Friday, June 1, 2012

သတိ


Inline image 1-

 အွန်လိုင်းပေါ်မှာ
ရည်းစားရှာ
``ဂုတ်ဆာမ``နဲ့တွေ့လိမ့်မည်။


ကျား က ``မ -ယောင်``
မူနွဲ့ညှောင်
အမောင် ``ဂန်ဒူး``ဖြစ်လိမ့်မည်။

အိမ်ထောင်ရှိလျှက်
လူပျိုမှတ်
ကျူတတ်သူလည်း ရှိသေးသည်။

အပြောပီလှ
နုနုရွ
ရုပ်က သူရဲထက်ဆိုးတတ်သည်။

ဂွတိုက် ဘုကန်
အဆဲသန်
အမှန်အကန်လေးလည်းဖြစ်တတ်သည်။

ရုပ်မမြင် အသံမကြား
စာစကား
မျောသွားရင်တော့ မှားလိမ့်မည်။

တိုက်ဟေ့--  ချဟ
မာန်ဟုန်ပြ
ရှေ့ကမထွက်ဘဲ ပုန်းတတ်သည်။

သူတော်ကောင်းဟန်
စာတွေပြန်
အတွင်းသဏ္ဍန်ကောက်ကျစ်နေတတ်သည်။

အင်တာနက်မှာ
မိတ်ဆွေရှာ
ယုံလွယ်တာမျိုးရှောင်သင့်သည်။

သင့်ပါတ်ဝန်းကျင်
လူတွေပင်
ချစ်ခင်ပေါင်းက မိတ်ပေါမည်။

မမြင်တာမှ
အထင်ကြီးက
ဘဝပျက်မှာစိုးမိသည်။

နေရာတိုင်းမှာ
ကိုယ့်လိုသာ
ယုံကာပုံအပ်မသင့်သည်။

သတိတရား
လက်ကိုင်ထား
အမှားနည်းဖို့တိုက်တွန်းသည်။

အဆိုးမြင်ဝါဒ
မဟုတ်ရ
ဒုက္ခရောက်မှာ စိုးရွံ့သည်။

ယုံလွယ်သူများ
သတိထား
မမှားမိအောင်ကြိုးစားမည်။
(ကြိုးစားမည်  ---- ကြိုးစားမည်။)
  
ကိုစိုးနိုင်

No comments:

Post a Comment