ယနေ့ ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိဓမ္မစေတီရွှေကျင်ကျောင်းတိုက်တွင် တေးသံရှင်ထူးအိမ်သင် ၏ ၄၉ နှစ်မြောက်မွေးနေ့အထမ်းအမှတ် အလှူကို ကျန်ရစ်သူ မိသားစုဖြစ်သော ဇနီးမသွယ်သွယ်ထွန်းနှင့် သမီး မိကွန်ထော တို့မှဦးစီးပြီး ပြုလုပ်ခဲ့ကြပါတယ်။
တေးသံရှင် Lလွန်းဝါ၊ Rဇာနည်၊ Jမောင်မောင်၊ ဘိုဖြူ၊ ကိုအောင်၊ သျှီ၊ကော်နီ၊တေးရေး မြင့်မိုးအောင်၊ညီညီသွင်၊နောင်နောင်(Sunflower)၊နေမျိုးဆေး၊ ကဗျာဆရာကိုစောဝေ၊
ဇော်လတ်(ဂစ်တာ-MetalZone)၊ ၀င်းမော်(ဂစ်တာ-ရွှေသံစဉ်)၊ တင်ဦးသောင်း(စန္ဒယား-မြန်မာနိုင်ငံ ဂီတအစည်းအရုံး) ကိုမျိုး(မြန်မာစာ)(ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်)၊
တို့လာရောက်ကြတာတွေ့ရပါတယ်။
ရှေ့လမှာ ထူးအိမ်သင်ကွယ်လွန်ခဲ့တာ ၈ နှစ်ပြည့်မှာဖြစ်ပါတယ်။
ဇနီးမသွယ်သွယ်ထွန်းနှင့် သမီး မိကွန်ထော
သမီး မိကွန်ထော
No comments:
Post a Comment