လူသား တို့သည် အသက် အရွယ်ကြီး ရင့်လာခြင်း ကို နေညိုချိန် ဟု တင်စား သုံးနှုန်း တတ်ကြ သည်။ နေညို ချိန်ပြီးလျှင် ဘဝနေဝင်၍ အဆုံးသတ်တော့ မည် ဟူသည့်သဘောဖြင့် ခေါ်ဆိုကြခြင်းဖြစ်သည်။ ထို့ကြောင့် အသက်(၆၀)ပြည့်လျှင် ဘဝနိဂုံးအဆုံးသတ် ရန်မလိုတော့ဟူသောအတွေးဖြင့်ဝန်ထမ်းများက လုပ် ငန်းခွင်မှ ပင်စင်ယူ မိမိကိုယ်မိမိ လူလောကတွင် အသုံးမဝင်တော့ဟု တွေးထင်တတ်ကြသည်။ သို့ သော် နေညိုချိန်တိမ်တောက်နိုင်မည့် အလှတရားကို မူ လူတိုင်းမေ့လျော့ထားတတ်ကြသည်။ အမှန်မှာ ၆၀ ကျော်ဆိုသော အသက်အရွယ်သည် လူ့အဝ၏ အနှစ်သာရများကို တဖန်ပြန်လည်ခံစားခွင့် ကြုံလာသောအချိန်ကာလဖြစ်သည်။ ယခင်လုပ်ငန်း တာဝန်ဝတ္တရားများနှင့် မအားလပ်၍ လုပ်ခွင့်မကြုံခဲ့ သောကိစ္စရပ်များကို အေးအေးဆေးဆေးအကောင် အထည်ဖော်နိုင်သည့် အချိန်ကာလပင်ဖြစ်သည်။ ဥပမာငယ်စဉ်က ဝါသနာပါရာ အားကစားနည်းတစ် မျိုးကို လေ့လာလိုက်စားနိုင်ခြင်း၊ ငယ်စဉ်ကဖတ် ချင်ခဲ့သော စာအုပ်ကောင်းများကို ဖတ် မှတ်နိုင်ခြင်း၊ ငယ်စဉ်က မိသားစုတာဝန် လုပ်ငန်းတာဝန်များဖြင့် ပျက်ကွက်ခဲ့ရသော မိတ်ဆွေအပေါင်းအသင်းများအ တွက် အချိန်ပေးနိုင်ခြင်း၊ ရပ်ကွက်ပတ်ဝန်းကျင်မှ သာရေး၊ နာရေး၊ လှူုမှုရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ခြင်း စသည့်အခွင့်အရေးများရရှိသည့် အချိန်ကာလပင်ဖြစ်သည်။ ဤသိုဆောင်ရွက်နိုင်ရန် အောက်ပါအချက်များကို လိုက်နာရန်လည်းလိုအပ် ပေသည်။
ကျန်းမာရေးနှင့် ညီညွတ်မျှတသော အာဟာရမှီဝဲပါ
အသက်အရွယ်ကြီးရင့်သူများသည် နေ့စဉ်မှီဝဲ စားသံးသောအစားအသောက်များမှ ခန္ဓာကိုယ်အ တွက်လိုအပ်သော အာဟာရဓာတ်များလုံလောက်စွာ မရရှိနိုင်တော့၍ လိုအပ်သော ဘီတာမင်သတ္တုဓာတ် များပါဝင်သော ဖြည့်စွက်အာဟာရကို မှီဝဲရမည်ဟု အာဟာရပညာရှင်များကဆိုသည်။ အာဟာရပြည့်ဝ မှသာ ကြံ့ခိုင်ကျန်းမာသော ဘဝကိုဆက်လက်တည် ဆောက်နိုင်မည်။
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုဟုဆိုသည့်အတိုင်း အ လွယ်ကူဆုံးဖြစ်သည့် လမ်းလျှောက်လေ့ကျင့်ခန်းကို ပင်ပြုလုပ်နိုင်သည်။ တစ်နေ့နာရီဝက်နှုန်းဖြင့်တစ်ပတ် (၃)ရက်လမ်းလျှောက်ပေးပါက သက်လုံကောင်းခြင်း၊ြွကက်သားများ သန်စွမ်းခြင်း၊ နှလုံးအားကောင်းခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနှင့် အသက်ရှည်သည့် အကျိုး များရရှိနိုင်သည်။
မိမိသက်ဝင်ယုံကြည်ရာ ဘာသာကိုကိုးကွယ်ဆည်းကပ်ပါ။
အသက်ကြီးရင့်သူများသည် မိမိယုံကြည်သက် ဝင်ရာ ဘာသာရေးကို စိတ်ပါဝင်စားစွာ လိုက်စားကိုင်း ရှိုင်းခြင်းဖြင့် သာမန်လူများထက်ပိုမိုအသက်ရှည် ကျန်းမာကြောင်းသိရသည်။
ကူညီရှိုင်းပင်းပါ
မိမိပတ်ဝန်းကျင်၊ ရပ်ကွက်၊ မိသားစုတွင်းလူမှု ရေးလုပ်ငန်းများတွင် တက်တက်ြွကြွကပါဝင်၍ အ များကောင်းကျိုးဆောင်ရွက်သူများသည် ပိုမိုကျန်းမာ အသက်ရှည်ကြောင်း စိတ်ဓာတ်ကြံ့ခိုင်ပြီး သူတစ် ပါး၏ အားကိုးချစ်ခင်မှုခံရ၍ ပိုမိုနုပျိုအသက်ရှည် ကြောင်းသိရသည်။
အကောင်းမြင်စိတ်မွေးပါ
အသက်ရှည်သော လူတို့၏ ထူးခြားသောအ ချက်မှာအကောင်းမြင်ဝါဒဖြစ်သည်။ အကောင်းမြင် ဝါဒဖြင့်လောကအတွင်း စိတ်ချမ်းသာ စွာနေထိုင်ပြီး ဘဝကိုပျော်ရွှင် ကျေနပ် ခြင်းက အသက်ရှည်ကျန်းမာခြင်း၏ လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်သည်။
အိမ်မွေးတိရစ္ဆာန်မွေးပါ
စိတ်ပညာရှင်များအဆိုအရ အိမ်မွေးတိရစ္တာန် (ခွေး၊ ကြောင်၊ ယုန်၊ ငှက်) များမွေးမြူခြင်းက သက်ကြီးရွယ် အိုများအတွက် အဖော်ရစေပြီးစိတ် ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူပြုကြောင်းသိရသည်။
ဆေးလိပ်ဖြတ်ပါ
ဆေးပညာရှင်များအဆိုအရ အသက်၃၀အရွယ်တွင် ဆေးလိပ် ဖြတ်ပါက လုံးဝမသောက်သူများအတိုင်း သက်စေ့နေနိုင်ပြီး (၆၀)အရွယ်တွင်ဖြတ်ပါက မူလသက်တမ်းထက် ၂ နှစ် ပိုမိုအသက် ရှည်နိုင်ကြောင်း သိရသည်။ ကျန်းမာသက်ရှည်နေနိုင်ရန် ဆေးလိပ် သောက်ခြင်းကိုစွန့်လွှတ်သင့်သည်။
မိတ်ဆွေအပေါင်းသင်းများနှင့်မကြာခဏတွေ့ဆုံပါ
မိတ်ဆွေအပေါင်းအသင်းများနှင် မကြာခဏတွေ့ဆုံ၍ ဆွေးနွေးတိုင်ပင် ခြင်း စကားစမြည်ပြောဆိုခြင်း၊ ညင်း ခုန်ခြင်းကပင် သက်ကြီးရွယ်အိုတို့၏ နုပျိုဆေးဟုအဆိုရှိပါသည်။ ထို့ကြောင့် မိတ်ဆွေများနှင့်အချိန်ဖြုန်းပါ။
သင့်တင့်သော အိပ်စက်အနားယူမှုပြုပါ
အအိပ်အနေနည်းခြင်းနှင့် အလွန် အကျွံအိပ်စက်ခြင်းကို ရှောင်သင့်ပြီး ခန္ဓာ ကိုယ်အတွက် သင့်တင့်မျှတသောအိပ် စက်အနားယူမှုကို ပုံမှန်ဆောင်ရွက် သင့်သည်။
ကျန်းမာရေးကိုလိုက်စားပါ
ကျန်းမာရေးလိုက်စားရန် မည် သည့်အချိန်မှ နောက်ကျသည်ဟု မ တွေးပါနှင့်။ သက်ကြီးရွယ်အိုတို့ဘဝတွင် ကျန်းမာရေးကိုလိုက်စားခြင်းဖြင့် နှလုံး ရောဂါ၊ လေဖြတ်ရောဂါ၊ ပါကင်ဆွန် ရောဂါများကို ကာကွယ်နိုင်သည်။ အ သက်အရွယ်ကြီးလာသည်နှင့် ခန္ဓာကိုယ် ၏ ကိုယ်ခံစွမ်းအားကျဆင်းလာတတ် ရာ ရက်သတ္တပတ်လျှင် (၆)နာရီ သင့် တင့်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ် ၍ ကိုယ်ခံစွမ်းအားကို မြှင့်တင်၍ပြင်ပရောဂါများကိုကာကွယ်တားဆီးနိုင်၍ ကျန်းမာအသက်ပိုရှည်နိုင်ပါသည်။ အထက်ဖော်ပြပါအချက်များကို လိုက်နာကျင့်သုံး၍ နေညိုချိန်တိမ် တောက်သည့် အလှတရားများပိုင်ဆိုင် နိုင်ကြပါစေ။
written by အ နီေ ရာ င်
Health Care
No comments:
Post a Comment