Wednesday, June 27, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)


သစ်ထူးလွင်


Posted: 27 Jun 2012 04:08 AM PDT
ပါရီ၊ ဇွန် - ၂၇
ပြင်သစ် သမ္မတ ဖရနှ်ဆွာ ဟော်လန် ဒီက ပြင်သစ်သည် မြန်မာ့ ဒီမိုကရေ စီအပြောင်း အလဲတွင် ပါဝင် ဆောင်ရွက် သူအားလုံးကို ထောက်ခံ သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ၏ ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်သို့ လာလည်ချင်ပါက ကြိုဆိုရန်အသင့်ဖြစ်ကြောင်းပြောကြားလိုက်သည်။


သမ္မတဟော်လန်ဒီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက် မီဒီယာသို့ `ဒီနေရာမှာ ကျွန်တော် ထပ်ပြီး အတည်ပြုပါတယ်။ ပြင်သစ်ဟာ မြန်မာရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ ပါဝင်ခဲ့သူအားလုံးကို ထောက်ခံသွားမှာပါ။ ဒီဖြစ်စဉ် ဆုံးခန်းတိုင်ပြီး ပြည့်ဝတဲ့ဒီမိုကရေစီဖြစ်အောင် ဥရောပသမဂ္ဂနဲ့အတူ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ကိုင် ဆောင်ရွက်သွားမှာပါ´ဟုပြောသည်။

၎င်းက သမ္မတဦးသိန်းစိန်နှင့်ပတ်သက်၍ `သူလာရောက်လည်ပတ်ချင်တယ်ဆို လာဖြစ်မှာပါ´ဟု ဒေါ်အောင်ဆန်းစုကြည်က သမ္မတသည် မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရိုးသားမှုရှိကြောင်း ၄င်းအား ပြောခဲ့သည်ကို ထပ်ဖြည့်ပြောဆိုသည်။

သမ္မတဟော်လန်ဒီက “ပြင်သစ်ဟာ ဒီမိုကရေစီအကျိုးအတွက် အဆင်သင့်ဖြစ်နေရပါမယ်။ လိုအပ်သမျှအရာတွေဖြစ်တဲ့ ထောက်ခံမှုပေးရေး၊ လိုအပ်ရင် ဖိအားပေးရေး စတာတွေကိုလုပ်ဆောင်ရပါမယ်”ဟုဆိုသည်။

ဗြိတိန်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်အား လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်၌ သုံးရက်ကြာ နေထိုင်စဉ် ပြင်သစ်နိုင်ငံရေးခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဒေသခံမြန်မာများကို တွေ့ဆုံသွားရန်ရှိသည်။
__ Ref; AFP
7Day News Journal
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ ပဲရစ်မြို့ သမ္မတနန်းတော်၌ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီက ကြိုဆိုနေသည်ကို ဇွန်လ ၂၆ ရက်က တွေ့ရစဉ်။ အစိမ်းရောင်ဝတ်စုံနှင့် အ၀ါရောင်ပန်းများ ပန်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ မြန်မာအသိုင်းအ၀ိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သမိုင်းဝင် ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်၊ အိုင်ယာလန်၊ နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ ရောက်ရှိခဲ့ပြီး ဗြိတိန်မှ ပြင်သစ်သို့ ရထားစီးလာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Getty Image



Posted: 27 Jun 2012 04:10 AM PDT

ပါရီမြို့ လယ်က ဘူတာရုံကို ရောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြင်သစ် အစိုးရ ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီး French Minister Delegate for Development Pascal Canfin က ကြိုဆိုခဲ့ပါတယ်။ ( photo by - BBC Burmese )

 ဒေါ်အောင်ဆန်း စုကြည် ပြင်သစ် နိုင်ငံ ရောက်ရှိ လာစဉ် (ရုပ်/သံ) ဒီဗွီဘီ

Posted: 27 Jun 2012 03:48 AM PDT
ပြင်သစ် သမ္မတ နဲ့ ဒေါ်အောင်ဆန်း စုကြည် သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)

Posted: 27 Jun 2012 03:29 AM PDT
ဗြိတိန် နိုင်ငံအပါ အ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်း စုကြည် ၏ ဥရောပ ခရီးသည် သူမအား ကမ္ဘာ့ ခေါင်းဆောင် တစ်ဦး အဖြစ် မှတ်ကျောက်တင် အသိ အမှတ်ပြု ခြင်းခံရသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။
    ကိန်းကြီးခမ်းကြီးနိုင်သည့် ဗြိတိန်နိုင်ငံက သူမကို ဗြိတိန်ပါလီ မန်တွင် ဘုရင်မကြီး အဲလိဇဘက် ပြီးလျှင် သမိုင်းဝင်ဝက်မင်စတာ ခန်းမတွင် မိန့်ခွန်းပြောကြားခွင့်ရခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် မိန့်ခွန်းပြောခွင့်ပြုခဲ့သည်။ ထိုခန်းမ ထိုနေရာတွင် တောင်အာဖရိကသမ္မတ ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရ ဟန်းမင်းကြီးဗင်နီဒစ်၊ အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားတို့ မိန့်ခွန်းပြောကြားခဲ့ဖူးပြီး ၆၇ နှစ်ရှိ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်သည် ထိုနေရာတွင် မိန့်ခွန်း ပြောခွင့်ရခဲ့သော အာရှတိုက်မှ ပ ထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ၁၇ ရက်တာ ကာ လအတွင်း သမိုင်းဝင်မိန့်ခွန်းနှစ် ရပ်အဖြစ် ဗြိတိန်ပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းနှင့် ငြိမ်းချမ်း ရေးနိုဘယ်လ်ဆု ပြန်လည်လက်ခံ ရယူသည့် အခမ်းအနားတို့တွင်ပြောကြားခဲ့ပြီး ယင်းတို့ကို ကမ္ဘာ့ သတင်းဌာနများက ထိုမိန့်ခွန်း နှစ်ခုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သ ဖြင့် ကမ္ဘာ့နေရာ တော်တော်များများတွင် ကြည့်ရှုခွင့်ရခဲ့ကြသည်။
    ထိုမိန့်ခွန်းနှစ်ရပ်ပြောကြားပြီးချိန်တွင် လန်ဒန်အခြေစိုက်သသတင်းဌာနများနှင့် ကမ္ဘာ့မီဒီယာ
များက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၊ ကမ္ဘာ့စံပြပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းဖော်ပြခဲ့ကြသည်။ အခြေကြီးသောဗြိတိန်နိုင်ငံကပင် သူမကို ကော်ဇောနီခင်းကြိုကာ နိုင်ငံ့ခေါင်း
ဆောင်များကိုသာမိန့်ခွန်းပြောခွင့်ပေးသော ၀က်မင်စတာခန်းမကြီးတွင် ဗြိတိန်အထက်၊ အောက်လွှတ်တော်နှစ်ရပ်လုံးသို့ မိန့်ခွန်းပြောခွင့်ပေးခဲ့သည်ဟု ဗြိတိန်သတင်းဌာနမေးလ်အွန်လိုင်းက ရေး
သားဖော်ပြသည်။
    မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကိုယ်ကျိုးစွန့်
တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်သော ဗြိတိန်ဝန်ကြီးချုပ် ဒေး ဗစ်ကင်မရွန်းအပါအ၀င် နော်ဝေ ဘုရင်မင်းမြတ်၊ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်၊ နော်ေ၀၀န်ကြီး ချုပ် စသူတို့အပြင် ရောက်ရာနေ ရာမှ ဥရောပသားများက လေး စားချစ်ခင်စွာ ကြိုဆိုခဲ့ကြသည်။ သူမပညာသင်ကြားခဲ့သော အောက် စဖို့ဒ်တက္ကသိုလ်ကလည်း ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပြီး အိုင်ယာလန်နာမည်ကျော် ရော့ခ် အဆိုတော် ဘိုနိုပါဝင်သည့် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ချီးမြှင့်သောလွတ်ငြိမ်းချမ်း သာခွင့် သံတမန်ဆုအပါအ၀င် ဆယ်နှင့်ချီသော ဆုတံဆိပ်များ စွာကို ခရီးစဉ်အတွင်း လက်ခံရရှိခဲ့သည်။
    ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ဦး တွေ့ဆုံမှုအဖြစ် တိဗက်ဘုန်းတော်ကြီးဒလိုင်းလား မားနှင့်လည်း မိနစ် ၃၀ ကြာ သီးသန့်တွေ့ဆုံခဲ့သည်ဟု လန်ဒန်သတင်းဌာနများက ဖော်ပြသည်။
    သူမ၏သမိုင်းဝင်မိန့်ခွန်း အဖြစ် ဇွန်လ ၂၁ ရက်တွင် တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာ့ကိန်းကြီးခမ်းကြီး နိုင်သော ပရိသတ်ဟု တင်စားရေး သားသော ပရိသတ် ၁၄၀၀ ရှေ့တွင် ပြောကြားခဲ့သည့် ဒေါ်အောင်
ဆန်းစုကြည်၏ မိန့်ခွန်းတွင် မြန်မာနိုင် ငံ၏ ပါလီမန်ဒီမိုကရေစီ ကူး ပြောင်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုက ရေစီနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ အနေနှင့် ကူညီပေးရန် တိုက်တွန်း ခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ကြို ဆိုရန်လည်း သူမ၏ မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။
    ''အခွင့်အရေးတွေ နှစ်ပေါင်း များစွာ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ဘ၀နဲ့ အခွင့်အလမ်း တွေအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ကျွန်မပြောလိုပါတယ်။ ကောင်း မွန်ပြည့်စုံတဲ့ အနာဂတ်ကို ရောက် နိုင်ဖို့ အခုမှ ကျွန်မတို့နိုင်ငံက အစပျိုးနေဆဲပဲ ရှိပါသေးတယ်။ တောင်
ကုန်းတွေ ချောက်ကမ်းပါးတွေလို အခက်အခဲတွေကို အများကြီး ကျော်ဖြတ်ဖို့ လိုပါသေးတယ်။ အားလုံးကြိုးစားလို့ ဒီလိုအခြေ အနေအထိ ရောက်လာတာပါ။ ဗြိ တိန်နဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုခရီးတွင် ပါလိမ့်မယ်''ဟု သူမ၏ ဗြိတိန်ပါ လီမန် မိန့်ခွန်းအစပိုင်းတွင် ပြော ကြားခဲ့သည်။
    နောက်လတွင် ဗြိတိန်သို့ အ လည်အပတ် သွားရောက်မည်ဟု ပြောကြားထားသော သမ္မတဦးသိန်း စိန်၏ခရီးစဉ်နှင့် ပတ်သက်၍ ဗြိ တိန်ဝန်ကြီးချုပ်နှင့် ပူးတွဲပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထိုခရီးစဉ်ကို ထောက်ခံပြောကြားခဲ့သည်။ ယခုအချိန်သည် သမ္မတကို ဖိတ်ကြားခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး  သူမ၏ ပါလီမန်မိန့်ခွန်းတွင် ]]သမ္မတဦးသိန်းစိန်ကို ချီးကျူးဂုဏ် ပြုလိုပါတယ် အရင်က ပြောခဲ့သ လို နိုင်ငံရေးကွဲပြားခြားနားမှုတွေ ကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင် ဖြေရှင်းနိုင်မှာပါ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကြိုဆိုဖို့ တိုက်တွန်းလိုပါတယ်''ဟုလည်း မှတ်ချက်ပြုပြောကြားခဲ့သည်။
    ထို့ပြင် ''စစ်မှန်တဲ့ ဒီမိုကရေစီကို မြန်မာနိုင်ငံမှာ ပြန်လည်တည်ထောင်နိုင်မယ့်အခွင့်အရေး
ရှိလာပါပြီ။ ဒီအခွင့်အလမ်းကိုအသုံးမချနိုင်ရင် ဒီလိုအခွင့်အရေးမျိုးပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်''ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကားပြောကြားခဲ့သည်။
    ဆယ်စုနှစ်အတော်ကြာပျောက်ဆုံးနေခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ်ဝါကို ပြန်လည်
အရောင်တင်ပေးခဲ့ပြီး၊ အခါလည်သားသာရှိသေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးများကို ရှေ့ဆက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်က တွန်းအားတစ်ခုဖြစ်စေ
ခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိချိန်သည် သူမ၏
၆၇ နှစ်ပြည့်သည့် မွေးနေ့ရက်နှင့်တိုက်ဆိုင်နေသည်။ နှစ်ပေါင်းများစွာ ခွဲခွာနေရသောသားကြီး၊ သား
ငယ်ကိုထိန်လင်း၊ သူမနှင့် တစ်ခါမှမဆုံဖူးသော မြေးများနှင့် သီးသန့်မွေးနေ့ပွဲပြုလုပ်ခဲ့သည်ဟု စီအင်န်အင်န် လန်ဒန်သတင်းထောက်ဒန်ရေဗာက သတင်းပေးပို့သွားသည်။ သို့သော် သူမ၏ မိသားစုနှင့် အထူးသဖြင့် အများစိတ်ဝင်စားနေသော သားကြီးနှင့်တွေ့ဆုံဖြစ်၊ မဖြစ်ကိုမူ သတင်းဌာနများတွင် ရေရာသောသတင်းဖော်
ပြမှုများ မတွေ့ရပေ။
    မည်သို့ပင်ဆိုစေ အတိတ်ကာလများက မြန်မာနိုင်ငံသို့ ပြန်လာ၍မရမည်စိုးသဖြင့် သွား
ရောက်ခဲ့ခြင်းမရှိသော ဥရောပသို့နှစ်ပေါင်း ၂၄ နှစ်ကြာအပြီး ပထမဆုံးသွားရောက်သော သူမ၏ ခရီး
စဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုအဖြစ် သမိုင်းတွင်သွားပြီဖြစ်သည်။

ရေးသားသူ-အေးမြကျော်
by 7Day News Journal


Posted: 27 Jun 2012 03:23 AM PDT
ရခိုင် ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော မြို့နယ်နှင့် ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံ ဘက်အ ခြမ်းတွင် မိုးအဆက် မပြတ်ရွာ သွန်းနေ သဖြင့် နေရာအ များအပြား အား ရေနစ်မြုပ် နေပြီး ကားလမ်းများ ကျိုးပြတ်ကာ လူသေဆုံး မူများလည်း ရှိနေကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် အင်္ဂါနေ့က စတင်ရွာသွန်းခဲ့သော မိုးကြောင့် မောင်တော မြို့ပေါ် နေရာ အများအပြားတွင် ရေနစ်နေကြောင်း သိရသည်။
“ မိုးက လုံးဝ မတန့်ဘူး။ မောင်တောမှာ ဆိုရင် ရွာသစ် (ခေါ်)  မြို့သစ်ပိုင်း  ရပ်ကွက်၊ မြို့သူကြီး လမ်းတလျှောက်နဲ့ ကားလမ်း၊ ဖေစီ ကုလားရွာ အကုန်လုံး ရေနစ် နေပါတယ်။ မြို့မဘုန်းကြီးကျောင်းမှာတောင် ရေက ဒူးဆစ်ထိ တက်နေပါတယ်။ ဒီရေ တက်လာတဲ့ အချိန်ပိုဆိုးပါတယ်” ဟု ပြောသည်။
ဘူးသီးတောင်နှင့် မောင်တော ကားလမ်းတွင်လည်း ဂငယ်ကောက် အနီးရှိ တံတား အနီး မြေမြိုကျသဖြင့် ကားအသွားအလာ လုပ်၍ မရတော့ကြောင်း သူက ဆက်ပြောသည်။
“ မနေ့က စပြီး  ကားအသွားအလာ လုပ်လို့ မရတော့ဘူး။ ဒီနေ့တော့ ဘယ်လို့ ဖြစ်မလဲဆိုတာ မပြောနိုင်ဘူး။ မိုးမရွာဘူးဆိုရင်တော့ ညနေပိုင်းမှာ ပြန်လုပ်ရင် ကောင်းချင် ကောင်းသွားနိုင်ပါတယ်။ အခုအချိန်ထိ လမ်းက ပိတ်နေတုန်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ မိုးအဆက် မပြတ်ရွာသွန်းနေသဖြင့် မောင်တောမြို့တွင် ခိုလုံနေကြသူ ဒုက္ခသည်များမှာ နေထိုင်ရေးနှင့် ချက်ပြုတ်စားသောက်ရေးတွင် အထူး အခက်အခဲ ကြုံတွေ့နေရသည်ဟု ဆိုသည်။
မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စစ်တကောင်း၊ ကော့စ်ဘဇားနှင့် ဘင်ဒရိုဘင်ခရိုင်တို့တွင် မိုးကြီးပြီး မြေပြိုမူကြောင့် သေဆုံး ၂၉ ဦးရှိသွားပြီ ဖြစ်ကာ  ရာနှင့် ချီသော လူများ  ပျောက်ဆုံးနေကြောင်း သိရသည်။ လူပေါင်း သိန်းနှင့် ချီပြီး ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေရကြောင်း သတင်းများတွင် ဖေါ်ပြသည်။
ရခိုင်ကျေးရွာများ ဖြစ်ကြသော ဟာရ်ဘင်း၊ ထောင်သောင်းရွာ၊ မြစ်နားရွာ၊  ခြံချောင်း၊ လမား၊ အလယ်ခွန်တောင်၊ ငရက်ကြီး၊ ငရက်ချေ၊ နက်ကျောက်ဆရီမြို့တို့တွင် ရေနစ်နေပြီး လူများ ဘေးလွှတ်ရာကို ထွက်ပြေးနေကြသည်ဟု သိရသည်။
လမားမြို့တွင် နေထိုင်သူ ကိုထွန်းစံက လမားတွင် ရေကြီးနေပုံကို ယခုကဲ့သို့ ပြောသည်။
“ မရစ်ချောင်းရေ တက်နေတဲ့ အတွက် ကျွန်တော်တို့ အိမ်က မြေမြင့်တဲ့ နေရာမှာရှိတာတောင် ခုနှစ်ပေ လောက်မြုပ်နေတယ်။ ထမင်း ချက်မယ့် နေရာ မရှိတဲ့ အတွက် လူတွေအများစု ထမင်း  မစားရသေးဘူး။ မြေနိမ့်ပိုင်းက အိမ်တွေတော့ အကုန်လုံးရေထဲပါသွားပြီ။ လူတွေကတော့ သယ်နိုင်တဲ့ ပစ္စည်းတွေကို ယူပြီး ဘေးလွှတ်ရာကို ထွက်ပြေးနေကြတာကို မြင်နေရတယ်” ဟု ပြောသည်။
ယခုအခါ ကော့စ်ဘဇားနှင့် စစ်တကောင်းအကြားတွင်လည်း မိုးကြီးပြီး ရေကျော်မူကြောင့် တံတားများ ကျိုးပျက်ကာ ကားအသွားအလာများ  ရပ်ဆိုင်းနေကြောင်း သိရသည်။ စစ်တကောင်းလေဆိပ်နှင့် ကော့စ်ဘဇား  လေဆိပ်ကိုလည်း ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။


Posted: 27 Jun 2012 03:10 AM PDT
Shade 6 23

SHADE ဂျာနယ်၊(အတွဲ ၆၊အမှတ်၂၃)ဇွန်လ ၂၇ ရက်မှ ဇူလိုင်၃ရက်နေ့အထိ။

 



Posted: 27 Jun 2012 03:36 AM PDT
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၀




Posted: 27 Jun 2012 02:37 AM PDT
ကင်ဆာ ဝေဒနာရှင် ကြိုးဆွဲ ချသေဆုံး ခဲ့သည့် အခန်းအား ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - Eleven Media Group
ရန်ကုန် တိုင်းဒေ သကြီး အတွင်း၌ အစိုးရ၀န် ထမ်းအိမ် ရာတွင် နေထိုင်သူ အမျိုးသမီး တစ်ဦး ဆေးကု သရန် ငွေကြေး အခက်အခဲ ကြောင့် ကြိုးဆွဲ ချသေ ဆုံးသည့် ဖြစ်စဉ် အပါအ၀င် တစ်ပတ် အတွင်း ကြိုးဆွဲချ သေဆုံး သည့်ဖြစ်စဉ် ခြောက်ခုဖြစ် ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရ ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

အဆိုပါကဲ့သို့ ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်များမှာ တစ်ပတ်ကာလအတွင်း ဖြစ်စဉ်ခြောက်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူခြောက်ဦးသည် အသက်ရွယ်အားဖြင့် ၂၅ နှစ်မှ ၄၇ နှစ်အထိဖြစ်ပြီး သုံးဦးမှာ အမျိုးသမီးဖြစ်ပြီး၊ ကျန်သုံးဦးမှာ အမျိုးသားဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ကာလအတွင်း ကြိုးဆွဲချသေဆုံးခဲ့သည့် ဖြစ်စဉ်ခြောက်ခုတွင် အစိုးရ၀န်ထမ်း မိသားစုဝင်နှင့် ပတ်သက်သည့် နှစ်မှုပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၁း၄၅ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ် သရက်တောမြောက်ရပ်ကွက် သစ်စက်ပင်မ ပစ္စည်းဌာန၀င်းအတွင်း နေထိုင်သူ ဒေါ်စန်းစန်းမော် (၄၄ နှစ်) မှာ နေအိမ်လိုင်ခန်းအတွင်းဘက် မျက်နှာကျက်တန်းအား လေးပေကျော်ခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးမှုကြောင့် ကြည့်မြင်တိုင် ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၂ အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ရင်းနှီးသူတစ်ဦးက ''သေသွားတဲ့သူက သားအိမ်ကင်ဆာရောဂါ ခံစားနေရသူပါ။ ရောဂါဝေဒနာကလည်း ပြင်းထန်လာပြီး နာကျင်ကိုက်ခဲမှုတွေကို ပိုခံစားလာရတယ်လို့ သိရတယ်။ သေတဲ့နေ့ကသူ့ကိုပြုစုတဲ့ သူ့သမီးလေး အိမ်သာသွား နေတဲ့အချိန်မှာ ဖြစ်သွားတာပါ။ သေသွားတဲ့သူက သားအိမ်ကင်ဆာအခြေအနေ တော်တော်ဆိုးရွားနေပါတယ်။ ရောဂါဖြစ်တာက တစ်နှစ်ကျော် ကြာလောက်ရှိပြီ။ ကြာလာတော့ သားသမီးနဲ့ ယောက်ျားကို အားနာလာတယ်။ ၀န်ထမ်းမိသားစုတွေဆိုတော့ ရေရှည်မှာ ဆေးကုသစရိတ်တွေကလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ကိုယ်အတွင်းပိုင်းက နာကျင်မှုတွေလည်း ပိုပြင်းထန်လာတယ်။ ဆရာဝန်နဲ့ပြပြီး ကုတာရှိသလို ဆေးမြီးတိုတွေနဲ့လည်း ကုပါတယ်''ဟု Eleven Media Group ကို ပြောပြခဲ့သည်။

ထို့အတူ ဇွန်လ ၂၃ ရက်နေ့ နံနက် ၆း၂၀ နာရီ အချိန်တွင် လမ်းမတော်မြို့နယ် ၉ ရပ်ကွက်နေ သတင်းတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး၏ ဇနီးဖြစ်သူ မမြင့်မြင့်မော်  (၄၇ နှစ်) မှာ နေအိမ် လိုင်းခန်းအပြင်ဘက် အမြင့်ခြောက်ပေခန့်ရှိ အုတ်နံရံတွင်တန်းထားသော ၀ါးလုံးတွင် အရှည် ၂၆ ပေခန့်ရှိ တီဗီအင်တာနာကြိုးအား ခေါက်ချည်ပြီး အမြင့်တစ်ပေခန့်ရှိ ပလပ်စတစ်ထိုင်ခုံပေါ်တက်ကာ လည်ပင်းကြိုးကွင်းဆွဲလျက် သေဆုံးနေမှုကြောင့် လမ်းမတော် ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်အတူ ဇွန်လ ၁၉ ရက်နေ့တွင် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဦးမြင့်ဦး(၃၇ နှစ်) သန်လျင်မြို့နယ်နေသူမှာ ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများရာမှ ကြိုးဆွဲချ သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆိပ်ကြီးခနောင်တို ဆမာဒူးဝါးအပိုင်း ၄ ရပ်ကွက်နေ ဦးသိန်းဦး (၄၀ နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးသဖြင့် မိန်းမနှင့်စကားများပြီး နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂၂ ရက်နေ့ နံနက် ၈း၁၅ နာရီအချိန်ကလည်း သုံးခွ မြို့ ၇ ရပ်ကွက်တွင်နေထိုင်သူ ကိုမြင့်ဇော်ဦး (၂၆ နှစ်) မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဇနီးဖြစ်သူ ဟင်းချက်မထားသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းအပြန် အလှန်စကားများကြပြီး ဇနီးဖြစ်သူ နှင့်ကလေးနှစ်ဦးမှာ နေအိမ်မှထွက်သွားသဖြင့် တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာနေ ကိုနန္ဒာဝင်းလွင်(၂၅နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးပြီး ကြိုးဆွဲချသေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ သေဆုံးသူမှာ စိတ်မူမမှန်သူတစ်ဦးလည်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရကြောင်း Eleven Media Group အင်တာနက်စာမျက်မှာဖော်ပြထားပါသည်။

Posted: 27 Jun 2012 02:30 AM PDT
လှိုင်သာ ယာစက် မှုဇုန်ရှိ စက်ရုံ တစ်ခု၏ အလုပ် ခေါ်စာအား လာရောက် ကြည့်ရှု နေသူများ ဓါတ်ပုံ -Eleven Media Group

ရန်ကုန် တိုင်းဒေ သကြီး အတွင်း  လှိုင်သာ ယာစက် မှုဇုန်ရှိ ဆန္ဒဖော် ထုတ်မှုပြု လုပ်ခဲ့သည့် စက်ရုံ သုံးရုံမှ အလုပ် သမား ဦးရေ ၃၀၀ ကျော် လျော့ချ ခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်မှာ ဖော်ပြထားပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ၁၇ ရက်ကွက် စက်မှုဇုန် (၅) အနော်ရထာလမ်း အကွက်အမှတ် (၁၈၁၊၁၈၂) ရှိ Global Foot wear  ဖိနပ်စက်ရုံတွင် ကျား ၂၀ ဦး၊ မ ၃၁၈ ဦး စုစုပေါင်း ၃၃၈ ဦးဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိရာ ကုန်ပစ္စည်းမှာယူမှု၊ အော်ဒါပို့ဆောင်မှုနှင့် ကုန်ကြမ်းအခက်အခဲများကြောင့် လုပ်ငန်းလည်ပတ်မှုမရှိသဖြင့် အလုပ်သမားဦးရေ ၁၅၀ ကို လျော့ချခဲ့ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားကြီးကြပ်ရေးရုံးမှ ဦးစီးဖြစ်သူ ဦးအောင်ကျော်မင်းမှ ''ကုန်ပစ္စည်းတွေ အော်ဒါပို့တာတွေ ကုန်ကြမ်းအခက်အခဲ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ စက်ရုံက အလုပ်သမားတွေ လျော့ချဖို့ ကော်မတီကိုတင်ပြ ထားတာတွေရှိပါတယ်။ အဲဒီ Global Foot wear ဖိနပ်စက်ရုံက ဇွန်လ ၂၀ ရက်နေ့မှာ ကော်မတီကိုတင်ပြတယ်။ ကျွန်တော်တို့က စာချုပ်မှာပါတဲ့အတိုင်း အလုပ်သမားတွေကို လျော်ကြေးပေးပြီးတော့ အဲဒီနေ့ကပဲ ခွင့်ပြုပေးခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်ကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်သင်းအောင်က''ဒီလိုအလုပ်သမားတွေ လျော့ချတဲ့ ကိစ္စတွေက နှစ်စဉ်နှစ်တိုင်း အလုပ်ပါးတဲ့အချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေ ကထက် အလုပ်သမားတွေ လျော့ချတဲ့ရာသီက ပိုပြီးစောနေပါတယ်။ အခု တချို့စက်ရုံတွေဆိုရင် လုပ်ငန်းလည် ပတ်ဖို့ အခက်အခဲရှိတဲ့အတွက် စက်ရုံပိတ်ဖို့ ခွင့်တောင်းတာတွေ ရှိတယ်။ ဒါပေမဲ့ အမှုဖြစ်ထားတဲ့ စက်ရုံတွေဆိုရင်တော့ သမာဓိခုံရုံးက ပြစ်ချက် တစ်စုံတစ်ရာ မချမှတ်ရသေးဘူးဆိုရင်တော့ ပိတ်ခွင့်မပေးပါဘူး။ အခုနှစ်ထဲမှာ အလုပ်သမားတွေဘက်က လစာနည်းပါးမှုကြောင့် မိမိရဲ့ဆန္ဒကို ထုတ် ဖော်ခဲ့တဲ့ စက်ရုံအရေအတွက် ၇၀ ကျော်လောက် ရှိခဲ့ပါတယ်။ အဲဒီစက်ရုံတွေထဲက အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားတွေ လျော့မယ်ဆိုရင်တော့ သေသေချာချာ စစ်ဆေးသွားပြီးတော့ မှတ်ချက်ပေးသွားမှာပါ။ တချို့စက်ရုံတွေဆိုရင်လည်း အလုပ်သမားတွေနဲ့ အပြန်အလှန် ပြေလည်မှုရှိခဲ့တဲ့အတွက် သူတို့အချင်းချင်း သဘောတူညီစွာနဲ့ အလုပ်သမားလျော့ချမှုတွေ ပြုလုပ်တယ်။ ဒါပေမဲ့ နှစ်ဖက် သဘောတူညီမှုတွေ မရှိဘူးဆိုရင်တော့ အလုပ်သမားကြီးကြပ်ရေးကော်မတီကို တင်ပြပြီး ဆောင်ရွက်ပေးနေရပါ တယ်''ဟု သုံးသပ်ပြောကြားခဲ့ပါသည်။

ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည့် စက်ရုံများထဲတွင် ပါဝင်ခဲ့သည့် Global Foot  wear ဖိနပ်စက်ရုံမှာ မေလ ၁၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည့် စက်ရုံတစ်ရုံဖြစ်ကြောင်း သိရှိရပါသည်။ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူ မစန္ဒာအောင်က ''ကျွန်မတို့စက်ရုံမှာတော့ အမှာစာတွေလျော့တဲ့အတွက် အလုပ်သမားဦးရေ လျော့ချမယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောတယ်။ ထွက်မယ့်ထဲက လုပ်ငန်းခွင်မှာ ၀င်တာကြာသူတွေကို လျော်ကြေးကျပ် ၁ သိန်း ၆ သောင်း ပေးတယ်။ အခုမှ တရားဝင်စက်ရုံ အလုပ်သမားစဖြစ်တဲ့သူဆိုရင် ရှစ်သောင်း လျော်ကြေးပေးပါတယ်။  ကျွန်မတို့စက်ရုံမှာက အခုလျော်ကြေးယူပြီး ထွက်သွားတဲ့ သူတွေက နှစ်တော်တော်ကြာ လုပ်သွားတဲ့သူတွေ၊ နောက်ပြီး လစာနည်းလို့ ဆန္ဒပြခဲ့တဲ့ သူတွေထဲက အများစုလည်း ထွက်သွားပါတယ်''ဟု ၎င်းက ပြောပြခဲ့ပါသည်။ အလုပ်သမားအရေး ဆောင်ရွက်မှုများ ပြုလုပ်ပေးနေသော ၈၈ ကျောင်းသားအဖွဲ့မှ မသက်သက်အောင်မှ ''အလုပ်သမားတွေက လစာနည်းပါးလို့ ဆန္ဒဖော်ထုတ်ပြီး သိပ်မကြာခင်မှာပဲ အခုလိုအကြောင်းအမျိုးမျိုးနဲ့ ခေါင်းစဉ်တပ်ပြီးတော့ အလုပ်သမားတွေကို လျော့ချနေတာက စဉ်းစားစရာတွေ အများကြီးရှိတယ်။ လျော့ချနေတဲ့ စက်ရုံအများစုကလည်း ဆန္ဒဖော်ထုတ်ခဲ့ဖူးတဲ့ စက်ရုံတွေဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်မြို့တော်အတွင်း ယခုလက်ရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော စက်ရုံအရေအတွက် မှာ ၅၁၈ ရုံရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းနေသော စက်ရုံများလည်းရှိနေကြောင်း အဆိုပါစက်မှုဇုန် ကော်မတီတာဝန်ရှိသူတစ်ဦးမှ Eleven Media Group ကို ပြောကြားခဲ့သည်။

Eleven Media Group

Posted: 27 Jun 2012 02:20 AM PDT
ရန်ကုန် အရှေ့ပိုင်းခရိုင် သံလျင်မြို့နယ် ဒါရ်ဂါ ရပ်ကွက်တွင် မြေပြိုကျမှု ဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

သံလျင် မြို့နယ် ဒါရ်ဂါရပ်ကွက် ကန်သာယာ (၁) လမ်းရှိ တောင်ကုန်း ပေါ်တွင် တည်ဆောက် ထားသော နေအိမ်မှာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ နေအိမ်တွင်နေထိုင်သည့် မိသားစု သုံးဦးအနက် မြေပိသော အရှိန်ကြောင့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ၃နှစ်အရွယ် မိန်းကလေး တစ်ဦး စုစုပေါင်းနှစ်ဦး သေဆုံးခဲ့သည်။

ကျန်အမျိုးသမီးတစ်ဦးမှာလည်း ကိုယ်တစ်ပိုင်းသာ မြေပိခဲ့ပြီး ခြေလက်နာကျင်မှု ဖြစ်ပွားသောကြောင့် သံလျင် ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း သွားရောက်ကယ်ဆယ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ ၀င်များ၏ သတင်းပေးပို့ချက်များအရ သိရသည်။
The Voice Weekly

Posted: 27 Jun 2012 02:15 AM PDT
မအူပင် ကက်သလစ် ကျောင်းတစ် ခုတွင်လူငယ်များ အော့အန်၊ မူးဝေ ၊ ကိုယ်အပူ ရှိန်တက်၍ အရေးပေါ် ဆေးရုံတင်ရ
---ထိုသို့ဖြစ်ပွားခြင်းမှာ ရာသီတုပ်ကွေးကြောင့်ဖြစ်ကြောင်း မအူပင်မြို့နယ် ဆေးရုံအုပ်ကြီးပြောကြား---

ရန်ကုန်၊ဇွန်-၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့ပေါ်ရှိ စိန့်ရီတာကက်သလစ် ခရစ်ယာန်ဘုရားကျောင်းနေ ကျောင်းသားကျောင်းသူ ၂၀ခန့်မှာ အော့အန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်မြင့်တက်လာခြင်းတို့
ဖြစ်ပွား၍ အရေးပေါ်အဖြစ် ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိ သည်။
ဇွန်လ ၂၄ ရက်က ယင်းဘုရားကျောင်းနေ အသက်(၁၆)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် စတင်ဖြစ်ပွားကာ ညတွင်းချင်းပင် အခြားကလေးငယ် ၁၇ယောက်သို့ ကူးစက်ကာ အရေး
ပေါ်အခြေအနေတစ်ရပ်အဖြစ် မအူပင်မြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း မအူပင်မြို့နယ်ရှိ လူမှုရေးဆိုင်ရာ လုပ်ငန်းများကို လိုက်လံဆောင် ရွက်နေသူတစ်ဦးက 7Day News သို့ပြောသည်။
ရောဂါဖြစ်ပွားသည့် ကလေးငယ်များမှာ အော့အန်ခြင်း၊၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်များစွာ မြင့်တက်ခြင်း အစရှိသော တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာပုံစံမျိုးကို အများစုခံစားနေရပြီး ရောဂါဖြစ်ပွားသည့် ကလေးငယ်တစ်ဦးချင်းစီမှာ ဖြစ်ပွားသည့် ရောဂါလက္ခဏာပုံစံခြင်း မတူညီ ကြောင်း မအူပင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြော သည်။ အဆိုပါဖြစ်စဉ်၏ အခြေအနေမှန်အား သိရှိစေရန် မအူပင်မြို့နယ် ဆေးရုံအုပ်ကြီးသို့ ၇ီပေ နြတျ မှ ဆက်သွယ်မေးမြန်းရာ ''ရာသီတုပ်ကွေးပါ။ ကလေးတွေက ကိုယ်ပူတယ်၊ ခေါင်းကိုက်တယ်၊ အော့အန်တယ်၊ ၀မ်းသွားကြတယ်၊ စိုးရိမ်ရတဲ့အနေအထား
ကတော့ တစ်ယောက်မှမရှိပါဘူး။ ကျောင်းကဘော်ဒါဆောင်ဆိုတော့ လူများတယ်။ ကူးဖို့ကလွယ်သွားတာပေါ့။ အခုဆေးရုံ က မနက်ဖြန်ဆို ဆင်းနိုင်မယ့် ကလေးတွေတောင်ရှိနေပါပြီ။ လက်ရှိဆေးရုံမှာ ရောဂါဖြစ်ပွားတဲ့ ကလေးအယောက် ၂၀ ရှိပါတယ်''ဟု မအူပင်မြို့နယ် ဆေး ရုံအုပ်ကြီး ဦးထွန်းမြင့်ကပြောသည်။
ခရစ်ယာန်ဘုရားကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၅ ယောက်နေထိုင်ပြီး လက်ရှိ တွင် ကလေး ၆၀ ဦးခန့်တွင် ရောဂါကူးစက်ခံနေရပြီး ၁၇ဦးအား မအူပင်ဆေးရုံတွင် ဆေးကုသ
မှုခံ ယူလျက်ရှိကြောင်း ရောဂါဖြစ်ပွားသည့် စိန့်ရီတာဘုရား ကျောင်းမှ ဖာသာဖောထူးကပြောသည်။
''ကလေးတွေက ဒီဘုရားကျောင်းမှာ ဘော်ဒါသဘောမျိုးနဲ့ လာရောက်နေထိုင်ကြတာပါ။ အများစုက နွမ်းပါးပြီး ဆင်းရဲတဲ့ကလေးတွေကို ဒီကျောင်းက စောင့်ရှောက်နေထိုင်ခွင့်ပြုထားတာပါ။ ရောဂါကို ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ချက်အရ တုပ်ကွေးသဘောမျိုးလို့ ပြောတယ်။ အရင်က ဒီကျောင်းမှာ တစ်ခါမှ မဖြစ် ဖူးဘူး။ ဆေးရုံက တချို့ကလေးတွေလဲ တော်တော်သက်သာလာပါပြီ''ဟု အဆိုပါဖာသာဖောထူးကပင်ပြောသည်။
စိန့်ရီတာကက်သလစ်ဘုရားကျောင်းအား တစ်ပတ်တိတိပိတ်ထားမည်ဖြစ်ပြီး ယင်းကျောင်းအနီးတစ်ဝိုက်ရှိလမ်းများကိုလည်း မသက်ဆိုင်သူများ မ၀င်ရောက်ရန် နှင့် ရောဂါပိုးမကူးစက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် လုံခြုံရေးစောင့်ရှောက်မှုများကိုလည်း
ဆောင်ရွက်ထားကြောင်း မအူပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
 by 7Day News Journal

Posted: 27 Jun 2012 02:54 AM PDT
ကျောင်းသား များ၏ ပညာ အရည် အသွေးကို ဦးစားပေးရန် လာမည့်
ပညာ သင်နှစ်(၂၀၁၂-၂၀၁၃)တွင် ဆေးတက္က သိုလ်ဝင်ခွင့် အတွက် ကျောင်း
သားလက် ခံမှုကို ထက်ဝက်ထိလျှော့ချသွားမည်ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယခင်နှစ် ၂၀၁၁-၁၂ ပညာသင်နှစ်က ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားဦးရေ ၂၄၀၀ ထိ လက်ခံခဲ့ရာမှ ယခုနှစ်ဆေးတက္ကသိုလ်တွင် ပညာသင်ကြားရန် ကျောင်းသားဦးရေ ၁၂၀၀ ကိုသာ လက်ခံ တော့မည်ဖြစ်သည်။
''ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ထက်ဝက်ထိ လျှော့ချသွားမှာပါ။ ဘာလို့လဲဆိုတော့ ဆရာမတို့က အရေအတွက်ထက် အရည်အသွေးကိုကြည့်ပြီးတော့ပါ။ တက္ကသိုလ်ဝင်တန်းလမ်းညွှန်မှာလည်း ဖော်ပြ
ထားပါပြီ''ဟု အ ထက်ပါတာဝန်ရှိသူကပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေး ပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့
ကြပြီးဆေးပညာသင်ယူလိုသော ကျောင်းသားများကို ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ဆေး တက္ကသိုလ်
(၂)၊ မန္တလေးဆေး တက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်တို့တွင် ကျောင်းဝင်ခွင့်အတွက် အမျိုးသမီးဦးရေ ၄၀ ရာ ခိုင်နှုန်းသတ်မှတ်၍ လက်ခံထားသည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အ တွက် ကျောင်းသားလက်ခံမှု လျှော့ချလိုက်ခြင်းကြောင့်ဆေးကျောင်းတက်
လိုသော ကျောင်းသားများအတွက် ကျောင်းဝင်ခွင့် ပိုမိုခက်ခဲသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ရမှတ်လို အပ်ချက်လည်း မြင့်တက်သွားမည်ဖြစ်သည်။
 by 7Day News Journal



Posted: 27 Jun 2012 02:01 AM PDT
----ဒေါ်အောင်ဆန်း စုကြည်၏ ဒီဇိုင်နာသည် ဒေါ်အောင်ဆန်း စုကြည် ပင်ဖြစ်သည်----
အဖြူရောင် ပန်းကနုတ်များ ထိုးထားသော ခရမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနှင့် လိုက်ဖက်စွာ တွဲစပ်ထားသည့် အဖြူခံခရမ်း ချိတ်ဝတ်စုံ၊ နို့နှစ်ရောင် ပ၀ါ ဖြူနှင့် တွဲဖက်ဝတ်ဆင်ခဲ့သည့် ၀ါညိုရောင်ဒူးနားချိတ်များနှင့်မရမ်းစေ့ရောင်ဝတ်စုံတို့သည် လွန်ခဲ့သော ရက်သတ္တပတ်ကသမိုင်းဝင် ဖြစ်ရပ် နှစ်ခုနှင့်အတူကမ္ဘာတစ်ဝန်းမှလူများ သတိထားမိခဲ့သည့် မြန်မာအမျိုးသမီးဝတ်စုံနှစ်စုံပင်ဖြစ်သည်။
    ဥရောပသို့ နှစ်ပေါင်း ၂၄ နှစ်ကြ
...

No comments:

Post a Comment