Wednesday, May 23, 2012

တစ်ကိုယ်တော် ပြဇာတ်


by Zay Ya on Wednesday, May 23, 2012 at 5:42am 

 သာမာန် လောက ဇာတ်ခုံပေါ်မှာ - သရုပ်ဆောင်တွေ အများကြီး ရှိတယ်။ သူ့ကဏ္ဍ နဲ့ သူ ၊ သူ့ အပိုင်းနဲ့ သူ တင်ဆက် ရတယ်။ အဲ့ဒါကို သူသူ ကိုယ်ကိုယ် မြင်လွယ် တယ်။ တစ်ကိုယ်တော် ပြဇာတ်မှာတော့ ခင်ဗျား တစ်ဦးတည်း ရှိတယ်။ ကဏ္ဍ အားလုံး ကို မိမိ တစ်ဦး တည်း တာဝန် ယူ ရတယ်။ ဒါကို တကယ့်လက်တွေ့မှာ မြင်နိုင်ဖို့ ခဲယဉ်းပါတယ်။

ဇင် ဘုန်းတော်ကြီး တစ်ပါး က မနက် မိုးသောက် အိပ်ယာနိုး တိုင်း အကျယ်ကြီး အော်ပြောလေ့ ရှိတယ်။ "ဟေ့၊ ဘိုခုဂျု၊ မင်း ဘယ်မှာ လဲ"

ဘိုခုဂျု ဆိုတာ သူ ကိုယ်တိုင် ရဲ့ နာမည် ပါ။ အဲ့လို နဲ့ သူ့ ဘာသာ သူ ပဲ ပြန်ဖြေ တယ်။ "တင်ပါ့ အရှင်၊ တပည့်တော် ဒီမှာ ရှိပါတယ်"


နောက် တစ်ခွန်း ထပ်ပြော ပြန် တယ်။ "အေး - ဘိုခုဂျု၊ မှတ်ထား ချည်။ မင်း အတွက် နောက် နေ့တစ်နေ့ ရလာပြန်ပြီ။ အသိ မပြတ်စေ နဲ့၊ သတိ မလပ်စေ နဲ့၊ မရူး စမ်း နဲ့"

သူ ကပဲ သူ့ဘာသာ သူ  ပြန်ဖြေ တယ်။ "မှန်ပါ ဘုရား၊ တပည့်တော် အစွမ်းနိုင်ဆုံး ကြိုးစား ပါ့မယ်" အဲ့လို အချီ အချ ပြောနေ ပေမယ့် - သူ့ အနား မှာ ဘယ်သူ မှ မရှိဘူး ရယ်။

ဒါကို သူ့ တပည့် ကိုရင်တွေ၊ ဦးဇင်းတွေ က မြင်တယ်။ သူ့ ကို ရူးနေပြီ လို့ သတ်မှတ် လိုက်ကြ တယ်။ ဒါပေမယ့် စင်စစ် သူဟာ တစ်ကိုယ်တော် ပြဇာတ် လုပ်နေတဲ့သူ ဖြစ်ပါတယ်။ Monodrama တစ်ကိုယ်တော် ပြဇာတ်ရှိုး ဟာ မိမိ အတွင်း သန္တာန်ရဲ့ အခြေအနေ လည်း ဖြစ် တယ်။ မိမိ သာ စကားပြောနေ သူ ဖြစ်သလို၊ အခြား တစ်ဖက် မှာ မိမိ ကိုယ်တိုင်ဟာ- နားထောင်နေသူ လည်း ဖြစ် တယ်။ မိမိ သာ စစ် ဗိုလ်ချုပ် ဖြစ် သလို၊ အခြား တစ်ဖက်မှာ - မိမိ ကိုယ်တိုင်ဟာ  ကျေးကျွန်လည်း ဖြစ်တယ်။ ဒီ အခြေအနေ ကို စင်စစ် ရောထွေး ပြီး စေ့ ငှ မြင်နိုင် ရင် - မိမိ အတွင်း သန္တာန် မှာ လိပ်ခဲ တည်းလည်း စွဲကပ်နေတဲ့ ဝန်ထုပ် လျော့ပါး သွားကြောင်း တွေ့ ရ ပါလိမ့် မယ်။

လူ့ဘောင် အဖွဲ့အစည်း ကြား မှာ - မိမိက ဦးဆောင်သူ၊ အခြားသူ က နောက်လိုက်၊ မိမိက အရှင်သခင်၊ အခြားသူက ကျေးကျွန် - ဒီလို အဖြစ် မျိုး ခွဲခြား မြင် ဖို့ ဆိုတာ လွယ်ကူ ပါတယ်။ အခန်း ကဏ္ဍ ကိုယ်စီ သူသူ ကိုယ်ကိုယ် ခွဲခြမ်း ပစ်လိုက်ရုံပဲ။ ဒါပေမယ့် မိမိ ကဏ္ဍကို အခြား ကဏ္ဍ အားလုံး ပေါင်းစုံ ပြီးသား ဖြစ်ကြောင်း မြင်နိုင် ဖို့ ကိုတော့ - ဘာဝနာ အားဖြင့် သာ ဖြတ်သန်းပြီး ရောက်ရှိနိုင် တယ်။

စင်စစ် မိမိ အတွင်း သန္တာန် ထဲ ငုံ့ဝင်ကြည့်ပါ။ အတွင်းနက်နက် ငုံ့လျှိုး ဝင်နိုင်လေ - မိမိ ရဲ့ အခန်းကဏ္ဍဟာ တစ်ခုတည်း မက၊ အများ အပြား ပေါင်းစု နေကြောင်း မြင်ရ လေပဲ ဖြစ်ပါတယ်။ အဲ့သည် အချိန်မှာ - မိမိရဲ့ အဖြစ်ဟာ တည်တံ့ မနေကြောင်း သိတယ်။ မိမိ အဖြစ် ခေါ်ဝေါ် စရာ အခြား အမည် နာမ မရှိကြောင်း လက်ခံ  တယ်။ မိမိ အတွင်း သန္တာန် မှာ ဗလာ အချည်းနှီး ၊ အနှစ် ကင်း မဲ့ နေ ကြောင်း - အ ချမ်းမြေ့ ဆုံး မြင်နိုင် သွား ပါတယ်။

Monodrama
..........................
May 23rd 2012 at 7:00 PM
..........................
http://zayya.blog.com/
http://zayyah.blogspot.com/
http://zayya.wordpress.com/

No comments:

Post a Comment