတ်ပင် - ထပ်မံရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆိုမြင်ကွင်း ဓါတ်ပုံများ
- ပြည်သူ့လွှတ်တော်တွင် တိုင်စာ ထောင်ချီ
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးနိတ်အတည်ပြု
- ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို
Posted: 01 Jul 2012 07:22 AM PDT
ဇွန်လ(၂၉)ရက် ညနေ ၆ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း မျက်မြင်တဦးက Myanmar News Now ကို ပြောပါတယ်။့  ဗုံပေါက်ကွဲတဲ့ နေမှာ စီတာပူရပ်ကွက်အသင်းနဲ့  သီတာ၇ပ်ကွက်အသင်းတို့ ရဲ့ ဘောလုံးပွဲ ဗိုလ်လုပွဲနေ့ဖြစ်ပြီး ဘောလုံးပွဲအပြီးမှာ ဗုံးကွဲခဲ့တာလို့ ဆိုပါတယ်။ ဗုံးကို မော်တော်ဆိုင်ကယ်မှာ ထောင်ထားတာဖြစ်နိုင်တယ်ဆိုတဲ့ ဗုံးပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်သေဆုံး ပြောကြားခဲ့တာဖြစ်ပါတယ်။ | ||
Posted: 01 Jul 2012 07:11 AM PDT
FTTX Department မှ S.E.E အဆင့်ရှိ လူကြီးတစ်ဦးမှ လက်အောက် ဝန်ထမ်းများအား မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတိုင်းထွာပြီး ဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခြင်း။
FTTX Department မှ Head Dep: S.E.E အဆင့်ရှိ ဦးဥာဏ်ဝင်း ဆိုသူသည် လကုန်ရက်(၂၉.၆.၂၀၁၂)နေ့တွင်အစည် အဆိုပါဝန်ထမ်းအား ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏အနားတွင်ခေါ်ယူထိုင်ခိုင်းပြီ | ||
Posted: 01 Jul 2012 07:00 AM PDT
ရိုဟင်ဂျာ အင်အား(၂၀၀၀)ကျော်ခန့်(ပ)ပုံစံ ဖြင့် ၀န်းရံထားလုံခြုံရေးအင်အား(၂၅၀) ကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။ လုံခြုံရေးမှ လူစုခွဲမှုမပြုလုပ်နိုင်ဖြစ်နြေ အဆိုပါဖြစ်စဉ်မျိုးကြောင့် ရခိုင်ဒေသ ယခုတိုင်မအေးချမ်းနိုင်ဖြစ်နေရ။ ရခိုင်ပြည်သူများက နိုင်ငံတော်အစိုးရ အနေဖြင့် ဒီထက် ထိရောက်မြန်ဆန်စွာ ပြန်လည် အေးချမ်း လုံခြုံဖို့ မျှော်လင့်နေကြောင်း ရခိုင်ဒေသရောက် မန္တလေးမှ ကူညီရေး အသင်းသားများ တွေ့ရှိခဲ့ကြောင်း Myanmar News Now ကိုပြောပါတယ်။ (၂၉၊၆၊၂၀၁၂)ရက်နေ့ ကလည်း အဆိုပါရွာအတွင်းသို့ ရိုဟင်ဂျာ(၅)ဦးက စစ်ဝတ်စုံဖြင့်အယောင်ဆောင် ကာဝင်ရောက်လာတာကြောင့် ကျေးရွာလုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ တစ်ဦးမိပြီး စစ်ဆေးရာမှ လွတ်သွားသူ (၄)ဦးမှာလည်း ဘင်္ဂလီရိုဟင်ဂျာများဖြစ်ကြောင်း | ||
Posted: 01 Jul 2012 06:21 AM PDT
ယနေ့ (ဇူလိုင်လ၊ ၁ ရက်) နံနက် ၉း၀၀ နာရီ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်
ရန်ကုန်(ရုံးခွဲ) အစည်းအဝေးခန်းမတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ရေးရာကော်မတီ ဥက္ကဌများပါဝင်သော အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော် နံနက် ၉း၀၀ နာရီမှ ၁၀း၃၀ နာရီအထိ တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြရာတွင် အသွင်ကူးပြောင်းကာလ နှင့် ပတ်သက်သော အကြောင်းအရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက ယနေ့နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေ ကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးကိစ္စနှင့် ပြည်ပရောက်နိုင်ငံရေးအင်အားစုမျ 88 Generation Students Facebook | ||
Posted: 01 Jul 2012 06:11 AM PDT
| ||
Posted: 01 Jul 2012 05:53 AM PDT
နေပြည်တော်၊ ဇူလိုင် ၁
အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် ပစ်ခတ်မှုမှာ တစ်နှစ်ကျော် လာပြီ ဖြစ်ပြီး လက်ရှိ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သောကြောင့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေး အောင်မြင်မည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ယနေ့ ပြောကြားလိုက်သည်။ ယနေ့ မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲများ ဖြစ်ပွားလာပါက စစ်ဆေးနိုင်ရန် အတွက်လည်း စစ်မြေပြင် လေ့လာစောင့်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံတော် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မီမှာပင် ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။ ကယား ပြည်နယ်တွင် ၁၁ လတာ ကာလအတွင်း တိုက်ပွဲ တစ်ကြိမ်သာ ဖြစ်ပွားပြီး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် ဖြစ်ပွားမှု မရှိကြောင်း ကချင် ပြည်နယ်ရှိ တိုက်ပွဲ အခြေအနေမှာလည်း ၅၀ ရာခိုင်နှုန်းခန့် လျှော့ကျသွားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီက သတင်းထုတ်ပြန်သည်။ The Voice Weekly | ||
Posted: 01 Jul 2012 05:51 AM PDT
နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲပြီး နှစ်လကျော်ကာလအတွင်း အမေရိကန် ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းမှာ တစ် ဒေါ်လာ ၈၁၂ ကျပ်ဝန်းကျင်မှ တစ်ဒေါ်လာကျပ် ၉၀၀ ၀န်းကျင်အထိမြင့် တက်သွားခဲ့ပြီး မြန်မာငွေတန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင် ထိုးကျခဲ့သည်။ ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့လက်ခစား(CMP) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း မြန်မာငွေတန်ဖိုး မြင့်တက်ခြင်း ကို မကြိုက်ကြောင်း၊ ငွေတန်ဖိုးလျော့ကျ သွားစေရန်အတွက် လုပ်ဆောင်မည့် အစီအမံများရှိကြောင်း ပြောကြားခဲ့သည်။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ကျွန်တော် က မြန်မာငွေမာနေတာ သိပ်မကြိုက်ဘူး။ ကြိုးစားနေပါတယ်။ အစီအစဉ်လေး တစ်ခုရှိပါတယ်။ အဆင်ပြေရင် ပြေသလို ကျွန်တော်တို့ပြုပြင်ပြောင်းလဲ သွားအောင်လုပ်ဖို့၊ ပျော့သွားအောင်လုပ်ဖို့ အစီအမံရှိကြောင်း ဖြည့်စွက်ပြောကြား လိုပါတယ်”ဟု ဇွန်လ ၃ ရက်က ပြောကြားခဲ့မှုကို ပြည်တွင်း သတင်းဂျာနယ်များတွင်လည်း ဖော်ပြခဲ့ကြသည်။ ဒီလို ငွေဈေးတက်တာ Exporter တွေပဲ အကျိုးဖြစ်ထွန်းမှာ ပေါ့။ သီးနှံတွေဈေးအကျနဲ့ ရောင်းထားတဲ့ လယ်သမားတွေ နှစ်ခါနာပြီ။ ဒေါ်လာဈေးတက်ရင် သွင်းအားစုတွေ ဈေးတက်မယ်။ တကယ်တော့ အကျိုးဖြစ်ထွန်းမှာက လူနည်းစုပါ . . . ထိုသို့ပြောကြားပြီး သုံးပတ်ကျော် အကြာ ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာ ငွေတန်ဖိုး ကျဆင်းသွားခြင်း၊ မြန်မာ ငွေနှင့်အမေရိကန်ဒေါ်လာ လဲနှုန်းမှာ ပြင်ပဈေးကွက်တွင် ကျပ် ၉၀၀ အထိ မြင့်တက်သွားခြင်းလည်း ဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအား ထုတ်ဝေခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းမှာ နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲပြီးနောက်ပိုင်း ဧပြီလအတွင်းက တစ်ဒေါ်လာလျှင် ၈၁၂ ကျပ်ဝန်းကျင်မှ ၈၁၉ ကျပ်အထိသာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ မေလအတွင်းက တစ်ဒေါ်လာ ၈၁၇ ကျပ်မှ ၈၄၀ ကျပ် အတွင်းသာရှိ ခဲ့ကြောင်း၊ ဇွန်လအတွင်း၌ ဆက်တိုက်မြင့်တက်ခြင်း ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့တွင် အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာကျပ် ၉၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နှုန်းရှင်စနစ်အဖြစ် ပြောင်းလဲပြီး နောက်ပိုင်းတွင် ဧပြီလမှ မေလကုန် အတွင်း မြန်မာငွေတန်ဖိုးမှာ အနည်းငယ်သာ ကျဆင်းခဲ့ပြီး ဇွန်လအတွင်းက ပိုမိုကျဆင်းခဲ့ခြင်းဖြစ်ကြောင် ပါမောက္ခဒေါ်လှမြင့် (ဌာနမှူး၊ငြိမ်း၊ စီမံခန့်ခွဲမှုပညာဌာန၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ်)က” နိုင်ငံခြားငွေလဲနှုန်း တက်လာတော့ ပို့ကုန်လုပ်ငန်းရှင်တွေ ပိုအဆင်ပြေလာနိုင်တယ်။ အခုချိန်မှာ အခြေခံစိုက်ပျိုး ထုတ်လုပ်သူလက်ထဲ မှာ ကုန်ပစ္စည်းမရှိရင်တော့ လက်ငင်း အကျိုးခံစားခွင့် နည်းနိုင်တယ်။ ဒါပေ မယ့်ပို့ကုန်တင်ပို့မှု များလာရင်တော့ ဈေးပြန်ရလာမယ်လို့ မျှော်လင့်တယ်။ အခုငွေလဲနှုန်း ပြန်တက်လာတာက အစိုးရက အလုပ်ဖြစ်အောင် လုပ်ပေးတဲ့သဘောလို့ ယူဆပါတယ်။ အလုပ်ပို ဖြစ်လာရင် ငွေကြေးလည်ပတ်မှုလည်း ပိုအဆင်ပြေလာနိုင်တယ်။ ငွေလဲနှုန်း က စီးပွားရေးလုပ်ငန်းတွေ လုပ်သာ ကိုင်သာ ရှိတဲ့နှုန်းဖြစ်ဖို့ လိုသလို တည်ငြိမ်မှုရှိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက် တဲ့ နှုန်းထားတစ်ခုဖြစ်လာရင် တည်ငြိမ်အောင်ထားဖို့ အဓိကကျတယ်။ ငွေကြေးဖောင်းပွမှုနှုန်း ဖြစ်သင့်တာထက် ပိုမမြင့်ဖို့ လိုတယ်။ အခုအနေအထားမှာ ပို့ကုန်တင်ပို့မှု တိုးလာမှာဖြစ်တဲ့ အတွက် သွင်းကုန်တင်သွင်းမှုတွေ လည်း ပိုများလာနိုင်တယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးလာရင် မြန်မာ့စီးပွားရေး အိပ်ပျော်နေရာက ပြန်နိုး လာမှာပါ”ဟု သုံးသပ်ခဲ့သည်။ “ဒေါ်လာတန်ဖိုးမြင့်တက်ရင် ပို့ကုန်လုပ်ငန်းတွေ အကျိုးများမယ်။ ငွေကြေးလည်ပတ်မှု အားကောင်းမယ်။ ဒါငြင်းစရာမရှိပါဘူး။ ဒါပေမယ့် တွက်ဆသင့်တာက အချိန်(Timing) ပါ။ အခုလောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ ထုံးစံအတိုင်း မိုးတွင်းရောက်ရင် အရောင်းအ၀ယ် အေးတယ်။ FDI တွေ မလာသေးဘူး။ ငွေကြေးလည်ပတ်မှုအား မကောင်းဘူး။ ဒီအခြေအနေမျိုးမှာ ငွေဈေးတက်ရင် ငွေကြေးဖောင်းပွမှု စိုးရိမ်ရတယ်။ နောက်ပြီး export earning တက်လို့ အဓိကကုန်ထုတ်သူတွေ၊ လယ်သမားတွေ လက်ထဲသီးနှံမရှိတော့တဲ့ အချိန်မှာ ဒီလိုငွေဈေးတက်တာ Exporter တွေပဲ အကျိုးဖြစ်ထွန်းမှာပေါ့။ သီးနှံတွေ ဈေးအကျနဲ့ ရောင်းထားတဲ့ လယ်သမားတွေ နှစ်ခါနာပြီ။ ဒေါ်လာဈေးတက်ရင် သွင်းအားစုတွေ ဈေးတက်မယ်။ တကယ်တော့ အကျိုးဖြစ်ထွန်းမှာက လူနည်းစုပါ။ တကယ်လို့ ဒေါ်လာဈေးဆွဲတင်ချင်ရင် FDI တွေ လာမယ့်အချိန် အရောင်းအ၀ယ်ကောင်းမယ့် အောက်တိုဘာလကျော်မှ ဖြစ်သင့်တယ်။ ဒေါ်လာဈေး ၉၀၀ ဖြစ်အောင် အခုပဲ အစိုးရဆွဲတင်မယ်ဆိုရင် ဒါဟာ လူအများစုကို ထိခိုက်နစ်နာစေပါတယ်။ ကျွန်တော်ပြောတာက စီးပွားရေး ရှုထောင့်ထက် လူများစု အကျိုးစီးပွား ရှုထောင့်က ပြောတာပါ”ဟု Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “နိုင်ငံခြားငွေတန်ဖိုး တက်တာကတော့ နိုင်ငံအတွက်ကောင်းတဲ့ အလားအလာပါ။ တက်ဖို့အတွက်လည်း ကျွန်တော်တို့ အခြေခံမွေးမြူ ထုတ်လုပ်သူတွေ တတ်နိုင်သလောက် ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့် သူ့အချိန်အခါနဲ့ သူတက်ဖို့တော့ လို တာပေါ့။ တကယ်ဆို ကောက်ပဲသီး နှံပေါ်တဲ့အချိန်၊ မွေးမြူသူတွေ တကယ် ထုတ်လုပ်နိုင်တဲ့ အချိန်ကတည်းက တက်ရမှာ။ ဒါမှ တောင်သူတွေရော၊ အခြေခံမွေးမြူ ထုတ်လုပ်သူတွေပါ နိုင်ငံခြားငွေ ဈေးတက်တဲ့ အကျိုးကိုခံစားရ မှာ။ အခုအချိန်ကျမှ လာတက်တဲ့ အတွက် ရေထွက်ကုန်ဆို အအေးခန်းပိုင် ရှင်တွေ၊ စပါးနဲ့ ပဲဆိုရင် လှောင်လက် လုပ်ငန်းရှင်၊ ပို့ကုန်လုပ်ငန်းရှင်တွေပဲ အကျိုးရှိသွားတယ်။ ၀န်ကြီးဌာနတွေ ရဲ့လုပ်ဆောင်ချက်တွေဟာ လုပ်ပေးချင်တဲ့ ဆန္ဒကတစ်မျိုး လက်တွေ့မှာ ဖြစ်လာတာကတစ်မျိုးနဲ့ အံလွဲမှုလေးတွေ ဖြစ်နေတယ်။ ရေများတဲ့နေရာ မိုးလိုက်ရွာပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ-နိုင်ငံခြား ငွေဈေးကျလို့ စပါးဈေးကျတောင် သူတွေ ဒုက္ခရောက်နေလို့ နိုင်ငံတော် အရန်ဆန်ဝယ်ပေးတယ်။ အဲဒီအချိန်ကတည်းက နိုင်ငံခြားငွေဈေးကိုပါ နှုန်းတစ်ခုနဲ့ သတ်မှတ်ပြီးမြှင့်လိုက်ရင် တောင်သူတွေလည်း ဈေးပိုရမှာပေါ့။ တောင်သူတွေ အဲဒီတုန်းက တင်းတစ်ရာ ကျပ်သုံးသိန်းအောက်ပဲ ရခဲ့တယ်။ အခုမှ နိုင်ငံခြားငွေ ဈေးတက်အောင် လုပ်တော့ အဲဒီစပါးတွေ ၀ယ်လှောင် ထားတဲ့သူတွေပဲ ရသွားတာပေါ့။ တောင်သူတွေက လက်ဗလာပဲ ကျန်ခဲ့ပြန်ရော။ ပဲလည်း ဒီလိုပဲလှောင်တဲ့သူစားပြီ၊ တောင်သူသွားပြီ။ အဲဒီအတွက် ရေများတဲ့နေရာ မိုးလိုက်ရွာပေးနေသလို ဖြစ်နေတယ်လို့ ပြောရတာ။ အခု နိုင်ငံခြားငွေမာ ဈေးတက်တာကောင်းတယ်။ ဒါပေမယ့် စိုးရိမ်မိတာက ငါးပုစွန်ထွက်မယ့် ကာလ၊ စပါး၊ ပဲပေါ်မယ့်ကာလရောက်မှ ပြန်ကျမှာကိုတော့ စိုးရိမ်မိတယ်။ ဒီလိုကစားရင်တော့ လက်သင့်ခံစရာ မရှိသလို တိုင်းပြည်လည်း ကောင်းလာမှာ မဟုတ်တော့ဘူး။ နိုင်ငံခြားငွေဈေးတက်တာကို ထောက်ခံသလို ကျွန်တော်တို့တာဝန်ရှိတဲ့ သူတွေကိုလည်း အကြိမ်ကြိမ် တင်ပြပြောခဲ့ပြီးသလို တာဝန်ရှိသူတွေက လုပ်ပေးတယ်။ ဒါပေမယ့် အချိန်အခါ လွဲသွားတယ်။ ရှေ့ဆက်ပြီးရင်တော့ တောင်သူတွေ၊ အခြေခံကျေးလက် ထုတ်ကုန်ထုတ်လုပ်သူတွေ အကျိုးခံ စားရမယ့်အချိန်အထိ ဒီငွေဈေးတည် ငြိမ်ဖို့လိုတယ်။ နောက်ဆုံး အရေးကြီးတာက နိုင်ငံခြားငွေ ဈေးတက်တဲ့အခါ အခြေခံကျေးလက်ကုန် ထုတ်လုပ်တဲ့ သူတွေကိုက်ညီတဲ့ အထိပဲ တက်ဖို့လိုတယ်။ နိုင်ငံအတွက် ငွေကြေးဖောင်းပွစေတဲ့ အထိတော့ တက်ဖို့မလိုဘူး။ ငွေကြေးဖောင်းပွနိုင်တဲ့အထိ တက်မယ် ဆိုရင် ဖောင်းပွလို့ ဈေးပြန်ချမကိုက်လို့ ပြန်တင်၊ အဲဒီမှာ အခြေခံကရမယ့်အချိန် ဈေးမတက် လှောင်လက်ထဲကုန် ရောက်ချိန်တက်နဲ့ ပြန်ဖြစ်ဦးမယ်။ နိုင်ငံခြားငွေဈေး အရမ်းတက်သွားပြန်ရင်လည်း နိုင်ငံဝန်ထမ်းတွေနဲ့ အခြေခံ လက်လုပ်လက်စားတွေ အပေါ် ဖိစီးလိမ့်မယ်။ အဲဒီအထိ တက်ဖို့လည်း ကျွန်တော် တို့မမျှော်လင့်သလို အဲဒီလိုအထိ တက်တာကိုလည်း မနှစ်မြို့ပါဘူး။ ကိုက်ညီတဲ့အထိပဲ တက်စေချင်တယ်၊ ကိုက်ညီ တဲ့ဈေးက ငြိမ်နေဖို့လိုတယ်။ ရေများတဲ့နေရာ မိုးလိုက်ရွာသလိုမဖြစ်ရင် ရပါပြီ”ဟု သုံးသပ် ပြောကြားခဲ့ပါသည်။ “မြန်မာ နိုင်ငံခြားငွေလဲနှုန်းကို အစကတည်းက ကျပ် ၉၀၀နဲ့ ၁၀၀၀ ကြား မှန်းတယ်ထင်တယ်။ အရင်တုန်း ကလည်း ၁၃၇၀ ကျော်အထိဖြစ်ခဲ့ဖူး ပြီးသား။ ပြီးတော့ ကုန်သွယ်ရေးနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ချင်တာဆိုတော့ နိုင်ငံခြားငွေလဲနှုန်းကို ဆွဲတင်မယ့် သဘောရှိတယ်။ စီးပွားရေးကောင်းအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ဆို၊ ဖြစ်သင့်ဖြစ်ထိုက်လို့ လုပ်တာဆို ကောင်းတာပေါ့။ ဗဟိုဘဏ်က သက်သက်မယ့်လုပ်တာလို့တော့ မထင်ပါဘူး။ အခု နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာမှုမှာ ကျပ်တစ်သောင်းတန် ထုတ်ဝေမှုက တစ်စိတ်တစ်ပိုင်း သက်ရောက်ပေမယ့် ငွေဖောင်းပွမှု မြင့်တက်မလာအောင် ဗဟိုဘဏ်က ထိန်းကျောင်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းအောင် ကြိုးစားနေချိန်မှာ ဒုက္ခရောက်အောင်တော့ မလုပ်လောက်ဘူး။ စီးပွားရေးကိစ္စတွေက အကုန်လုံးပတ်သက် ဆက်နွှယ်နေတော့ တိတိကျကျပြော ဖို့ခက်ခဲတယ်၊ မမြင်နိုင်တဲ့ အကြောင်းအရာတွေတော့ ရှိနိုင်ပါတယ်။ ချေးငွေ တို့၊ အကူအညီ အထောက်အပံ့တို့ ရတာနည်းတဲ့အချိန်မှာ ဘတ်ဂျက်လိုငွေ ကို ဘယ်လိုရှာမလဲဆိုတာတော့ စဉ်းစားမှာပဲ။ အစိုးရငွေချေးစာချုပ်တွေ ကို ဒီထက်ပိုထုတ်ရောင်းဖို့ လုပ်လာနိုင်တယ်။ အခုချိန်က အစိုးရက ထင်တိုင်းကြဲလို့တော့ မရတော့ဘူး။ ဗဟိုဘဏ်အနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အတွက် လုပ်ချင်တိုင်းလုပ်လို့ မရဘဲ ညှိနှိုင်းမှုတွေ လုပ်ဖို့လိုပါလိမ့်မယ်” ဟု ပါမောက္ခဒေါ်ရီရီမြင့်က သုံးသပ်ခဲ့ သည်။ ယင်းအပြင် လက်ရှိနိုင်ငံခြားငွေ တန်ဖိုးမြင့်တက်မှုမှာ သာမန်အကြောင်းရင်းထက် ပိုနိုင်ကြောင်းကိုလည်း AGD (အာရှစိမ်းလန်းဖွံ့ဖြိုးမှု ဘဏ်လီမိတက်) ဖေ့စ်ဘုတ်တွင် ‘မြန်မာငွေတန်ဖိုး ရုတ်တရက်ကျဆင်းခြင်းသည် မည်သည့်အကြောင်းရင်းမျှ ရှာမတွေ့ဟု ဈေးကွက်လေ့လာသူများ ထံမှသိရှိရပါတယ်။ တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်မှ ၎င်းတို့၏ အကျိုးစီးပွားအတွက် ဒေါ်လာဈေးများတက်ရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်းလည် ၂၀၁၂ ခုနှစ်နှစ်ဆန်းပိုင်းတွင် ပြည်တွင်းလည်ပတ်ငွေသည် ငွေကျပ် ၁၉၉ ဘီလျံကျော်ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၁၉၃ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီအရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။ ၁၉၉၇ ခုနှစ်ကုန်တွင် ပြည်တွင်း လည်ပတ်ငွေ(Money Supply) သည် ၁၉၉ ဒသမ ၈၄၅ ကျပ်ဘီလျံရှိပြီး ၁၉၉၆ ခုနှစ်ကထက် ၃၀ ဒသမ ၉၆ ရာခိုင် နှုန်းတိုးမြှင့်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်ကုန်တွင် ပြည်တွင်းလည်ပတ်ငွေ (Money Supply)သည် ကျပ် ၅၆၀၀ ဘီလျံရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်များအရ သိရသည်။ ၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား တွင် ပြည်တွင်းလည်ပတ်ငွေသည် တစ်နှစ်ပျမ်းမျှ ၁၉၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ငွေစာရင်း ကော်မတီ အစီအရင်ခံစာတွင် “ကမ္ဘာ့နိုင်ငံများ၏ Growth of Money Supply မှာ USA တွင် ၆ ဒသမ ၃ရာခိုင်နှုန်း၊ EU နိုင်ငံများတွင် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် ၁၇ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဘဏ်စနစ်ဖွံ့ဖြိုးမှု မရှိသေးသောကြောင့် ပြည်တွင်းလည်ပတ်ငွေ ပိုမိုလိုအပ်သော်လည်း ပြည်တွင်းလည်ပတ်ငွေ လိုသည်ထက် ပိုမိုခြင်းသည် ငွေကြေးဖောင်းပွမှုကို ဖြစ်စေပါသည်”ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတော် အစိုးရများသည် တိုင်ပြည်တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခဲ့ကြရာ မလွှဲရှောင်သာသော လိုငွေဘတ်ဂျက်စနစ်ကို နှစ်ပေါင်းများစွာ ဆက်တိုက် ကျင့်သုံးခဲ့သည်ကို တွေ့ရှိရပြီး ဘတ်ဂျက်လိုငွေများအား ဖြည့်ဆည်းရာတွင် အခြားသောနည်းလမ်းများကို ကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ပြည်တွင်း လည်ပတ်ငွေ(Money Supply)ကို တိုးမြှင့်စေသော နည်းလမ်းကို ကျင့်သုံးခဲ့ရကြောင်း သိရှိရသည်။ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်ပြီး မြန်မာငွေတန်ဖိုး ကျဆင်းရာတွင် အခြေခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် သင့်တော်သည့် နှုန်းတစ်ခုအထိသာ ရှိသင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ငွေကြေးဖောင်းပွခြင်းနှင့် ဆက်နွယ်၍ အခြေခံ ပြည်သူများကိုပါ ဖိစီးစေနိုင်ကြောင်း ကိုလည်း သုံးသပ်ကြပါသည်။ “ကျွန်မတို့အခုမှ လစာလေးတိုး၊ အပိုစားရိတ်ကလေး နှစ်သောင်းသုံးသောင်းရတာ နှစ်လသုံးလပဲ ရှိပါသေးတယ်။ အပိုရတာတောင် အိမ်စားရိတ် ကာမိဖို့ ရဲရဲတင်းတင်း ဈေးမသွားရဲသေးဘူး ထပ်ပြီးတော့ ဈေးသာတက်ရင်တော့ ဘယ်လောက်တိုးပေးတိုးပေး ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲလို့ ပြောချင်တယ်။ ကျပ်တစ်သောင်းတန် ထွက်တုန်းကတောင် မီးဖိုချောင်က ဘယ်ပစ္စည်းဈေးထပ်တက်မလဲ ရင်တမမ ဖြစ်နေရတာ”ဟု လှိုင်မြို့နယ်မှ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပြခဲ့သည်။ “ကျွန်တော်တို့က ကုမ္ပဏီဝန် ထမ်းပါ၊ တစ်ရက်ကို အိမ်စားရိတ် ၁၅၀၀ ပဲ ပေးနိုင်တယ် မိသားစု ၃ ဦး အတွက်။ ကားခက တစ်လကို ကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ လောက်ကုန်တယ်။ ရတဲ့လခက တစ်လ ၆၀၀၀၀ ရတယ်။ ကုန်ပြီ။ အပိုမရှိဘူး။ ကျွန် တော်အကြောက်ဆုံးက မီးဖိုချောင် စားရိတ်တက်မှာကိုပဲ။ အမြဲတမ်းကြုံ ရတယ် ငွေအသစ်ထွက်ရင်၊ လစာတိုးရင်၊ ဒေါ်လာဈေးတက်ရင် ကျွန်တော် အကြောက်ဆုံး မီးဖိုချောင်စားရိတ် တက်တော့တာပဲ။ ကြည့်လည်းလုပ်ကြပါဦးလို့”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိ နိုင်ငံခြားငွေမြင့်တက်ခြင်းမှာ နိုင်ငံအတွင်း အခြေခံကုန် ထုတ်လုပ်သူများနှင့် လည်ပတ်နိုင်စွမ်းမရှိသော ပို့ကုန်လုပ်ငန်းများအတွက် မြင့်တက်သည်ဆိုက ကောင်းမွန်သည့် အပြောင်းအလဲဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်(ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌငြိ “တိုင်းပြည်ရဲ့ စီးပွားရေးဆိုတာ ကိုယ့်အနီးအနားက လူတွေကိုချည်း ကြည့်ရတာမျိုး မဖြစ်သင့်ဘူးလို့ထင်တယ်။ စီးပွားရေးလောကကို ဦးဆောင်တဲ့ umfcci မှာ ဦးဆောင်တဲ့ပုဂ္ဂိုလ် အချို့ ကိုယ်တိုင်အခွန်ကို အများကြီး ရှောင်တယ်လို့ ကြားနေရတာကိုက မဟုတ်သေးဘူး။ ဒီလိုကိုယ့်အတ္တကြည့် တဲ့ လူမျိုးတွေဟာ Decision Maker တွေကို လွှမ်းမိုးမှုရှိနေတဲ့အတွက် တိုင်းပြည်ရဲ့စီးပွားရေးအတွက် အထူးပဲ စိုးရိမ်ပူပန်မိပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ် အောင်က ပြောပါသည်။ Eleven Media Group | ||
Posted: 01 Jul 2012 05:44 AM PDT
အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ဥရောပငါးနိုင်ငံခရီးစဉ်အပြီး ခရီးပန်းလာသောကြောင့် ကျန်းမာရေးအရ ထိုသို့ခွင့်ယူရခြင်းဖြစ်ကြောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော်တွင် စတင်ကျင်းပမည့် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်၊ ၅ ရက် စုစုပေါင်း သုံး ရက် ခွင့်ယူထားခြင်းဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပါသည်။ ''စိုးရိမ်စရာမရှိပါဘူး။ ခရီးပန်းလို့ပါ။ အခုအနားယူနေပါတယ်။ ခွင့်ရက်ပြည့်ရင်လွှတ်တော် တက်မှာပါ''ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။ ဥရောပငါးနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါသွားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်က ''ခရီးပန်းလို့ ဆိုတာထက် ခရီးစဉ်တွေကဆက်နေလို့ ခဏအနားယူဖို့ ကျွန်တော်တို့ တောင်းပန်ခဲ့တာပါ'' ဟုပြောပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် သုံးရက်ခွင့်ယူထား၍ တက်ရောက်နိုင်ခြင်းမရှိသေးသော် လည်း ကျန်အမျိုးသားဒီမိုကရေစီအဖွဲ့ချ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Eleven Media Group | ||
Posted: 01 Jul 2012 05:35 AM PDT
နေပြည်တော်၊ ဇူလိုင် ၁
ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။ လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်း ဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။ The Voice Weekly | ||
Posted: 30 Jun 2012 10:13 PM PDT
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်
ဖြစ်စဉ်မှာ သေဆုံးသူ မပိုးပိုးမော်သည် နေ့ ခင်း (၁၀)နာရီကျော်တွင် သမိုင်းကုန်းတံတားထိပ်တွင် ပန်းရောင်း၍ ဈေးမှ ခေတ္တသိမ်းဆည်းကာ အိမ်ကိုပြန်လာစဉ် အိမ်အတွင်းရှိ လူတစ်ဦးမှ စောင့်၍ ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်ဝင်း၏ပြောကြားချက်အရ သိရသည်။ “ကောင်မလေးက မိုးရေထဲကပြန်လာပြီး အိမ်ပေါ်တက် အ၀တ်လဲပြီးမှ အသက်ခံရတာပါ။ သူသေတာက အိမ်နောက်ဘက်ကို ခေါင်းပြစ်ပြီးတော့ ။ အခန်းထဲမှာ လည်ပင်းကို လှီးခံထားရတယ်။ ဗိုက်မှာလည်း အူတွေ ထွက်အောင် ဓါးနဲ့ ထိုးထားတယ်။” ပာု ဒေါ်ဝင်းက ပြောသည်။ သေဆုံးသူမပိုးပိုး အသက်ခံရစဉ်က မိုးကြီးနေ၍ မည်သည့် အသံမှမကြားရဘဲ မိဘနှစ်ဦးပန်းရောင်း၍ ပြန်လာစဉ်အချိန် (၁၁)နာရီ(၄၅)မိနစ်မှ သေဆုံးမှုအား ပတ်ဝန်းကျင်က သိရှိရသည်။ “ကျွန်တော်တို့က အလုပ်သွားနေတာ။ အိမ်မှာက သမီးတွေဘဲ ကျန်ခဲ့ တယ်။ သူတိုပြောတာတော့ ဘာသံမှ လည်းမကြားရဘူး။ မပိုးပိုးပြန်လာတာဘဲ တွေ့လိုက်တယ်လို့ ပြောတယ်”ပာု အဆိုပါအခင်းဖြစ်ပွားသည့်အိမ်နှ မပိုးပိုးသေဆုံးနေစဉ် ၎င်းပိုင်ဆိုင်သော နားကပ်၊ဆွဲကြိုး၊စက်ဘီးတို့  ပျောက်ဆုံးနေ၍ သတ်ဖြတ်သူမှ ယူဆောင် သွားဖွယ်ရှိကြောင်းကိုလည်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။ သေဆုံးသူ၏ ဓါးချက်များမှာ များပြားသော်လည်း သေစေနိုင်သည့် ဓါးချက်မှာ ၀မ်းဗိုက်မှ(၁)ချက်နှင့်  ကျန် ဒဏ်ရာများသည် နက်နဲစေသော ဒဏ်ရာများသာဖြစ်ကြောင်း မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်မိသားစုလမ်းအပို “ကျွန်တော်တို့ ဒီသတင်းကြားကြားခြင်း အခင်းဖြစ်တဲ့ နေရာကို ရောက်သွားတာပါ။ တရားခံကိုလည်း တိုင်းကနေ ဆင်းပြီး ရှာဖွေနေပါတယ်။”ပာု အဆိုပါ နယ်ထိန်းကပြောသည်။ ထိုပြင် အဆိုပါအမှုအတွက် တရားခံရှာဖွေရေးလုပ်ငန်းများကို အဆိုပါအမှုအား ဥပဒေပုဒ်မ(၃၀၂) ဖြင့် မရမ်းကုန်းရဲစခန်းမှ အမှုဖွင့် ထားပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ သည့် လူသတ်တရားခံကိုလည်း လိုက်လံစုံစမ်းလျက်ရှိကြောင်းနှ စောဇင်ညီ(မြစ်မခ) by Myit Makha Mediagroup | ||
Posted: 30 Jun 2012 10:10 PM PDT
မှော်ဘီမြို့နယ်အတွင်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်ကာ အိပ်စက်နေသော အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သော တရားခံအမျိုးသား(၃)ဦးအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ ယနေ့ ပို့ဆောင် စွဲချက်တင် လိုက်ပြီဖြစ်ကြောင်း မှော်ဘီရဲစခန်းက သိရှိရသည်။
ဖြစ်စဉ်မှာ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်တွင် ဇွန်လ ၉ ရက် နံနက်(၁)နာရီခွဲတွင် အသက်ခံ ရသူ အမျိုးသား၏ အိပ်ခန်းတွင် ဇနီးဖြစ်သူနှင့် အိပ်နေစဉ် ရုတ်တရက်---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 30 Jun 2012 09:28 PM PDT
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ မွတ်ဆလင် လူမျိုး အကျဉ်းသား ၂၄ ဦးကို ကြံခိုင်ပါတီ အသင်းဝင်ကဒ်ပြားများဖြင့် မနေ့က ထောင်ထဲမှ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
သူတို့ကို ယခုအခါ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ် ဗလီတွင် ထားရှိကြောင်း ဒေသခံများက ပြောသည်။ “ သူတို့ကို မနေ့က နံနက် ၈ နာရီခွဲမှာ လွှတ်ပေးလိုက်ပါတယ်။ ရဲတွေက သူတို့ကို အခု ကုလားပိုက်ဆိပ်က ဗလီမှာထားပါတယ်။ သူတို့ကို သွားရောက်စုံစမ်းတဲ့ အခါ သူတို့မှာ ပြည်ခိုင်ဖြိုးက ထုတ်ပေးထားတဲ့ အဖြူရောင် အဖွဲ့ဝင် ကဒ်ပြားတွေ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်” ဟု---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
No comments:
Post a Comment