သင့်ရဲ့ဘ၀ကို တိုးတက်ဖို့အတွက် အရေးအကြီးဆုံးကတော့ လက်တွေ့လုပ်ဆောင်ခြင်း နဲ့
အဲဒီအရာတွေကနေ သင်ယူတတ်ခြင်း တို့ပါပဲ။
ဟောဒီမှာ – သင့်ရဲ့ ဘ၀ကို ပြောင်းလဲဖို့အတွက် ဒီကနေ့ စလုပ်နိုင်တဲ့ နည်းလမ်းတစ်ချို့ရှိပါတယ်။
၁။ မနက်ခင်းမှာ အရေးအကြီးဆုံးအရာကို လုပ်ပါ။
သင့်ရဲ့တစ်နေ့တာကို ဘယ်လိုစတင်သလဲဆိုတာဟာ အဲဒီနေ့တစ်နေ့လုံးအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။
ကျနော်ယုံကြည်ပါတယ် – သင့်ရဲ့ဘ၀ကို တိုးတက်အောင်လုပ်ဖို့နဲ့ ရည်ရှည်စွဲမြဲမှုတို့အတွက် သော့ချက်ကတော့ သင် မနက်ခင်းမှာ ဘာလုပ်သလဲဆိုတာပါပဲ။ သင့်ရဲ့တစ်နေ့တာကို ကောင်းကောင်းစတင်ဖို့ နည်းလမ်းနှစ်ခုကတော့ ဒါတွေပါပဲ။
အခက်ခဲဆုံး / အရေးအကြီးဆုံး / သင့်အတွက် သက်သောင့်သက်သာ မရှိဆုံး အလုပ်တွေနဲ့ စပါ။ ဒါဆိုရင် ကျန်တဲ့တစ်နေ့တာလုံးမှာ သင့်အတွက် စိတ်သက်သာရာလည်း ရမယ်။ အခက်ခဲဆုံးအလုပ်တွေကို လုပ်ပြီးသွားတဲ့အတွက် တစ်နေ့တာမှာ ကျန်ရှိနေတဲ့ သင့်ရဲ့ လုပ်စရာစာရင်း (To-Do List) တွေကို ပိုပြီး သက်သောင့်သက်သာ၊ လွယ်လွယ်ကူကူနဲ့လုပ်သွားနိုင် ပါလိမ့်မယ်။ ဒီအပြုအမူလေးတစ်ခုက ရတဲ့ အကျိုးရလာဒ်တွေက အံ့သြစရာပါပဲ။
သေးသေးလေးနဲ့ စပါ။ ဘာမှမလုပ်ပဲ ထိုင်ခုံမှာထိုင်နေရာကနေ လုပ်စရာတွေ တစ်ခုပြီးတစ်ခု လက်တွေ့လုပ်ဆောင်ဖြစ်တဲ့ အခြေအနေကိုရောက်ဖို့ သင်လုပ်နိုင်တာကတော့ – သေးသေးလေးနဲ့ စဖို့ပါပဲ။ အကြီးဆုံးဆိုတဲ့ အလုပ်တွေနဲ့ စမယ်ဆိုရင် လုပ်စရာတွေဟာ အများကြီးလို့ထင်လာလိမ့်မယ် ၊ နောက်ဆုံးမှာတော့ အချိန်ဆွဲခြင်းမှာပဲ အဆုံးသတ်သွားပါလိမ့်မယ်။ အဲဒီအစား၊ အရမ်းကြီး မခက်ခဲဘူးလို့ထင်ရတဲံ တစ်ခုခုနဲ့ စပါ။ ကျနော်အကြိုက်ဆုံးနည်းလမ်းတ စ်ခုကတော့ ရိုးရှင်းပါတယ်၊ အဲဒါကတော့ ကျနော့်စားပွဲကို သန့်ရှင်းဖို့ မိနစ်အနည်းငယ်လောက် ယူလိုက်တာပါပဲ။ တစ်နေ့တာကို လက်တွေ့လုပ်ဆောင်မှု တစ်ခုခုနဲ့ စလိုက်ပြီဆိုတာနဲ့ တခြားအရာတစ်ခုကို ဆက်လုပ်ဖို့ဆိုတာ မခက်ခဲတော့ပါဘူး။ အပေါ်ကတစ်ချက်ရယ်၊ အခုတစ်ချက်ရယ်ထဲက သင့်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ရွေးချယ်ပါ၊ စမ်းလုပ်ကြည့်ပါ။ ဒါမှမဟုတ် သင်ဆန္ဒရှိမယ်ဆိုရင် ဒီအချက်နှစ်ခုစလုံးကို ပေါင်းစပ်ပြီးတော့လည်း လုပ်နိုင်တာပါပဲ။
ဟောဒီမှာ – သင့်ရဲ့ ဘ၀ကို ပြောင်းလဲဖို့အတွက် ဒီကနေ့ စလုပ်နိုင်တဲ့ နည်းလမ်းတစ်ချို့ရှိပါတယ်။
၁။ မနက်ခင်းမှာ အရေးအကြီးဆုံးအရာကို လုပ်ပါ။
သင့်ရဲ့တစ်နေ့တာကို ဘယ်လိုစတင်သလဲဆိုတာဟာ အဲဒီနေ့တစ်နေ့လုံးအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။
အခက်ခဲဆုံး / အရေးအကြီးဆုံး /
သေးသေးလေးနဲ့ စပါ။ ဘာမှမလုပ်ပဲ ထိုင်ခုံမှာထိုင်နေရာကနေ လုပ်စရာတွေ တစ်ခုပြီးတစ်ခု လက်တွေ့လုပ်ဆောင်ဖြစ်တဲ့ အခြေအနေကိုရောက်ဖို့ သင်လုပ်နိုင်တာကတော့ – သေးသေးလေးနဲ့ စဖို့ပါပဲ။ အကြီးဆုံးဆိုတဲ့ အလုပ်တွေနဲ့ စမယ်ဆိုရင် လုပ်စရာတွေဟာ အများကြီးလို့ထင်လာလိမ့်မယ်
၂။ တစ်ကြိမ်ထက်ပိုလုပ်ပါ
စောစောစီးစီး အရှုံးမပေးလိုက်ပါနဲ့။ သင်ဟာ တစ်ခုခုကို လုံလောက်တဲ့အကြိမ်ပမာဏအထိ လုပ်ပြီးပြီဆိုပြီး အရှုံးပေးလိုက်ဖို့ဆိုတာ အလွန် လွယ်ကူပါတယ်။ ဒါပေမဲ့ အဲဒါက အလုပ်မဖြစ်ပါဘူး။ တခြားသူတွေဆိုရင် ဘယ်နှကြိမ်လောက်ကြိုးစားကြည
ကျနော်တို့ရဲ့ ပတ်ဝန်းကျင်၊ တီဗွီ နဲ့ ကြော်ငြာတွေက ကျနော်တို့ရဲ့ ပြဿနာတိုင်းအတွက် ချက်ချင်းဖြေရှင်းနိုင်မယ့်
ဒီတော့ အောင်မြင်မှုဟာ မြန်မြန်လာလိမ့်မယ်ဆိုတာ ကြောင်းကျိုးမဆီလျော်ပါဘူး။
အများအားဖြင့်တော့ သင်ဟာ တစ်ကြိမ်ထက်ပိုပြီး လုပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ကျနော် တွေ့ရလေ့ရှိတာကတော့ တစ်ကြိမ်တည်းပိုလုပ်ကြည့်ဖု
၃။ ပုံမှန်မဟုတ်တဲ့အရာကို လုပ်ပါ
သင့်ရဲ့ နေ့စဉ်ဘ၀မှာ ရွေးချယ်စရာတစ်ခုနဲ့ ကြုံတဲ့အခါ၊ ထိုင်ခုံမှာ ပြန်မှီထိုင်ပြီး တစ်မိနစ်လောက် စဉ်းစားလိုက်ပါ။ သင့်အတွက် ပုံမှန်လုပ်နေကျမဟုတ်တာကို ရွေးချယ်ပါ။
ပုံမှန်အတိုင်းဆိုရင် အခက်အခဲတစ်ခုနဲ့ကြုံတဲ့အခါ သင်ဟာ အရှုံးပေးလေ့ရှိတယ်ဆိုပါစို
ဒါဟာ သင်ပုံမှန်လုပ်နေကျအတိုင်းပ
နည်းလမ်းဟောင်းကြီးထဲမှာ ကပ်ငြိနေခြင်းဟာ သင့်ရဲ့ဘ၀ကို သင့်ဆီကနေ ဆွဲထုတ်လိုက်သလိုပါပဲ။ သေးငယ်တဲ့အခြေအနေတွေမှာရော၊
၎။ နည်းနည်းပဲလုပ်ပါ
သင် အမှန်တကယ်လုပ်ချင်တဲ့အရာတွေ
အဲဒီနည်းကတော့ – အကန့်အသတ်တွေ ထားရှိခြင်းပါပဲ။ အရေးမကြီးဆုံး ကိစ္စတွေကို လျှော့ချပစ်ခြင်းပါပဲ။ ပြီးတော့ သင်ဟာ သင်လုပ်ချင်သမျှအရာတိုင်းကိ
တစ်နေ့တာမှာ တီဗွီကြည့်ချိန် နှစ်နာရီလောက် လျှော့ချလိုက်ဖို့၊ ဒါမှမဟုတ် Facebook ပေါ်မှာ အကြာကြီး မနေမိစေဖို့ဆိုတာဟာ ပျော်စရာတော့ မကောင်းပါဘူး။ ဒါပေမဲ့ အသစ်တစ်ခုခုအတွက် နေရာရဖို့ဆိုရင်တော့ အဟောင်းနှစ်ခုလောက်ကို လွှင့်ပစ်ရပါလိမ့်မယ်။
၅။ အကောင်းဆုံးလုပ်ပါ
သင်ဘာကြောင့် သင်လုပ်နိုင်သလောက် အကောင်းဆုံး လုပ်သင့်သလဲ?
အကြောင်းရင်း သုံးခုရှိပါတယ် -
- သင်ဟာ ပိုကောင်းတဲ့ ရလာဒ်တွေကို ရရှိလိမ့်မယ်။ တစ်ခါတစ်ရံမှာဆို ချက်ချင်းပဲ ရရှိလိမ့်မယ်။
- သင့်ကိုယ်သင် ယုံကြည်မှုကို မြှင့်တင်ပေးတယ်။ သင်ဟာ သင်မှန်တယ်ထင်တဲ့အရာတစ်ခုကိ
- သင်ဟာ အကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်။ သင့်ကိုယ်သင် ကောင်းတယ်လို့ ခံစားရတဲ့အခါ၊ သင်ဟာ ဘ၀မှာ အကောင်းဆုံးဆိုတာတွေနဲ့ ထိုက်တန်တယ်လို့ ခံစားရတယ်၊ ဒါဆို သင့်ကိုယ်သင် ထိခိုက်အောင် မလုပ်တော့ပါဘူး။ အခွင့်အလမ်းတွေလည်း ပိုပြီး ထွက်ပေါ်လာပါတယ်။
Ref: 5 Things You Can Start Doing Today to Change Your Life by Henrik Edberg
Resource- Your Life Success Blog
No comments:
Post a Comment