Sunday, June 24, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၆)


သစ်ထူးလွင်


Posted: 24 Jun 2012 07:21 AM PDT
ဒီလှိုင်း စာစောင် အတွဲ(၁) ၊ အမှတ် (၂၂) အွန်လှိုင်းတွင်ဖတ်ရှုန်

Open publication - Free publishing - More burma


ဒီလှိုင်း စာစောင် အတွဲ(၁) ၊ အမှတ် (၂၂)

အရည်အသေးမြှင့် PDF ဖိုင် ဒေါင်းလော့ ရယူရန်
http://joomlamyanmar.net/nld/dwave22.pdf


Posted: 24 Jun 2012 07:26 AM PDT
ဂျပန်နှင့် အမေရိကန်ကားများကို ရာခိုင်နှုန်း ၃၀ အထိ လျှော့၍ ရောင်းချမည် ဖြစ်ကြောင်း သိရ သည်။

“နိုင်ငံတော်အစိုးရပိုင်းက ကားအခွန်တွေ ဖြေလျှော့ပေးလိုက်တဲ့အတွက် ကျွန်တော်တို့ဘက် ကလဲ ဈေးတွေလျှော့ချပြီး ရောင်းချသွားမယ်။ အမေရိကန်ကားတွေရော၊ ဂျပန်ကားတွေရော သူတို့လျှော့ချပေး တဲ့အတိုင်း ရာခိုင်နှုန်း ၃၀ လောက်လျှော့ရောင်းသွားမယ်” ဟု ၀င်းကို ကားအရောင်းစင်တာမှ တာဝန်ရှိသူ ကို ကျော်မျိုးနိုင်က ပြောသည်။

အဆိုပါရောင်းချမည့် အစီအစဉ်ကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ တပ်မတော်ခန်းမတွင် ပြုလုပ်မည့် Automoblile and Living Products ပြပွဲကြီးတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းကား ကုမ္ပဏီကြီးလေးခုနှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေး ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းနှင့် ပညာရေးပြခန်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များ၊ မိုဘိုင်းဖုန်းများကိုလည်း ပါဝင်ပြသရောင်းချသွားမည်ဖြစ်သည်

“၂၀၁၀ မှာ ကားပြပွဲတစ်ခုလုပ်ဖြစ်တယ်။ အဲဒီတုန်းက ကားရှိုးရွမ်းတွေက မဖွံ့ဖြိုးသေးဘူး။ အခုတော့ နိုင်ငံတော်က ခွင့်ပြုလိုက်တဲ့အခါ ပိုပြီးစည်စည်ကားကားဖြစ်သွားမှာပါ။ အထူးလျှော့ဈေးတွေ၊ အထူး အစီအစဉ်တွေနဲ့ လုပ်သွားမှာပါ” ဟု ယင်းပြပွဲစီစဉ်သူ Jade Crown Services Co.,Ltd မှ ဒါရိုက်တာ ဒေါ်ခင် သွယ်က ပြောသည်။

အဆိုပါပြပွဲနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ဇွန် ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Flower News Journal(ပန်းသတင်းဂျာနယ်)
Posted: 24 Jun 2012 06:59 AM PDT

ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခု လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ အကောင် အထည်ပေါ်လာနိုင်ပါတယ်”ဟု ဗြိတိန်နိုင်ငံအခြေစိုက် မန်နေဂျင်းဒါရိုက်တာ မစ္စတာမိုက်ကယ်ကော့တဲလိုက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါကုမ္ပဏီသည် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ကာ ယူကေ၊ ယူအက်စ်အေနှင့် ယူရိုနိုင်ငံများ မှ ထုတ်လုပ်သည့် ဘတ်စ်ကား၊ Truck ကားနှင့် စိုက်ပျိုးရေးသုံးအပါအ၀င် မော်တော်ကားများအား ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ဆားဗစ်စင်တာဆောက်ပြီးတာနဲ့ အလုပ်သမားတွေကို သင်တန်းတွေပေးမယ်။ နောက်ပြီး Customer ကို အကောင်းဆုံး ၀န်ဆောင်မှုပေးသွားပါမယ်”ဟု မစ္စတာမိုက်ကယ်ကော့တဲလိုက ထပ်ပြောသည်။

အဆိုပါကားဆားဗစ်စင်တာနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့များမှ လိုအပ်သည့် မူဝါဒပိုင်းနှင့် လုပ်ထုံး လုပ်နည်းပိုင်းတို့အား ညှိနှိုင်းနေရသောကြောင့် ယင်းအတွက် မည်မျှရင်းနှီးမြှုပ်နှံရမည်ကို ဖော်ပြနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း အင်္ဂလန်နိုင်ငံ၏ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ယခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၅၉ ဒသမ ၇၈၅ ရှိနေကြောင်း သိရသည်။

Flower News Journal(ပန်းသတင်းဂျာနယ်)
Posted: 24 Jun 2012 06:51 AM PDT

မြန်မာ အစိုးရက ဒေါ်လာဈေး တက်လာရန် ပြုလုပ်နိုင်သည့် နည်းလမ်း များစွာ ရှိကြောင်း တရား ၀င် ထုတ်ဖော်ပြော ကြားထားပြီး နောက်ပိုင်း ဗဟိုဘဏ်က မူဝါဒ အပြောင်း အလဲများဖြင့် ဒေါ်လာဈေးကို ပုံမှန်နီးပါး ရောက်ရှိလာစေရန် ကြိုးပမ်းနေမှုများကြောင့် ရန်ကုန်ဒေါ်လာဈေးကွက်တွင် ၀ယ်ယူစုဆောင်းထားသူများပြီး ရောင်းသူနည်းပါးနေကြောင်း ရွှေဘုံသာအခြေစိုက် ပြင်ပဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များသည် ဒေါ်လာဈေးတစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့်တွင် ရှိမှသာ အမြတ်ရှိနိုင်သဖြင့် အစိုးရဒေါ်လာဈေးတက်လာစေရန် ပြုလုပ်ခြင်းဖြစ်ပြီး ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်နေသည့် ဒေါ်လာဈေးနှုန်းများ တဖြည်းဖြည်းတက်လာသည်ကို ယခုရက်ပိုင်းတွေ့မြင်ရသည်။

ငွေလဲကောင်တာများတွင် ဇွန် ၂၁ ရက်နေ့၌ အမေရိကန်ဒေါ်လာ ၀ယ်ဈေး ၈၅၀၊ ရောင်းဈေး ၈၆၀ ကျပ်ဝန်းကျင်တွင်ရှိနေပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မိုးရာသီတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အေးနေသဖြင့် ပို့ကုန်ရငွေမှာ အရောင်းအ၀ယ် အေးလျက်ရှိပြီး လာမည့်အပတ်တွင်လည်း အစိုးရမှမူဝါဒ အသစ်များ ထပ်ထွက်လာပါက ဈေးနှုန်းတည်ငြိမ်မည် ဖြစ်ကြောင်း ပို့ကုန်ရငွေဈေးကွက် ကျွမ်းကျင်သူ ဦးစန်းဝင်းက ပြောကြားသည်။

ဒေါ်လာဈေးများတက်သည့်နည်းတူ ယင်းနှင့်ချိတ်ဆက်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ထူးခြား စွာလိုက်ပါ မြင့်တက်ခြင်းမရှိဘဲ ယခုရက်ပိုင်းတွင် ကျပ် ၇၂၀ ၀၀၀ ကျော်တစ်ဝိုက်တွင်သာရှိနေကြောင်း ရွှေဘုံ သာလမ်းရှိ ရွှေအရောင်းအ၀ယ်ပြုလုပ်နေသူများက ပြောကြားသည်။

The Voice Weekly Journal
Posted: 24 Jun 2012 06:47 AM PDT
အရှေ့ပိုင်း ဒဂုံ စက်မှုဇုံ ကိုတွေ့ရစဉ်။
စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရှိ အလုပ်သမား များအား ၎င်းတို့၏ ဆန္ဒအရ အချိန်ပိုအလုပ် လုပ်ကိုင်ခွင့်များ ပေးရမည်ဖြစ် သော်လည်း ည ၉ နာရီထက် ကျော်လွန်၍ အချိန်ပို အလုပ်မဆင်းခိုင်းကြရန် ၂၀၁၂ ဇွန်လ ၁၂ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ စက်ရုံပိုင်ရှင်များ အား တွေ့ဆုံ၍ ပြောကြားကြောင်း သိရသည်။

“ပြည်တွင်းက အလုပ်သမားတွေကို သူတို့ဆန္ဒရှိတယ်ဆိုရင် အလုပ်ရှင်တွေက အချိန်ပိုဆင်းခွင့်ပြုရမှာပါ။ ဒါပေမယ့် ည ၉ နာရီထက်ကျော် ပြီးတော့ ခိုင်းလို့တော့မရပါဘူး။ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် မကျော်ပဲနဲ့ တစ်ပတ်ကို ၄၄ နာရီထက် ပိုလုပ်ရမယ်ဆိုရင် အချိန်ပိုကြေးဆိုပြီး စေခိုင်း တာတွေ မလုပ်ရတော့ပါဘူး”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း၌ လုပ်ခလစာကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ (၁၁)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ကြား ပဋိပက္ခမျုား  ဖြစ်ပွားခဲ့သည့်အနက် လက်ရှိအချိန်တွင် စက်ရုံ (၁၀)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား သဘောတူညီချက်ရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းသို့ အကြံပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်သည့် နည်းဥပဒေနှင့် ဥပဒေများ မထွက်ရှိသေးသည်အချိန်ထိ အခြေခံလစာအား ၅၆၇၀၀ ကျပ် နှုန်းပေးရန် စက်မှုလက်မှုအသင်းအား အကြံပြုပြောထားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။

News Watch Journal
Posted: 24 Jun 2012 06:40 AM PDT

ရန်ကုန်၊ ဇွန် ၂၄

လွန်ခဲသော ငါးရက်ခန့်က ရန်ကုန် မြို့တော် စည်ပင် နယ်နမိတ်အတွင်း အများပြည်သူ အမှိုက် စွန့်ပစ်ရန် ထားရှိသော အမှိုက်ပုံးအချို့ ယခုရက်ပိုင်းအတွင်း ခိုးယူခံနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မီးဖိုချောင်ထွက် အမှိုက်များနှင့် စည်းကမ်းမဲ့ စွန့်ပစ်သော အမှိုက်များ လျော့နည်း သက်သာစေရန်နှင့် ပြည်သူများ စနစ်တကျဖြင့် သတ်မှတ် အမှိုက်ပုံးများတွင် လွယ်ကူစွာ စွန့်ပစ်ရန် အတွက် ရန်ကုန်မြို့အနှံ့တွင် ယင်းအမှိုက်ပုံးကြီး ၄၇၀ လုံးအား မြို့နယ်အလိုက် ချထားပေးခဲ့ ပြီးနောက်ပိုင်း ဗဟန်း မြို့နယ် ကမ္ဘာအေးဘုရား လမ်းဘေးတွင် ချထားသော ၆၆၀ လီတာဆန့် တန်ဖိုးကြီး အမှိုက်ပုံးကြီး တစ်လုံး ပထမဆုံး အခိုးခံရခြင်း ဖြစ်ကြောင်း အဆိုပါဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

"အမှိုက်ပုံး မရှိလို့ မထားလို့ ဆိုပြီး ပစ်ချင်ရာ ပစ်ခဲ့တယ်။ အခု အမှိုက်ပုံး ရှိပြန်တော့လည်း အခိုးခံရတယ်ဆိုတော့ အမှိုက်ပုံးတောင် ခိုးတဲ့သူက ဘယ်လို လူမျိုးလဲဆိုတာ စဉ်းစားဖို့တောင် မလိုဘူး။ ဒါကို စည်ပင်အနေနဲ့ ထိထိရောက် အရေးယူ သင့်တယ်။ ဒါမှမဟုတ် နောက်ထပ် အမှိုက်ပုံး မပျောက်အောင် ဘယ်လို စီမံမလဲဆိုတာ စဉ်းစားသင့်တယ်" ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်နေ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းအမှိုက်ပုံးကြီးများကို ရန်ကုန်မြို့တွင်းတွင် ယခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် လည်းကောင်း၊ ၂၄၀ လီတာဆန့် အမှိုက်ပုံး ၁၁၄၈ လုံးကို ဇွန်လ ၂၀ ရက်နေ့တွင် လည်းကောင်း စတင် ချထားပေးခဲ့ပြီး ဖြစ်ကြောင်း မြို့တော် စည်ပင်ဌာနက စုံစမ်းသိရှိ ရသည်။

“အများပြည်သူပိုင် ပစ္စည်း ဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၁ အရ အမှုဖွင့်ထားတယ်၊ နောက် ဒီပုံးတွေကို ဘယ်ကုမ္ပဏီကမှ တင်သွင်းထားတာ မဟုတ်တဲ့အပြင် ပုံးတွေမှာလည်း စည်ပင်တံဆိပ်တို့ သက်ဆိုင်ရာ မြို့နယ်ကုတ်တွေ ရိုက်ထားတယ်၊ မခိုးအောင် သံကြိုးလုပ်ဖို့ ဆိုတာကတော့ ပုံမှန် အမှိုက်သိမ်းရ တဲ့အတွက် မဖြစ်ဘူး။ နောက် လွယ်လွယ်ကူကူ အမှိုက်သိမ်း နိုင်အောင်လည်း ဘီးတွေ တပ်ထားသေးတယ်။ ဘာပဲဖြစ်ဖြစ် အမှိုက်ပုံး ခိုးတာ ကိစ္စမရှိပေမယ့် စည်ပင်လုပ်ငန်း တစ်ခုကို အနှောက်အယှက် ပေးတာ ပိုဆိုးတယ်”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော် သတင်းဌာန တာဝန်ရှိသူက ပြင်းထန်စွာ ရှုတ်ချ ပြောဆိုသည်။

အဆိုပါ အမှိုက်ပုံး ပျောက်ဆုံးမှုအတွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ယင်းမြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးရုံးက အမှုဖွင့် တိုင်ကြားထားသည်။

သတင်း - The Voice Weekly



ဓါတ်ပုံ - Popular Myanmar News Journal

Posted: 24 Jun 2012 06:04 AM PDT

SEAGP ဖက်စပ် ကုမ္ပဏီမှ ကူမင်း - ကျောက်ဖြူ စွမ်းအင် ပိုက်လိုင်း လယ်ယာမြေ လျော်ကြေးနှင့် ပတ်သက်သော သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းစဉ် - The Voice Weekly

မြန်မာနိုင်ငံအတွင်းကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်း လုပ်ကိုင်လျက်ရှိသည့် China  National Proleum Corporation (CNPC)မှ ပိုက်လိုင်း ဖြတ်သန်းရာဒေသများရှိ မြေလျော်ကြေး၊ လယ်ယာစိုက်ခင်းသီးနှံများ လျော်ကြေးငွေပေးအပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၂ ဇွန်လ ၂၄ ရက်နေ့ တွင် ဆီဒိုးနားပိာုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းဖြတ်သန်းရာဒေသများတွင် လယ်ယာလျော်ကြေးငွေပြဿနာများ တက်လျက်ရှိပြီး ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ပြေလည်မှုရရှိနိုင်စေရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

CNPC မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းသည် ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းကပင် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စတင်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ကျောက်ဖြူ-ကူမင်း စွမ်းအင်ပိုက်လိုင်းသည်လုပ်ကိုင်နိုင်ရန် CNPC မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

The Voice Weekly
Posted: 24 Jun 2012 05:51 AM PDT
WRITTEN BY ကိုနော်(ပုဂံ) | Weekly Eleven ဂျာနယ် 
(၁)
တစ်နေ့ ဂျာနယ်ဟောင်းများကိုရှင်းရင်းက နိုင်ငံခြားသတင်းနှစ်ပုဒ် ပြန်ဖတ်ကြည့်မိပါသည်။ သတင်းနှစ်ပုဒ်လုံး အရှေ့တောင်အာရှနိုင်ငံများမှ ဖြစ်သည်။ ကာလမှာ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်၏။  
သတင်းတစ်ပုဒ်မှာကား လာအိုနိုင်ငံ၏ သတင်း။ လာအိုနိုင်ငံတွင် ခရီးသွားလုပ်ငန်း ကောင်းမွန်လာသည့်အလျောက် ဟိုတယ်သစ်များ တည်ဆောက်ရန် လိုအပ်လာသည်။ သို့ရာတွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းမှ ပယ်ဖျက်မခံရရေးအတွက် သမိုင်းဝင် ရှေးဟောင်းမြို့တော် လွန်ပရာဘန်၏ ဗဟိုချက်၌ ဟိုတယ်သစ်များ တည်ဆောက်မည့်အစီအစဉ်အား လာအိုနိုင်ငံက ပယ်ဖျက်လိုက်သည့်သတင်းဖြစ်သည်။    
လွန်ပရာဘန်မြို့တော် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးရုံး အကြီးအကဲ မာနီဘွန်သွန်မာဘိုးက ပြည်ပရင်းနှီးမြှုပ်နှံများ၏ ဟိုတယ်သစ်များ ထပ်မံဖွင့်လှစ်ရေး တောင်းဆိုမှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လွန်ပရာဘန်မြို့သည် မဲခေါင်မြစ်အနီးတွင် တည်ရှိပြီး နှစ်ပေါင်း  ၇၀၀ သက်တမ်းရှိပြီဖြစ်ကြောင်း၊ သမိုင်းဝင် စေတီ၊ ပုထိုးများ၊ ပြင်သစ် ကိုလိုနီခေတ် အဆောက်အအုံဟောင်းများ တည်ရှိသော မြို့ဖြစ်ကြောင်း၊  နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာ လာရောက် လည်ပတ်ရာ ဒေသဖြစ်သည့်အပြင် နိုင်ငံသားများ၏အထွတ်အမြတ်ထား ရာနေရာဒေသတစ်ခုဖြစ်ကြောင်း သတင်းတွင် ပါရှိသည်။
ယူနက်စကိုကအဆောက်အအုံ သစ်များတည်ဆောက်ခြင်း၊ ပြင်ဆင် ဆောင်ရွက်ခြင်းတို့သည် လွန်ပရာ ဘန်၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေ အနှစ်များနှင့်ပတ်ဝန်းကျင်ကိုထိခိုက် စေနိုင်ကြောင်း သတိပေးပြီးနောက် တွင်ထိုသို့ဆောင်ရွက်လိုက်ခြင်းဖြစ် သည်။ သမိုင်းဝင်အဆောက်အအုံ အချို့အား ဟိုတယ်ဖွင့်လှစ်လိုသည့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား  ငှားရမ်းခဲ့မှုအတွက်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
နောက်ထပ်သတင်းတစ်ပုဒ်မှာ ဗီယက်နမ်နိုင်ငံမှ သတင်းဖြစ်သည်။ နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် လယ်ယာမြေများ မဆုံးရှုံးစေရေးအတွက် ဂေါက်ကွင်းသစ်များ တည်ဆောက်ခြင်းကို ပိတ်ပင်သွားရန် ဗီယက်နမ်အစိုးရက စီစဉ်နေသည့်သတင်း ဖြစ်သည်။   
ဖွံ့ဖြိုးတိုးတက်စ ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက်လာသည့်အလျောက် တစ်ပတ်လျှင် ဂေါက်ကွင်းတစ်ကွင်းမက တည်ဆောက်ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ရာ နိုင်ငံအတွင်းအသုံးပြုနေသော (သို့မဟုတ်) တည်ဆောက်ရန် စီစဉ်ထားသော ဂေါက်ကွင်းပေါင်း ၁၄၀ ကျော်အတွက် မြေဧကပေါင်း ၁၂၀၀၀၀ ကျော် အသုံးပြုရမည်ဖြစ်သည်။
သို့ရာတွင် ထိုအချိန်က ဗီယက်နမ်နိုင်ငံတွင် စာသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုများ ရှိလာသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနှင့် မြေအသုံးပြုခွင့် စံနှုန်းများ မပြည့်မီသည့် ဂေါက်ကွင်းသစ်များ ဆောက်လုပ်ခြင်းကို ခွင့်မပြုရန် တာဝန်ရှိသူများက စီစဉ်ခဲ့ရသည်။
ဂေါက်ကွင်းများသည် သဘာဝပတ်ဝန်းကျင်ကို ၀န်ထုပ်ဝန်ပိုး ကြီးမားစွာ ဖြစ်စေကြောင်း၊ ၁၈ ကျင်းပါ ဂေါက်ကွင်းတစ်ကွင်းသည် တစ်နေ့လျင် ရေ ၅၀၀၀ ကုဗမီတာ အသုံးပြုရပြီး ထိုပမာဏသည် အိမ်ထောင်စုပေါင်း နှစ်သောင်းအတွက် လုံလောက်ကြောင်း၊ ဓာတ်မြေသြဇာနှင့် အခြား ဓာတုပစ္စည်းများ အသုံးပြုမှုတွင်လည်း လယ်ယာစိုက်ပျိုခြင်းထက် သုံးဆပို အသုံးပြုရကြောင်း သတင်းတွင် ထည့်သွင်းရေးသားထားပါသည်။

ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများ မဆုံးရှုံးစေဘဲ ရှေးဟောင်းမြို့လေး တန်ဖိုးရှိရှိ ရှေ့ဆက်သွားနိုင်ဖို့ စဉ်းစားနေစဉ်မှာ ရှေးရှေးက သည်ရှေးဟောင်းမြို့လေး ခုလိုခန့်ခန့်ထည်ထည် ကျန်ရှိနေအောင် ဘယ်နည်း၊ ဘယ်ပုံ ကာကွယ်ခဲ့ကြသလဲ တွေးမိ၏  . . .
သတင်းနှစ်ပုဒ်ကို ဖတ်လိုက်မိပြီးနောက် ကျွန်တော်၏အတွေးများသည် ပုဂံဆီသို့ ရောက်သွားတော့၏။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ဒုနဲ့ဒေးတည်ရှိသော နေရာ၊ ယာတော၊ ထန်းတောတွေ သိုင်းကာ ၀ိုင်းကာနှင့် တည်ရှိသော ဒေသ၊ ထိုသို့သောဒေသ တွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များမှာလည်း ၀င်လာမစဲ တသဲသဲ....။

ဆိုတော့....ပုဂံရှေးဟောင်း ယဉ်ကျေးမှုမြို့တော်၏ အနာဂတ်အတွက် စိုးရိမ်စိတ် ၀င်လာမိသည်။ ခရီးသွားလုပ်ငန်း ဖြိုင်ဖြိုင်ကောင်းမွန်လာသော ရှေးဟောင်းမြို့လေးတွင် သူတို့ကဲ့သို့ ဟိုတယ်တွေ တည်ဆောက်ဖို့၊ လုပ်ငန်းတွေတိုးချဲ့ဖို့ အကြောင်းတရားများ ဖန်လာချေပြီ။ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေများ မဆုံးရှုံးစေဘဲ ရှေးဟောင်းမြို့လေး တန်ဖိုးရှိရှိ ရှေ့ဆက်သွားနိုင်ဖို့ စဉ်းစားနေစဉ်မှာ ရှေးရှေးကသည်ရှေးဟောင်းမြို့လေး ခုလို ခန့်ခန့်ထည်ထည် ကျန်ရှိနေအောင် ဘယ်နည်း၊ ဘယ်ပုံကာ ကွယ်ခဲ့ကြသလဲ တွေးမိ၏။
( ၂ )    
အေဒီ ၁၁ ရာစုတွင် ပုဂံ၌  ရှင်အရဟံနှင့် မင်းမြတ်နော်ရထာတို့၏ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာ ရောက်ရှိလာရာ ဂူပုထိုး၊ စေတီ၊ ကျောင်း၊ ကန်၊ လယ်ပယ်များ သူထက်ငါ အပြိုင်အဆိုင် ရက်ရောစွာ အလှူဒါန ပြုလာကြသည်။ အလှူဒါနပြုသူများသည် မိမိအလှူဒါနကို သာသနာငါးထောင်အထိ တည်တံ့ ခိုင်မြဲစေလိုကြသည်။ မိမိတို့ လှူဒါန်းသော ဂူပုထိုး၊ စေတီနှင့် မြေလယ်ပယ်များ၊ ထန်းပင်၊ ဥယျာဉ်၊ ကျွဲ၊ နွားများကို ဖျက်ဆီး နှောင့်ယှက်မည့်သူများဘေးမှ ကင်းဝေးကာ ရေရှည်တည်တံ့စေရေးအတွက် အားကိုးအားထားပြုရာတွင် ကျိန်စာ သည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ပေလိမ့်မည်။
အလှူရှင်များ ရေးထိုးခဲ့သည့် ကျောက်စာများတွင် အလှူမှတ်တမ်း၊ ဆုတောင်းစာများနှင့်အတူ သူတို့၏ အလှူဒါနကို မဖျက်ဆီးစေရန် ကျိန်စာများ ထည့်သွင်းရေးထိုးခဲ့ကြသည်။    
ထင်ရှားသော ကျောက်စာတစ်ချပ်မှာ နရပတိစည်သူမင်းကြီး၏ မိဖုရား ဝေဠုဝတီကောင်းမှု နားတောင်းတပ်ဘုရား ကျောက်စာဖြစ်သည်။ နားတောင်းတပ်ဘုရားသည် စူဠာမဏိဘုရားမြောက်ဘက်တွင် တည်ရှိပြီး ဘုရားအတွက် မြေများ၊ ကျွန်များ၊ နွားများကိုလည်း လှူဒါန်းခဲ့သည်။ ထိုကျောက်စာတွင်--
''ငါ့ကောင်းမှုကို ဖျက်သောသူကား အမျိုးခုနစ်ဆက် ညက်ညက် ပြုန်းတီးပျက်စီးစေသော် အ၀ီစိအထဲ ငရဲကျက်၍ ချွတ်လည်း မကျွတ်တတ်သည့် ငရဲသစ်ငုတ်လျင် ဖြစ်စေသတည်း။ ငါ့ကောင်းမှုကို ချီးပင့်သောသူကား ငါနှင့်ထပ်တူလျှင် ရကြပါစေသတည်း'' ဟူ၍ အလှူရှင်က ရေးထိုးခဲ့သည်။
w7_38_06_1
ထို့အတူ ပုဂံသမိုင်းတွင် မနူဟာဘုရားကိုတည်ခဲ့သော မနူဟာမင်း ကျောက်စာ၊ တူရွင်းတောင်တွင် ဂူပြု၍ မြေနှင့် ထန်းပင်များကို လှူဒါန်းခဲ့သော မိဖုရားအိုဝ်ပြည့်သင် ကျောက်စာ၊ အာမနာမြေအရပ်၌ ဂူဘုရား၊ ကျောင်းနှင့် လယ်များစွာ လှူဒါန်းခဲ့သည့် တရုတ်ပြေးမင်းကြီး၏ အမတ်ကျောက်စာ၊ မင်းနန်သူဘုရား မြောက်ဘက် ထိလုကုန်းဘုရားအနီး လယ်မြေအမြောက်အမြားနှင့် ကျွန်များ လှူဒါန်းခဲ့သည့် စတုရင်္ဂဗိဇယ်ဇနီး မောင်နှံကျောက်စာ စသည့် ထိုထိုသော ကျောက်စာများတွင် မိမိအလှူဒါနများကို မလိုသူများက ထိခိုက်ဖျက်ဆီး မည့်ဘေးမှ ကင်းဝေးစေရန် ကျိန်စာများကို အရံအတားအနေဖြင့် ယုံကြည်အားကိုးစွာ ရေးထိုးခဲ့ကြသည်။
''ငါ့အလှူကို ဖျက်ဆီးသောသူကား သိဥ္ဇိုးစသော ငရဲကြီးရှစ်ထပ်၌ ကျက်စေ၏။ ကမ္ဘာလျှင်လောင်သော်လည်း မလောင်ရာသော စကြ၀ဠာ၌ရှိသော ငရဲကြီးရှစ်ထပ်သို့ ကျက်စေလေ၏။ ငရဲသစ်ငုတ် ဖြစ်စေ၏။ 
''ဤငါပြုသော ကောင်းမှုကို ဖျက်သောသူကား လေးသောင်းမြေပုံလုံးမျှ ကြုံမကလျှင် အ၀ီစိမည်သော ငရဲကြီးတွင် ကျက်စေသတည်း၊ အကမ္ဘာသောဘုရားလည်း မဖူးရစေသတည်း။ စားချင်လျက် မစားရတတ် သောက်ချင်လျှက် မသောက်ရတတ် ဘုရားတကာ ကာ မချွတ်နိုင် ခြောက်ပြိတ္တာကြီးလျှင် ဖြစ်စေသတည်း။''
''---ငါ့မြေကိုစားသော ယောက်ျားလည်းကောင်း၊ မိန်းမလည်းကောင်း သေခဲ့သော် အထူလည်း အရက် (၆၀)သွား အလျားအနံ(၆၀) သွားသော ကျောက်ဖျာကြီးအတွင်း ခါးရွှေ့နစ်လျက် ရေလည်းမရ အစာလည်းမရ လျှာငါးလံထွက်လျက် ခံစေသတည်း။---''စသည်ဖြင့် အလှူရှင်တို့သည် ခေတ်အဆက်ဆက် မမျှော်မှန်းနိုင်သော ဖျက်ဆီးမည့်ရန် သူများဘေးမှ ကာကွယ်ရန် ကြောက်ခမန်းလိလိ ကျိန်စာများ ရေးထိုးဟန့်တား ကာကွယ်ခဲ့ကြသည်။
သာသနာတော်ထွန်းကား ပြန့်ပွားလာသည့်အလျောက် သုံးလောက ထွတ်ထားမြတ်ဘုရားအား ရည်စူးလှူဒါန်းသော စေတီ၊ ဂူပုထိုး၊ ကျောင်း၊ ကန်များ၊ လယ်မြေ၊ ကျွှဲ၊ နွား၊ ဥယျာဉ်နှင့် ကျေးကျွန်များလည်း ပုဂံမြေတွင် တစ်စထက်တစ်စ များပြားလာခဲ့သည်။
သို့ဖြစ်ရာ ထိုကာလ၌ အလှူရှင်များ ရင်ဆိုင်ကြရသည့် အန္တရာယ်တစ်ပါးက ရှိသေးသည်။ အခြားသူကား မဟုတ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူပင် ဖြစ်သည်။

ပုဂံပြည်တွင် သာသနာ့မြေသည် တစ်နေ့တခြား ကြီးမားကျယ်ပြန့်လာသည့်အလျောက် တစ်ဖက်တွင် မင်းဘဏ္ဍာသည် တဖြည်းဖြည်း ယုတ်လျော့လာသည်။ သာသနာ့မြေသည် မင်းဘဏ္ဍာအတွက် အခွန်အတုတ် မရ။ ကျစွာမင်း (အေဒီ ၁၃) တက်ပြီး မကြာခင်မှာ နိုင်ငံတစ်ဝန်း လုံးတွင်ရှိသော သာသနာ့မြေများကို သိမ်းသည်။ ထိုအခါ ဇေယျသွတ်တောကျောင်းရဟန်းများက ကန့်ကွက်၍ ကျစွာမင်းနှင့် ရဟန်းများ အမှုဖြစ်သည်ဟု ဆိုသည်။

ခရီးသွားလုပ်ငန်း ကြီးမားကျယ်ပြန့်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၌ ရှေးက ဘိုးဘွားစဉ်ဆက်တို့၏ ကောင်းမှု အလှူဒါနများဖြစ်သော၊ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များကို မထိပါးမိစေရန်နှင့် အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေရန် ကျွန်တော်တို့ လက်ရှိ မျိုးဆက်သစ်များမှ ကာကွယ်ကြရမည်  . . .
ကျစွာမင်းသည် ထိုအမှုကို အဖွဲ့ဝင် ခြောက်ဦးပါသော အဖွဲ့ ဖွဲ့စေပြီး စစ်ဆေးစေသည်။ အဖွဲ့သည် ကျစွာမင်းရှုံးကြောင်း ဆုံးဖြတ်ပြီး သိမ်းသည့်မြေများကို ကျောင်းသို့ ပြန်လှူစေခဲ့ကြောင်း သိရသည်။ ထိုသို့ မင်းနှင့် ရဟန်း သာသနာ့မြေကိစ္စ အမှုအခင်းများ ပုဂံခေတ်တွင် အများအပြား ဖြစ်ပွားခဲ့ရာ ရဟန်းကသာ အများဆုံး အနိုင်ရခဲ့ကြောင်း သိရသည်။ ထိုသို့သော မြေယာအမှု အခင်းများနှင့် စပ်လျဉ်း၍ နရသီဟပတေ့မင်း ထုတ်ဆင့်သော အမိန့် ကျောက်စာတွင်--
''ရတနာသုံးပါးမြေမှ ငါ့မြေသို့ ဆံခြည်တစ်တန့်မျှ မ၀င်စေနှင့်၊ ငါတို့မြေက ရတနာသုံးပါးမြေသို့ ၀င်သကား (အပြစ်အထူးမရှိပြီ)သခင်တို့ မြေခြား အမြဲအမြံတိုင် ဆောက်ပါလေ''(ဒေါက်တာသန်းထွန်း၏ ပုဂံခေတ် တရားဥပဒေမှ)ဟူ၍ပင် ကြေညာခဲ့သည်။
( ၃ )    
ထိုသို့ပင် ပုဂံခေတ်က အလှူရှင်များ၊ ရဟန်းများသည် မိမိတို့၏ အလှူဒါနဖြစ်သော သာသနိက အဆောက်အအုံများ၊ ဂူပုထိုး၊ စေတီများ၊ လယ်မြေများ၊ ထန်းတောများ၊ ကျေးကျွန်နှင့် ကျွဲ၊ နွားများကို သာသနာအဓွန့်ရှည်သရွေ့ တည်တံ့စေရန် ကြံဆောင်ခဲ့ကြလေသည်။
ခေတ်ကာလများစွာကို ဖြတ်သန်းလာပြီးနောက် နှစ်ပေါင်းထောင်ချီ ကြာမြင့်လာသောအခါ၌ ပုဂံသာသနာ့နယ်မြေကြီးသည် ကမ္ဘာက တန်ဖိုးထားရသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေကြီး ဖြစ်လာပေပြီ။ 
ယခုအခါ ထိုပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည်များ ဥဒဟို လာရောက်လည်ပတ်နေကြရာ ခရီးသွားလုပ်ငန်းသည်လည်း ကောင်းမွန်စပြုလာသည်။ ကျွန်တော်တို့ သတိချပ်ရန်ကား ခရီးသွားလုပ်ငန်း ကြီးမားကျယ်ပြန့်လာခြင်းနှင့် အတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ရှေးက ဘိုးဘွားစဉ်ဆက်တို့၏ ကောင်းမှု အလှူဒါနများဖြစ်သော၊ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်မျာ ကို မထိပါးမိစေရန်နှင့် အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေရန် ကျွန်တော်တို့ လက်ရှိမျိုးဆက်သစ်များမှ ကာ ကွယ်ကြရမည်ဖြစ်သည်ကို မေ့လျော့ မသွားစေရန်ပင်။ လာအိုမှာကဲ့သို့၊ ဗီယက်နမ်မှာကဲ့သို့ သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လယ်ယာမြေများကို ထိန်းသိမ်းကာကွယ်သွားရမည်။
စာကိုး - Weekly Eleven ဂျာနယ် ဟောင်းများ၊ ဒေါက်တာသန်းထွန်း၏ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲနှင့် ကိုယ်ပိုင်မှတ်စုများ။
Posted: 24 Jun 2012 05:20 AM PDT

ရန်ကုန် မြောက် ဥက္ကလာပ မြို့နယ်၊ ၈ ရပ်ကွက်နေ (၃၅)နှစ် အရွယ် အမျိုးသမီး တစ်ဦးအား တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးထံ ယွမ်လေးသောင်း (ကျပ် ၅၂ သိန်းဝန်းကျင်) ဖြင့် ရောင်းချမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး  အစိုးရ
အဖွဲ့မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ စတိုးဆိုင်၌ တစ်လလျှင် နှစ်သိန်းကျပ်နှင့် နေ့စဉ်ဘောက်ဆူးငွေ တစ် သောင်းကျပ်ရရှိမည်ဟု မ/၄၁၊ ၀ဏ္ဏကျော်စွာလမ်း၊ ၁၄ ရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်၊ မြောက် ဥက္က လာပမြို့နယ်နေသူ ဒေါ်မြတ်မြတ်လွင်က သွေးဆောင်စည်းရုံးခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီ ၁၀ ရက်တွင် ယင်းမြို့သို့ပို့ဆောင်ခဲ့သည်။

မေ ၁၅ ရက် လူကုန်ကူးခံရသူ၏ ဖခင်ဖြစ်သူ ဦး-- သည် သမီးဖြစ်သူနှင့် အဆက်အသွယ် ရရှိကာရောင်းချခံလိုက်ရသည်ကို သိရှိရ၍ လူကုန်ကူး(အထူး)အဖွဲ့ရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဒေါ်မြတ်မြတ်လွင် အပေါ် အရေးယူပေးရန် ရကရ လူကုန်ကူးအထူးအဖွဲ့၊ ရဲအုပ်အောင်စိုးက  တရားလိုပြုလုပ်တိုင်တန်းမှုအား မြောက်ဥက္ကလာပရဲစခန်းက (ပ)၆၆၃/ ၁၂၊ လူကုန်ကူးပုဒ်မ-၂၄ ဖြင့် ၂၀၁၂ ဇွန် ၁၇ ရက်၊ ည ၇ နာရီမိနစ် ၂၀ အချိန်တွင် အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်အောင်မြင့်ဦးက တရားခံဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးခံရသော (၃၅) နှစ်အရွယ် မ--- ကိုလည်း ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

by 7Day News Journal
Posted: 24 Jun 2012 05:09 AM PDT
မြ၀တီမြို့ လယ်ကောင်မှာ တိုက်ပွဲဖြစ်ပွါးခဲ့စဉ် မြင်ကွင်းတခုပါ
ဇွန်(၂၄)မွန်းလွဲပိုင်းအချိန်တွင် မြ၀တီမြို့လယ်ကောင်ရှိ အင်ပါယာ ရွှေဆိုင်အား အမည်မသိလူတစ်စုမှ သေနပ်နှင့်ပစ်ဖောက်၍ လုယက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြ၀တီမြို့ခံတစ်ဦးထံမှသိရသည်။

"သေနပ်သံ သုံးလေးချက်လောက်ပစ်ဖောက်ပြီး သိပ်မကြာဘူး ဆိုင်ထဲကပြန်ထွက်လာကြတယ်။ ဘယ်သူမှ ဘာမှမလုပ်ရဲကြဘူး။ ချောင်းကြည့်နေကြရတယ်"ဟု ထိုပုဂ္ဂိုလ်ကပြောသည်။


ဟိုင်းလပ်ကားတစ်စီးနှင့် နောက်ထပ်ကားငယ်တစ်စီး ရွှေဆိုင်ရှေ့သို့ အရှိန်ပြင်းပြင်းနှင့် ရပ်လိုက်ပြီးနောက်၊ ဆိုင်တွင်းသို့ သေနပ်များကိုင်ကာ ၀င်သွားကြပြီးနောက် သေနပ်ဖောက်သံများကြားရကာ၊ မှန်ခွဲသံများကြားရပြီးနောက် ယင်းအုပ်စုဆိုင်ထဲမှပြန်ထွက်လာကြပြီး ကားများကိုမောင်းပြေးသွားကြခြင်းဖြစ်ကြောင်းသိရသည်။

အင်ပါယာရွှေဆိုင်သည် မြ၀တီဈေးကြီးရှေ့ ဘုရင့်နောင်လမ်းမပေါ်တွင်ရှိပြီး၊ လူအစည်ကားဆုံးအချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လောလောဆယ်တွင်မူ မြ၀တီချစ်ကြည်ရေးတံတားပေါ်တွင် ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်စစ်ဆေးလျှက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Popular Myanmar News
Posted: 24 Jun 2012 01:05 AM PDT
                                              ဦးအောင်ဆန်းဦး နဲ့ ဇနီး

မြန်မာနိုင်ငံ မှ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ဇွန်လ ၂၂ ရက် နေ့ က သား နဲ့ သမီး ဖြစ်ကြ လို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ အမိန့်ချမှတ် လိုက်ပါတယ်။

 မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွေကို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင် ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

၁၉၅၃ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်း များလွှဲပြောင်းရေး ဥပဒေ အရ လိုက်နာ ဆောင်ရွက်ရာမှာ နိုင်ငံခြားသား မှ တောင်းဆိုခွင့် မရပါ။ ရွှေ့ပြောင်း နိုင်သော ပစ္စည်း စတဲ့ မော်တော်ကား၊ လက်ဝတ်ရတနာ၊ အတွင်းပစ္စည်း နဲ့ ငွေကြေး စတဲ့ အပေါ် မှာသာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ အရ အညီအမျှ ခွဲဝေ ပေးနိုင်ကြောင်း ဦးမင်းလွင် ဦး က ပြောပါတယ်။

မရွှေ့မပြောင်း နိုင်တဲ့ ပစ္စည်း ဆိုရာမှာ အိမ်ယာမြေ၊ မြေပေါ် စွဲကပ်နေတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ၁၉၅၃ ခု ဥပဒေ အရ ဆောင်ရွက်ရာမှာ ဦးအောင်ဆန်းဦးက အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးပါက မိဘ အမွေကို တဝက်ပိုင်ဆိုင်ရှိ တယ် လို့ ဥပဒေ က ဆုံးဖြတ်ပေမယ့် နေအိမ် ပိုင်ဆိုင်မှု အပေါ် အခွင့်အရေး တောင်းဆို လို့ မရနိုင်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင် ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘီဘီစီ မြန်မာပိုင်း
Posted: 23 Jun 2012 07:32 PM PDT

ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်ရွာတွင်ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများနှင့်လူဆယ် ဦးသတ်မှု တို့တွင် ပါဝင်သူအကြမ်းဖက် သမား တစ်ရာကျော် ကို ဖမ်းဆီးပြီး စစ်တွေထောင်သို့ ပို့ဆောင်ထား ပြီး ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီဥက္ကဌ ဦးမောင်လှမြင့် ကဆိုသည်။

အဆိုပါလူသတ်မှုနှင့်အ ကြမ်းဖက်မှုတွင်  ပါဝင်ခဲ့သူများမှ(၂၂) ဦးကို ဇွန်(၂၁)ရက်နေ့က  ဖမ်းဆီးခဲ့ပြီး ထွက်ပြေးနေသူများ  ထဲမှ(၃၁)ဦးကို ဇွန်(၂၂) ရက်နေ့က ဆက်လက်ဖမ်း ဆီးနိုင်ခဲ့ပြီးနာက် ထပ်မံ၍  ပါဝင်သူ (၅၀)ဦး ကျော်ကို ဇွန်လ(၂၃)ရက်နေ့ကဖမ်း ဆီးခဲ့ သဖြင့် ပြစ်မှု ဆိုင်ရာ  ပုဒ်မ -၃၀၂(က) /၁၁၄၊ပုဒ်မ-၂၁၁၊ ပုဒ်မ-၅၀၆  တို့ အပါအဝင်အခြားပြစ်မှုများဖြင့်ဖမ်းဆီးခဲ့ပြီး စစ်တွေ အကျဉ်းဦးစီး သို့ပို့ ဆောင်ထား ပြီးဖြစ်ကြောင်း သိရ သည်။

''ဖမ်းမိတဲ့သူတွေကို စစ်တွေထောင်ချုပ်ကိုပို့တယ်လို့ပြော တယ်။ဒီနေ့လည်းထပ်ပြီး ဖမ်းမိ တယ်လို့ကြားတယ်။ ဘယ်သူတွေက တရားလိုပြုတယ် ဆိုတာတော့ သေချာမသိဘူး'' ဟုရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်းသားများ  တိုးတက် ရေးပါတီဥက္ကဌဦးမောင်လှမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွား ပုံမှာဇွန်လ(၁၉) ရက်နေ့ နံနက်(၆) နာရီခန့်တွင်ရသေ့တောင်မြို့ နှင့် ငါးမိုင်ခန့် ကွာဝေးသည့်  ကူတောင် ရွာအနီးအိမ်ခြေ(၁၀)လုံးဝန်း ကျင်သာ ရှိသည့်ကူတောင်အောက်ရွာသို့  အ နောက်ပြင် ရွာမှ အကြမ်းဖက်  သမား တစ်ရာကျော်က နေအိမ်များကို မီး ရှို့ရန်ဝိုင်းထား ခဲ့ပြီးမီးရှို့နေစဉ် ကူတောင်ရွာ နှင့်ဦးဂါရွာတို့မှဒေသခံ များကသိရှိပြီးအဆိုပါရွာများမှ ရွာသားနှစ်ရာခန့်က ပြန်လည်ခုခံ ရန်ဒုတ်၊ ဓါးများ ကိုင်ဆောင်ကာ  ကူ တောင်အောက်ရွာသို့သွားရောက် ခဲ့ကြောင်းသိရသည်။

ထိုသို့ရောက်ရှိစဉ်အနောက်ပြင်ရွာမှ အကြမ်းဖက်သမားများ က၎င်းတို့နေထိုင်ရာ အနောက် ပြင်ရွာသို့ပြန်လည်ထွက် ပြေးသွားခဲ့ ပြီးထိုသို့ထွက်ပြေး သူများ နောက်သို့   ကူတောင်ရွာနှင့် ဦးဂါရွာမှ ရွာသား များကလိုက်သွား ခဲ့သည်ဟုဆိုသည်။ထို့နောက် အနောက်ပြင်ရွာသို့ ရောက်ရှိသွားကြပြီး  အနောက်ပြင် ရွာသားများက ၄င်တို့ရွာထဲသို့ ပြေး ဝင်သွားပြီး  ခဏအကြာတွင်သေနက် ပစ်ဖောက်သံ တစ်ချက်ကြား ရပြီး အချက်ပေး ဝီစီများမှုတ်အပြီးတွင် အနောက်ပြင်ရွာမှရွာသား(၆၀၀) ကျော်ခန့်ထွက် ရှိလာ ၎င်းတို့နောက် သို့လိုက်ပါလာ သည့် ကူတောင်ရွာ နှင့်ဦးဂါရွာသားများက လူအင်းအား နည်းသည့် အတွက် ထွက်ပြေးကြရာ မှ တစ်ဦးနှင့်တစ်ဦး တိုက်မိခြင်း၊လဲကျ ခြင်း တို့ကြောင့် ကျန်ရှိခဲ့သည့် (၁၀) ဦးအား အနောက်ပြင်ရွာသားများက  သတ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ရသေ့ တောင်မြို့နယ်မှ ဒေသခံက ဆိုသည်။

အခင်းဖြစ်ပွားရာနေရာ သို့ တပ်မတော်မှ(၉)နာရီ(၁၅)မိနစ်  တွင်အခင်းဖြစ်ပွားပြီးချိန်တွင် ရောက်ရှိသွား ကြောင်း၊ အနောက်ပြင် ရွာမှရွာသား တစ်ဦးမှ တူးမီးသေနက် တစ်လက်အား ရဲတပ်ဖွဲ့အား အပ်နှံခဲ့ ကြောင်း၊ထိုသို့ဖြစ်ပွားနေစဉ်အနောက်ပြင်ရွာမှရွာသားများ က၎င်းတို့ နေအိမ်များကို ကောက်ရိုး များ နှင့် ကိုယ်တိုင်မီးရှို့ခြင်း၊၎င်းတို့နေအိမ် များကိုကိုယ်တိုင်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြ သည် ဟုဒေသခံ ဖြစ်သူ ဦးမောင်သန်းမြင့် ကဆို သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌဒေါက်တာ အေးမောင်က''ဒီရသေ့တောင်ကိစ္စ က လုံခြုံရေးနဲ့တရား ဥပဒေစိုးမိုးရေး အားနည်းနေသေး တဲ့အတွက်ဒီ လို ထပ်မံဖြစ်ပွား နေတာဖြစ်တယ်။ လက်ရှိတာဝန်ယူ ဆောင်ရွက်နေတဲ့ အစိုး ရမှာရော၊ အခြေခံ ဥပဒေ  အရ သမ္မ တကအကူအညီတောင်း ခံထား တဲ့ တပ်မတော်မှာ  ရောတာဝန်ရှိပါတယ် လို့ ပဲမြင်တယ်''ဟုဆိုသည်။

ဝေမာသိမ့် (Yangon Media Group)

Posted: 23 Jun 2012 12:47 PM PDT

...

No comments:

Post a Comment