Friday, June 1, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၊၆)

သစ်ထူးလွင်


Posted: 01 Jun 2012 04:53 AM PDT

မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန်မှတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။

By ဗွီအိုအေ မြန်မာပိုင်း 
Posted: 01 Jun 2012 03:34 AM PDT
အောင်ကိုကိုလတ် (မြစ်မခ)
ဇွန်(၁)ရက်၊ ၂၀၁၂ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီးတွင်း (၂၄)နာရီ အချိန်ပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရွှေလီ-မန်စံမှပေးသော ဓာတ်အား ပေါ်မူတည်ကာ   နေပြည်တော် အမှတ်(၂)လျှပ်စစ်ဝန်ကြီင်္းဌာန၏ ညွှန့်ကြားချက်ရရှိမှသာ ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊အမှတ်-(၂) လျှပ်စစ်ဝန်ကြီးဌာနက သိရှိရသည်။

‘’ ရွှေလီ-မန်စံကပေးပို့တဲ့ ဓါတ်အားပေါ်မူတည်ပြီးတော့ နေပြည်တော်က ညွှန်ကြားချက်အပေါ်မူတည်ပြီး လျှပ်စစ်မီးပေးသွားမှာပါ” ရန်ကုန်တိုင်း၊အမှတ်-(၂)လျှပ်စစ်ဝန်ကြီးဌာနမှ ဗိုလ်မှူးကျော်ဋ္ဌေးမြင့်ကပြောသည်

လက်ရှိတွင် မေလအတွင်း မိုင်းခွဲဖျက်ဆီးခဲ့သော ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းရှိ တာဝါတိုင် များမှ  တာဝါတိုင်အမှတ် ၇၃၊၂၀၆၊၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ တို့အား မေ လကုန်ပိုင်းတွင် ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ပြီး တာဝါတိုင်အမှတ် ၂၀၇ အား ပြင်ဆင်ရန် ၄၀%သာ ကျန်ရှိကြောင်း အမှတ်(၂)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၏သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးအချိန်ပိုင်းမျှဝေပေးသော်လည်း မီးဖြတ်တောက်ချိန် သာတိကျပြီး မီးပေးမူတွင် အချိန်တိကျခြင်းမရှိကြောင်း ရပ်ကွက်နေပြည်သူများထံက သိရှိရသည်။

“ကျွန်မတို့ မြောက်ဒဂုံမှာဆို အချို့နေရာတွေမှာ မီးဖြတ်ချိန် (၅)နာရီဆို တစ်မိနစ်တောင်မစွန်းဘူး။ မီးပေးချိန် ကျတော့ ၁၁နာရီဆိုရင် (၁) နာရီလောက်မှလာတယ်။ နောက် (၂)နာရီလောက်ပြန်ပြတ်တယ်။ (၄)နာရီ ခွဲ လောက် ပြန်လာပြီး (၅) နာရီဆိုတာနဲ့ ပြန်ပြတ်တယ်။ အခုရက်ပိုင်းတွင်းကို ၄-၅ ရက်လောက်ဖြစ်နေတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း(၄၃)ရပ်ကွက်မှ ဒေါ်စံပယ်က ပြောသည်။

လျှပ်စစ်မီးဖြတ်ထောက်ချိန် တိကျသော်လည်း လျှပ်စစ်မီးမျှဝေပေးချိန် မတိကျခြင်းကြောင့် မီးလာချိန်အားကိုး နေရသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“အချိန်ပိုင်း ပေးနေတာပါ။ ဒါပေမယ့် ရပ်ကွက်ထဲမှာရှိတဲ့ ထရမ်စဖော်မာပုံးတွေ ပျက်တာတို့၊ ဆားဗစ်ကြိုးတွေ ပျတ်တာတွေကို   ပြင်ဆင်နေရလို့ပါ။ ပြင်ဆင်ပြီးတဲ့အချိန်မှာ မီးပေးချိန်အတွင်းမှာ မီးပေးချိန်ရှိသေးတယ်ဆိုရင် ဆက်လွတ်ပေးပါတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီးအချိန်ပိုင်းမျှ ဝေးပေးမူကို မေလ (၂၀)ရက်နေ့နောက်ပိုင်းမှ စတင်ခဲ့ပြီး နံနက်( ၅)နာရီ မှ (၁၁)နာရီ၊ ညနေ (၅)နာရီမှ ည(၁၁)နာရီသို့ အချိန်ပိုင်းပြောင်းလဲပေးခဲ့ပြီး တစ်နေ့လျှင် (၆)နာရီ လျှပ်စစ်မီး ဖြတ်တောက်ထားသည်။

“ကျွန်တော်တို့ သံလျင်ဘက်မှာတော့ ဆန္ဒပြလိုက်တဲ့ပြီး (မေ ၂၇) နောက်ရက်ကတော့ မီး တနေကုန် လာတယ်။ အခုတော့ အရင်ကထက် တစ်နာရီ နှစ်နာရီလောက် ပိုပေးနေတာကိုတွေ့ရတယ်။ မိုးတွင်းလည်း ရောက်ပြီး၊ လျှပ်စစ်တာဝါတိုင်တွေလည်း   ပြန်ပြင်ပြီးလောက်ပြီဆိုတော့ လျှပ်စစ်မီးအချိန်ပြည့် ပြန်ပေးသင့် တယ်” ဟု သံလျင်မြို့နယ်မှ ဒေသခံ ကိုကျော်ကြီးက ပြောသည်။

ရန်ကုန်တိုင်းတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင်မူ မီးဖြတ်ထောက်မှုကို မေလ (၁၉) ရက်မှစတင်ကာ ၂၄ နာရီ လျှပ်စစ်မီးဖြတ်ထောက် ထားကြောင်း သိရသည်။

မေလ (၁၉)ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ မိုင်းခွဲခြင်းကြောင့် ပျက်ဆီးခဲ့သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းတိုင်များမှာ မေလကုန်ပိုင်းတွင် ပြုပြင်မှုများအပြီးဆောင်ရွက်ရန်ယာထားကြောင်း သိရှိရသည်။
Shwe Myitmakha Media Group
Posted: 01 Jun 2012 03:30 AM PDT
ဥာဏ်ဥာဏ် (မြစ်မခ)
မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စပါးစိုက်တောင်သူများစပါးရိတ်သိမ်းပြီးထွက်ရှိလာသည့် နွေစပါး များအား ၀ယ်လက်မရှိ၍ အခက်အခဲများ ကြုံတွေ့လျှက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။

စပါးရိတ်ခ၊ သယ်ခ၊ ခြွေလှေ့စရိတ်၊ လယ်ယာလုပ်သားစရိတ်အစရှိသော ကုန်ကျစရိတ်များပေးချေရန် တောင် သူများမှာ   ငွေကြေးလိုအပ်၍   ရိတ်သိမ်းမည့်စပါးများကို ရောင်းချရာတွင် ၀ယ်ယူမည့်သူမရှိ၍ ငွေပေးချေရန် အခက်အခဲရှိနေခြင်းဖြစ်သည်။

“စပါးကလည်း ရွှေသွယ်ရင်တင်းတစ်ရာကို နှစ်သိန်းလေးသောင်း၊ မနောသုခ နှစ်သိန်းခြောက်သောင်းပဲရှိတယ်၊စပါးရိတ်တဲ့လူကလည်း   ရိတ်ပြီးတာနဲ့ ငွေတန်းလိုချင်တယ်၊ တောင်သူဆိုတာက ငွေပိုငွေလျှံမရှိဘူး၊ စပါးက လည်း ရောင်းမရတော့ မရှိရှိတာလေးတွေ   ပေါင်နှံပေးရတယ်”ဟု ပဲခူးတိုင်းဒိုက်ဦးမြို့နယ်တွင်းရှိ ရှမ်းစုကျေးရွာမှ ဦးတင်အောင်ကပြောသည်။

စပါးစိုက်တောင်သူများအနေဖြင့် စပါးဝယ်ယူသူများကို(၇)ရက်(၈)ရက်အကြွေးရောင်းပေးနေရပြီး နေ့စဉ် စပါးဝယ်သူအား   မျှော်နေကြောင်းကိုလည်း သိရှိရသည်။

“ကျွန်တော်တို့ ပွဲစားတွေအနေနဲ့ နွေစပါးဆိုတာ တင်းရေများများဝယ်ထားလို့ အဆင်မပြေဘူး၊ ပြီးတော့ရာသီ ဥတုကလည်း အဆင်မပြေတော့   နွေစပါးက မိုးမိတာတွေရှိတော့ ၀ယ်လို့သိပ်အဆင်မပြေဘူး”ဟု ပဲခူးမြို့ပေါ်ရှိပွဲစား ကိုဌေးဝင်းကပြောသည်။

ယခုအချိန်သည် နွေးစပါးရိတ်သိမ်းချိန်တွင် မိုးတစ်ပြိုက်၊ နှစ်ပြိုက်နေ့စဉ်ရွာသွန်းလာသည့်အခါ စပါးများမိုးမမိ

စေရန် ဆောင်ရွက်နေရသောကြောင့် တောင်သူများနှင့် စပါးပွဲစားများပါ အနည်းငယ်ဒုက္ခရောက်နေကြောင်း ရခြင်းဖြစ်သည်။

Shwe Myitmakha Media Group
Posted: 01 Jun 2012 03:31 AM PDT
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများအား ရန်ကုန် ၀န်ထမ်းများနည်းတူ လစာတောင်းဆိုမှုအတိုင်း လိုက်လျှောခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ ကြားတွင် ကြား ၀င်ဖြန်ဖြေပေး   မှုကြောင့် MGS မန္တလေးစက်ရုံမှုးက လစာတိုးပေးပါမည်ဆိုသည့်အကြောင်းအား  အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများရှေ့တွင် စာချုပ်ချုပ် လက်မှတ်ရေးထိုးကာ ကတိပေးခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများ လစာတန်းတူ ရလိုမှုဖြင့် စက်ရုံပြင်ပတွင် အလုပ်မဆင်းပဲ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

အဆိုပါကုမ္ပဏီသည် စတားအချိုရည်ကုမ္ပဏီဖြစ်ပြီး ၀န်ထမ်းများကိုလစာတိုးပေးရာတွင် ရန်ကုန်နှင့် တန်းတူ မပေးပဲ လျှော့ပေးခဲ့သဖြင့် အလုပ်သမားများက အလုပ်မဆင်းပဲ ကန့်ကွက်ဆန္ဒထုတ်ဖေါ်ပြသခဲ့ခြင်းဖြစ်သည် ဟု ဆန္ဒ ထုတ်ဖေါ်သည့်ဝန်ထမ်းများက ဆိုသည်။

‘’ခုဖြစ်နေတဲ့ပြသနာက ၀န်ထမ်းတွေကို လစာတန်းတူ တိုးမပေးလို့ဖြစ်တာပါ၊ ရန်ကုန်မှာတော့ အဆင့်တစ်ရော နှစ်ရောကို   နှစ်သောင်း တိုးပေးပြီး မန္တလေးမှာကြတော့ အဆင့်တစ်ကို တစ်သောင်းနှစ်ထောင့်ငါးရာနဲ့ အဆင့်နှစ်ကို တစ်သောင်းခွဲပဲ တိုးပေးတယ် “ဟု စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖေါ်နေသူ အမျိုးသားဝန်ထမ်း တစ်ဦးက ပြောသည်။

ယနေ့ဖြစ်ပေါ်ခဲ့သော ဆန္ဒထုတ်ဖေါ်မှုတွင် ၀န်ထမ်းအင်အား တစ်ရာကျော်ပါဝင်ခဲ့ပြီး ထုတ်လုပ်မှုနှင့် အရောင်းဌာန နှစ်ခုစလုံးမှ ၀န်ထမ်းများပါဝင်သည်။

“ကျွန်တော်တို့ဒီစက်ရုံက သူဌေးက ရန်ကုန်ကစက်ရုံကသူဌေးနဲ့ အတူတူပဲ ၊ ရန်ကုန်က အဆင့်တစ်ဝန်ထမ်း တွေကျ နှစ်သောင်းပေးပြီး ကျွန်တော်တို့ကျတော့ သောင်းနှစ်ထောင့်ငါးရာပဲတိုးပေးလို့ တန်းတူရအောင် ဆန္ဒ ထုတ်ဖေါ်တာပါ”ဟု လုပ်သက် တစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်သော မစုစုထွေးက မြစ်မခသို့ ရှင်းပြသည်။

တန်းတူအခွင့်အရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုခဲ့သော အလုပ်သမားများအား မန္တလေးMGS မှ တာဝန်ရှိ သူတစ်ဦးက ၀န်ထမ်းများအား မချေမငံပြောဆိုခဲ့ကြောင်းကိုလည်း သိရှိရသည်။

‘’ခုလိုမျိုးတန်းတူအခွင့်အရေးရဖို့တောင်းတဲ့အချိန်မှာ ကျွန်တော်တို့ကို ထမင်းငတ်ရင် အထဲဝင်ပြီး ထမင်းစားမှာပါကွာဆိုပြီးပြော တယ်ဆိုတာ ပြန်ကြားရတယ် ၊ အမှန်တော့ လူကြီးဖြစ်ပြီး အဲလိုမျိုးမပြောသင့် ပါဘူး၊ လစာတိုးရင် သူတို့လည်း ခံစားရမှာပါပဲ ´´ ဟု MGS ၀န်ထမ်းတစ်ဦးကပြောသည်။
Shwe Myitmakha Media Group

Posted: 01 Jun 2012 03:14 AM PDT
ဓါတ်ပုံ(YPI)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်
ဝက်မစွပ်ဝန်ထောက်လမ်း စက်မှုဇုန်(၄)တွင် တည်ရှိသော High-Art CO.,ldt.
တွင်အလုပ်သမများ (၁၉၅၀) ခန့်ရှိပြီး နယ်မှလာသော အလုပ်သမများဖြစ်ပါသည်။
စက်ရုံမှထမင်းကျွေး (လစာထဲမှပြန်လည်ဖြတ်တောက်) အဆောင်ပေးစီစဉ်ပေးပါသည်။

ထိုအလုပ်သမများ၏အခြေခံလစာသည်
(၈၀၀၀)ကျပ်သာရရှိသဖြင့်မိသားစုစားဝတ်နေရေးအတွက် အစဉ်မပြေသဖြင့်အခြေခံလစာ
(၃၀၀၀၀)ကျပ်အထိတိုးမြင့်ပေးရန်တောင်းဆိုရာ အလုပ်ရှင် ကိုရီးယားလူမျိုးမှ (၁၆၀၀၀)
 ကျပ်သာတိုးပေးခြင်း၊အလုပ်သမားများမှာမကျေနပ်သဖြင့်ဆက်လက်တောင်းဆိုရာ
အလုပ်ရှင်(ကိုရီယားလူမျိုး)မှ အစာ ၊ရေ၊ မီးများ ဖြတ်တောက်ဖြစ်ပါသဖြင့်
အလုပ်သမားများသည် ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားနေရပါသဖြင့်
မိဘပြည်သူများမှ ၀ိုင်းဝန်းကူညီကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
Posted: 01 Jun 2012 02:57 AM PDT
Photo - AFP
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"

မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင် သွားရန် လိုအပ်ကြောင်း ဇွန်လ ၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှု အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံစိတ်ချရသောအာမခံချက် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း ၄င်းကဆိုသည်။ “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အဆိုပါ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အရှေ့ အာရှစီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
By: Popular Myanmar News Journal
Posted: 01 Jun 2012 02:43 AM PDT
လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား CCTV ကင်မရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသူနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၄င်းမှာ သေဆုံးသူ၏ မိခင်ဖြစ်သူနောက်အိမ်ထောင်ဘက်မှ ပါလာသော သားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်းသိရသည်။ ၄င်းနောက် ပျော်ဘွယ်မြို့နယ် ရဲစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှင့် ဒုစရိုက်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအား ယနေ့ နံနက်တွင် ပျော်ဘွယ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်သို့ လေယာဉ်ဖြင့် ယနေ့နေ့လည်တွင် ခေါ်ဆောင် လာကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ လမ်းမတော်ရဲစခန်းမှ (ပ)၁၃၀/၁၂ (ပုဒ်မ) ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal
Posted: 01 Jun 2012 02:42 AM PDT


မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ (၁) ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောကြားလိုက်ပါ တယ်။ မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ အဆင့်မြင့်ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလား တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီဗွီဘီ
ဓါတ်ပုံ(ရိုက်တာ)

Posted: 01 Jun 2012 02:44 AM PDT

ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည် သီးသန့်သတင်းစာရှင်းလင်းပွဲပြုလုပ်သွားပါတယ်။ ပွဲအဆုံးပိုင်းမှာ သတင်းထောက်တစ်ယောက်ရဲ့ နောက်ဆုံးမေးခွန်း မြန်မာနိုင်ငံရဲ့ telecommunication နဲ့ social media နဲ့ ပတ်သက်ပြီး Facebook အကြောင်းထည့်မေးတဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။
ဒီဗွီဘီ - Facebook

Posted: 01 Jun 2012 02:50 AM PDT

ဒီမနက် သတင်းစာရှင်းလင်းပွဲက Yangon Times ဂျာနယ် ဦးကျော်စွာမင်းရဲ့ မေးခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက်
ဒီဗွီဘီ - Facebook
Posted: 01 Jun 2012 02:46 AM PDT
အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့် အလုပ်သမားအခွင့် အရေးများရရှိရေး အတွက်ထိုင်း ဒုဝန်ကြီးချုပ်က   ကူညီပေးမည်ဟုကတိပေး

ဗန်ကောက်။မေ ၃၁။

အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့်အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် ထိုင်းဒုဝန်ကြီးချုပ်ကကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

ထိုင်းနိုင်ဗန်ကောက်မြို့တွင်ပြုလုပ်သည့်ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့တက်ရောက်လာသောဒေါ်အောင်ဆန်းစုကြည် သည်မေ၃၁ ရက် မွန်းလွဲံပိုင်းက ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် အစိုးရရုံးတွင်တွေ့ဆုံ ခဲ့ပြီ့းမြန်မာလုပ်သားများ အရေးအကြိတ် အနယ်ဆွေးနွေး  ခဲ့ခြင်းဖြစ်သည်။

    ``ကျမနေ့လည်းလောက်ကထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ေ တွ့ခဲ့ပါတယ် ။တွေ့ရတဲ့အကြောင်းရင်းကလည်း ကျမတို့ရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေအနေကိုကောင်းအောင်လို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ကိုဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံးကျမတို့ရဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးပြေလည်ရေး အတွက်လုပ်ပေးပါ့မယ် လို့ကျမ ကိုပြော ပါတယ်´´ဒေါ်အောင်ဆန်းစုကြည်က စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေး ရုံးသို့လာရောက်စဉ်မြန်မာလုပ်သား များကို ယင်းကဲ့ သို့ထုတ်ဖော်ပြောကြားခဲ့သည်။

    ``တခြားနိုင်ငံမှာေ၇ာက်နေတဲ့ကျမတို့ရဲ့အလုပ်သမားတွေပြန်လာပြီးတော့အလုပ်ရနိုင်အောင်လုပ်ဖို့ဆိုတာ

    ဟာမြန်မြန်ဆန်ဆန်ကြီးတော့မဖြစ်နိုင်သေး ပါဘူး။ ဒီအချိန်ကာလမှာဒီနိုင်ငံမှာရှိနေ သရွေတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ကျမတို့အတတ်နိုင်ဆုံးကြိုးစား ပါ့မယ်လို့ပြောပါရစေ´´ဟုဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

``မြန်မာလုပ်သားတွေကိုမြန်မြန်လေးပတ်စပို့လုပ်ပေးစေချင်တယ်။သူတို့ကအလုပ်ကနေဖျက်ပြီးလာရတာ။  ၃ရက် ပျက်ရင် အလုပ်ထုတ်ခံ  ကျရတယ်။`` ဟု     Burma Democarcy Network မှဒုဥက္ကဋ္ဌက ဖလားဝါးနယူး(စ်)သို့ပြောသည်။

    "ကျွန်တော်တို့အရင်လ(ဧပြီ)၂၃ရက်ကစပြီးယာယီပတ်စပို့စ လုပ်ပေးပတယ်။ စလုပ်ပေးခါစက တနေ့၄၀၀လောက် လုပ်ပေးပါတယ်။ ခုဆို၁၀၀၀လောက် လုပ်ပေးနေပါတယ်။ ကိုယ့်မြန်မာတွေအေးအေးဆေးဆေး အလုပ်လုပ်ကိုင်နိုင်ရေး အတွက်ကျနော်တို့ လုပ်ပေးနေပါတယ်"   ဟု စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေးရုံး  မှဒုရဲမှုးစန်းလွင်     ကရှင်းပြသည်။

ယခုအခါ ထိုင်းနိုင်ငံတွင်မြန်မာလုပ်သား၂သန်းကျော်ရှိပြီးစမွတ်စခွန်ဒေသတွင်၂သိန်းကျော်ရှိသည်။

D-မင်း (ဗန်ကောက်မှ တိုက်ရိုက်ပေးပို့သည်)
by Yangon Media Group
Posted: 31 May 2012 07:10 PM PDT
ထိုင်းဝန်ကြီးချုပ်ယင်လတ်ရဲ့ ညစာစားပွဲသို. တက်ရောက်လာတဲ့
မြန်မာ့ခေါင်းဆောင်ဒီမိုကရေစီခေါင်းဆောင် (ရုပ်/သံ)
ရိုက်တာ သတင်းဌာနက ရိုက်ကူးထားတာပါ။


Posted: 31 May 2012 07:05 PM PDT
Biweekly Eleven Vol 5 No 9မေလ ၃၁ ရက်နေ့ထုတ် BiWeekly Eleven News Journal အတွဲ ၅ အမှတ် ၉
Posted: 31 May 2012 07:01 PM PDT
 popularNews4-21
မေလ(၃၁)ရက်နေ့ ထုတ်ဝေသော PopularNews အတွဲ(၄)၊ အမှတ်(၂၁)

Posted: 31 May 2012 06:47 PM PDT
မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI) 

ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။

“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။


ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )

လက်ရှိကာလတွင် လယ်ယာမြေအသိမ်းခံထားရသည့် ရွာပေါင်းမှာ (၆၄) ရွာထိ ရှိလာပြီး တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်း စတင်ချိန်တွင် လယ်ယာမြေသိမ်းခံရမှု ပိုမိုမြှင့်တက်လာသည်ဟု ၎င်းက ပြောသည်။

လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားအများစုသည် ၎င်းတို့ပိုင် လယ်ယာမြေများပေါ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသော်လည်း လယ်ယာမြေနှင့် ပတ်သက်သော အသိပညာဖွံ့ဖြိုးမှု နည်းပါးသည့်အတွက် သီးစားခွန်၊ ပုံစံ(၁၀၅)နှင့် မြေယာမှတ်ပုံတင်ခြင်းများကို ပြုလုပ်ထားခြင်း မရှိသောကြောင့် လွယ်ကူစွာ အသိမ်းခံရခြင်းဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တောင်သူလယ်သမားကွန်ရက်မှ မှတ်ချက်ချ သည်။

လယ်ယာမြေများ အသိမ်းခံရမှုတွင် ကုမ္ပဏီများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များမှ ပူးပေါင်းသိမ်းယူမှုများပြားပြီး တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သိမ်းယူမည်ဆိုပါကရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှခေါ်ယူပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်လျှက်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကုမ္ပဏီများမှ ပိုင်ဆိုင်ကြောင်း ပြောဆိုကာ အမြန်ဆုံး ဖယ်ရှားခိုင်းလျှက်ရှိသည်ဟုလည်း ကွန်ရက်မှပြောသည်။

“လယ်ယာမြေတွေသိမ်းမယ်ဆိုရင် ရပ်ကွက်ဥက္ကဋ္ဌကမင်းတို့လုပ်စားနေတာ ကုမ္ပဏီပိုင်မြေတွေဖယ်ပေးရမယ်။ မဖယ်ပေးရင် ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူမယ်ဆိုပြီး ခေါ်ပြောတယ် ”ဟု လယ်ယာမြေဧက(၆၀)ကျော် သိမ်းခံထားရသည့် ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာမှ ဦးအောင်နိုင်ကပြောသည်။

အဆိုပါကဲ့သို့ တောင်သူလယ်သမားများသည် လယ်ယာမြေများ အသိမ်းခံရခြင်းကြောင့် ၎င်းတို့၏ ဘ၀ရပ်တည်ရေးအတွက် လုပ်ကိုင်စားသောက်ရန် မြေယာများမရှိတော့ဘဲ ကျောက်တူးခြင်း၊ အုတ်ရိုက်ခြင်း စသည့် ကြုံရာကျပမ်းအလုပ်များကိုသာ လုပ်ကိုင်စားသောက်လျှက်ရှိကြောင်း မြေယာအသိမ်းခံရသည့် လယ်သမားများက ပြောသည်။

“တောင်သူတွေမှာ လယ်စိုက်ဖို့ ယာလုပ်ဖို့အတွက် ကိရိယာတွေ အစုံအလင်ရှိပေမယ့် လုပ်ကိုင်စားသောက်မှုအတွက် မြေနေရာမရှိတော့ဘူးဟု “စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်းကပြောသည်။

ယင်းကဲ့သို့ လယ်ယာမြေအသိမ်းခံရမှုများကို တောင်သူလယ်သမားများမှ လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအပါအ၀င် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များထံ အသနားခံစာနှင့် တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။

“ကျေးရွာပေါင်း (၄၀)ကျော်က စာတင်လိုက်တဲ့အချိန်မှာ ဧက(၇၀၀) ကျော်ပြန်ရထားတယ်ဟု” တောင်သူလယ်သများကွန်ရက်မှ ဦးနေလင်းဦးကပြောသည်။

ယခုလို လယ်မြေအများအပြား သိမ်းဆည်းခံရမှုကှို ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက “ သာမန်လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သများတွေဟာ အကြောက်တရားတွေနဲ့ နေခဲ့ရတယ်။ အဲဒီအကြောက်တရားတွေနဲ့ နေခဲ့ရတဲ့သူတွေဆီက ခြိမ်းခြောက်ပြီး ယူသွားမယ်ဆိုရင် ခံကြရတာပေါ့” ဟု မှတ်ချက်ချပြောဆိုသည်။

ို ယခုနှစ် မတ်လဆန်းတွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားများမှ စုပေါင်း၍ စိမ်းလန်းပြင်ဦးလွင်ကွန်ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေ အသိပညာပေး ဆွေးနွေးပွဲကို မေလ(၁၉)ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း “သိမ်းဆည်းမြေယာ ပြန်ပေးပါ” ဆိုသည့် စာတမ်းပါ တီရှပ်များဖြင့် ၀တ်ပြုဆုတောင်းပွဲတရပ် ပြုလုပ်ရာ ယင်းဘုရားပရ၀ုဏ်ကို သော့ပိတ်ထားခဲ့သည့် အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့သည်။        ။
 Yangon Press International
Posted: 31 May 2012 05:13 PM PDT
Bangkok National Verification Centre သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်(AFP Photo)
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။
မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”
“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”
“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။
“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”
ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။

By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း) 
Posted: 31 May 2012 05:07 PM PDT
...

No comments:

Post a Comment