by Udp Myanmar on Thursday, March 1, 2012 at 9:54am ·
စာနယ်ဇင်းလွတ်လပ်လာတာနဲ.အမျှ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ သတင်းမီဒီယာ တွေ စာနယ်ဇင်းတွေ ပြင်ဆင်ထားမှ တန်ရာကျပါမည်။ ပွင့်လင်းမှုနှင့်အတူ ယှဉ်ပြိုင်မှုတွေ ကြီး မားလာတဲ့အခါ အရည်အသွေးက အခါရာ ဖြစ်လာပါမည်။
ခပ်ညံ့ညံ့အဆင့်တန်းနဲ.ကတော့ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ပဲ လမ်းတ၀က်မှာပဲ ပြတ်ကျ နေရစ်မှာ မုချပါ။ ဒါကြောင့် သတင်းမီဒီယာတွေ ပြင်ဆင်ထားဖို. လိုပေသည်။ ဆက်သွယ်ရေး စနစ်တွေ ကောင်းလာမယ်။ အင်တာနက်နဲ. ဖုန်းလိုင်းတွေ ကောင်းလာတာနဲ. မြန်မာလူငယ် တွေမှာ ကော်ပီတွေ ဘာသာပြန်တွေကို အရင်ကလို စောင့်ဖတ်တော့မှာ မဟုတ်ပဲ ပြောင်းလဲ နေတဲ့ ကမ္ဘာကြီးနဲ.အတူ
နိုင်ငံတကာက စာနယ်ဇင်းတွေ သတင်းမီဒီယာတွေကနေ နောက်ဆုံး ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို မိနစ် စက္ကန်.နဲ.အမျှ တပြေးညီ ပြေးကာလွှား ကာ လေ.လာဖတ်ရှုတော့မှာ ဖြစ်ပါသည်။
အရည်အသွေးညံ့ပြီး စိတ်ဝင်စားမှုလဲ မကောင်း မူရင်းသတင်းအရင်းအမြစ်လဲ မဖြစ်တဲ့ ခပ်ညံ့ညံ့သတင်းဂျာနယ်တွေ ရေဒီယိုနဲ. TV show တွေကို လူငယ်တွေ စိတ်ဝင်စားမှာ မဟုတ်သလို သူတို.အတွက် အချိန်ကုန်ခံတော့မှာ မဟုတ်တာ သေခြာပါသည်။ ဒါကြောင့် လွတ်လပ်မှုရှိဖို. တောင်းဆိုနေတဲ့အချိန်မှာ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်တွေလဲ မြင့်တင်ဖို. စိမ် ခေါ်မှုတွေရှိနေတာ သတိထားဖို. မမေ့သင့်ပါ။
တချိန်က ပြည်တွင်းမှာ နိုင်ငံခြား သတင်းတွေလဲ ကောင်းကောင်းမရ။ ကွန်ပြူတာ ဆက်သွယ် ရေးနဲ. အင်တာနက်ကနေလဲ ကမ္ဘာတလွှားက ၀က်ဆိုဒ်တွေ သတင်းဌာနတွေကိုလဲ ၀င်ကြည့် လို.မရတဲ့အခါ နိုင်ငံခြားအကြောင်းသိခြင်လျင် ပြည်ပရေဒီယိုတွေနဲ. တပတ်တခါ တလတခါမှ ထုတ်တဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေက ဘာသာပြန် ဖော်ပြတဲ့ သတင်းတွေနဲ. မြန်မာပရိသတ် ကြေနပ်ခဲ့ရတာပါ။ ဒီတော့ ရွေးချယ်စရာမရှိတဲ့အခါ အရည်အသွေးမကောင်းလဲ ဒါလေးတွေပဲ ရှိတာမို. အားကိုးအားထားနဲ. စောင့်ပြီး သီးခံခြင်းများစွာနဲ. ဒီသတင်းဌာနတွေကိုပဲ အားပြုရ တာ ဖြစ်ပါသည်။ အခုတော့ အခြေအနေက ပြောင်းလဲ သွားပါပြီ။ ရွေးစရာရှိလာပြီ။
အထူးသဖြင့် လူငယ်တွေအတွက် သတင်းတွေ ဗဟုသုတနဲ. လေ့လာစရာ သတင်းအရင်း အမြစ်တွေ News/Information Sources တွေ ရွေးခြယ်စရာတွေ များစွာ ရှိလာပါသည်။ တချိန်က ပြည်ပ သတင်းဌာနတွေမှာသာ လွှင့်လို.ရတဲ့ သတင်းတွေ သီချင်းတွေကိုလဲ အခု တော့ ပြည်တွင်းက ချယ်ရီ၊ ပုဂံ၊ City FM နဲ. ပြည်တွင်းက သတင်းဂျာနယ်တွေမှာလဲ အလွယ် တကူ ဖမ်းယူနိုင်တော့ ဆဲလ်ဖုန်းနဲ. အသံကြည်လင်စွာ နားထောင်လို.ရတဲ့ ပြည်တွင်းက FM Radios တွေကို လူငယ်တွေ ပိုပြီး စိတ်ဝင်စားလာပါသည်။
ဒါအပြင် Facebook, youtube, blog စတဲ့ ဆိုရှယ်မီဒီယာတွေကနေလဲ သတင်းအချက်အလက်တွေကို ချက်ခြင်း ရရှိနေတာမို. သမာရိုးကျ သတင်းဌာနတွေဖြစ်တဲ့ ရေဒီယိုတွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေကို လူတွေ သိပ်ပြီး အားမကိုးသလို သတင်းရယူနိုင်တဲ့ ပင်မတခုအဖြစ်လဲ အရင်လို ဂရုမစိုက်တော့ပါ။
လူတွေအတွက် ရွေးချယ်စရာတွေ များလာတာမို.-- အရင်လို မဟုတ်ပဲ အရည်အသွေး ကောင်းတာကို လူတွေပိုပြီး သဘောကျ သုံးလာပါသည်။ ထို.အနည်း နိုင်ငံခြားက ကမ္ဘာကျော် သတင်းဌာနတွေ သတင်းစာတွေ မဂ္ဂဇင်းတွေကိုလဲ အချိန်နဲ. တပြည်ညီ ၀င်ပြီး ကိုယ်တိုင် မြည်း နိုင်ပြီ မဟုတ်ပလား။ အရင်ကတော့ နွယ်နီတို. မိုးဂျာနယ် စတဲ့ မဂ္ဂဇင်းတွေမှာပါတဲ့ ဘာ သာပြန် ဆောင်ပါးတွေကိုသာ အားကိုးခဲ့ရတာ မဟုတ်ပါလား။ အဲဒီမှာ ပါတဲ့နိုင်ငံခြားသတင်း ဆိုတာကလဲ Newsweek, New York Times, စတဲ့ နိုင်ငံခြားသတင်းစာတွေ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတွေကို ဘာသာပြန်ကော်ပီလုပ်ပြီး သတင်းအဖြစ် ပြန်လုပ်ခဲ့တာပါ။
အခုတော့ လူတွေက မူရင်းသတင်းတွေကို တိုက်ရိုက် ဖတ်နိုင်တော့ ဘာသာပြန်သူ၏ လွဲချောမှုတွေ မရှိပဲ Lost in Translation မရှိပဲ မူးရင်းအရသာကို ကိုယ်တိုင် ခံစားနိုင်ပါသည်။ ဒီတော့ မူရင်းကို ဖတ်နိုင်မှာတော့ ဘာသာပြန် ကော်ပီကို လူတွေ ဘယ်လို ခင်တွယ်ပါတော့မှာလဲ။ ။
အရင်ကဆိုရင် ထိုင်းနယ်စပ်မှာထုတ်တဲ့ ခေတ်ပြိုင်ဂျာနယ်ကို လက်ဆင့်ကမ်း ဖတ်လို. ထောင် ၇နှစ် ကျသူတွေ ရှိခဲ့တယ်။ စွန်.စွန်.စားစားနဲ. အန္တရာယ်ကြားက ခိုးဖတ်မိတော့ အဖမ်းခံကြတဲ့ မလိုအပ်ပဲ ဘ၀တွေ ပျက်ခဲ့တာ ရှိပါသည်။ အခုဆိုရင် ပြည်ပ အတွက်အခံတွေ၏ သတင်းဝက် ဆိုဒ်တွေ မိုလိုပေါက်ပြီး တိုက်ရိုက် ၀င်ဖတ်ခွင့်ရတဲ့အခါ အဲဒီသတင်းတွေကို ဖတ်ရဖို.ထောင် ၇နှစ် မဟုတ်ဘူး ၁နှစ်ကျမယ်ဆိုရင်တော့ လူတွေ ဖတ်တော့မှာ မဟုတ်ပါ။ အပေါ်စားတွေဖြစ် နေပြီလေ။ ဒီထက် အဆင့်အတန်းရှိတဲ့ အချိန် ဖြုန်းသင့်တဲ့ သတင်းတွေ ၀က်ဆိုဒ်တွေ လေ့ လာစရာတွေ အများကြီး ရှိလာတဲ့အခါ ဘယ်သူက ကောလဟာလ မဟုတ်က ဟုတ်က ဟာ တွေဖတ်ပြီး ထောင်ကျခံတော့မှာလဲ။ အကျိုးမှ မရှိတာ အလကားနေ ဘယ်သူကစွန်.စားမလဲ။
မဆလခေတ်က ဗကပ UG ဆိုရင်လဲ ဒီအတိုင်းပဲ။ နိုင်ငံခြား သတင်းစာတွေမှာ ရှားရှားပါးပါး ပါလာတဲ့ မြန်မာပြည်အကြောင်း ဆောင်းပါလေးတွေကို လေယာဉ်မယ်တွေ သံရုံးတွေနဲ.ချိပ် ပြီး ခိုးကြောင် ခိုးဝှက်နဲ. ပြည်တွင်းမှာ လက်ဆင့်ကမ်း ဖတ်ကြရတယ်။ မိတ္တူကူးပြီး ဖြန်.ကြ တယ်။ ဒါကိုပဲ ကြီးမားတဲ့ မြေအောက် နိုင်ငံရေးလုပ်ငန်းကြီးတွေအဖြစ် ဘ၀တွေ ရင်းကား လုပ်ခဲ့ကြတာ အခုအချိန် ပြန်တွေးတော့ သနားစာလို ဖြစ်သွားစေပါသည်။ မြန်မာပြည် အကြောင်းရော ကမ္ဘာ.အကြောင်းပါ လူငယ်တွေ သတင်းအချက်အလက်နဲ. ဗဟုသုတတွေ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့ ၀က်ဆိုဒ်တွေ သတင်းဌာနတွေကို ၀င်ပြီး ဖတ်နေကြပြီ မဟုတ်ပါ လား။ ။
နဂိုကမှ ဈေးကွက်က ကျဉ်းရတဲ့အထဲ အရည်အသွေးမကောင်းဘူး အဆင်းမမှီဘူး ဆိုရင် နိုင်ငံခြားဈေးကွက်သစ်မပြောနဲ. အခုရှိနေတဲ့ ဈေးကွက်မှာတောင် ဆက်ပြီး ရပ်တည်ဖို. လွယ်မှာ မဟုတ်ပါ။ Marketing Communication Strategy အသစ်နဲ. တင်ဆက်ပုံတွေ သစ်ဖို. လန်းဖို. အခြေအနေက တောင်းဆိုနေပါပြီ။
ဒါကြောင့် ပြောင်းလဲလာတဲ့ အခြေအနေနဲ. Digital IT နည်းပညာခေတ်မှာ သတင်းဌာနတွေ စာနယ်ဇင်းသမားတွေဟာ အရင်လို သမာရိုးကျနဲ. ရှေးဟောင်းအတိုင်း လုပ်နေရင်တော့ သေ ခြာပေါက် နောက်မှာ ပြတ်ကျန်ရစ်မှာ မုချပါ။ ဒါတောင် ပွင့်လင်းမှုနဲ. လွတ်လပ်မှုဟာ အကန်. အသတ်ပဲ ရှိသေးတာ--လုံးလုံးလျားလျား ဖွင့်ပေး ပွင်.လင်းနေတာ မဟုတ်သေးပါ။ ဒါကြောင့် သတင်းမီဒီယာတွေ ပြင်ဆင်ထားဖို. လိုတာပါ။
No comments:
Post a Comment