သစ်ထူးလွင်
|
- ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်
- လွှတ်တော်အမတ် ဦးအုန်းကြိုင် မဟာအောင်မြေမြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ
- ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား ပထမဆုံး အကြိမ်လာရောက်တွေ့ဆုံ
- ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်မှ စတင်ရပ်နား
- လားရှိုးမြို့၌ ရေကြီးမှု ဖြစ်ပွား
- ဇူလိုင်လ ၃၀ ရက်နေ့ ထုတ် The Voice Journal Vol 8/ No 32
- ဒေါ်ခင်ကြည် ရံပုံငွေ ကားတွန်းပြပွဲတွင် ဆင်ဆာထိခဲ့သော ကားနှစ်ကား (ဓါတ်ပုံ)
- ဦးအောင်သိန်းလင်း ကို ကြံ့ဖွံ့ ပါတီ စစ်ဆေးနေ
- သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်
- ရွေးကောက်ပွဲကော်မရှင်ကို သရော်လှောင်ပြောင်တဲ့ ရေးသားချက် နဲ့ ဦးဝင်းတင် ဆောင်းပါး အပြည့်အစုံ
- ဇူလိုင်လ ၂၃ ရက်နေ့ ထုတ် ဒီလှိုင်းစာစောင်
- ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ
- လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ
- ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပတ်တော့မည်
- ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို
- သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်
- ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး
- ရွေးကောက်ပွဲ စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ
- ပိတ်ဆို့မှု သက်တမ်းတိုးရင် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း အိုင်စီဂျီ သတိပေး
- ဗြိတိန် ယဉ်ကျေးမှုကို ဖော်ညွှန်းတဲ့ အိုလံပစ် ဖွင့်ပွဲ
- ရခိုင်က လူ့အခွင့်အရေး အခြေအနေ နာဗီပီလေး စိုးရိမ်
- ကျောက်တော်မြို့နယ် သုံးခွကျေးရွာတွင် ဘင်္ဂါလီမူဆလင်ဝင်ရောက်ခြိမ်းခြော
က် - ယူအန်နှင့် အိုင်အန်ဂျီအို ဆန့်ကျင် ပိုစတာများ ရဲက သိမ်းဆည်း
Posted: 28 Jul 2012 07:02 AM PDT
လာမည့် ရွေးကောက်ပွဲ များတွင် တစ်ပါတီတည်း အနိုင်ရမှုကို ကာကွယ်ရန်
ရွေးကောက်ပွဲ စံနစ်ပြုပြင်ရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက သဘောထား ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့ စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ "ေ၇ွးကောက်ပွဲ ကော်မရှင်က ဒါကိုလွှတ်တော် တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေ အားလုံးပါ ၀င်လာအောင် လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီကတော့ ဒီသဘောထား ကြေညာချက်ကို လက်မခံ ပါဘူး " ဟု ဒီမိုမိတ်ဆွေ ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။ ကြေညာချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ Popular Myanmar News Journal
| ||
Posted: 28 Jul 2012 06:42 AM PDT
ပြီးခဲ့သည့် ၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော NLD ပါတီမှ လွှတ်တော်အမတ် ဦးအုန်းကြိုင် သည် ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် NLD ရုံး၌ NLD ပါတီဝင်များ၊ မဟာအောင်မြေ မြို့နယ်မှ ၄င်းကို မဲပေးခဲ့သော မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံရာတွင် ဦးအုန်းကြိုင်က မန်းမဟာ အောင်မြေမြို့နယ်တွင်း လိုအပ်သည်များကို မေးမြန်းခဲ့ပြီး ၄င်းအနေဖြင့် ဆောင်ရွက်ပေးနိုင် သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ြေ
ထို့အပြင် ဦးအုန်းကြိုင်က လွှတ်တော်တွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောသဘာဝ၊ လုပ်ပိုင်ခွင့်စသည်များကို လည်းကောင်း၊ လွှတ်တော် တွင်းမေးခွန်းမေးမြန်းခြင်းနှင့ Popular Myanmar News Journal | ||
Posted: 28 Jul 2012 06:34 AM PDT
(နေပြည်တော်၊ ဇူလိုင်၊၂၈ )
ယနေ့ နံနက် ၁၀း၀၀ အချိန် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ်ရုံးခွဲ သို့ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။ အဆိုပါတွေဆုံ ပွဲသို့ ရောက်ရှိ လာသူ ဒေသခံများ အား ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း အခက်အခဲများ မေးမြန်းရာ -- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 28 Jul 2012 06:23 AM PDT
မုံရွာ၊ ဇူလိုင် - ၂၈
မြစ်ရေကြီးလာသည့်အတွက် ချင်းတွင်းမြစ်အတွင်း သွားလာသော ခရီးသည်နှင့် ကုန်တင်ရေယာဉ်များအားလုံး ဇူလိုင် ၂၈ရက်(ယနေ့)မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်သည်အထိ သွားလာခွင့် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဇူလိုင် ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။ ``ဧရာဝတီမြစ်ရေတက်ချိန် ဗန်းမော်မြို့အနီးမှာ ရှော်တယ်မှောက်လို့ လူသေတယ်ဆိုတဲ့ သတင်းတွေထွက်ကတည်းက ရေယာဉ်တွေ သွားလာခွင့်ပိတ်ချင်နေတာ။ အခု ချင်းတွင်းမြစ်ထဲမှာလည်း ကုန်တင်ရေယာဉ်နှစ်စီးက မှောက်တယ်ဆိုတော့ ဇူလိုင် ၂၈ ရက်ကစပြီး ခရီးသည်တင်ရော ကုန်တင်ရေယာဉ်တွေပါအားလုံး သွားလာခွင့် ရပ်နားတယ်။ အရင်နှစ်တုန်းကလည်း ရေတက်ချိန် နှစ်ခါတောင် ရေယာဉ်တွေ သွားလာခွင့် နားခဲ့ဖူးတယ်´´ဟု ချင်းတွင်းရေကြောင်း ခရီးသည်တင်ရေယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြစ်ရေကြီးလာပါက ယခင်နှစ်များကလည်း အလားတူ ရေယာဉ်သွားလာမှု ရပ်နားလေ့ရှိသည်။ ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် ရွှေပလ္လင်တောင်ခြေရှိ ရွှေပလ္လင်ဝဲတွင် မြသန္တာရေယာဉ် နစ်မြုပ်ခဲ့သည်။ သယ်ဆောင်လာသော ကုန်ပစ္စည်းဆုံးရှုံးသော်လည်း လူသေဆုံးမှု မရှိပေ။ ဇူလိုင် ၂၆ရက်တွင် ခေါင်ဦးကျေးရွာအနီး ကုန်တင်ယာဉ်တစ်စီး နစ်မြုပ်ခဲ့သည်။ ချင်းတွင်းမြစ်အတွင်း ခရီးသည်တင်ရေယာဉ်အသင်း သုံးသင်းမှ ရေယာဉ် ၆၀၊ ကုန်တင်ရေယာဉ်အသင်း ၁၉ သင်းမှ ရေယာဉ် ၁၀၀ ခန့် ပြေးဆွဲလျက်ရှိသည်။ ယခုနှစ် ဇူလိုင်လကုန်ရက်ပိုင်းအတွင်း မိုးရာသီ ရေများချိန်ဖြစ်သည့်အပြင် မြစ်ရေမြင့်တက်လာခြင်း၊ မိုးသက် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေ၀ဲများ ပြင်းထန်ကြီးမားခြင်းတို့ကြောင့ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခရီးသည်များ အသက်အန္တရာယ်လုံခြုံစေရန်၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆိပ်ကမ်းတွင် ရပ်နားထားသော ရေယာဉ်များအားလုံး ဇူလိုင်လ ၂၈ ရက်မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်ရှိချိန်အထိ ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာရေယာဉ်တာဝန်ခံများသို 7Day News Journal ဓာတ်ပုံ - မျိုးမင်းဦး | ||
Posted: 28 Jul 2012 06:17 AM PDT
လားရှိုး၊ ဇူလိုင် ၂၈
လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အေတီ ချောင်းနှင့် လားရှိုးဘူတာကြီး အနီး ဆင်တောင် အနီးတွင် ရေကြီးမှု ဖြစ်ပွားလျက်ရှိကြောင်း The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။ “ဒါဒုတိယ အကြိမ်အဖြစ် ရေကြီးတာပါ။ မိုးက ၄ရက်လောက် ဆက်တိုက် ရွာလိုက်လို့ ရေကြီးသွာတာ” ဟု-- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 28 Jul 2012 06:08 AM PDT
| ||
Posted: 28 Jul 2012 06:02 AM PDT
| ||
Posted: 28 Jul 2012 05:49 AM PDT
ဦးအောင်သိန်းလင်း နှင့်Southern Weekend ( China) အင်တာဗျူးမှာ မြစ်ဆုံကိစ္စ
ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊မရှိ ကိုလည်း စီစစ် ဆောင်၇ွက်လျှက်ရှိပြီး ၊တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြော ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက် မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက် သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ကြေငြာချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Jul 2012 10:05 PM PDT
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ တစ်ရွာမှ ကျွဲရှာရင်း ပျောက်ဆုံးနေသူ တစ်ဦး၏ အလောင်းအား ဇူလိုင်လ ၂၇ ရက်နေ့က ချောင်းထဲမှ ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ဆေးစစ် ရန် မြို့ နယ် ဆေးရုံသို့ မပို့ဘဲ သဂြိုလ်လိုက်သည်ဟု သိရသည်။
“ အမှန်ဆိုရင် သူဘယ်လို သေသွားတယ်ဆိုတာကို မြို့နယ် ဆေးရုံကို ပို့ပြီး ဆေးစစ်ဖို့ ---- သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Jul 2012 09:19 PM PDT
စည်းဟဲ့ ကမ်းဟဲ့ ဆိုတာတွေကို ပတ်ကြမ်းမတိုက်ပါစေနဲ့ 
အကြီးဟဲ့ အကြပ်ဟဲ့ ဆိုတာတွေကို ထပ်ထပ်မကြမ်းပါစေနဲ့ 
ဟံသာဝတီဦးဝင်းတင်
ရွေးကောက်ပွဲကော်မရှင်ကို သရော် လှောင်ပြောင်တဲ့ ရေးသားချက် တခုနဲ့ ဦးဝင်းတင် ဆောင်းပါး-- အပြည့်အစုံဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Jul 2012 08:26 PM PDT
| ||
Posted: 27 Jul 2012 08:14 PM PDT
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
ငွေကံ့ကော် အထည်ချုပ် စက်ရုံ စက်ချုပ်ဌာနမှာ စက်ချုပ်လိုင်း ၁၊ ၂၊ ၃၊ ၄ စသဖြင့်ရှိတဲ့ အထဲမှာ လိုင်း ၁ နဲ့  ၂ ကို ဖျက်သိမ်းပြီး စက်ချုပ် လုပ်သားတွေကို တခြားလိုင်းတွေမှာ သွားရောက် ပူးပေါင်း လုပ်ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် အေးချမ်းစွာ ဆန္ဒပြကြတာလို့  စက်ချုပ် အလုပ်သမား မကျင်ကျင်နွယ်က ပြောပါတယ်။
"သူတို့က ဌာနတစ်ခုနဲ့ တစ်ခု ရောပေါင်းဆိုရင် ပေါင်းမယ်။ အဲလိုမဟုတ်ဘဲနဲ့ ဟိုဌာနကို နည်းနည်းထည့်၊ ဒီဌာနကို နည်းနည်းထည့် လူစုခွဲလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ့်ဌာနမှာ ကိုလုပ်ချင်တယ်။ သူတို့က အော်ဒါ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ အော်ဒါတွေ ရှိရဲ့သားနဲ့ သက်သက်မဲ့ လုပ်တယ်လို့ အလုပ်သမားတွေက ထင်ကြတယ်။ ကျန်တဲ့ဌာနကလူတွေကပါ သူတို့နဲ့အတူတူ ထိုင်ပြီး တောင်းဆို ပေးတယ်ပေါ့နော်"
ကျွမ်းကျင်မှု မတူညီတဲ့ အလုပ်သမား အုပ်စုတွေကို ရောနှောပြီး ခိုင်းစေတဲ့အတွက် အလုပ်သမားတွေအကြား အခက်အခဲတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်လို့ အလုပ်သမ တစ်ဦးကလည်း RFA ကို အခုလို ပြောပါတယ်။
"သူတို့က အပြင်ကို ပေးထုတ်ပြီး ဒီမှာ အလုပ်မရှိဘူးဆိုပြီးတော့ လူတွေကိုကျုံ့လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်။ အဲတာ မကျေနပ်လို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတာ တစ်လိုင်းထဲပါ။ တစ်လိုင်းထဲကို သူတို့က လုပ်မပေးတဲ့ အတွက် ကျန်တဲ့ လိုင်းတွေကပါ လိုက်တောင်းဆိုတာ။ အဲ မနက်တည်းက ၂၈ ယောက်ပဲ တောင်းဆိုတာလေ။ အခု ၁ နာရီထိုးတဲ့ အခါကျတော့ session အကုန်လုံးပေါ့နော်။ တောင်းဆိုတယ်။ လူ ၅၀၀ လောက်ရှိ မလားမသိဘူး။ တစ်စက်ရုံလုံး ဝိုင်းပြီးတော့ တောင်းဆို ပေးတာပေါ့နော်။ ၁ နာရီကနေ ၃ နာရီ။ ၃ နာရီထိုးတော့ အလုပ်ပြန်လုပ်ကြတယ်။ လူကြီးတွေ လာညှိနေတယ်လေ"
အလုပ်ရှင်ဘက်က ထုတ်လုပ်မှု စရိတ်နဲ့ ၀န်ထမ်းအင်အားကို လျှော့ချဖို့ ရည်ရွယ်ပြီး ကျွမ်းကျင်မှုအဆင့် မတူညီတဲ့ အလုပ်သမားတွေကို စုပေါင်း ခိုင်းစေလာတဲ့အတွက် ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရမယ့် အရေးက ကာကွယ်နိုင်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။မနေ့ကဆိုရင် အထွေထွေ အလုပ်သမား (၆) ယောက် အလုပ်ဖြုတ် ခံရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ငွေကံ့ကော် အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း တစ်ကြိမ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ | ||
Posted: 27 Jul 2012 08:04 PM PDT
၈၈ မျိုးဆက် ကျောင်းသားတွေ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး သွားရောက် ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေတွင် လယ်သမားများ ဝင်ရောက်ထွန်ယက်နေကြစဉ်။
ဒါပေမယ့် လယ်သိမ်းထားတဲ့ ရေတပ်က လယ်တွေ ပြန်မပေးနိုင်ဘူးလို့ ပြောသလို သူတို့ဟာ ကုမ္ပဏီ မဟုတ်တဲ့အတွက် လျော်ကြေးလည်း မပေးနိုင်ဘူးလို့ ပြောဆို လိုက်ပါတယ်။
ဒါကြောင့် အခုလို အပြောင်းအလဲ ကာလမှာ တပ်မတော်နဲ့ ပြည်သူ ထိပ်တိုက်တွေ့တာမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ညှိနှိုင်း ဖြေရှင်းကြဖို့ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးက ပြောသွားခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ လယ်သမားအရေး ဆောင်ရွက်သူ ကိုမျိုးသန့်က RFA ကိုပြောပါတယ်။
"လုံခြုံရေးဝန်ကြီးက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ဘက်က ထိပ်တိုက် မတွေ့ကြပါနဲ့တော့၊ တပ်မတော်နဲ့ ပြည်သူနဲ့ ထိပ်တိုက် တွေ့တယ်ဆိုတာ မကောင်းပါဘူး။ ဒီခေတ် ဒီအခါမှာ မဖြစ်သင့်တော့ပါဘူး ဆိုပြီးတော့ ပြောတယ်ဗျာ။ ပြောတော့ အဲဒီဖြေရှင်းမှု အနေအထားကို ကျွန်တော်တို့က လုံးဝ သဘောတူတာတော့ မဟုတ်ဘူး။ သို့သော် လယ်ယာမြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဝန်ကြီးတစ်ယောက်က လာပြီးတော့ ဖြေရှင်းပေးတဲ့ အဆင့်ဟာ ဒါပထမဆုံးလို့ ဖြစ်နေတဲ့ အနေအထားမျိုး ရှိနေသလို သူပြောသွားတဲ့ ပုံစံကလည်းပဲ အဓိက ဇောင်းပေးတာက ပြဿနာတွေ မဖြစ်ဖို့ အရေး ညှိညှိနှိုင်းနှိုင်း ဖြေရှင်းသွားကြရရင် ကောင်းမယ်ဆိုတဲ့ အနေအထားကိုပဲ ဇောင်းပေးပြီးပြောတာ ဖြစ်တဲ့အတွက် တစုံတရာတော့ အသိအမှတ်ပြုရမဲ့ အနေအထား ရှိနေပါတယ်။ အဲအတွက် လယ်သမားများကိုလည်း ကျွန်တော်တို့က တွန်းတွန်း တိုက်တိုက် ဆက်ပြီးတော့ ထွန်ယက်တဲ့ ပုံစံမျိုး ဖြစ်နိုင်ရင် ဆက်မလုပ်ဖို့ ကျွန်တော်တို့ အကြံပေးခဲ့တယ်။ လယ်သမားကလည်း ဒီနေ့တော့ ဆက်ပြီးတော့ မထွန်ဘူး"
အခုလို ဖြစ်နေတဲ့ ကာလမှာ လယ်သမား ပြဿနာ ဖြေရှင်းဖို့ ကော်မရှင်ဖွဲ့မယ်ဆိုတဲ့ လွှတ်တော်က ဆုံးဖြတ်ချက်လည်း ရှိလာတဲ့အတွက် အဲဒီ ကော်မရှင်ကနေ တဆင့် အလွမ်းဆွတ် လယ်သမားတွေ ကိစ္စကို တင်ပြ ဖြေရှင်းသွားမယ်လို့ ကိုမျိုးသန့်က ပြောပါတယ်။မနေ့ မနက်ကတော့ အဲဒီလယ်တွေမှာ မူလ လယ်သမားတွေ ပြန်ထွန်နေတာကို လယ်သိမ်းထားတဲ့ စစ်ရေယာဉ်စုတပ်က အင်အားနဲ့ သွားရောက် တားဆီးခဲ့တဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ ရောက်သွားပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ပြဿနာ ပြေလည်ဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေက နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ RFA Burmese | ||
Posted: 27 Jul 2012 07:28 PM PDT
တနင်္သာရီတိုင်း၊ ကော့သောင်း မြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံမှ ဖြစ်ပေါ် လာမည့် ဆိုးကျိုး များကို စိုးရိမ်ပြီး လူနေ ရပ်ကွက်နှင့် ၁၀ မိုင် အကွာသို့ ပြောင်းရွှေ့ပေးရန် ဒေသခံများ က တောင်းဆိုနေ စဉ်အတွင်း စက်ရုံ စတင် လည်ပတ် တော့မည်ဟု စက်ရုံ တာဝန်ရှိ သူများက ပြောသည်။
ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၈ မဂ္ဂါဝပ်ထုတ် ထိုစက်ရုံကို တရုတ် ပညာရှင်များက အချောသတ် စစ်ဆေးလျက် ရှိပြီး စက်ရုံမှ ဆိုးကျိုးများ ဖြစ်မပေါ်စေရန် စီစဉ်ထားသည့်အတွက် ဇူလိုင်လကုန်တွင် စတင်လည်ပတ်မည်ဟု ဆိုသည်။ “ဆိုးကျိုး သိပ်မရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေနဲ့ မနီးဘူးလေ။ ပင်လယ် ကမ်းစပ်မှာ သွားလုပ်ထားတယ်။ တရုတ်က နည်းပညာက တော်တော်ကောင်းတယ်” ဟု စက်ရုံတာဝန်ရှိသူ တဦးက ပြောသည်။ “အဲဒီက ထွက်လာတဲ့ အညစ်အကြေးတွေကို စွန့်ပစ်လို့ ရတယ်။ စက်ရုံက အငွေ့ နည်းနည်းပါးပါး ထွက်မယ်။ ထွက်တဲ့ အငွေ့တွေကိုလည်း စုပ်ယူဖို့ သစ်ပင်တွေ စိုက်ထားတယ်။ စစ်တဲ့ ကတော့ကြီး သုံးခု ရှိတယ်။ အဲဒီတော့ ပြင်ပကို အနှောက်အယှက် မရှိနိုင်တော့ဘူး” ဟု သူက ဆက်ပြောသည်။ ဒေသခံများကမူ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ ကော့သောင်းမြို့နေ ပြည်သူများ သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ၎င်းတို့အတွက် အန္တရာယ် ရှိနိုင်ကြောင်း ပြောသည်။ “ထင်းရှူးပင် တတန်းလေး စိုက်ထားတယ်။ အပင် ၃ဝ လောက်ပဲ ရှိမယ်။ ကျန်တာ ဘာမှ စိုက်မထားဘူး။ ရပ်ကွက် နှစ်ကွက်လုံးကလည်း ဘာသစ်ပင်မှ မရှိဘူး။ ဧက တရာလောက် ရှိတဲ့ သစ်တောတောင်မှ ဒီစက်ရုံက ထွက်လာမယ့် အခိုးအငွေ့တွေကို စုပ်ယူလို့ နိုင်မှာ မဟုတ်ဘူး” ဟု ဒေသခံတဦး ဖြစ်သည့် ကိုသန်းထွန်း က ပြောသည်။ စက်ရုံအနီး နေထိုင်သည့် ရွှေပြည်သာ ရပ်ကွက်သား တဦးကလည်း “စက်ရုံက စွန့်ပစ်မယ့် အညစ်အကြေးတွေကို ရေထဲ မျှောချဖို့ ပိုက်လိုင်း နှစ်လိုင်း လုပ်ထားတယ်။ ပါချန်မြစ်ထဲကို မျှောချမှာ။ ဒီလို လွှတ်ချလိုက်ခြင်း အားဖြင့် ငါးမိုင်အတွင်းမှာ ရှိတဲ့ သားငါးသတ္တဝါတွေ အားလုံး သေကြေသွားနိုင်တယ်” ဟု ပြောသည်။ စက်ရုံအနီးတွင် နေထိုင်သည့် ရပ်ကွက် နှစ်ခုမှ ဒေသခံ အများစုကမူ စက်ရုံကို လူနေ ရပ်ကွက်နှင့် ဝေးရာသို့ ပြောင်းရွှေ့ လည်ပတ်စေလိုပြီး အချို့ကမူ စက်ရုံ ဆောက်လုပ်ခြင်းကို လုံးဝ ကန့်ကွက်ကြသည်။ ဧပြီလ ၂၃ ရက်နေ့ ဒေသခံ ၆၀ ကျော်နှင့် နှင့် ဇွန်လ ၅ ရက်နေ့တွင် ဒေသခံ ၁၂၀ ခန့်တို့က အသီးသီး လက်မှတ် ရေးထိုးကာ စက်ရုံကို လူနေအိမ်နှင့် ၁ဝ မိုင်အကွာသို့ ပြောင်းရွှေ့ပေးရန် နိုင်ငံတော် သမ္မတထံသို့ အသနားခံစာ ပေးပို့ခဲ့ပြီး စက်ရုံကို လုံးဝ ရပ်တန့်ပေးရန် အတွက် မေလ ၃ ရက်နေ့ကလည်း ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတထံ လက်မှတ် ရေးထိုးပေးပို့ခဲ့သည်။ သို့သော်လည်း တစုံတရာ ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၎င်းစက်ရုံမှ မြို့ပေါ် ၁၀ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေမည် ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။ လက်ရှိ ကော့သောင်းမြို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေသည့် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆၀၀ ကျပ်ကျော် နှုန်းဖြင့် ဖြန့်ဝေလျက် ရှိသည်။ ဦးကျော်လွင် ပိုင်ဆိုင်သည့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်သည် စက်ရုံဆောက်လုပ်ရန် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန နှင့် ၂ဝ၁ဝ ခု နှစ်ဆန်းပိုင်းတွင် သဘောတူချက် ရရှိခဲ့ပြီး ထိုနှစ် အောက်တိုဘာလခန့်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးများ စက်ရုံဝင်းအတွင်းသို့ ရောက်ရှိနေပြီး စတင်လည်ပတ် ပါက စက်ရုံကို ရွှေ့ပြောင်းပေးရန် ဆန္ဒပြသွားမည်ဟု ဒေသခံတို့က ပြောသည်။ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လွှတ်မည့် ထားဝယ် ရေနက် ဆိပ်ကမ်း၏ အစိတ်အပိုင်း တခု ဖြစ်သည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းပိုင်းတွင် အစိုးရက ရပ်ဆိုင်းပေးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ခုနှစ်ရုံ ရှိသည့်အနက် မဂ္ဂါဝပ် ၁၂ဝ ထုတ် တီကျစ်နှင့် မဂ္ဂါဝပ် ၃၆၉ ထုတ် မိုင်းခုတ် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ လည်ပတ်လျက်ရှိပြီး ကျန် ငါးရုံမှာ လျာထားအဆင့်တွင် ရှိကြောင်းကို ပအိုးဝ် လူငယ်များ အစည်းအရုံးမှ ၂ဝ၁၁ ခုနှစ်က ထုတ်ဝေသည့် “အဆိပ်သင့် မိုးတိမ်များ” အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ) | ||
Posted: 27 Jul 2012 07:29 PM PDT
မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ် အဖွဲ့များ အား တိုက်ရိုက် အကူ အညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့် မြန်မာ အစိုးရတို့ သဘော တူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။
“ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ကဏ္ဍ ငါးခုကို ကျနော်တို့ ကူညီ သွားပါမယ်။ ဒီအကူအညီတွေကိုလည်း အစိုးရကနေ မဟုတ်ဘဲနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ပေးအပ်သွားမှာ ပါ” ဟု သောကြာနေ့က မဇ္ဈိမကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့များကိုလည်း နော်ဝေး အစိုးရမှ ဘဏ္ဍာရေးအရ အကူအညီ ပေးသွားမည်ဟု ဆိုသည်။
မေလ ၂၈ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးပွဲတွင် နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး Torgeir Larsen ကိုတွေ့ရစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)
MPSI မှ အကူအညီ ပေးမည့် ကဏ္ဍ ငါးခုမှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရေး၊ (၂) အပစ်ရပ် အဖွဲ့အစည်းများနှင့် ဒေသခံလူထု တွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး၊ (၃) အပစ်ရပ် အခြေအနေများ အပေါ် လွတ်လပ်သည့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းသွားရန်၊ (၄) ရှမ်းပြည်နယ်ရှိ ဘိန်းစစ်ဆင်ရေး၊ ပညာရေး ကဏ္ဍကဲ့သို့ ပရောဂျက်ကြီး အချို့နှင့် (၅) အပစ်ရပ် ဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ အချက်အလက် စုဆောင်းရေးနှင့် စစ်တမ်း ကောက်ယူရေးကဏ္ဍတို့အား အဓိကထား အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကျောက်ကြီး (ပဲခူးတိုင်း)နှင့် ထားဝယ် (တနင်္သာရီတိုင်း) ဒေသတို့ရှိ ကရင် ဒုက္ခသည်များအား နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးရေးနှင့် ပြန်လည် နေရာချထားရေး အစီအစဉ်များအား MPSI ကိုယ်စားလှယ်များ ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် Mr. Ashley South တို့သည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့၌ တကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ MPSI အဖွဲ့အား နော်ဝေနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ “ဒီ MPSI ကိုလည်း နှစ်နိုင်ငံ အစိုးရတွေရဲ့ တရားဝင် သဘောတူညီမှုနဲ့ ဖွဲ့စည်းထားတယ် ဆိုတော့ မြန်မာအစိုးရ ဘက်က ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ဘယ်လောက် ခွင့်ပြုမလဲ၊ နှစ်ဘက် အကြား ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိလဲ ဆိုတာကိုလည်း အစိုးရကို ကျနော်တို့ သုံးသပ်နေဆဲ အနေအထားမှာ ရှိပါတယ်” ဟု Mr. Ashley South က မဇ္ဈိမကို ပြောသည်။ MPSI အဖွဲ့တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကူညီ လုပ်ဆောင်နိုင်ရန်အတွက် Ashley South နှင့် Charles Petrie တို့ နှစ်ဦးအား တာဝန် ပေးထားသည်။ Charles Petrie မှာ ၂၀၀၇ ခုနှစ်၌ မြန်မာပြည်ဆိုင်ရာ UN အကြီးအကဲဟောင်း တဦးအဖြစ် ရန်ကုန်၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ရွှေဝါရောင် တော်လှန်ရေး၌ သံဃာတော်များအား ထောက်ခံသည့် သဘောထားပြသည့် ထုတ်ပြန်ချက်ကို မြန်မာ အစိုးရသို့ ပေးပို့ခဲ့ပြီးနောက် မြန်မာအစိုးရမှ Charles Petrie အား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ သည်။ Ashley South သည် ၁၉၉၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) ၌ ကွင်းဆင်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ပေါင်း ၂ဝ ခန့် မြန်မာ့တိုင်းရင်းသားအရေးတို့တွ MPSI အနေနှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ဒေသများအား ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်များ ချမှတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဖော်ပြပါ အထောက်အပံ့များအား ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ MPSI ၏ အကူအညီ ပေးရေး လျာထားချက်မှာ မည်မျှ ကြာမြင့်မည်၊ မည်သည့် ငွေကြေး ပမာဏဖြင့် ကူညီမည်ကိုမူ Ashley South u ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပေ။ ဟင်္သာနီ (မွန်မြေ) | စံခလပူရီ (မဇ္ဈိမ) | ||
Posted: 27 Jul 2012 07:21 PM PDT
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း
ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။ “မူလတန်းပြ ဆရာ/မ တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။ အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။
နှစ်ပေါင်း ၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ (ဓါတ်ပုံ - မဇ္ဈိမ)
ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင် ကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။ ၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ ၁၉၈၃ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင် နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန် အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊ အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာ |
No comments:
Post a Comment