Sunday, April 29, 2012

မှတ်စု (၁) (၂) (၃)


by Sat Paing on Sunday, April 29, 2012 at 4:20am 


ရာဇ၀တ်မှု အကြီးကြီး ကျူးလွန်ကြရအောင် ငုတ်တုတ်ထိုင်နေတဲ့ သူတစ်ယောက်ဟာ
မတ်တပ်ရပ်နေတဲ့ သူတစ်ယောက်ကိုတော့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး
ဇနီးတစ်ယောက်ကို အလိုမတူပဲ ၁၆ ကြိမ်စော်ကားခဲ့ ပြီးပြီ
အမေးအဖြေ ကဏ္ဍကို ကျောခိုင်းအပြီး။


တစ်ချိန်က ပဲရစ်မျှော်စင်ကြီး လိမ်လည်ခံရဖူးတယ် ရှေ့မှာ လွတ်လမ်းမရှိတော့ဘူး
လွတ်လပ်မှု မရှိတော့ဘူး ဆင်သေကိုဖုံးထားတဲ့ ခွေးတွေပဲ (အရှင်တွေ)
မကြာခင် ဖြူစွတ်စွတ်နိုင်ငံမှာ မည်းညစ်ညစ် သတ္တ၀ါတွေ
ခိုလှူံကြတော့မယ်။

မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ ရသွားပြီတဲ့ ပျော်စရာပဲ လွန်လွန်ကြူကြူး
ဝမ်းမသာခင် အိပ်ရေးဝသွားတယ် ရိပ်ကနဲ ရိပ်ကနဲ ပင့်ကူတွေ
ပြေးလွှားနေကြတယ် အသံတွေ ကြားမှာ
ခံနိုင်စွမ်းအားတွေ မဲ့တယ်။

တိုက်ဆိုင်သွားပြန်ပြီ အချစ်ကို ပြန်ပေးဆွဲထားတယ် ရုပ်ဆင်းအင်္ဂါ မပါရှိတဲ့
လိင် ဆိုတဲ့ ဒြပ်မဲ့ပစ္စည်းကို ကြိုးတုပ်ရိုက်နှက်ပြီး မေးကြည့်ချင်တယ်
ခင်ဗျား ဘာကောင်လဲ ဆိုပြီး မှတ်စု(၁) မှာ
ဘာမှ မပါရှိဘူး။

အပြင်းအထန် ချစ်နေကြတယ် မည်သည့် ကမ္ဘာကျော် ပုဂ္ဂိုလ်အကြောင်းမှ
မပါရှိတဲ့ ဒီကဗျာမှာ ထိပ်ဆုံးကနေစပြီး အောက်ဆုံးအထိ
စစ်ပွဲတွေ အကြောင်းပဲ အခြေခံထားတယ်
ဆိုတော့ကာ . . .။

မနေ့က ကြည့်လိုက်ရတဲ့ တောင်/မြောက် စစ်ပွဲအကြောင်းပဲ အာရုံထဲစွဲနေတယ်
ဒီထပ်မပိုဘူးဆိုပြီး ဒီထပ် နည်းနည်းလေး ပိုသွားတဲ့ ချဉ်စော်ကားသီး
လက်သည်းသာသာလောက်ပဲ ရှိတဲ့ ထိုဖျော်ရည်နဲ့
သမုဒယနှောင်ကြိုး အခါခါ ဖြတ်ချတယ်။


အူယားဖားယား မပြောင်းလဲလာတဲ့ သဘောတရားကြီးကို တဖြည်းဖြည်း
ရင်နင့်လာတယ် သူဘယ်သူ ဘယ်ဝါပါ သူမ ဘာဘာညာညာ
ဆိုခဲ့တဲ့အတိုင်း စစ်မြေပြင်က ၀မ်းနည်းဖွယ်
ကလေးလေး အော်သံ။

စိတ်ပျက်ဖွယ် ကျည်ဆံတွေကြား တူစုံ ကခုန်ခဲ့ကြတဲ့ ခပ်ငယ်ငယ်
သေနတ်လေးတွေ အုပ်စောင်းကို လှန်လိုက်တဲ့ အချိန်မှာပဲ
ဗုံးသီးဆိုတဲ့ အရာလေးတွေ ကြွေကြွေကျတယ်
ပစ်မှတ်ဟာ အရင်အတိုင်းပဲ။

လုပ်ကြံထားတဲ့ ကဗျာတွေကို စွန့်လွှတ်ပါတော့လို့ လူတစ်ယောက်
လာပြောခဲ့ရင် ဘာဆက်လုပ်မှာလဲ ဘာဆက်လုပ်ရမှာလဲ
ခွေးကလေး ဘော်နီနဲ့ စိန်ပြေးလိုက်တမ်း
ကစားခွင့် ကြုံပြီ။

ပျော်စရာပဲ ခြင်မြို့တော် ဒီမိုကရေစီရနေတယ် ထိုနည်း၎င်းပဲ မှတ်စု(၂)မှာ
ဘာမှ မပါရှိဘူး လျှပ်စစ်ဝါယာကြိုးဟာ လူတစ်ယောက်လောက်
စိတ်မချရဘူး မိုးခေါင်ခေါင် လမ်းမလည်မှာ
ငွေထုပ်ကြီးကြီး ပိုက်ထားတယ်။

မျောက်တွေ တစ်ကောင်နဲ့တစ်ကောင် ကိုက်ကြတယ် သေတယ် ကြွေတယ်
လေတယ် အမှန်အတိုင်းပြောရရင် လေးတန်းကျောင်းသား
ဘ၀က သူငယ်ချင်းတွေနဲ့ ဇယ်ခုပ်တိုင်း
ပြန်ကစားချင်တယ်။

သစ္စာမရှိတဲ့ မိန်းမကို ကွာရှင်းသင့်တယ် ကပ္ပတိန် လက်ဖျားမှာ လိင်တံလေးကို
ကိုင်ထားတဲ့ သဘောင်္သား ကတော်ရယ် ကုန်သည် ကတော်ရယ်
ဗိုလ်ချုပ် ကတော်ရယ် အားလုံးဟာ မသမာ မှုတွေပဲ
ညညဆို တွေ့တွေ့ နေရတယ်။

အတိတ်က အတိတ်အကြောင်းတွေ ခုချိန်မှာ အပျင်းပြေစရာဖြစ်ကုန်ပြီ။
အကြံက ပက်စက်ပါတယ် သူမရက်စက်ပါတယ်လို့ ကပ္ပတိန်
တစ်ယောက်က လာပြောတယ် ၀မ်းသာစရာပဲ
လူတစ်ယောက် သေသွားပြန်ပြီ။

သိမှု တက်မှု လွန်မြောက်ထားတဲ့ ၀ိသေသဆိုတာ ဘာလဲ ဆိုတာထပ်
ကာမဆန္ဒ ပြည့်ဝအောင် မဖြည့်ဆည်းပေးနိုင်တဲ့ အကြောင်းနဲ့
အရာတချို့ လူကုံထံတွေမှာ ဖြစ်နေကြတာ
တွေ့နေရတာ မှတ်စု(၃)။
  
 ဇာတိ(ဖျာပုံ)
29.4.2011
3:38AM
zartipyapon@gmail.com


မှတ်ချက် - လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရေးခဲ့ဖူးသော ကဗျာဖြစ်ပါသည်။ ကဗျာဟောင်းများ ပြန်ဖတ်၍ ပြန်သဘောကျနေမိပါသည်။ ထိုအတွက် အလျင်းသင့်သလို ကဗျာဟောင်းများအား
ပြန်လည် တင်မည် ဖြစ်ပါသည်။ အဲ့ဒီအချိန်တုန်းက တင်ခဲ့ဖူးပေမယ့် ဖတ်သူမရှိ like သူမရှိတဲ့ အခါကာလကနေ ယခုလို တဖြည်းဖြည်း
ဖတ်သူ like သူများ ရှိတဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ရကြောင်းကိုလဲ တလက်စတည်း အသိပေးချင်ပါတယ်။း)ဒါပေမဲ့ တဒ် မလုပ်ခဲ့တာလဲ ပါမယ်ထင်ပါတယ်း)
 ·  ·  · Share

No comments:

Post a Comment