Sunday, April 1, 2012

သိပ္ပံဆိုင်ရာ အသိပညာ အပိုင်း(၃)

by Wai Maw on Sunday, April 1, 2012 at 12:26am ·
 
အိုင်းစတိုင်းက သူ၏ “The Laws of Science and the Laws of Ethics” စာတမ်း၌- “လက်တွေ့စမ်းသပ်ချက်အရ တည်ရှိသောအရာသည် အမှန်တရားဖြစ်သည်” ဟုရေးသားခဲ့လေသည်။ သိပ္ပံနည်းကျ သုတေသနပြုစမ်းသပ်ချက် အမြင်ရှုထောင့်မှကြည့်လျင် ဤအချက်သည် ချီးမွမ်းထောပနာပြု စရာပင်။သို့ရာတွင် အခြားမတူကွဲပြားသောအမြင်ရှုထောင့်အရဆိုလျင်မှု စင်္ကြာဝဠာဗေဒနှင့် ပတ်သက်သော အိုင်းစတိုင်း၏ သဘောထားမှာ “ဘုရားသခင်သည် ဘယ်တော့မှ ကြွေအံမကစား” ဆိုသောအမြင်ပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ယင်းကဲ့သို့ အိုင်းစတိုင်းကဖော်ပြခဲ့စေကာမူ အားလုံးသောသက်သေ သာဓကများကတော့ ဘုရားသခင်သည် အရိုးစွဲနေသောကြွေအံ့ကစားသူ ဖြစ်ပြီးအခွင့်ကြုံတိုင်း ကြွေစေ့ကလေးများကိုပစ်ပေါက်တတ်သည်ကို ညွှန်းဆို နေပါသည်။ ထို့ကြောင့်  “ဘုရားသခင် ကြွေအံမကစားပါ” ဆိုသောစကားဖြင့် စင်္ကြာဝဠာဗေဒနှင့် ပတ်သတ် သော သဘောထားကို မှားယွင်းဖော်ပြခဲ့သော အိုင်းစတိုင်းအယူအဆမှားပင်ဖြစ်ပါသည်။ အကယ်၍  ကျွနုပ်တို့ သည်သိပ္ပံစမ်းသပ်ချက်များကိုကိုယ်စားပြုပါက ထွက်ပေါ်လာသောအထောက်အထားများအရ ဘုရားသခင် သည် အရိုးစွဲနေသောကစားသမားဖြစ်ပြီး အခွင့်ကြုံတိုင်း ကြွေစေ့တွေကို ပစ်ပေါက်လေ့ရှိကြောင်း သိသာ ထင်းရှားပါသည်။ သို့နှင့်အမျှလက်တွေ့စမ်းသပ်တွေ့ရှိချက်ကို မလွန်ဆန်နိုင်ရကား “ဘုရားသခင် ကြွေအံ မကစားပါ” ဟုဆိုသော အိုင်းစတိုင်းအဖို့ နှစ်ထပ်ကွမ်းအမှားကျူးလွန်မိသွားပုံရပါသည်။
ဆိုကြပါစို့ တွင်းမဲကြီးများ “Black Holes” မှ ဒြပ်အမှုန်ထုတ်လွှတ်ခြင်းကို စဉ်းစားသုံးသပ်ခြင်းဖြင့် ဘုရားသခင် သည် ကြွေအံ့ကစားရုံသာမက တခါတစ်ရံ ကြွေစေ့များကိုမမြင်မတွေ့နိုင်သောနေရာများသို့ပင် ပစ်ပေါက်တတ် ကြောင်း သိသာထင်ရှားသွားပါလိမ့်မည်။
အိုင်းစတိုင်း နှစ်ကြိမ်နှစ်ခါမှားခဲ့ဟန်ရှိသည်ဟု ဟော့ကင်းကဝေဖန်ထောက်ပြလိုက်ပါသည်။ ဤအချက်တွင် ဟော့ကင်းက သိပ္ပံသုတေသနနှင့် စမ်းသပ်တွေ့ရှိချက်များကို အခြေပြု၍ ဝေဖန်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွနုပ်တို့သည် ဟော့ကင်း၏ အမြင်ရှုထောင့်ဖက်မှရပ်တည်ကြရပါမည်။
တစ်ခါက Max born ကို အိုင်းစတိုင်းပြောခဲ့ဖူးသည်မှာ “သိပ္ပံပညာဆိုင်ရာ မျှော်မှန်းချက်တွေမှာ ကျွန်တော်တို့် ဟာ သြစတြေးလျတိုက်အထိ (ကမ္ဘာမြေအနှံ့) တိုးတက်မှုတွေရထားပြီးပြီ။ ဒီိနေရာမှာခင်ဗျားက ဘုရားသခင် ကြွေအံ့ကစားတာကိုယုံကြည်တယ်။ ကျနော်ကတော့ ကိုယ်တိုင်စိတ်ကူးပုံဖော်ထားတဲ့ ဓမ္မဓိဌာန်ကျကျတည် ရှိနေသော သဘာဝတရားနဲ့ပတ်သက်လို့ ပြီးပြည့်စုံတဲ့ ဥပဒေသတရားကိုယုံကြည်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တစ်နေ့သောအခါမှာ သိပ္ပံပညာရှင်တစ်ဦးဦးဟာလက်ရှိကျွန်တော်တို့ လက်ခံကျင့်သုံးနေတဲ့ နည်းလမ်းထက် ပိုပြီး လက်တွေ့ကျတဲ့နည်းလမ်း(သို့) အဲဒိနည်းလမ်းကိုအထောက်အကူပြုတဲ့ ယခုထက် ပိုမိုလက်တွေ့ကျတဲ့ အခြေခံတရားတွေကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကြီးကျယ် ခမ်းနားလှတဲ့ Quantum Theory ရဲ့ပွဲဦးထွက်အောင်မြင်မှုဟာ ကျွန်တော့ကို လက်ရှိယုံကြည်မှုကနေ ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။
ယခုတင်ပြခဲ့သော စာစုသည် အိုင်းစတိုင်းက Max Born ထံပေးစာများထဲံမှကောက်နုတ်ထားခြင်း ဖြစ်ပြီး မူရင်းစားသားကိုအိုင်းစတို်င်းက ဂျာမန်ဘာသာဖြင့်ရေးသားကာ Max Born က အင်္ဂလိပ်ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။
သူတို့နှစ်ဦးသည် ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။

ဆက်လက်ဖော်ပြပါမည်။

ဝေမော် 

၁ ဧပြီ ၂၀၁၂

No comments:

Post a Comment