(၁)
ရွာမှာ အနေများတဲ့ ကျုပ်
ဗမာဆိုတာကို
ကုန်သည်နဲ့ စစ်သားကလွဲလို့
များများစားစား မတွေ့ဖူးပါဘူး …
ကောင်းကျိုးပေးတဲ့ ဗမာဆိုတာလည်း
ကျုပ်အဖိုး၊ ကျုပ်အဖေနဲ့
ကျုပ်ခေတ်၊ ကျုပ်သားခေတ်
တခါမှ မတွေ့ဖူးခဲ့ …
ဒီိအထဲ အဆိုးဆုံးက စစ်သား
တွေ့လိုက်ပြီဆိုတာနဲ့
မဖြေ ၃ ချက်၊ ဖြေ ၃ ချက်
အနေမတတ်၊ အပြောမတတ်ရင် ကျုပ်အဖေလို
အူထွက်၊ အသက်ထွက်တတ် …
(၂)
ကျုပ်တို့ ရွာသားတွေလေ
ကြောက်ရလွန်းလို့
စစ်တပ်သတင်း ကြားပြီဆိုတာနဲ့
အရွယ်ရောက်သူတိုင်း ရွာကထွက်
ငိုနေတဲ့ ကလေးငယ်တောင် အသံမထွက် …
ဗမာစစ်သား လာပြီဆိုတာနဲ့
ကျုပ်ရဲ့ ပအိုဝ်းသူငယ်ချင်းအပြော
မန်း ဖျော်လန်း၊ လွမ်း လွမ်း (ဗမာလာပြီ ပြေး ပြေး) တဲ့
ကျုပ်တို့ကရင် အပြောကတော့
ပရော်ဟဲလီး ကြည့် ကြည့် (ဗမာလာပြီ ပြေး ပြေး) ပေါ့ …
ကျုပ်သားခေတ်
တိုးတက်လာတဲ့ အဖြစ်အပျက်များ
သားမယားတောင်
ရွာမှာ ချန်ထားခဲ့လို့မရ
စစ်တပ်သတင်းကြားပြီဆို
ခလေးတွေ အရင်စု
ရိက္ခာ စားစရာလေးတွေစု
တောင်း၊ ပလိုင်းတွေထဲထည့်
ချန်ခဲ့မယ့်ပစ္စည်းတွေ ဖွက် …
မြေးကလေး မွေးပြီး နှစ်ရက်
ကျုပ်တို့ ရွာက အပြီးထွက်ခဲ့ရ
ဇာတိမြေဟာ ကျုပ်တို့နဲ့ ဘာမှ မဆိုင်တော့
တရွာလုံးလည်း ပြာဖြစ်ကျန်ခဲ့ပေါ့ …
(၃)
ထိုင်းနယ်စပ်
ဒုက္ခသည်စခန်း မရောက်ခင်ကြား
အစ ပိုင်းမှာ လူကြီးတွေ အစာမဝ
နောက်ပိုင်းကျ ကလေးတွေပါ အစာမစားရ
ကျုပ်သား အငယ်ကောင်ကဆို
ဒုက္ခသည်စခန်းရောက်ရင်
ထမင်း၀၀ စားရမလားအဖေ တဲ့ …
ဒုက္ခသည်စခန်းတွေ
တတိယနိုင်ငံတွေ ဆိုတာ
ကျုပ်တို့ ဇာတိမြေ မဟုတ်ပါဘူး
ကျုပ်မြေ
ကျုပ်ခြံနဲ့
ကျုပ်မွေးရပ်ကို ကျုပ်လွမ်းလှပြီ …
ကိုရွှေဗမာတို့ရယ်
ကျုပ်သိချင်တာက
ဘယ်အညှိုးနဲ့များ
ကျုပ်တို့အပေါ်
ခုလို ရက်စက်နေရတာလဲဗျာ … ။ ။
လူဗိုလ်
စိတ်ဓာတ်တွေ အောက်တန်းကျလို့ပါပဲ။ မကောင်းတဲ့ ခေါင်းဆောင်နဲ့ မကောင်းတဲ့ မူဝါဒတွေနဲ့ ဒီလိုပဲ ဖြစ်နေဦးမှာပဲ ထင်ပါရဲ့။
ReplyDeleteဗမာလို့ တော့ သိမ်း ကြုံး မပြောပါနဲ့ဗျာ .. ကျနော်တို့ ဗမာ ထဲက လူဆိုးတွေပါဗျာ ကြားရတာစိတ်မကောင်းပါဘူး .. ကျနော်တို့မှာ တာဝန်ရှိပါတယ်ဗျာ .. း( စစ်မှန်တဲ့တိုင်းရင်းသားစိတ်ဓါတ်မရှိသူတွေနဲ့ တိုင်းရင်းသားစိတ်ဓါတ်ကို နားမလည်တဲ့ နှလုံးသား နဲ့ လူတွေ ခေါင်းဆောင်ပြီး လုပ်နေသ၍ ဒီလိုတွေရှိနေဦးမှာပါပဲ ။
ReplyDeleteဟုတ်ဒါပေါ့ စစ်တပ်ကအာဏာရတော့ စစ်တပ်ကလုပ်ချင်တာလုပ်တော့ ဒို့ဗမာတွေဒုက္ခတွေနဲ့ပေါ့ အခုအချိန်ထိ
ReplyDeleteခေါင်းမမော့နိုင်သေးဘူး စစ်ဆိုရင်မုန်းလို့ ရေတောင်းစစ်မသောက်ဘူး ဒီအတိုင်းထည့်သောက်လိုက်တယ် မုန်းတယ်
ပြည်သူလူထုတွေကို ဆင်းရဲအောင်လုပ်တဲ့သူတွေဆိုရင် အကုန်မုန်းတယ်....