ပုခုံးထက်က ကြယ်ကို ဖြုတ်စမ်း ၊ မျက်လုံးခြင်းဆုံအောင် ကြည့်စမ်း ၊
ဘယ်သူက ဘယ်သူ့ကို အသနားခံနေတာလဲ ဒါမှမဟုတ် သနားနေတာလဲ
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ မီးလောင်ရာ ကျည်တွေရွာတယ်
သူကသွေးဆာနေတဲ့ ကျည်တွေ အဲ့ဒီမှာ အရောင် အသွေး
မဟုတ်ဘူး သွေးတွေစုံတယ် ရမ်းပစ်လိုက်တဲ့ ကျည်တွေမဟုတ်ဘူး စတာလင်
စောက်ရမ်းပြင်းထန်တဲ့ အမိန့်အာဏာတွေ
ပြန်မလှည့်နဲ့ လုံးဝပြန်မလှည့်နဲ့ ပတ်ပတ်လည်ဘယ်ညာမှာ ဘာတွေလဲ
မျက်လုံးတွေပြူးသထက် ပြူးလာတဲ့အထိ ကြောက်မက်ဖွယ်အိမ်မက်ဆိုးပဲ ထပ်မက်ရမယ်
လှိုင်းလုံးတွေ တစ်ဖြည်းဖြည်း လျော့ရဲကျဆင်းလာခဲ့ တိုင်းပြည်အတွက်ပါ တပ်သား
မြင်မြင်သမျှဟာ သရဲသဘက်ဆန်နေတယ် အားလုံးက သူလိုကိုယ်လို သတ်ဖြတ်နေကြတယ်
သူ့မှာက မလိုတမာအငြိုးတွေနဲ့ အသက်မရှူဘူး
လက်ဖြောင့်တပ်သား ပစ်မိန့်တွေနဲ့ ပစ်ခတ်သံတွေကြားက မလူးသာမလွန့်သာ တပ်သား
နှင်းခဲတွေ ပါးစပ်ထဲအပြည့်အသိပ်ထိုးထည့် တိုးတိုးလေးတောင် မလှုပ်ရှားဘူး
မျက်လုံးချင်း ဘယ်တော့မှ မဆုံခဲ့ကြတဲ့ သူရဲကောင်းတွေ
ကိုယ့်စွမ်းဆောင်မှုကို ကိုယ်ကိုယ်တိုင် ပြန်ဖျက်စီးပစ်ရမယ်
အံ့မခန်း တိုက်ပွဲအတွက် စုတ်ပြတ်သတ်နေတဲ့ ကလေးတွေရဲ့ မျက်ရည်တွေနဲ့ ကမ္ဘာကြီးကို သန့်စင်မယ်ဆိုတာကလဲ ဟာသပဲ ၊
ကိုယ့်ကိုကိုယ် ကွက်ဝှက်ပါ အရိပ် နောက်နားက၀မ်းနည်းမှုတွေ အဲ့ဒါတိုက်ပွဲအော်သံ
ရိုးရိုးသားသား စစ်ဖြစ်ကြတာ
သူတို့တစ်ခုခုကို ထိန့်လန့်နေတာကို ပျော်ရွှင်နေကြ၊
အဲ့ဒါ အကြောက်တရားတစ်ခုဆိုရင်တောင် လုပ်ယူထားတဲ့ အကြောက်တရားပဲ ဖြစ်လိမ့်မယ် သေသေချာချာ မမြင်ရတဲ့အခါ ပိုလို့ထင်ပေါ်လာလိမ့်မယ်
မမြင်ရမှုတွေ ယူလာပေးတဲ့အတွက် ကျေးဇူးတင်တယ်အနံ့ အားလုံးပြီးဆုံးသွားပေမယ့် ဘာမှအသစ်ဖြစ်မလာဘူး
ဒီနေရာကပျောက်ကွယ်သွားတဲ့အခါ အော်သံတွေကိုအော်ခေါ်ပါ
လမ်းလျှောက်ရင်း သေဆုံးသွားနိုင်သလို အသနားခံနေရင်းနဲ့လဲ သေဆုံးသွားကြ။
ဇာတိ(ဖျာပုံ)
28.6.2012
zartipyapon@gmail.com
(ကျိုင်းတုံမြို့တွင် ပထမဦးဆုံးရေးဖြစ်သော ကဗျာရုရှားနှင့်ဂျာမန် စစ်ပွဲအား ပြန်လည်ခံစား၍ ရေးသည်၊)
စတေးတပ် တစ်ကြောင်း နှစ်ကြောင်းအား ပြန်လည်ဖြည့်စွက်ထားသည်။
No comments:
Post a Comment