Saturday, May 26, 2012

ဂျီတော့(gtalk)ပေါ်ရောက်နေသော ဂူးဂဲလ်ပလပ်စ်(Google Plus)ထဲက သူတွေကို ဖယ်ရှားနည်းနှင့် လူမှုကွန်ရက်ဆိုဒ်တွေရဲ့ ကိုယ်ရေးကိုယ်တာများ ချိုးဖောက်မှု ဂယက်


Thursday, December 8, 2011

အခုတစ်လော ဂူးဂဲလ်ရဲ့ အဆန်းထွင်မှုကြောင့် ဂူးဂဲလ်ပလပ်စ် အသုံးပြုသူတွေ မိမိရဲ့ ဂူးဂဲလ်ပလပ်စ်(Google +) Circle ထဲမှ သိသူတွေရော မသိသူတွေရောကို ဂျီတော့(gtalk) ပ်ါမှာxxxx@public.talk.google.com စတဲ့အီးမေးလ်လိပ်စာတွေနဲ့ လာပေါ်နေတာ ကြုံတွေ့ရသူ တော်တော်များ ရှိမှာပါ။ ဒါဘာကြောင့်ဖြစ်တာလဲဆိုရင် ဂူးဂဲလ်က ဂူးဂဲလ်ပလပ်စ်ကို တခြားသူရဲ့ ၀န်ဆောင်မှုတွေနဲ့ ပေါင်းစည်းချင်လို့ လုပ်တာပါ။ ဥပမာ ဂူးဂဲလ်ရီတာ(Google Reader)နှင့် ဂူးဂဲပလပ်စ်ပေါင်းစည်းသလို ဂျီတော့ကိုပါ အဆစ်ထည့်လိုက်တာပါ။

နောက်ပြီး အခုလိုဖြစ်ရတာကလဲ ကိုယ်က ဂူးဂဲလ်ပလပ်စ်ထဲမှာပါတဲ့ ဘယ်ဘက်ထောင့်အောက်နားက Chat ဆိုတာကို Sign in ၀င်လိုက်မိတာလဲ ပါပါတယ်။ အဲလို Sign in ၀င်လိုက်တာနဲ့ အဲဒီ Chat ရဲ့ Privacy Setting က ဂျီတော့ကို ၀င်ပြီး မွှေသွားလိုက်လို့ အခုလို ကိုယ့် Circle ထဲက ရှိရှိသမျှလူတွေ ဂျီတော့ထဲ လာပေါ်ကုန်တာပါ။ ဂူးဂဲလ်လုပ်လိုက်တဲ့ ဆိုးဝါးတဲ့အချက်က ဒီ Chat ရဲ့ Privacy Setting Default ကို ရှိရှိသမျှ Circle ထဲက လူတွေကို အလိုအလျှောက် ဆက်သွယ်စေလိုက်တာပဲ... အရင်ဆုံး Privacy Setting ကို အသုံးပြုသူစိတ်ကြိုက် ပေးပြင်ပြီးမှ ဒါကို လုပ်သင့်တာပါ။ သူတို့ ဆင်ခြေပေးတာကတော့ ဂျီးတော့ပေါ်မှာ နာမည်ပေါ်ပေမယ့် အီးမေးလ်လိပ်စာကိုတော့ xxx@public.talk.google.com လို့ပေါ်တဲ့အတွက် မိမိ အီးမေးလ်လိပ်စာကို တစိမ်းလူတွေ မသိနိုင်ဘူးလို့ ပြောပါတယ်။

ဒီနေရာမှာ တဆက်တည်းအလျှင်းသင့်လို့ ဆက်ပြောရရင် ဂူးဂဲလ်နဲ့ ဖေ့ဘွတ်ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာတွေ ချိုးဖောက်ရာမှာ သူ မသာ၊ ကိုယ်အသုဘပါပဲ၊ ဂူးဂဲလ်က ထင်သာမြင်သာလုပ်တာနဲ့ ဖေ့ဘွတ်က တိတ်တိတ်လေးပေါက်နေတာပဲ ကွာတယ်၊ ဖေ့ဘွတ်ဟာ အခုချိန်မှာ ဒီကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုနဲ့ ပက်သက်ပြီး အစစ်အဆေးခံဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်(Source) မနေ့တစ်နေ့ကလည်း ဖေ့ဘွတ်ကို အဆင်မြှင့်တင်တာတွေ တစ်ချို့လုပ်ရင်း အမှားတစ်ချို့ဖြစ်သွားတာကနေ ဖေ့ဘွတ်တည်ထောင်သူ မက်ဇက်ကာဘတ်ရဲ့ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံတစ်ချို့တောင် လုံခြုံရေးပေါက်သွားပြီး လူများကြည့်ရှုခွင့်တောင် ရသွားပါသေးတယ် (ကိုယ့်အတတ် ကိုယ်ပြန်စူးမိ) (သတင်းရင်းမြစ်နှင့် ပေါက်ကြားသွားတဲ့ ဓါတ်ပုံများ) (ဤကား စကားချပ်) 

ကဲ ဖယ်ရှားတဲ့ နည်းလမ်းက လွယ်လွယ်လေးပါ။ အရင်ဆုံး ဂူးဂဲလ်ပလပ်စ်ထဲကို Sign In ၀င်လိုက်ပါ။ ပြီးတော့ သူရဲ့ ဘယ်ဘက်အောက်ဆုံးက Chat ထဲကိုလည်း Sign In အရင်ဝင်လိုက်ပါ။ ပြီးလို့ရှိရင် Chat ရဲ့ဘေးနားက တြိဂံ ပြောင်းပြန်အတုံးလေးကို နှိပ်ပါ။ အဲဒီမှာ Privacy Setting ဆိုတာ တွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်ပါ။ အဲဒီမှာ တွေ့ပါပြီး....သူက အလိုအလျောက် Your Circle လို့ ရွေးထားပါတယ်။ အဲဒါကိုနှိပ်ပြီး Custom ဆိုတာကို ရွေးပေးပါ။ ရွေးပြီးတာနဲ့ အောက်မှာပေါ်လာတဲ့ နေရာမှာ သူက ကိုယ်ရဲ့ Circle အားလုံးကို အမှန်ခြစ်ခြစ်ထားတာ တွေ့မှာပါ။ အဲဒါကို ကိုယ်က လိုသလို ဂျီတော့မှာ မပေါ်စေချင်တဲ့သူတွေပါတဲ့ Circle ကို အမှန်ခြစ် ဖြုတ်လိုက်ရုံပါပဲ၊ အရင် ဂျီတော့မှာ ရှိပြီးသား လူတွေပဲ လိုချင်တယ်ဆိုရင်တော့ အားလုံးကို ဖြုတ်ပစ်လိုက်ပါ။ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားပါမယ်၊ နဂိုရှိနေသူတွေ မပျောက်သွားပါဘူး။ ပြီးသွားရင် Save နှိပ်ပါ၊ ပြီးတော့ အဲဒီ တြိဂံပြောင်းပြန် အတုံးကို ပြန်နှိပ်ပြီး Sign Out လုပ်လိုက်ပါ။ ဂျီတော့ကို သွားပြန်ကြည့်လိုက်ပါ။ ဖြုတ်လိုက်တဲ့ လူတွေ တဖြုတ်ဖြုတ်နဲ့ ပြုတ်သွားတာ ချက်ချင်းတွေ့ရမှာပါ။ ဒါပါပဲ... မျက်စိမနောက်တော့ပါဘူး :P

ကျွန်တော့်လိုပဲ ဂူးဂဲလ်ပလပ်စ်အသုံးပြုသူတွေ အသုံးဝင်မယ်ထင်လို့ ရေးသားတင်ပြလိုက်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။ လူမှုကွန်ရက်ဆိုဒ်တွေထဲက မိမိကိုယ်ရေးကိုယ်တာတွေကို ကာကွယ်နိုင်ကြပါစေ ခင်ဗျာ။
-----END---- 
Source: http://www.mgthant.me/2011/12/gtalk-google-plus.html

ကျနော်လည်း ဒီနေ့ စကြုံတယ်ဗျာ။ အဲ့တာ ဘာပြုလို့လဲ သိချင်လို့ ရှာကြည့်ရင် တွေ့တာလေး ပြန်မျှလိုက်တာ။

Shrek®

No comments:

Post a Comment